Thursday, June 30, 2011
စိပ်ပုတီးက တရားစွဲဆိုခြင်း
     ယခုအခါ ဝင်တွင်းကာလသို့ ရောက်ပြီမို့  ဗုဒ္ဓဘာသာဝင် အများစုတို့ သည် အလှူပေးခြင်း သီလဆောက်တည်ခြင်း ကမ္မဌာန်းဘာဝနာ ပွားများဆောက်တည်ခြင်းအားထုပ်ခြင်းတို့ ကို စွမ်းနိုင်သမျှ ပြုလုပ်ကြပါသည်။ (၈)ရက်သီးတင်းလပြည့် လကွယ် ဥပုသ်နေ့ များတွင် ကျောင်းကန်ဘုရား စေတီတေတ်ာများများသို့  သွားရောက်ပြီး ၈ပါးသီလ ၊ကိုးပါးသီလ၊စသည်ဖြင့် ဥပုသ်သီလများ ဆောက်တည်ကြပါသည်။သီလဆောက်တည်သူ ဥပုသ်သည်အချို့ သည် မိမိတို့ ၏ စိတ်သန္တာန်ဝယ် အဝေးမလွင့်ပါးစေရေးအတွက် ပုတီးစိတ်ကြပါသည်။
ဥပုသ်သီလဆောက်တည်ခြင်းနှင့်ပါတ်သက်၍ ဝိသုဒ္ဓိမဂ် အဌကထာ၌  အောက်ပါအတိုင်းပြဆိုထားပါသည်။
၁။ယသကာမတာယ၊ သူတစ်ထူးတို့  ချီးမွမ်းအံ့သြ အကျော်စောကို တောင်းတနှစ်သက်၍ လူအထင်ကြီးအောင် အကြည်ညိုခံရအောင် ။သမာဒိန္နံ၊ ဆောက်တည်အပ်သော
ဥပုသ်သီလ ပုတီးစိပ်ခြင်းသည် ဟီနံ၊ယုတ်ညံ့သော ဟီနဥပုသ်သီလမည်၏။
၂။ပုညဖလကာမတာယ၊လောကီကောင်းကျိုး ခံစားလိုသောကြောင့် သမာဒိန္နံ ၊ဆောက်တည်အပ်သော ဥပုသ်သီလသည် မဇ္ဈိမံ အလယ်အလတ် ဥပုသ်သီလ ဆောက်တည်ခြင်း မည်၏။
၃။က္ကဒံ၊ဤအကျင့်သီလ မည်သူကို၊အရိယေဟိ သူတောင်ကောင်းလောင်းလျာတို့ သည် ပြုသင့်ပြုကောင်းသော အမှုပင်တည်း။က္ကတိ ဤသို့ ။အရိယာဘာဝံ အရိယာတို့ သဘောကို နိဿာယ၊မှီ၍ သမာဒိန္နံ ဆောက်တည်အပ်သော ဥပုသ်သီလသည် ပဏီတံ အမြတ်ဆုံး ဥပုသ်သီလမည်၏။
အချို့ သော ဥပုသ်သီလဆောက်တည်သူများသည် လက်တွင် ပုတီးတချောက်ချောက် စိပ်ပြီး နှုတ်က ဗုဒ္ဓ၏ဂုဏ်တော်များပွားများရမည် အစား သားရေးသမီးရေး စီးပွားရေး ကြီးပွားရေး ထွေရာလေးပါး သောသောညံအောင် ပြောဆိုနေတက်ကြပါသည်။
ထူးထူးခြားခြား စားကောင်းသောက်ဖွယ်ဟင်းလျာများ ချက်ပြုတ်လာပြီး တဝတပြဲ စားတက်ကြသည်။နေ လည်တရားနာချိန် တရားအားထုပ်ချိန်တို့ တွင် ဆရာတော်ဘုရားးများဟောကြားအပ်သော ဗုဒ္ဓဒေသနာတော်ဘယ်စခန်းက  ဘယ်လမ်းရောက်မှန်းမသိ အစာအဆိပ်တက်ကာ ထိနမိဒ္ဓများနေတက်ကြပါသည်။
ဤကဲ့သို့ သော ဥပုသ်သိလသည် အများအမြင် ကောင်းရုံ လူအထင်ကြီးရုံပြုကျင့်သော ဟီနဥပုသ်သီလတွင် ပါဝင်ပါသည်။ဟီနဥပုသ်သီလဆောက်တည်သူတို့ အား
၎င်းတို့ စိပ်သောပုတီးများက မခံမရပ်နိုင်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရားထံ လျှောက်ထားတိုင်ကြားပါသည်တဲ့။
အရှင်ဘုရား တပည့်တော်တို့ မိဂ၊သကာ အုန်း ပေ သရိုး၊သစ်သားမျိုးစုံ ပုတီးလုံးကြီးငယ် အသွယ်သွယ်သော ပုတီးတစ်စုတို့ ကရိုသေစွာ ရှိခိုး၍ အသနားတော်မြတ် ခံပါသည်ဘုရား။  ထရံ ကဲလား အခြင်းဝါး၌ ချိတ်ဆွဲသာယာ ငြိမ်သက်စွာရှိနေပါသည်ကို မနုဿတရားခံ ကျား-မစင်စစ် ယနေ့ ဥ  ပုသ်သီးတင်းရက်ဖြစ်ပေ၍ ဧကတစ်ရက်ဖြစ်သောသင်္ခါရအောင်မြေ ကျောင်းဇရပ် တစ်နေရာသို မဂ်ဖိုလ် နိဗ္ဗာန် ဆွတ်ခြွေရန် ကူးသန်းမည်ဟုဆိုကာ နေအိမ်မှအထွက် ကတိကဝတ် ထားကြပါသည်။
အဌင်္ဂသမ္ပန္နာဂတံ အာမတော်ခံရန် သွားမည့် လင်လှသခင်အားညယနေ့ ဥပုသ်ခွင်သို့  ခိုဝင်မည့်ကိစ္စ မယားအလှက ထူးမြတ်ပေစွ ကောင်းပေစွဟု ဖြူစွ ဖွပ်ဆန် ကောင်းစွာချက်ပြုတ် လက်သုတ်နှင့်ဟင်းလျာ ဝက် ,ကြက်ပြုတ်, သံပုရာ အဖြာဖြာပြင်ဆင်တော်ရဲ့  တော်ပေရဲ့ မေသခင်ရယ် .....
လူအရှင်တို့  အံ့သြလောက်အောင် ကောင်းစွာကျွေးမွေး သုတ်သင်ကာ အာသာရှင်း  ဥပုသ်တွင်းက ဆာလောင်ချိန်ကျပါသောကြောင့် စားချင်သည့် အာသာ ကပျာကယာထပြီး
ပါလာသည့် ထမင်းဟင်း ပဋိကူလ သညာအခေါ် ကောင်းတာတွေတစ်ခုမျှ မ ခြွင်းချန်ဘဲ့ စားလိုက်သည့် ဝမ်းသမုဒ္ဒရာ ပြည့်ကာလျှံပိုခဲ့ပါ၏။
ခန္ဓာကိုတောင့်တင်းလာသော ကြောင့် ပျင်းရိလာသည် အတွက် အစာကနှိပ်စက် မျတ်လုံးက မှေးမှိန်လာလျက်မို့  ပတ်လက်ကားယား ဒူးဖျားပေါင်ပေါ် မလျော်အခင်း ဇရပ်အတွင်းဖျာအပေါ်မှာ ပျော်ပျော်ကြီး ကျိန်းစက် ပြီး သုံးချတ်တီးကျော်သောအခါ ဗရပွ သူနှုတ်ထွက် ပျတ်လိုက်သည် ထိုတစ်ချတ်မှာတော့။အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတောဟု သဘောမဝင် မဆင်ခြင် ပယ်ရှားက လယ်စကားယာစကားသူဟာဟုတ်စေ ငါ့ ဟာဟုတ်စေ ခေါင်းညိမ့်ခေါင်းခါ
လက်တစ်ခါခါဖြင့် တစ်ချို့ က ဆိုရာမှာ အိမ်ကကျွဲ နွား ရွှေငွေ နှင့် ဆန်စပါးများကို လူတစ်ကာ ခိုးဝှတ်ပျောက်မည် စိတ်စောလောဘနှင့်ဒလဟော။
သူသမီးချော ငါသားချော လာစေချင်စေလော လွှတ်လိုက်လော့ဟု အောင်သွယ်စကား ပြောကြ အခုကာလမှာဝါသနာသဘော ဆိုပြော၍ ပုတီးလုံး တစ်ချောက်ချောက်ချ အခေါင်းကျယ် ဘဝရောက်ရပါသည် ဘုရား။    အရှင်ဘုရား အုန်း ပေ သရိုး ကြိုးထိုး သစ်စုံ ထုဆစ်သွင်းထား မောင်ပုတီးများတို့ အားမစိပ်ဘဲ ရောက်ရာမှာချိတ် နားမှာပန် လည်မှာဆွဲ အတန်တန်ချထား ပြတ်သွားစဉ်ပျောက် ဇရပ်အောက်ကျလိုကျ လက်မှာစွပ်ထားကာ ယမ်းလိုယမ်း ထရကြမ်းပြုလုပ်နေကြပြီး ကရားရေလွတ် တတွတ်တွတ်ဖြင့် ဟိုဒင်းဒီဒင် သတင်းပြောရာက အတင်းအဖျင်းပြောနေကြ က္ကထ္တိယဥပုသ်သည်များက တစ်ချို့ ပါဘုရား။
အရှင်ဘုရား ပုရိသ က္ကထ္တိယ ဥပုသ်သည်ထိုနှစ်ဝတို့ သည် ပုတီးများကို ညှင်းပန်းနှိပ်စက် အကြမ်းဖက် နာကျင်စေသည့် အတွက် ပြစ်မှုဆိုင်ရာပြဌာန်းချက် ပါ နာကျင်စေမှုများ ငြိစွန်းထားပါသောကြောင့်မနုဿတရားခွင်အလား တရားစီရင် ပေးပါရန်အကြောင်း ဘုရားတပည့်တော်တို့ ဖြစ်သောအုန်း ပေ သရိုး ကြိုးထိုး သစ်စုံ ပုတီးလုံးကြီးငယ်အသွယ်သွယ်သော ပုတီးကုံးတစ်စုတို့ က ရိုသေစွာ ရှိခိုး၍ အသနားတော်မြတ် ခံအပ်ပါသည်ဘုရား
သံသရာနှောင်အဖွဲ့ မှ လွတ်မြောက်ရန်ရည်သန်၍ ဥပုသ်သီလဆောက်တည်ကြရာတွင် စိတ်တည်ငြိမ်စွာထား၍ ဘာဝနာတရားများ အားထုပ်ကြရပေမည်။လက်တွင် ပုတီးကိုင်ပြီး အနိစ္စ ဒုက္ခ အနတ္တ ဆိုရုံမျှဖြင့် အကျိုးထူးးမည်မဟုတ်ပါ။
နာမ်ရုပ်တို့ ၏ မတည်မြဲမှု ဖြစ်ပျက်မှုကို အနိစ္စ အဖြစ် မြင်လာအောင် ဆင်ခြင်ရှုမြင်တက်ရပါမည်။နာမ်ရုပ် ခန္ဓာ ဖြစ်လာသည်မှ အစပြု၍ ပဋိသန္ဓေနေရခြင်း ဒုက္ခ အိုရ နာရသေရခြင်းဒုက္ခ စသည့်ဒုက္ခသစ္စာမြင်အောင် ကြိုးစားအားထုပ်ရပါမည်။ မိမိအလိုသို့ မလိုက် အစိုးမရသော အနတ္တသဘာဝကို သိမြင်အောင်ဆင်ခြင်ပွားများရပါမည်။သို့ 
မှသာ နိဗ္ဗာန် မဂ်ဖိုလ် အရောက်လှမ်းနိုင်ပါလိမ်မည်။ထိုကြောင့် လူသားအားလုံးပုတီးက ပြန်လည်တရားစွဲဆိုခြင်းမခံရလေအောင် ဟီန ဥပုသ်သီလဟုဆိုအပ်သော သူတစ်ပါးအထင်ကြီးအောင် သူများနှင့် ရောယောင်ပြီး ဥပုသ်သီလ စောင့်ခြင်းမျိုးမဖြစ်ကြပါစေနှင့် ။
သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုသော ဆန္ဒပြင်းပြစွာဖြင့် အကျင့်သီလနှင့် ပြည်စုံသော ဥပုသ်သီလ ကိုဆောက်တည်၍ ဘာဝနာတရားများပွားများအားထုပ်နိုင်ကြပါစေကုန်ဟု တိုက်တွန်းလိုက်ရပါသည်။
Tuesday, June 28, 2011
မှန်ကြည့်ပါ
လူတို့ သည် နေ့ စဉ်"မှန်"ကြည့်နေကြသည်။မှန်ကြည့်သည်ဆိုလျှင် အလှတွက် ကြည့်သည် ဟုထင်ကြသည်။အသေအချာ စဉ်းစားကြည့်လျှင်မှန်ကြည့်ခြင်းသည် အပြစ်ကိုတွေ့ ရန် မြင်ရန်ကြည့်ခြင်းဖြစ်သည်။ မိန်းကလေးတို့  သနပ်ခါးလိမ်းသည့်အခါ မှန်ကြည့်သည်မညီသည်ကို ညီအောင် ကွက်နေသည့်နေရာကို ပြေအောင်ညှိရန် ကြည့်ကြခြင်းဖြစ်သည်။ 
လူတစ်ယောက်မှန်ကြည့်ရာတွင်လည်း ဖွာသည့်ဆံပင်တွေ့ လျှင် ပိရန် ပုံပျတ်နေလျှင်ပုံတည့်ရန် မျတ်နှာတွင် အစွန်းထင်းတွေ့ လျှင် ဖျတ်ရန် အဝတ်အစားမသတ်ရပ်လျှင် သပ်ရပ်ပြေပြစ်ရန် အတွက်ကြည့်ခြင်း ဖြစ်သည်။ မှန်ကြည့်ခြင်းသည်အပြစ်ကိုမြင်ရန် အတွက် ကြည့်ခြင်းဖြစ်သည်။အပြစ်ကကိုမြင်လျှင် မှန်ကြည့်ပြင်ကြသည်။ပြင်လိုက်သဖြင့် ပြေပြစ်သွားသည်။ပြေပြစ်သွားသဖြင့် ကြည့်ပျော်ရှုပျော် ဖြစ်သွားသည်။ ကြည့်ပျော်ရှု့ပျော်ဖြစ်သွားခြင်းသည် အလှကို ဖြစ်သွားစေသည် ထိုကြောင့်လှချင်လျှင် မှန်ကြည့်တက်ဖို့ လိုသည်။မှန်မကြည်တက်လျှင်အလှပျက်တက်သည်၊ထိုအခါ မှန်ကိုပင် အပြစ်တင်သူတွေ လောကမှာ ပေါများလှပါသည်။
တစ်နေ့ မန္တလေးမှ လက်စွဲတော် လူပြတ် ကျော်တည့ှ်နှင့် ကျော်ရွှဲ့သည်မဟာမုနိဘုရားကြီးမှန်ဆိုင်သို့  မှန်ဝယ်သွားကြသည်။  မှန်ဆိုင်ရောက်သည့်အခါကျော်ရွဲ့က မှန်တစ်ချက်ကိုယူကြည့်၍မှန်ကြီးကရွဲ့နေသည်ဟု
ပြောသည်။                        နောက်မှန်တစ်ချက်ယူကြည့်သောကိုအခါတွင်လည်းရွဲ့သည်ဟုပြောပြန်သည်။
နောက်မျန်တစ်ချက်ယူကြည့်၍ လည်းရွဲ့ သည်ဟု ပြောပြန်သည်။ထိုအခါ အတူပါလာသော လူရွင်တော်ကျော်တည့်က ဟေ့ ၊ကောင် ကျော်ရွဲ့  မျက်နှာရွဲ့ ရင် မှန်အတည့်မရှိဘူး အကျဉ်းတန်ရင် မှန်အပြစ်မတင်နဲ့ ဟု ကျော်ရွဲ့ ၏ ရွဲ့ နေသော မျက်နှာကိုဝေဖန်စကားဆိုလိုက်သည်။လောကကြီးတွင် ကျော်ရွဲ့ ကဲသို့  ကိုယ်အပြစ်ကို မမြင် သူများအပြစ်ကို မြင်သူတွေများလှသည်။တစ်ချို့ မှာ အရိပ်ထင်ဟပ်နေသည့် မှန်ကိုပင်ရန်သူထင်မှတ်ကြသူ တွေ ရှိနေသေးသည်။
တောဝက်တစ်ကောင်သည် ပတ္တမြားဂူတွင် သူ့ အရိပ်ကို မြင်သောအခါ အခြားတောဝက်တစ်ကောင်းထင်၍ မှန်ဂူကို ကြိမ်ဖန်များစွာ ခေါင်းနှင့်ပြေးဆောင့် လေသည် နောက်ဆုံးခေါင်းကွဲ အမောဆို့ သေသွားရသည်။ မှန်မကြည့်တက်သူသည် တောဝက်တစ်ကောင်လို ဒေါသတိုးပွားစေသည်။
ဘဝအမောကို ဖြစ်စေသည် မိမိအလှကို အရုပ်ဆိုး အကျည်းတန်စေခဲ့ပါသည်။တစ်ချို့ မှန်ကြည်သူသည် အပြစ်မြင်ရန် အတွက်သာမက အပြစ်အပေါ် အပြစ်ဖြည့်စွက်ရန်အတွက် မှန်ကြည့်နေကြောင်း အံ့သြဖွယ်တွေ့ ရပြန်သည်။
မဟော်သဓာဇာတ်တော်မှ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ သတို သားကြောင့် နဖူးတွင် ဒဏ်ရာရ အမာရွတ်ကိုဖြစ်ခဲ့ရသည်ကေဝဋ်ပုဏ္ဏားမှာ မှန်ကြည့်လျှင် နဖူးက အမာရွတ်ကို မြင်ရသည် အမာရွတ်ကိုမြင်လျှင် မဟောသဓာအပေါ်မကျေနပ်စိတ်ဖြစ်ပေါ်လာရသည် ရန်ငြိုးများ
တစ်ဆင့်ပြီးတစ်ဆင့် ပွားခဲ့ရသည်ကေဝဋ်ပုဏ္ဏားအတွက် မှန်ကြည်ခြင်းသည် ရန်မီးပွား ဖို့ဖြစ်သည်။အပြစ်ပေါ် အပြစ်ထပ်ဖြည့်ဖိုဖြစ်သည်။ မှန်တစ်ချပ်သည် ပုံရိပ်ထင်ဟပ်မှု
ဖြစ်သည်။ပုံရိပ်သည် အပြစ်ကိုပြသည် အပြစ်ကို မြင်တက်သူအတွက် အလှကို ဆင်တက် ပြင်တက်သူအတွက်သာ အလှကိုဆင်တက်ပြင်တက်စေပါသည် အပြစ်ကို မမြင်တက်
သူအတွက် မှန်တက်ချပ်သည် ဒေါသကိုပွားစေသနိုင်စေသည်ရန်ငြိုးကို ပွားစေနိုင်ပါသည်။
နောက်ဆုံးမိမိကိုယ်ကို မသိခြင်းက မိမိကိုယ်ကိုပင်အဆုံးသတ်စေနိုင်ပါသည်။လူတို့ အလှတွက် မှန်ကြည်နေကြည်သည်ဆိုလျှင် "ဖြစ်ခြင်း"ပျတ်ခြင်း"အိုခြင်း"နာခြင်း"သေခြင်း"စသည့် 
နိမိတ်တရားတို့ကိုနေ့စဉ်ပြနေသောခန္ဓာ မှန်တစ်ချပ်ကိုလည်းဘဝအတွက်သံသရာ အတွက်မပြတ်ကြည့်နေတက်ဖို့လိုမည်ထင်ပါသည်။
ခန္ဓာမှန်သည် အပျက်တို့ ကို ပြနေသည်။ ခန္ဓာမှန်သည် ဖောက်ပြန်မှုကို ပြနေသည်။ခန္ဓာ၏ အပြစ်ရှိခြင်း
တရားကို သိခြင်းတရားနှင့် မြင်တက်ဖို့လိုအပ်ပါသည်။ အပြစ်ကို သိမြင်လျှင် ကျင့်ခြင်းတရားဖြင့် ချေဖျက်ပြုပြင်ရမည်ဖြစ်ပါသည်။ 
ဘုရား" မှန် "တရား"မှန်"သံဃာ"မှန်"တို့ သည်အပြစ်မှတဆင့် ငြိမ်းအေးမှုကို ညွှန်းပြနိုင်ပါသည်။မောဟမှ အမောဟသို့ညွှန်ပြနိုင်ပါသည်။အတ္တမှအနတ္တသို့ညွှန်ပြနိုင်ပါသည်။ဒုက္ခမှသုခသို့ညွှန်ပြနိုင်ပါသည်။
သံသရာမှအမတသို့ ညွှန်ပြနေပါသည် ။ မှန်ကြည့်တို့ သည်သာ လောကီမှန် မှ လောကုတ္တရာ မှန် သို့  သဒ္ဓါသန်သန် ကြည့်တက်ဖို့ လိုပါသည်။ မှန်ကြည့်တက်လျှင် အားလုံးသောသူတို့ အလှဆင်နိုင်ပါလိမ်မည်။
Sunday, June 26, 2011
လောကရေးရာ..ပျတ်စီးကြောင်းတရားလင်္ကာ
မြတ်စွာဘုရားရှင်က မင်္ဂလသုတ်ကိုဟောတော့ နတ်တွေက အကြံဖြစ်ကြသည်တဲ့...ဘုရားရှင်က ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတွေကိုတော့ ဟောတော်မူတယ်- ပျတ်စီးကြောင်းတရားတွေကိုတော့
မဟောသေးဘူး-ဒါကြောင့် သတ္တဝါတွေ ပျတ်စီးကြောင်း တရားတွေကို မေးလျှောက်ရအောင်လို့  ကြံစည်ပြီးတော့ မင်္ဂလာတရားတော်တွေကို ဟောပြီးတဲ့ နောက်တစ်တစ်နေ့ ညမှာပဲ -တစ်သောင်းသော
စကြာဝဠာမှာနေကြတဲ့ နတ်တွေ၊ ဗြဟ္မာတွေ အားလုံး ဤစကြာဝဠာတစ်ခုလုံးတည်းထဲ မှာ စုပြီး ဘုရားရှင်ထံ
သွားရောက်ကြပါတယ်- သွားကြပြီးတော့ ဇေတဝန်ကျောင်းတော် ဘုရာရှင်ထံ ချဉ်းကပ်ရှိခိုးပြီး ဝိုင်းရံပြီး ရပ်နေ
ကြပါတယ်သိကြားမင်းက နတ်သားတစ်ယောက်ကိုဘုရားရှင်အား ပျတ်စီးကြောင်းတရားတွေကို မေးလျှောက်
ဘို့ တာဝန်ပေးခိုင်းစေချတ်အရ အဲ့ဒီနတ်သားက -ပရာဘဝန္တံ ပုရိသံ ၊မယံပုစ္ဆာမ ဂေါတမံ။
ဘဂဝန္တံ ပုဌုမာဂမ္မ၊ ကိပရာဘဝကော  မုခံ ။ဟု အစချီကာ ဘုရားရှင်ကိုမေးမြန်ပါတယ်။
ဘုရားရှင်ကလည်း- သုဝိဇာနော ဘဝံ ဟောတိ သုယိဇာနော ပရာဘထော၊ ဓမ္မကာမော ဘဝံ ဟောတိ
ဓမ္မဒေဿီ ပရာဘဝေါဟု အစချီကာ ဖြေကြားတော်မူပါတယ်။။ အဲဒီသုတ္တန်ကို နာကြားကြားရတဲ့ နတ်တွေ 
ဗြဟ္မာတွေဟာ ပျတ်စီးကြောင်း တရားတွေကို နာကြားရတော့ ဖြစ်ပေါ်လာတဲ့ သံဝေဂညာဏ် အားလျှော်စွာ
ရုပ်နာမ်တရားတွေကို ရှုမှတ်ကြလို့ - သောတာပန် သကဒါဂါမ် အနာဂါမ်တွေ ဖြစ်သွားကြတာ မရေ
မတွက်နိုင်အောင်ပါပဲလို -အဌာကထာဆရာတွေက ဖွင့်ပြပပါတယ်။ ဒီးတရားတော် ပရာဘဝသုတ်ကို အများနားလည်း မှတ်သားကြ စေဖို့  မန္တလေးပေါက်မြိုင်ဆရာတော်ဘုရားကြီးးက လင်္ကာများစပ်ဆိုတော်မူခဲ့ပါသည် ။စာဖတ်ပရိသတ်တို့ မှတ်သား နိုင်ပါစေ...
၁။သုစရိုက်တရား         မလိုလား                          မှတ်သားပျတ်စီးကြောင်း။
၂။သူယုတ်မာကို၊             ချစ်ကြည်ညို                        မှတ်သိုပျတ်စီးကြောင်း။
၃။သူတော်ကောင်းကို           မချစ်လို                           မှတ်သိုပျတ်စီးကြောင်း။
၎။သူယုတ်တရား                 နှစ်သက်ငြား၊                    မှတ်သားပျတ်စီးကြောင်း။
၅။အအိပ်လွန်ငြား                 အငိုက်များ၊                      မှတ်သားပျတ်စီးကြောင်း။
၆။အပေါင်းအဖော်                 အလွန်ပျော်၊                    မှတ်နော်ပျတ်စီးကြောင်း။
၇။စကားပြောသော်              အလွန်ပျော်                      မှတ်နော်ပျတ်စီးကြောင်း။
၈။ထကြွလုံးလ                   မရှိက                              မှတ်ကြပျတ်စီးကြောင်း။
၉။ထုံထိုင်းမှိုင်းဖျင်း          အလွန်ပျင်း                            မယွင်းပျတ်စီးကြောင်း။
၁၀။ဒေါသအမျက်            ပျင်းစွာထွက်                         မှတ်သိုပျတ်စီးကြောင်း။
၁၁။မိအိုဘအို               မကျွေးလို                               မှတ်သိုပျတ်စီးကြောင်း။
၁၂။အလှူခံအား            လိမ်လှည့်စား                         မှတ်သားပျတ်စီးကြောင်း။
၁၃။တစ်ယောက်တည်းသာ      စားလိုပါ                            မှတ်ပါပျတ်စီးကြောင်း။
၁၄။အမျိုးဇာတ်မာန်      အလွန်ခတ်ထန်                           မှတ်ရန်ပျတ်စီးကြောင်း။
၁၅။ပစ္စည်းမာန          ထောင်လွှားက                               မှတ်ကြပျတ်စီးကြောင်း။
၁၆။မျိုးနွယ်မာန          ထောင်လွှားက                              မှတ်ကြပျတ်စီးကြောင်း။
၁၇။မိန်းမလိုက်စား         ပျော်ကြူးငြား                             မှတ်သားပျတ်စီးကြောင်း။
၁၈။မူးယဇ်သောက်စား            ပျော်ကြူးငြား                     မှတ်သားပျတ်စီးကြောင်း။
၁၉။အလောင်းအစား               ပျော်ကြူးငြား                    မှတ်သားပျတ်စီးကြောင်း။
၂၀။မကောင်းမိန်းမ               လိုက်စားက                          မှတ်ကြပျတ်စီးကြောင်း။
၂၁။သူများမယား              လွန်ကြူးငြား                          မှတ်သားပျတ်စီးကြောင်း။
၂၂။အရွယ်အိုလျှက်           အငယ်မက်                           မှတ်ချတ်ပျတ်စီးကြောင်း။
၂၃။မသင့်တော်သူ          စိတ်ချမူ                                    မှတ်ယူပျတ်စီးကြောင်း။
၂၄။မင်းမျိုးဖြစ်ကာ             ဥစ္စာကားနည်း                         မှတ်သားပျတ်စီးကြောင်း။
၂၅။လောဘကြီးလျှက်            စည်းစိမ်မက်                         မှတ်ချတ်ပျတ်စီးကြောင်း။
ပျတ်စီးကြောင်းများ သိရှောင် ရှားက ချမ်းသာရမည် စိတ်ဝယ်ရည်၍ ရွှင်ကြည်နှလုံး အစဉ်သုံးက သက်ဆုံးဘဝ နောက်ကာလ ရောက်ကြနိဗ္ဗာန်ရွှေပြည်တည်း။ ဤကဲ့သို့ သော ပျတ်စီးကြောင်းတရားတွေကို 
ရှောင်ရှားနိုင်ကြသဖြင့် လောကရော သံသရာပါ နိဗ္ဗာန်တိုင်အောင် ကြီးပွားချမ်းသာကြပါစေ။
Friday, June 24, 2011
ဓားပြငါးရာကိုဘာဝနာအစွမ်းဖြင့်ဆုံးမသောကိုရင်ထူး
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က သာမဏေကျော်အများအပြား ပေါ်ထွက်လာသည်။
ရာဟုလာသာမဏေ ပဏ္ဍိတသာမဏေစသည်တို့ ဖြစ်သည်။ထိုသာမဏေများထဲမှ သံကိစ္စသာမဏေမှာ လွန်စွာမှထူးခြားခဲ့လေသည်။မိခင်အသုဘ မီးရှို့ထားခဲရာမှ နောက်တစ်နေ့သွားကြည့်ကြရာတွင် မိခင်လောင်းပြာပုံအပေါ်မှမွေးဖွားကျန်ခဲ့သောအံ့ဖွယ်လူသားလေးပါ။ထိုသူငယ်သည်နောင်အခါသံကိစ္စဖြစ်လာရသည်ပေါ့။
ပစ္ဆိမဘဝိက လူသားကိုး။ ထူးခြားသည်ဆိုမှတော့ မွေးဖွားတာသည်ပင် သူတစ်ပါးနဲ့ မတူခဲ့။ ဒါကြောင့်လည်း ထူးရသည်ပင်။ ထိုသူငယ်သိတက် ဆင်ခြင်တက်ချိန် ခုနှစ်အရွယ်တွင် ကိုယ့်အကြောင်းကို ဆင်ခြင်ပြီး လူဘဝကို ကြောက်လန့် သွားသည်။ သံဝေဂညဏ်ဖြစ်ပေါ်ပြီး အရှင်သာရိပုတ္တရာထံ ကိုရင်ဝတ်သည်။ ဆရာနည်းကျတရားအားထုပ်သည်။"ယထာဘူတံ ညဏဒဿနာယ သတ္ထာ ပရိယေသိတဗ္ဗာ"နည်းမှန်ရဖို့ရာ
ဆရာကောင်းရှာရသည်ပင်ဖြစ်သည်။ သံကိစ္စသာမဏေသည်ဆရာကောင်းတွေ့ ၍ နည်းမှန်ရခဲ့သည်။
တရားထူးရခဲ့ပြီး ကိုရင်ဝတ်ဖြင့်ရဟန္တာဖြစ်လာသည်။ကိုရင်ရဟန္တာဖြစ်သည်။ သြော်...မီးလောင်မြေမှ ရှင်ပြန်
ထမြောက်လာသော ကိုရင်ငယ့် အစွမ်းပါတကား။ တစ်နေ့ တွင် သံဃာ(၃၀)က ဘုရားရှင်ထံမှ ကမ္မဌာန်းယူ
ပြီး တောရဆောက်တည်ရန် အရှင်သာရိပုတ္တရာကို ကန်တော့ကြသည်။  အရှင်သာရိပုတ္တရာက သံကိစ္စသာမဏေကို အလုပ်အကျွေးအဖြစ် ထည့်လိုက်သည်။ တစ်နေ့တွင် ရဟန်းတော်သုံးကျိပ်နှင့် ကိုရင်တို့  နေရာတောရကျောင်းကလေးရှိရာသို့  နွားကျောင်းသားတစ်ယောက် နွားပျောက်ရှာရင်း မျတ်စိလည်ကာ  ရောက်လာပါသည်။ သူသည် ပြဿနာကို ပါခေါ်လာခဲ့သူဖြစ်သည်။ ပြဿနာကို လည်း
စခဲ့သူပါပေ။ထမင်းကျန်ဟင်းကျန် များကိုစား၍ တစ်လခန့် အကြာမိမိအိမ်သို့  တိက်တိက်ကလေး
ပြေးပြန်သည်။ သံဃာကိုမပန်ကြားတော့ လမ်းတွင်ခိုးသားငါးရာနှင့်တွေ့ ပြီး ၎င်းအားသတ်၍ ယဇ်ပူဇော်ရန် စီမံကြလေသည်။ ထိုနွားကျောင်းသားက ရဟန်းတော်များကိုယဇ်ပူဇော်လျှင် ပို၍ကောင်းကြောင်း သူက အနူညာသူတောင်းစားဖြစ်၍ မကောင်းကြောင်း ကျေးဇူးကန်းစွာ ဆိုပါတော့သည်။လက်ထောက်ချ
လိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုအခါ ဓားပြတို့ က ၎င်းကိုပင်လမ်းပြတင်၍ ရဟန်းတော်များရှိရာကို ပြသခိုင်းပါသည်။ခိုးသူကြီးကရဟန်းတစ်ပါးကိုယဇ်ပူဇော်ဖို့ပေးရန်တောင်းရာအကြီးဆုံးမထေရ်က'
အများကောင်းစားရေးအတွက်သူအားသတ်ရန်လိုက်မည်'ဟုပြောကာထလိုက်သည်။
ဒုတိယရဟန်းကလည်းသူလိုက်မည်ဟုထသည်။တတိယရဟန်းကလည်းသူလည်လိုက်မည်ဟုထပြန်သည်။
ယင်းသို့ ရဟန်းတော်များကမကြောက်မရွှံပဲ သူအသေခံမည်။
ငါအသေခံမည်ပြောဆိုပြီးမထေရ်ကြီးများကိုမသေစေလိုကြပေ။ကိုယ်သာအနာခံပြီးလိုက်ရန် တစ်ပါးချင်းပြောနေကြသည်။ ထိုအခါသံကိစ္စ သာမဏေထလာပြီး သူသာလိုက်ပါမည်။ ဒီအတွက် သူ့ ဆရာ အရှင်သာရိပုတ္တရာက ထည့်လိုက်ခြင်း ဖြစ်ပါသည်ဟု လျှောက်ထားကာ ခိုးသားဓားပြတို့ ခေါ်ရာကို လိုက်သွားတော့သည်။ သြော်...သာမဏေငယ်လေး အသက်ခံရတော့မှာပါလား။ဓားပြခေါင်းဆေဆာင်က ဓားပြတ်ပြတ်ဖြင့် ကိုရင့်ဇာတ်ကို ခုတ်ပိုင်းပါတော့သည်။ ဓားသာခွေလိပ်သွားသည်။ ကိုရင်၏ မေတ္တာအစွမ်း
ကြောင့် ဓားမတိုးပေ။ နောက်တစ်ကြိမ် ခုတ်ပြန်တော့လည်း ကိုရင်က မသေပါ။ခိုးမှူးကြီးသာ 
ဝန်ချကန်တော့ရတော့သည်။ ဒူးထောက်တောင်းပန်ရတော့သည်။ကိုရင်သည် ငယ်နုပါ၏။
ကိုရင်ထံက သီလ သမာဓိပညာတို့ မှာရင်ကျတ်လှပါ၏။လူးဆိုဗိုလ်သည်တောင်းပန်ပြီး ကိုရင်ဝတ်ခွင်တောင်းသည် ။ ကိုရင်ကသူးဓားဖြင့် သူခေါင်းကိုရိပ်ကာ ကိုရင်ဝတ်ပေးလိုက်သည်။ သြော်...ဟိုအရင်က ခေါင်းဆောင်ခိုး၍ တပည့်များက ခိုးခဲ့ဆိုးခဲ့ကြသည်။ယုခုခေါင်းဆောင်လိမ္မာသည့်အခါ သူတို့ လည်း လိမ္မာပြီး ကိုရင်ဝတ်ကြပြန်သည်။ ရှေ့ဆောင်နွားလား၊အဖြောင့်သွားက နောက်နွားတစ်တစ်သိုက် ဖြောင့်စွာလိုက်၏သံကိစ္စကိုရင်သည် ဓားပြ (၅၀၀)တို့ အားတရားပြဆုံးမပြီး သင်္ကန်းဝတ်ပေးကာ ကောင်းကင်မှ ဈာန်ဝာဉ်ဖြင့်ကြွ၍ ဘုရားထံ ခေါ်ဆောင်သွားပါတော့သည်။
 ကိုရင်သာမဏေကို ငယ်၏ဟူ၍ မရိုမသေ မပြုအပ်ပေ။ 
ဘယ်လိုပဲ မွေးခဲ့မွေးခဲ့ မွေးဖွားခြင်းသည် ပြီးဆုံးခဲ့ပြီ။
ပစ္စုပ္ပန်လုပ်လုပ်ရပ်ကို ကြည့်လျှင် ဘုရားသားတော် ဘုရားတရားတည်မြဲသူဖြစ်သည်။ ဘုရားသည်လောကတွင်အမြတ်ဆုံး အတော်ဆုံး။ဘုရား၏ စကားကို
လိုက်နာသူသည်လည်း အမြတ်ဆုံးပင် ဖြစ်သည်မဟုတ်ပါတကား။
ဒက၊်အနာတွေပေါက်နေသောကိုရင်ပင် ဖြစ်စေပါဦး သူထံတွင် လူထက်သာသော သီလသိက္ခာများ
တည်မြဲနေ၍ မရိုမသေပြုလျှင် ဤလူမှာ ဒုက္ခကြုံတွေနိုင်ပေသည်။ ရိုသေနိုင်ကြပါစေ...ကိုရင်သံကိစ္စကျေးဇူး ကြီးမားပါပေသည်။
Monday, June 20, 2011
မကောင်းမှုကိုနှင်ထုတ်ခြင်း
ဇာဏုသောဏိပုဏ္ဏားအမည်ရှိသော ပုဏ္ဏားသည် ဥပုသ်နေ့ ၌ ခေါင်းလျှော် ရေချိုးပြီးအသစ်ဖြစ်သောခေါမဝတ်စုံကိုဝတ်ကာစိုသောသမန်းမြတ်ဆုတ်ကိုယူ၍ မြတ်စွာဘုရားအနီး တစ်ခုသောနေရာ၌ ရပ်တည်၏။မြတ်စွာဘုရားသည် ဇာဏုသောဏိပုဏ္ဏားကိုမြင်တော်မူ၍ ပုဏ္ဏား အဘယ်ကြောင့် သင်သည် ဥပုသ်နေ့ ၌ ခေါင်းလျှော်ရေချိုးပြီးအသစ်
ဖြစ်သောခေါမဝတ်စုံကိုဝတ်ကာ စိုသောသမန်းမြတ်ကိုယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသနည်း။ယနေ့ ပုဏ္ဏားမျိုးအားအဘယ်မည်သောကိစ္စဖြစ်သနည်း ဟု မေးတော်မူ၏။
အရှင်ဂေါတမ ယနေ့ ပုဏ္ဏားတို့ အား မကောင်းမှုကို နှင်ထုပ်ခြင်းကိစ္စ ဖြစ်ပါ၏။ ပုဏ္ဏား အဘယ်အခြင်းအရာ ဖြင့် ပုဏ္ဏားတို့ ၏မကောင်းမှုကို နှင်ထုပ်ခြင်းဖြစ်သနည်း။ အရှင်ဂေါတမ ပုဏ္ဏားတို့ သည် ဤဥပုသ်နေ့ ၌ ခေါင်းလျှော် ရေချိုးပြီးအသစ်ဖြစ်သော ခေါမဝတ်စုံကိုဝတ်ကာ စိုသောနွားချေ ဖြင့် မြေကိုသုတ်လိမ်း၍ စိမ်းစိုသော သမန်းမြတ်တို့ ကိုဖြန့် ခင်း
လျက် သဲပုံနှင့်မီးတင်ကုပ်အကြား၌ အိပ်ခြင်းကိုပြုကုန်၏။ထိုပုဏ္ဏားတို့ သည် ထိုညဥ့်၌ သုံးကြိမ်ထ၍ လက်အုပ်ချီကာ အသျှင်ထံသို့ မကောင်းမှုကို နှင့်ထုပ်ပါ၏ အသျှင်ထံသို့ မကောင်းမှုကို နှင်ထုပ်ပါ၏ဟု ဆို၍ မီးကိုရှိခိုးကုန်၏။များစွာသော
ထောပတ် ဆီ  ဆီဦးဖြင့်လည်း မီးစာကျွေးကုန်၏။ ထိုညဥ့်လွန်မြောက်သောအခါ၌လည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့်
ပုဏ္ဏားတို့ ၏ မကောင်းမှုကို နှင်ထုပ်ခြင်းဖြစ်ပါ၏။
ပုဏ္ဏား-ပုဏ္ဏားတို့ ၏မကောင်းမှုကို နှင်ထုပ်ခြင်းသည်တစ်မျိုးဖြစ်၏။အရိယာ၏ဝိနည်း၌ မကောင်းမှုကိုနှင်ထုပ်ခြင်းသည်တစ်မျိုးဖြစ်၏။အသျှင်ဂေါတမ တောင်းပန်းပါ၏။ အကျွနိုပ်အား အရိယာတို့ ၏ဝိနည်း၌မကောင်းမှုနှင်ထုပ်ပုံတရားကိုဟောတော်မူပါလော့ပုဏ္ဏား-ထိုသိုဖြစ်လျှင် နာလော့၊ကောင်းစွာနှလုံးသွင်းလော့၊ဤလောက၌ အရိယာတပည့်သည် မျတ်မှောက်ဘဝ၌၎င်း
တမလွန်ဘဝ၌၎င်းမှားယွင်းသော အမြင်၏အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အမြင်ကိုပယ်စွန်၏။မှားယွင်းသောအမြင်ကို နှင်ထုပ်၏။
အရိယာတပည့်သည်မျက်မှောက်ဘဝ၌၎င်း တမလွန်ဘဝ၌၎င်းမှားယွင်းသော အကြံအစည်၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသောစကား၏အကျိုးသည်ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော အလုပ်၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော အသက်မွေးမှု၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော လုံးလ၏ အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။
မှားယွင်းသော သတိ၏ အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။ မှားယွင်းသော သမာဓိ၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော ညဏ်၏ အကျိုးသည် ယုတ်မာဟု ဆင်ခြင်၏။ မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည်ယုတ်မာ၏ဟု ဆင်ခြင်၏။ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အကြံအစည်ကို မှားယွင်းသောစကားကို မှားယွင်းသော အလုပ်ကို မှားယွင်းသော အသက်မွေးမှုကိုမှားယွင်းသောလုံးလကို မှားယွင်းသောသတိကို မှားယွင်းသော သမာဓိကို မှားယွင်းသောညာဏ်ကို မှားယွင်းသောလွတ်မြောက်မှုကို ပယ်စွန်၏နှင်ထုပ်၏
ပုဏ္ဏား-ဤသို့ လျှင်အရိယာတို့ ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုပ်ခြင်းသည်ဖြစ်၏ ဟု မိန်တော်မူ၏။ ထိုအခါ ဇာဏုသောဏိပုဏ္ဏားသည်-အသျှင်ဂေါတမ -ပုဏ္ဏားတို့ ၏ မကောင်းမှုကိုနှင်ထုပ်ခြင်းသည် အရိယာဝိနည်း၌ မကောင်းမှုကိုနှင်ထုပ် ခြင်း၏ တစ်ဆယ်ခြောက်စိတ်
တစ်စိတ်မျှ မမီပါ။ အသျှင်ဂေါတမ အလွန်နှစ်သက်မှုရှိပါ၏။ အကျွနိုပ်ကို ယနေ့ မှစ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်၏။
  (အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်၊ပစ္စရောဟဏယဂ်၊ ပထမပစ္စောရောဟဏီသုတ်မှ ကောက်နုတ်ရေးသားပါသည်။)
Thursday, June 16, 2011
မေတ္တာပို့ မေတ္တာထား
ဗုဒ္ဓဘာသာဝင်တို့ သည် မေတ္တာပို့ များကိုရွတ်ဆိုတက်ကြသည်။မေတ္တာပို့ နည်းအမျိုးမျိုးရှိရာတွင်မိမိနှစ်သက်ရာ မေတ္တာပွားနည်းဖြင့်
မေတ္တာဗြဟ္မစိုရ်တရားပွားများခြင်း ဖြစ်ပါသည်။တရားပွဲများတွင်၎င်း၊ုဥပုသ်သီလခံယူဆောက်တည်ရာတွင်၎င်း၊သာသနာရေးအခမ်းနားတွင်၎င်း၊
စုပေါင်းကာမေတ္တာပိုနေသံကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြားရစဉ်စိတ်နှလုံးသည် ငြိမ်းအေးချမ်းသာရပါ၏။အရုဏ်တက်အချိန်ကြေးစည်သံတဝေဝေဖြင့်မေတ္တာပို့သံကို နားဆင်ရခြင်းသည် မင်္ဂလာကျက်သရေ ရှိလှပါ၏။နှလုံးစိတ်ဝမ်းချမ်းမြေ့ ရ၏။
မေတ္တာ၏တရားကိုယ်မှာ..အဒေါသ စေတသိက်ဖြစ်ပါ၏။ဒေါသ သည် လောင်မီးပမာ သတ္တဝါတို့ အား
ပူလောင်စေ၏။မေတ္တာကား စမ်းရေစင်ပမာ သတ္တဝါတို့ အားအေးမြစေ၏။မေတ္တာတွင် ကာယကံမေတ္တာ
ဝစီကံမေတ္တာ၊ မနောကံမေတ္တာဟု သုံးမျိုးရှိပါ၏။သူတစ်ပါးကောင်းကျိုးဖြစ်ထွန်းစေရန် ကိုယ်ထိလက်ရောက်
အပြုအမူဖြင့်  ရွက်ဆောင်ခြင်းသည် ကာယကံမေတ္တာ မည်ပါ၏။နှုတ်ရွတ်အားဖြင့် ဆောင်ရွက်ခြင်းသည်
ဝစီကံမေတ္တာ မည်ပါ၏၊စိတ်ဖြင့် မေတ္တာပွားခြင်းသည် မနောကံ မေတ္တာမည်ပါ၏။မေတ္တာပို့ ရာတွင်
(၅၂၈)သွယ်နည်းအရ--၁။ဘေးရန်ကင်းကြပါစေ၊
                             ၂။နှလုံးမသာယာခြင်းကင်းကြပါစေ၊
                             ၃။ကိုယ်၌ဖြစ်သော ဆင်းရဲကင်းကြပါစေ၊
                             ၄။ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင် မိမိတို့  ကိုယ်ကို စောင်ရှောက်နိုင်ကြပါစေ(ဝါ)
အသက်မွှေးမှုလွယ်ကူကြပါစေဟု...လေးဖြာသော ကောင်းစေလိုမှုကို စိတ်က ပွားများရ၏။
ယင်းသို့ စိတ်က ပွားများသည့် အတိုင်း မိမိ၏ကာယံ မှု ဝစီကံမှုတို့ က လိုက်ပါဆောင်ရွက်ဖို့ လိုပါသည်။
မေတ္တာပို့ မှုကို မရွတ်ဆိုမီ စိတ်ထဲ၌ သူတစ်ပါးကောင်းစားစေလိုသော မေတ္တာကို နက်နက်ရှိုင်းရှိုင်း
သက်ဝင်ဖြစ်တည်ဖို့ လိုပါသည်။သူတစ်ပါး၌ ကောင်းကျိုးဖြစ်ထွန်းစေလို သော မေတ္တာကို စိတ်ထဲ၌ နစ်နစ်
နဲနဲစွဲ မြဲမှုမရှိဘဲ နှုတ်ဘဲ နှုတ်ဖျားတွင်သာအပေါ်ယံရှပ်၍ရွတ်ဆိုနေလျှင်မူ မေတ္တာပွားပို့ ခြင်းအစစ်မဖြစ်နိုင်။
ဆိုရလျှင် မိမိ၏ ကာယကံမှု ဝစီကံမှုမနောကံမှုတိုင်း၌ မေတ္တာနှင့် ယှဉ်မှသာ မေတ္တာထားတက်သူဖြစ်ပါ
လိမ်မည်။မေတ္တာပို့ သူများအနေဖြင့် မေတ္တာပို့ ကို နှုတ်က ရွတ်ဆိုနေရုံမျှ မဟုတ်မူလျှက်၊မေတ္တာပြွမ်းသော
စိတ်နေစိတ်ထား မေတ္တာထုံမွှမ်းသော အပြုအမူ မေတ္တာလွမ်းခြုံသော အပြောအဆို တို့ ရှိဖို့ လိုပါသည်။
အချိုက နှုတ်မှ ရွတ်ဆိုမေတ္တာပို့ ရုံမေတာပို့ ခြင်းကို ဝစီကံမေတ္တာဟု ထင်မျတ်နေတက်ကြပါသည်။
စင်စစ်ဝစီကံမေတ္တာ၏နယ်ပါယ်မှာဤတစ်ခုတည်းမဟုတ်ပါ။ဤမျှမကျဉ်းမြောင်းပါ။သူတစ်ပါးကောင်းစားစေလိုသော
စေတနာမွန်ဖြင့်သာအကြံညဏ်ပေးခြင်းဆုံးမခြင်းပညာသင်ပေးခြင်းသတင်းအချက်အလတ်ပေးခြင်းခရီးလမ်း
ကိုကောင်းစွာညွန်ကြားခြင်းမသင့်မြတ်သူ နှစ်ဦးအကြား စေ့စပ်ဖြန်ဖြေပေးခြင်းချစ်ခင်နှစ်လိုဖွယ်ပြောဆိုခြင်း...စသည်
မေတ္တာဓာတ်ကိုစိုစွတ်သောဝစီကံမှုတိုင်းသည်ဝစီကံမေတ္တာတွင်အကျုံးဝင်ပါသည်။နှုတ်က မေတ္တာပို့ ရွတ်သည်အခါ
ရွတ်စေကာမူ နေ့ စဉ်လက်တွေ့ လူမှု့ဘဝ၌ဝန်တိုသောစကား ငြူစူစောင်းမြောင်းသောစကားသူတစ်ပါးအကျိုးမဲ့ဖြစ်စေသော
စကားရင်းနှီးသူနှစ်ဦးအချင်းချင်းချစ်ခင်ညီညွတ်မှုကို ပျတ်ယွင်းစေသောစကားးတို့ ကိုပြောဆိုနေလျှင် ထိုသူ၏သန္တာန်၌ဝစီကံမေတ္တာမတည်ပါလေ။နှုတ်ကတစ်ခြားအကျင့်ကတစ်ခြားသာ ဖြစ်နေပေလိမ်မည်။သို့ ဖြစ်ပါသောကြောင့်မေတ္တာပို့ တို့ ကိုနှုတ်မှရွတ်ဆိုနေရုံ
သက်သက်မျှမဟုတ်မူလျက်အတွင်းအဇ္ဖျတ္တသန္တာန်နှင့်အပြင်ဗဟိန္ဒနှစ်ဌာနစလုံး၌ မေတ္တာဓာတ်လွှမ်းပတ်ဖို့ လိုပါသည်။
နံနက်ခင်း၌ ဘုရားရှိခိုးဝတ်ပြုခြင်း ပန်းရေချမ်းဆီမီးနံသာတိုင် တို့ ဖြင့် ဘုရားရှင်အားလှူဒါန်းပူဇော်ခြင်း သတ္တဝါဝေနေယျတို့အားမေတ္တာပွားပို့ခြင်းအားဖြင့်နေ့သစ်တို့ကိုကြိုဆိုခြင်းသည်မဂ်လာကျက်သရေရှိပါ၏။နံနက်ခင်းတွင်ပို့ လွတ်သော မေတ္တာအတိုင်း
တစ်နေ့ တာကာလထိတွေ့ ဆက်ဆံရသူအားလုံးတို့ အပေါ်မေတ္တာရှေးရှုအပ်ပါ၏။အပြုအမူ၌လည်းမေတ္တာဓာတ်စိုစွတ်မည်။
အပြောအဆို၌လည်းမေတ္တာဓာတ်စိုစွတ်မည်ဆိုလျှင် မေတ္တာဗြဟ္မစိုရ်တရားပွားများသူ ဖြစ်ပါ၏။စိတ်ထဲကချမ်းသာစေလို သော
ဆန္ဒမရှိမူလျှက်၊နှုတ်က ရွတ်ဆိုနေခြင်းသည်မေတ္တာပွားများခြင်းမဟုတ်ကြောင်းသေက္ချတောင် ဦးတိလောက ဆရာတော်ကြီးကဤသို့  မိန်ဆိုတော်မူခဲ့ပါ၏။                   
အလွန်သားချစ်သော အမိသည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကိုအလွန်သနားစောင့်ရှောက်သကဲ့သို့ အဟုတ်ကိုချစ်ခင်မှ၊ချမ်းသာလိုတဲ့စိတ်ဖြစ်မှသာ မေတ္တာတည်း။စိတ်ကမပါဘဲ နှင့် ပါးစပ်ဖျားက ချမ်းသာစေလိုတဲ့ ဆန္ဒမရှိဘဲလျက်နှင့်  အဝေရာဟောန္တု ။အဗျာပဇ‎္ဇာဟောန္တု ။စသည်ကို အနက်ပါဠိရွတ်ဆို၍ နေငြားသော်လည်း မေတ္တာပို့ တာ မေတ္တာပွားတာမဟုတ်၊စာအံနေမှုမျှသာတည်း။
Tuesday, June 14, 2011
စိတ်ကောင်းနှင့်စိတ်ဆိုး
စိတ်နှင့်ဆိုင်သောသဘောတရားတို့ သည်(ကြံစည်ခြင်း၊ပြောဆိုခြင်း၊ပြုလုပ်ခြင်းဟူသမျှတို့ သည်)
စိတ်သာလျွှင်ရှေ့သွားရှိကုန်၏။စိတ်သာလျှင် အကြီးအမှူးရှိုကုန်၏။ကြည်လင်သောစိတ်ဖြင့်ပြောဆို
ဖြင်းပြုလုပ်ခြင်းကြံစည်ခြင်းကြောင့် ထိုသူနောက်သို့ အရိပ်သည် အစဉ်လိုက်သကဲ့ သို့  ချမ်းသာသည်
အစဉ်လိုက်လေ၏။မကောင်းစိတ်ဖြင့်ပြောဆိုခြင်းပြုလုပ်ခြင်းကြံစည်ခြင်းကြောင့်ထိုသူနောက်သို့  လှည်းဘီးစက်သည်ဝန်ကိုဆောင်သောနွား၏ခြေရာသို့ အစဉ်လိုက်သကဲ့သို့ ၊ဆင်းရဲသည်အစဉ်လိုက်လေ၏။
(ဓမ္မပဒ)
ကိုယ်မှု နှုတ်မှု စိတ်မှုဟူ၎င်း ကံသုံးပါးရှိရာတွင် စိတ်သည်ခေါင်းဆောင်ဖြစ်ပါ၏။အကြီးမှူးဖြစ်ပါ၏။
စိတ်ကကြိုးဆွဲရာသို့ ရုပ်သေးရုပ်ကလေးပမာ ကိုယ်မှုနှုတ်မှုတို့ က လိုက်ပါလှုပ်ရှားရခြင်းဖြစ်ပါသည်။
လူတို့ သည်မိမိတို့ ၏ဘဝကို မိမိတို့ ၏ကိုယ်မှုနှုတ်မှု့စိတ်မှု့ တို့ ဖြင့် တည်ဆောက်နေခြင်းဖြစ်ပါ၏။
ပုံဖော်ဖန်တီးနေခြင်းဖြစ်ပါ၏။လူသား၏ဘဝကိုမည့် သည့်တန်ခိုဣဒ္စိ့ပါဒ်ရှင်ကမျှ ဖန်တီးနေခြင်း မဟုတ်ပါ။
မည့်သည့်အ ရာကမျှ ဖန်တီးနေခြင်းမဟုတ်ပါ။ဤ စစ်မှန်စင်ကြယ်သော အမှန်တရားကို သဘောပေါက် နားလည်းခြင်း မရှိလျှင် မှန်သောအမြင် မရှိနိုင်၊မှန်သောအ ယူမရှိနိုင်။
မိမိ၏ဘဝကိုမိမိ၏ကံသုံးပါးကဖန်တီးနေခြင်းဖြစ်သည်ဟူသောအမှန်တရားကိုသက်ဝင်ယုံကြည်သောသူမှသာလျှင် မိမိကိုယ်ကို အားကိုးယုံကြည်သူ ဖြစ်လာပေမ ည်။မိမိကိုယ်ကိုသာလျှင် မိမိ၏အားကိုးအားထားရာအမှန် အစစ်ဖြစ်ပေမည်ဟူသော ဘုရားဟောတော်မူချတ်ကို သဘောပေါက်သူဖြစ်လာပေမည်။
ဘဝ၏ဖန်တီးရှင်မည်သော ကံသုံးပါးတွင် စိတ်က ဦးဆောင်သူဖြစ်ရကား စိတ်သည်ပင် ဘဝ၏ပန်းပုဆရာ  ဟု ဆိုနိုင်ပါလိမ်မ ည်။
စိတ်ဟူရာတွင် စိတ်ကောင်းလည်းရှိ၏။စိတ်ဆိုးလည်းရှိ၏။အကုသိုလ်စိတ်လည်းရှိ၏။ကုသိုလ်စိတ်လည်းရှိ၏။
ကောင်းသောစိတ်က ကောင်းသောကာယကံ ကောင်သောဝစီကံတို့ ကို ဖြစ်ထွန်းစေ၏။
ဆိုးစောစိတ်က ဆိုးသောကာယကံဆိုးသောဝစီကံတို့ ကို ဖြစ်ထွန်းစေ၏။ကောင်းသောစိတ်ဖြင့် ပြောသမျှ
ပြုသမျှကိုတို့၏ ကုသိုလ်ဓာတ်ထွန်းပ၏။ဓမ္မနှင့်ယှဉ်၏။မကောင်းသောစိတ်ဖြင့်ပြုသမျှပြောသမျှကို အကုသိုလ်ဓာတ်ထွန်းပစေ၏။အဓမ္မနှင့် ယှဉ်၏။ စိတ်ကောင်းမွှေးသူတို့ ၏ သန္တာန်သည်တည် ကြည်၏။
အေးမြကြည်လင် ၏။အေးမြငြိမ်းချမ်းသော အတွင်းသန္တာန်မျိုးစေ့က အေးမြငြိမ်းချမ်းသော ဘဝကို ဖူးပွင့်လာ၏။       ဤသည်မှာ ကုသိုလ်၏ စွမ်းအင်သတ္တိဖြစ်၏။ ဓမ္မ၏တန်ခိုးတေဇ်ာဖြစ်၏။
စိတ်ကောင်းမမွှေးသူတို့ ၏ အတွင်းသန္တာန်သည် မငြိမ်းချမ်း၊ပူလောင်ဆူပွတ်၏။ခတ်ထန်ကြမ်းတမ်း၏။
ပူလောင်ကြမ်းတမ်းသော အတွင်းသန္တာန်မျိုးစေ့က ပူလောာင်ခတ်ထန်စေသော   ဘဝကို ဖူးပွင့် လာစေ၏။
ဤသည်မှာ အကုသိုလ်စိတ်၏ စွမ်းအင်းသတ္တိဖြစ်၏။ အဓမ္မ၏ အကျိုးရလဒ်ဖြစ်၏။
စိတ်ကောင်းမွေးကာ စိတ်ကောင်းထားသူဖြစ်မှသာလျှင် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကိုသန့် ရှင်းစင်ကြယ်စွာ
ကောင်းမွန်ပြည့်ဝအောင် တည်ဆောက်ပျိုးထောင်နိုင်ပါမည်။သန့် ရှင်းကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးစူးဆောက်တန်ဆာပလာဖြင့်သာစင်ကြယ်သောဘဝကောင်း
ဘဝမွန်ကိုထုဆစ်နိုင် ပါလိမ်မည်။စိတ်ကောင်းမမွေးပဲ စိတ်ထားမကောင်းသူသည် သူ၏ ကိုယ်ရည်ကိုယ်သွေးသန့်သန့်ရှင်းရှင်းဖြစ်အောင်ကောင်းမွန်းပြည့်ဝအောင်တည်ဆောက်ပျိုးထောင်နိုင်စွမ်းမရှိပါ။ထိုလူမျိုးသည် ကောင်းမွန်းလှပသော သန့် ရှင်းသောဘဝရုပ်ထုကို မည့်သို့ မျှ ပုံဖော်ထုဆစ်နိုင်မည်မဟုတ်ပေ။
ကျေးဇူးရှင် မာန်လည်ဆရာတော်ဘုရားကြီးက စိတ်ကောင်းစိတ်ဆိုးတို၏အကျိုးပေးမှအပါ်  ဤသို့ အမိန့် ရှိတော်မူခဲ့ပါပေ၏။
                              စိတ်ကောင်း
                                    ကောင်းကောင်းနှင့် တွေ့ 
                                   ကောင်းကောင်းခံစားရ၏။
                                           စိတ်ဆိုး
                                         ဆိုးဆိုးနှင့် တွေ့ 
                                    ဆိုးဆိုးခံစားရ၏။ ဟုဆုံးမတော်ခဲပါပေ၏။
Sunday, June 12, 2011
နတ်သားလျှောက်တဲ့ကောင်းမှု့ တော်
ရှေးငယ်စဉ်အခါက ကုသိုလ်၌ မေ့လျော့ခဲ့၍ နောင်ကြီးပြင်းသောအခါ၌ မမေ့လျော့သောသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်း တောက်ပစေ၏။
မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။(ဓမ္မပဒ)
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သောနတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံ သို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသောနေရာ ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-
''ဝန်တိုမှု 'မစ္ဆေရ'ကြောင့်လည်းကောင်း၊ မေ့လျော့မှု 'ပမာဒ'ကြောင့်လည်းကောင်း ဤသို့သော အကြောင်းကြောင့် အလှူကို မပေးလှူ။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသည် ပေးလှူသင့်လှပေ၏''ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-
''ဝန်တိုမှု 'မစ္ဆေရ' ရှိသူသည် အကြင် (ဆင်းရဲငတ်ပြတ်မွဲတေမည့်) ဘေးမှ ကြောက် သည်ဖြစ်၍ မပေးလှူ၊ မပေးလှူသောကြောင့် ထို (ဆင်းရဲငတ်ပြတ်မွဲတေသည့်) ဘေး သည် ထိုသူမိုက်ကို တွေ့ထိ၏၊ ဝန်တိုမှု ရှိသူသည် အကြင်ဆာလောင်မွတ်သိပ်မှုမှ ကြောက်၏၊ ထိုမိမိကြောက်သော ဆာလောင်မွတ်သိပ်မှုသည် ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူမိုက်ကိုပင် တွေ့ထိ၏။
ထို့ကြောင့် ဝန်တိုမှု 'မစ္ဆေရ'ကို ပယ်ဖျောက်လျက် (ဝန်တိုမှု) အညစ်အကြေးကို နှိမ်နင်းသည်ဖြစ်၍ အလှူကို ပေးလှူရာ၏။ (မှန်၏)၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏''ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-
''ခရီးသွားကုန်သော သူတို့သည် ခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှ (ရိက္ခာ) ၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးကုန်သကဲ့သို့ ထို့အတူ အကြင်သံသရာ ခရီးသွားတို့သည် သံသရာခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှသော ပေးလှူ ဖွယ်၌ ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ထိုသူတို့သည် သေသူတို့တွင် မသေသူတို့ မည်ကုန်၏၊ ဤသဘောတရားသည် ရှေးထုံးစဉ်လာ ဖြစ်၏။
အချို့သူတို့သည် အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံသူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူ ကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ်၌ ခွဲခြမ်းဝေဖန်၍ လှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အညီအမျှ နှိုင်းယှဉ်အပ်၏''ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-
''ပေးလှူနိုင်ခဲသည်ကို ပေးလှူသူတို့၏ ပေးလှူမှုမျိုးကိုလည်းကောင်း၊ ပြုလုပ် နိုင်ခဲသော ကောင်းမှုကံကို ပြုလုပ်သူတို့၏
ပြုလုပ်မှုမျိုးကိုလည်းကောင်း သူတော် မဟုတ် သူယုတ်တို့သည် အတုလိုက်၍ မပြုလုပ်နိုင်ကြကုန်။ (မှန်၏)၊ သူတော် ကောင်းတို့၏ တရားသည် အတုလိုက်ရန် ခဲယဉ်း၏။
ထို့ကြောင့် သူတော်ကောင်းတို့၏လည်းကောင်း၊ သူယုတ်မာတို့၏လည်းကောင်း ဤလူ့ပြည်မှ လားရာ (ဂတိ) သည် ကွဲပြား၏၊ သူတော်မဟုတ် သူယုတ်မာတို့သည် ငရဲသို့ ရောက်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ လားရကုန်၏''ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ပါသနည်း''ဟုမြတ်စွာဘုရား၏ ထံတော်ပါး၌ ဤစကားကို လျှောက်၏၊ သင် နတ်သား အားလုံးတို့၏ စကားသည် အကြောင်း (ပရိယာယ်) အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ စကား ကိုလည်း နာကြကုန်လော့-
အကြင်သူသည် သားမယားကိုလည်း လုပ်ကျွေးမွေးမြူ၍ အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်ကာ) ပေးလှူလျက် (ကုသိုလ်ကမ္မပထ) တရားကို ကျင့်၏၊ တံမြက်လှည်း ပစ္စည်းဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ)၁ ကိုလည်း ပြုကျင့်ပေးလှူ၏၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောက်ျား တစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့ သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်ဟု (မိန့်တော်မူ၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-
''မြတ်သည်၏ အဖြစ်သို့ ရောက်သော ပြန့်ပြောသော ဤပူဇော်မှု (အလှူ) သည် အဘယ့်ကြောင့် သင့်သောအားဖြင့် လှူအပ်သော အလှူ၏ တန်ဖိုးကို မမီသနည်း၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောက်ျားတစ်သိန်းတို့၏ ဆယ် ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း အဘယ့်ကြောင့် မမီနိုင်ကုန်သနည်း''ဟု (လျှောက်၏)။
အချို့သော သူတို့သည် မသင့်သော ကံသုံးပါး၌ တည်ကုန်လျက် ထောင်းထု ပုတ်ခတ် သတ်ဖြတ်၍လည်းကောင်း၊ ပူဆွေးစေ၍လည်းကောင်း ပေးလှူကုန်၏။ ထို အလှူသည် မျက်ရည်ပြည့်သော မျက်နှာရှိသည်ဖြစ်၍ ဒဏ်နှင့် တကွဖြစ်သောကြောင့် သင့်သော အကြောင်းအားဖြင့် ပေးလှူအပ်သော အလှူ၏ တန်ဖိုးကို မမီနိုင်၊ ဤသို့ အသပြာတစ်ထောင်တန် ပူဇော်မှုရှိကုန်သည်ဖြစ်၍ ယောက်ျားတစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ် တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်''ဟု (မိန့်တော်မူ၏)။
ကောက်နယ်တလင်းစသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏။ (အဋ္ဌကထာ)
သံယုတ္တနိကာယ်သဂါထာဝဂ္ဂသံယုတ်(မစ္ဆရိသုတ်)တော်လာအတိုင်းဖြစ်ပါသည်။
Friday, June 10, 2011
.ကိုးကွယ်အားထားရာအမှန်။လူကြီးလူငယ်ဟူသည်..
အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် မဓုရာပြည်၊ ပိတ်ချင်းနတ်တော၌ နေတော်မူ၏။
ထိုအခါ ကန္ဒာရာယနပုဏ္ဍားသည် အသျင်မဟာကစ္စည်းထံသို ချဉ်ကပ်ပြီးလျှင် အသျှင်ကစ္စည်း၊ ရဟန်းကစ္စာနသည်အိုကုန်သော ကြီးကုန်သောရင်ကုန်သော
ရှေမီကုန်ကုန်သောအဆုံးအရွယ်သိုရောက်ကုန်သောပုဏ္ဍားတို့ ကို
ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို ထိုင်ရန်နေရာဖြင့်လည်းမဖိတ်ကြားဟု အကျွန်ုပ်ကြားဖူးပါသည်။
အသျှင်ကစ္စည်း -ထိုသိုကြားဖူးသည့် အတိုင်းမှန်သည်သာတည်း အဘယ်ကြောင်ဆိုသော်
 အသျှင်ကကစ္စာနသည် အိုကုန် ကြီးကုန် ရင့်ကုန်ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဍား
တိုကို ရှိလည်း မခိုး၊ ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင်လည်းမဖိတ်ကြားပါ။ ထိုသိုရှခိုးခြင်းစသည်ကို
 မပြုခြင်းသည် မသင်လျှော်သည်သညတည်း ဟု လျှောက်၏။
ပုဏ္ဍား    တရားမှန်သမျှကိုသိတော်မူမြင်တော်မူသောအပူဇော်ထူးကိုခံယူတော်မူထိုက်သော
မြတ်စွာဘုရားဟောတော်မူအပ်သော လူကြီးအဆင့်တန်းဗုဒ္ဓ္ဒဘူမိ သည်လည်းကောင်း
လူငယ်အဆင်အတန်းဒဟာရဘူမိသည်လည်းကောင်း ရှိ၏။
 ပုဏ္ဍား ပဋိသန္ဓေ္ဒအားဖြင်ကြီးကုန်သော အကြင်သူသည်အရွယ်အားဖြင့် အနှစ်ရှစ်ဆယ် အနှစ်ကိုးဆယ် သော်လည်းကောင်းတစ်ရာသော်လည်းကောင်းအကယ်၍    ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ ကို သုံးဆောင်ခံစားသူ ကာမဂုဏ်တည်းဟူသောအိမ်၌အုပ်စိုး ၍နေသူ
ကာမဂုဏ်တည်းဟူသော အပူ ပူလောင်ခံနေရသူ ကာမဂုဏ်တို့ ၌ ကြံစည်ခြင်း
ကမဝိတက် တို့ ကိုက်ခဲခံရသူ ကာမဂုဏ်ကို ရှာမှီးခြင်းငှါလုံးလပြုနေသူ ဖြစ်ခဲမူ ထိုသူသည်
 လူမိုက် လူငယ်ဟူသောရေတွက်ခြင်းသို့ သာရောက်၏။
ပုဏ္ဍားအကြင်သူသည် ပျိုမျစ်သော ကောင်းစွာနက်သော ဆံပင်ရှိသော ကောင်းသောအရွယ်နှင့် ပြည့် စုံသော
 ပထမအရွယ် နှင့် ပြည့်စုံသော သူငယ်ပင်ဖြစ်စေကာမူ ထိုသူသည် ကမဂုဏ်တို့ ကို မသုံးဆောင်မခံစားသူ
ကာမဂုဏ်တည်းဟူသော အိမ်၌ အုပ်စိုး၍နေသူ ကာမဂုဏ်တည်းဟူသောအပူ ပူလောင်ခြင်းမခံရသူ
 ကာမဂုဏ်တို့ ၌ကြစည်ခြင်း ကာမဝိတက်တို့ အကိုက်မခံရသူ ကာမဂုဏ်တို့ ကိုရှာမှီးခြင်ငှါ လုံလမပြုသူဖြစ်ခဲမူ
ထိုသူသည်ပညာရှိလူကြီးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ ဟုမိန့် ဆိုလေ၏။
အသျှင်ကစ္စည်း တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေစွ ၊အကျွန်ုပ်ကို ယနေ့ မှစ၍
 အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်ယူတော်မမူပါ ဟု ကန္ဒရာယနပုဏ္ဍားက လျှောက်၏။
ဘုရားရှင်ကလည်း ရဟန်းတို့ အား ရဟန်းတို့  ခိုးသူတို့ အင်အားကြီးမားသောအခါ
 မင်းတို့ သည် အင်အားနည်းပါးကုန်၏။ထိုအခါ မင်းအားမြို့  သို့ ဝင်းခြင်းထွက်ခြင်းငှါလည်းကောင်း မလွယ်ကူ
၊တိုင်းစွန်ပြည်နားဇနပုဒ်များသို့    လှည့်လည်းခြင်းငှါမလွယ်ကူ။ရဟန်းတို့ ထိုအတူ ရဟန်းယုတ်တို့ အင်အားကြီးမားသောအခါ၌သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ သည်
အင်အားနည်းပါးကုန်၏။ထိုအခါသီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ သည်
 သံဃာအလယ်၌ ဆိတ်ဆိတ်ဖြစ်ကုန်၍ ငြမ်သက်စွာနေရကုန်၏။ တိုင်းစွန်ပြည်နား ဇနပုဒ်၌သော်လည်းနေထိုင်ရကုန်၏။
ရဟန်းတို ထို သိုဖြစ်ခြင်းသည် လူများ၏အစီးအပွား မဲခြင်းငှါ မချမ်းသာခြင်းငှါ အကျိုးမဲ့ ခြင်းငှါ
 နတ်လူတို့ ၏ အစီးအပွားမဲခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။
ရဟန်းတို့  မင်းအင်းအားကြီးမားသောအခါ၌ ခိုးသူအင်အားနည်းပါးကုန်၏ ။
ထိုအခါ မင်အား မြို့ တွင်းဝင်ခြင်း မြို့ ပြင်ထွက်ခြင်း တိုင်းစွန်းပြည်းနား ဇနပုဒ် များသို့ လှည့် လည်ခြင်းငှါ လွယ်ကူ၏။ပုဏ္ဍားသူကြွယ် တိုအားလည်းမြို့ တွင်းဝင်ခြင်းမြိုပြင်ထွက်ခြင်း ပြင်ပအလုပ်ကိုင် ကိစ္စတို့ ကို ကြည့် ရှု ခြင်းငှါလွယ်ကူ၏။
ရဟန်းတို့ ဤအတူသာလဆင် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ အင်အားကြီးမားသောအခါ ရဟန်းယုတ်တို့ သည်
 သံဃာအလယ်၌ ဆိတ်ဆိတ်ဖြစ်ကုန်၍်ငြိမ်သက်စွာနေရကုန်၏။
ထိုထိုအရပ်မျတ်နှာတို့သို့ ထွက်သွားကြကုန်၏။ရဟန်းတို့ ထိုသို့ ခြစ်ခြင်းသည် လူအများ၏ အစီးအပွား ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။
ရဟန်းတို့ လူသော်လည်းကောင်း ရဟန်းသော်လည်ကောင်း မှားသောအကျင့်ကို ငါသည်မချီးမွမ်း၊ မှားသောအကျင့် ကိုကျင့်ခြင်းကြောင့် ဝိပဿနာနှင့် တကွ မဂ်ဟူသော ကုသိုလ်တရားကို မပြည့်စုံစေနိုင်။
ရဟန်းတို့ လူသော်လည်ကောင်းရဟန်းသော်လည်ကောင်း မှန်သောအကျင့်ကိုငါချီးမွမ်း၏။
မှန်သောအကျင့်ကိုကျင့်ခြင်းကြောင် ဝိပဿနာနှင့်တကွ မဂ်ဟူသောကုသိုလ်တရားကိုပြည့်စုံစေနိုင်၏ဟုမိန့် တော်မူ၏။
                         အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သမစိတ္တဝဂ် မှကောက်နုတ်ရေးသားသည်။
Wednesday, June 8, 2011
ညဏ်စဉ်တက်ရန် အင်ကိုးတန်
ဝိပဿနာတရား အားထုပ်သူများအနေဖြင့် ညဏ်စဉ်(၁၀)ပါး(၁၆)ပါးဝိသုဒ္ဓိ(၇)ပါး စသည်တို့ သည်ဖြတ်သန်းသွားလာရမည့် စိတ်အစဉ်များဖြစ်၏။ တရားအားထုပ်ရာတွင် သဒ္ဓါ၊ ဝိရီယ၊ သတိ၊သမာဓိပညာဟူသော က္ကဒြေ(၅)ပါးထက်မြတ်ရန်အရေးကြီး၏။ က္ကဒြေထက်မှ ညဏ်တက်မည်။
 က္ကဒြေထက်ကြောင်း တရား(၉)ပါးဝိသုဒ္ဓိမဂ် အဌကထာမှာ အလာရှိသည်။
ဖြစ်ပျတ်မှန်စေ၊ရိုသေလေးစား
မနားရှုမှတ်၊သင့်မြတ်ရာမှီ
စိတ်တည်နည်းထွင်၊ဗောဇ္ဈင်လျော်စွာ
မညှာအားခဲ၊ဆင်းရဲခံကြ
မရမပြန်၊အင်ကိုးတန်နှင့်
အမှန်စုံညီ ၊မြတ်ယောဂီ
ရမည့်မုချ အမှန်တည်း။
၁။*ဖြစ်ပျတ်မှန်စေ
ဝိပဿနာညဏ် မရင့်သန်လည်း ရုပ်နမ်ခန္ဓာ ဖြစ်ပေါ်လာက ပျတ်တာအမှန် ညဏ်ရင့်သန်လည်း
ဧကန်မလွဲ ဖြစ်ပျတ်ပဲဟု စွဲယူကြလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၂။*ရိုသေလေစား
ညဏ်စဉ်တက်ရန် အတန်တန်ဖြင့်   ဝေဖန်မိန့် ချွေ နယုပဒေကို ရိုသေလေးစား အရေးထား၍
ယုံမှားကင်းပြတ် သတိဓါတ်ဖြင့် ရှုမှတ်ပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၃။*မနားရှုမှတ်
နေ့ ညဥ့်မစဲ ကိုယ်စိတ်ထဲ၌ ပြောင်းလွှဲဖောက်ပြန် သဘောမှန်ကို ဖန်ဖန်မပြတ် သတိဓာတ်ဖြင့်
မရပ်မနား ညဏ်စဉ်ပွားအောင် ကြိုးစားမှတ်လျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၎။*သင့်မြတ်ရာမှီ
တစ်ဆယ့်ခြောက်တန် ညဏ်စဉ်မှန်အား သင့်တန့်လျှောက်ပတ် လျောင်းရပ်စကား အစားမိတ်ဆွေ
လေးထွေယာပထ ညီမျှဥတု သပ္ပါယ်မှုကို ကြည့်ရှုလျက်သာ မှီဝဲပါ၍ မှတ်ကာနေလျှင် အမှန်ပင်ညဏ်စဉ်တိုးတက်မယ်။
၅။*စိတ်တည်နည်းထွင်
ယခုအခါ  စိတ်ငြိမ်တာကား ဘယ်ဟာမှီလျက် ဘယ်မှတ်ချတ်ကြောင့် ငြိမ်သက်တည်မြဲ
ကောင်းသလဲဟု ဝေခွဲရ်ျသာ နည်းကောင်းရှာလျက် မှတ်ကာနေလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၆။*ဗောဇ္ဈင်လျှော်စွာ
ဝီရိသမာ ဓိပညာနှင့် သဒ္ဓါဟုဆို တရားကိုကား ပိုလိုမရှိ ညီအောင်ညှိ၍ မှတ်သိစိတ်လည်း သိတ်သိတ်သဲလျက် ရော့ရဲတက်ကြွ မရှိရအောင် မှတ်ကြပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၇။*မညှာအားခဲ
ဝိပဿနာညဏ် အမြင်သန်၍ နိဗ္ဗာန်ထုတ်ချောက် ကိုယ်တိုရောက်လျက် မျတ်မှောက်ထင်ထင် 
ပြုလိုလျှင်သော် ကြောခြင်ရိုးရေ အသက်သေလဲ စိတ်နေတင်းကာ ပြင်းထန်စွာဖြင့်  မညှာအားခဲ ရှုမှတ်မြဲဖြင့်
မှတ်မြဲမှတ်ကာ နေနိုင်ပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၈။*ဆင်းရဲခံကြ
မညှာအားခဲ ရှုမှတ်ဆဲ၌ ဆင်းရဲဒုက္ခ ဖြစ်သမျှကို နေက္ခမမှန် ရှုမှတ်ညဏ်ဖြင့် သည်းခံလျတ်သာ
မှတ်နိုင်ပါသော် မြန်စွာထင်ထင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၉။*မရမပြန်
ဆင်းရဲပြင်းထန် ဒုက္ခမှန်ကို သည်ခံ၍ ပ အားထုပ်ကြသော် မရစဖူး တရားထူးကို ရည်စူးတိုင်းသာ
မရှုပါလျှင် ဘယ်ခါမှာမျှ ကိုယ့်ဌာန မုချအမှန် ငါမမြန်ဟု မြဲမြံလှစွာ  မှတ်မြဲသာဖြင့် မှတ်ကာနေလျှင် 
အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
                                *သြဝါဒနည်းညွှန်
ညဏ်စဉ်တက်ဖို့  ခတ်လိုနေလျှင် အင်္ဂါကိုးချက် ကျိုးပျတ်ဆိုချင် ကျိုးပျက်အင်္ဂါ 
ပြင်ကာမှတ်လျှင် မြန်အလျင် ညဏ်စဉ်တက်ဖို့ ပင်။
ဝိပဿနာရှုရာတွင် နာမ်အဆင့်အတန်း မြင့်တက်လာပုံကို ညဏ်စဉ်ဖြင့် မှတ်ကျောက်တင်၏ သြို့ဖစ်ပါ
၍ညဏ်စဉ်သည်ဝိပဿနာအားထုပ်သူတို့ အတွက် အရေးကြီး၏။
Monday, June 6, 2011
ဘဝကိုစီ
     * မြောင်းတူးရေယူ၊ထိုထိုလူတို့ 
     * သူတို့ လိုရာ၊မြောင်းသွယ်ကာလျှင်
     * လမ်းတာဖြောင်စေ၊သွယ်လျှောက်စေ၍
     * ရေကိုဆောင်ယူကြကုန်၏။
     * လက်ဖြောင့် စေစား၊လေးသမားတို့ 
     * မြှားတံကိုလျှင်၊ဖြောင်အောင်ပြင်သည်
     * အစဉ်ဆောင်ရွက်ကြကုန်၏။
     * သစ်ရွေသမား၊ထိုသူများလည်း
     *လျထားတွက်စစ်၊လိုရာဖြစ်အောင်
     *သစ်ကိုရွေယူကြကုန်၏။
    * အကျင့်သီလ၊ပြည့်ဝနှံသိ
    * ပညာရှိလျှင်၊မိမိကိုယ်ကို
    * ပို၍ကောင်းစွာ၊ယဉ်ကျေးလာအောင်
    * စဉ်ထာဝရ၊မလပ်ရဘဲ
    *ဆုံးမပြုပြင်ကြကုန်သတည်း။
              ( ဓမ္မပဒ၊ပဏ္ဍိတသာမဏေ)
Saturday, June 4, 2011
ဒုက္ခကိုမြင်အောင်ကြည့်
ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။ဒါပေမယ်သူတော်ကောင်းတို့ က ဒုက္ခ၏ဆင်းရဲခြင်းကိုမြင်အောင်ကြည့်
ပါမှလည်းအထက်အထက်သော လမ်းစဉ်ကိုဘယ်လိုလျှောက်လှမ်းရမည်ကိုသိမြင်မှာဖြစ်ပါတယ်
ဘုရားရှင်သည် ဓမ္မပဒမှာဒုက္ခ၏အကြောင်းကိုသေသေချာချာ ကြကြနန ဟောကြားခဲ့ပေသည်။
အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ ဒုက္ခ၏ဆင်းရဲတာအကုန်မှန်နေတာ ဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခခပ်သိမ်း ကင်းငြိမ်း ရာမြတ်နိဗ္ဗာန်လျှောက်
လိုပါက ဆင်းရဲခပ်သိမ်းငြိမ်းရာအမှန်သူတော်ကောင်းတို့ ၏လမ်းစဉ်ကို ဝိပဿနာညာဏ်အမြင်ဖြင့်လှမ်းတက်နိုင်ကြပါစေသတည်း......
Thursday, June 2, 2011
အမှန်တရားမြင်နိုင်ပါ့မလား...??
 ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီးယူဆချတ်များစွာကို သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဆိုတာ ဘုရားဘုရားဆိုတာ သာမည မဟုတ်ပါ၊ အလွနှ် မြင့်မြတ်ကြီးကျယ်ခမ်းနားတဲ့ အတုမရှိ အနှိုင်းမဲ့ အရာပါ၊
လူတွေစိတ်ကသိထားတဲ့ "လူသိအရာ"တွေနဲ့ နှိုင်းယှဉ်ပြီး လူတွေက ဒါဘုရားပဲလို့ တစ်ခုခု တစ်ယောက်ယောက်ကို ၀ိုင်းပြီးသတ်မှတ်လိုက် ဖန်တီးလိုက်တော့မှ ဘုရားဖြစ်လာတာ မဟုတ်ပါဘူး၊ ဖြစ်တယ်ဆိုရင်လဲ လူတွေဖန်တီးသတ်မှတ်ထားတာပါပဲ။
လူ့စိတ်ဆိုတာ ဘယ်သူမဆို မွေးစကနေ လက်ရှိချိန်ထိ တွေ့ကြုံ သိသင် မှတ်သား ခံစား ဖူးတဲ့ (အမြဲပြုပြင်
ပြောင်းလဲဖေါက်ပြန်နေတဲ့ သင်္ခါရတရားတွေ) အပေါ်မှာ တည်ဆောက်ထားတာမို့၊ ဒီလောကထဲမှာ လူအပါဝင်လူတွေသိထားသမျှတွေက ဘာဘဲဖြစ်ဖြစ် ပြောင်းလဲတတ်တဲ့သဘော သင်္ခါရတရားတွေချည်းပဲမို့၊လူကိုယ်တိုင်ရောလူ့စိတ်အပါဝင် စိတ်ထဲကအရာအားလုံးဟာ ထာဝရမရပ်တည်နှိုင်တဲ့ အရာတွေချည်းပါ။
ဘာမဆို အမြဲတမ်း မပြတ်တရစပ် စဣန့်မလပ် ပြုပြင်နေ ပြောင်းလဲနေ ဖေါက်ပြန်နေတဲ့...
-သတ်မှတ်ထားမှုကလွဲရင် တည်တံ့တဲ့ အခြေနေတစ်ခုမှာ လုံးဝရပ်တည်မနေတဲ့... အရာတွေချည်းပါ၊
စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဘာတစ်ခု ဘယ်တစ်ယောက် မြူတစ်မှုံမျှ တကယ်ရှိမနေ အမြဲရှိမနေပါဘူး။
အရာဝတ္ထုတွေ ခန္ဓာကိုယ်တွေရဲ့ ဓါတ်သဘောတွေ စိတ်တွေဟာ စက္ကန့်တိုင်း ပေါင်းစည်းပြိုကွဲရင်း အသစ်အသစ်တွေအစားထိုးပြုပြင်ပြောင်းလဲ ဖေါက်ပြန်နေတာမို့ ဘာမှ တကယ်အမြဲရှိမနေပါဘူး။ ဒီပြုပြင်ခြင်းသဘောကတော့ အမြဲတကယ်အမှီခိုကင်းစွာ လွတ်လွတ်လပ်လပ် ထာဝရ ရှိနေတာပါ။ အဲဒါ နဂိုရှိသဘာဝ သင်္ခါရတရားပါ သေသေချာချာကြည့်ရင်ကမ္ဘာကြီးလဲ စက္ကန့်မလတ် အမြဲပြောင်းလဲနေတာမို့ တူးဖေါ်တွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သက်တမ်းဘယ်လောက်ရှိပြီလို့ ပြောင်းလဲနှုန်းပေါ် မူတည်ပြီး သိပ္ပံပညာရှင်တွေ စမ်းသပ်ခန့်မှန်းနှိုင်ကြတာပါ။
ဘုရားဆိုတာက နဂိုရှိ အမြဲရှိပါ။ ဘုရားဆိုတာ တစ်ခုခုပဲ (သို့) တစ်ယောက်ယောက်ပဲလို့ 'လူ့သိဥာဏ်' နဲ့
(တကယ်)သိနှိုင်လွယ်တဲ့ 'မည်သည့်အရာ' ပဲလို့ အပြည့်ဝဆိုနှိုင်တဲ့ အရာမဟုတ်ပါဘူး။ မည်သည့်ဘာသာမဆိုသက်ဆိုင်ရာ ကျမ်းဂန်စာအုပ် စာပေတွေက ဘုရားကို ရည်ညွှန်းရေးသား ဖေါ်ပြထားပေမဲ့ အတည်ဖြစ်မနေတာတွေကိုပဲသိတဲ့အသိနဲ့ ဖြစ်တည်ပေါ်ပေါက်နေတဲ့ ကိုယ့်စိတ်ရဲ့နားလည်မှုက ဘုရားစစ်ကို သိနားလည်နှိုင်ဖို့ လိုနေပါသေးတယ်။
ဘုရားဆိုတာ ဘယ်သူသတ်မှတ်လို့မှ 'ဖြစ်'လာတာ မဟုတ်တော့ ဘယ်သူမသတ်မှတ်လို့မှလဲ 'မဖြစ်'တော့မှာ မဟုတ်ပါဘူး(ကိုယ်(မိမိ)သတ်မှတ်/မသတ်မှတ်ရုံနဲ့လဲ မရပါဘူး) လူတွေကလက်ခံထားလို့ရှိပြီး လက်မခံရင် မရှိတော့မှာ မဟုတ်ပါဘူးဘယ်ဘာသာ ဘယ်လူမျိုးရဲ့ သတ်မှတ်မှု/မသတ်မှတ်မှုဆိုတဲ့ ဖန်တီးမှုအပေါ်မှ မှီခိုမနေပါဘူး၊ တစ်ခုခုပေါ်မှီနေတာကတစ်ခုခုပါပဲ၊ တစ်ယောက်ယောက်ပါပဲ၊ တကယ်ရှိ မဟုတ်ပါဘူး။
ဖန်တီးသတ်မှတ်တယ်ဆိုတာ တကယ်မရှိ နဂိုမရှိ အတည်ဖြစ်မနေတဲ့ အရာတွေသာ ဖန်တီးသတ်မှတ်ရတာပါ၊
ဒီ ဖန်တီးသတ်မှတ်ထားတာတွေက အမျိုးမျိုးပြုပြင်လို့ ပြောင်းလဲလို့ရတဲ့ အတည်မဟုတ်တဲ့ သဘောတွေပါဘဲလူတစ်ဦးတိုင်းရဲ့သတ်မှတ်မှုကတော့ ဂေါတမမြတ်စွါဘုရားကနေ ယေရှုခရစ်ကိုပြောင်းသွားနှိုင်သလို ယေရှုခရစ်ကနေအလာအရှင်မြတ်ကိုလဲ ပြောင်းနှိုင်၊ အလာအရှင်မြတ်ကနေ ဂေါတမမြတ်စွာဘုရားကိုလဲ ပြောင်းနှိုင်ပါတယ် လူ့စိတ်
လူ့သိကတော့ အမျိုးမျိုးပြောင်းသိလို့ ရတဲ့သဘောရှိပါတယ်။ ‘လူ’ကိုယ်တိုင်တောင် ကမ္ဘာပေါ်ကနေ တစ်နေ့ ပျောက်ကွယ်၊
မျိုးတုန်းသွားနှိုင်တာမို့ လူ့စိတ်ထဲက လူ့သိနဲ့ လူတွေသိထားတဲ့(ဘုရားအပါဝင်) အရာရာ ဘာမဆို ထာဝရမရပ်တည်နှိုင်ပါဘူး။
ဘာသာရေးမှာလဲ ဘယ်ဘာသာမှာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ဘာသာအသီးသီးရဲ့ စာပေကျမ်းဂန်တွေ
ခိုင်ခိုင်မာမာ တည်ရှိနေပေမဲ့ မသက်ဆိုင်သူ အတွက်ကျတော့ သက်ရောက်မှုမရှိတဲ့သဘော
'မရပ်တည်နှိုင်'တဲ့ သဘောက အလိုလို ဖြစ်နေပါတယ်.....ဘယ်ဘာသာမှာမဆို သက်ဆိုင်ရာ ဘာသာဝင်ချင်းတူတာတောင် စာပေတွေပေါ် နားလည်မှုအဓိပ္ပါယ်ပြန်ပုံ ဖွင့်ဆိုပုံ ကွဲလွဲတတ်တော့  တရားဟောသူရဲ့ နှုတ်စကားပေါ် တရားနာသူရဲ့ နားလည်မှုပေါ် မူတည်ပြီး
ထွက်ရှိလာတဲ့အဓိပ္ပါယ်က အမျိုးမျိုးပြောင်းလဲတတ်မြဲပါ.....
ဘုရားတောင်မှ ဘာသာတရားတစ်ခုခုက လက်ခံသတ်မှတ်ထားတဲ့ ဘုရားက တခြားဘာသာတိုင်းအတွက်
မရပ်တည်နှိုင်ပြန်ဘူး…..
 "…ဒါတွေဟာဘာကြောင့်လဲဆိုတော့ လူတွေရဲ့ အမှန်မသိမှု့(မောဟ) ဖြစ်ချင်မှု(လောဘ) မပြည့်စုံမှု(ဒေါသ)မကင်းတဲ့လူ့အသိတွေနဲ့ သတ်မှတ်ထားတာတွေ ဖန်တီးထားတာတွေမို့ပါ….."
ဒီသဘောက ဘယ်ဘာသာတရားကိုမှ မှန်တယ်မှားတယ်ဆိုတဲ့ ထောက်ခံမှု ကန့်ကွက်မှု ဘက်လိုက်မှု ဆန့်ကျင်မှတစ်ခုခုအစွဲ မပါတဲ့ သဘာဝအမှန်တရားစစ်စစ်ပါ။
လောဘ ဒေါသ မောဟတွေနဲ့ပဲ ကျွန်တော်တို့ ကိုယ်ဟာကိုယ်သိနားလည်ထားတဲ့ ဘုရားကိုယုံနေကြပါတယ်။
အဓိကက "ကိုယ့်ကိုကိုယ် 'ငါ'တကယ် ရှိတယ်လို့ အထင်နဲ့ 'ငါ' ဘုရားကို ယုံတယ်"ဆိုရင်တော့ 'ငါ'က ယုံတဲ့ဘုရားပါပဲ။အစစ်မဟုတ်သေးပါဘူး။ ဘုရားကို ဝေဖန်ခြင်းမဟုတ်ပါ။ ကျွန်တော်တို့ရဲ့အသိ ပုထုဇဉ်လူသားတို့ရဲ့ အထင်မှားကို ထောက်ပြခြင်းဖြစ်ပါသည်။
'ငါ' (သို့) ဘာမှတစ်ကယ်မရှိတဲ့ အနတ္တတရားကို ဘာသာတရားတွေက ဖေါ်ပြထားပါတယ်။
ဒီအမှန်တရားစစ်ကို သိဖို့၊ ဒီ အသိဟာ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တကယ်မဟုတ် အမြဲမရှိတဲ့‘ငါ’ကသိတဲ့ 'ငါသိ'က တကယ်မဟုတ်၊ မမြဲရှိ မဟုတ်လို့ပါဘဲ။ အမြဲရှိမဟုတ် တကယ်မဟုတ်တဲ့-‘ငါသိ’ အတ္တကတော့
အမြဲမရှိတဲ့ တကယ်မဟုတ်တဲ့ ပညတ်တွေကိုပဲ ပညတ်ဘုရားကိုပဲ သိပါမယ်၊ အမြဲရှိတဲ့ တကယ့်ပရမတ်ဘုရားစစ်ကိုမသိနှိုင်ပါဘူး။ သိတယ်လို့ ထင်နေတာ အတ္တစိတ်ရဲ့ လိမ်တာ ညာတာကို ခံနေကြရတာဖြစ်ပါသည်။
တကယ်မရှိဘဲ ကိုယ့်ကိုယ်ကို အရှိထင်ပြီး 'ငါ'လို့ဖန်တီးသတ်မှတ်ထားတဲ့ 'ငါ'ကသိတဲ့ 'ငါသိ'က တကယ်ရှိမဟုတ်ဘဲဖန်တီးသတ်မှတ်ထားတာကိုပဲ သိနှိုင်ပါတယ်၊ နဂိုတကယ်အမြဲရှိတဲ့ ဘုရားစစ်ကို ဘယ်လိုမှ တကယ်မသိနှိုင်ခြင်းဖြစ်ပါသည်။
လူတွေသိထားသမျှတွေက ဘာဘဲဖြစ်ဖြစ် ပြောင်းလဲတတ်တဲ့သဘော သင်္ခါရတရားတွေချည်းပဲဖြစ်ပါသည်။
ချမ်းသာပါစေ....။
Wednesday, June 1, 2011
အတိတ်ဘဝ ကိုမြင်တက်တဲ့ ညာဏ်
 မြတ်စွာဘုရားသာသနာတော်မှာထူးခြားသောအဖြစ်ဇာတ်လမ်းတွေကမယုံကြည်နိုင်စရယ်ပါ။တကယ်တမ်းစဉ်းစားကြည်တော့ အဖြစ်ပျတ်ဇတ်လမ်းကအံ့သြလောက်တယ်တရားကိုတကယ်းတမ်းလိုက်စားသူအဖို့ ကျတော့  မြင့်တက်တဲ့သဘောတရား  အရာမှန်သမျှ တရားတွေကြည်ြ့ဖစ်ပါသည်။ ညာဏ်အမြင်လင်းစေဖို့  ခန္ဓာအစဉ်ကိုဝိပဿနာညာဏ်လင်းအောင်ကြိုးစားရင်းနိဗ္ဗာန်မဂ်ဖိုလ်တက်လှမ်းနိုင်ကြပါစေသတည်း။ထိုညာဏ်အလင်းကို ဘိက္ခုနီသာသနာ တုန်းက ဘုရားရှင်ချီးကျူးခဲ့သော ထေရီမတစ်းဦးက  သက်သေထူပါလိမ့်မည်။
မြတ်စွာဘုရားထံမှရှေးကဖြစ်ခဲ့ဖူးသောခန္ဓာအစဉ်ကိုပြန်လည်အောက်မေ့နိုင်သည်(ပုဗ္ဗေနိဝါသညဏ်)အရာ၌ အသာဆုံးအမြတ်ဆုံးဧတဒဂ်ဆွတ်ခူးရရှိခဲ့သောထေရီမမှာအရှင်မဘဒ္ဒါကာပိလာနီဖြစ်ပါသည်။အရှင်မအလောင်းသည်ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ဟံသာဝတီမင်းနေပြည်တော်၌ဝေဒဒဟသူဌေးကြီး၏အိမ်ရှင်မသူးဌေးကတော်ဖြစ်ခဲ့ပါသည်။တစ်နေ့ မြတ်စွာဘုရား၏ တရားဒေသနာတော်ကိုနာကြားနေစဉ်မြတ်စွာဘုရားက ဘိက္ခုနီထေရီမတစ်ပါးကို'ရှေး၌ဖြစ်ခဲ့ဖူးသည့် ခန္ဓာအစဉ်ကိုအောင်မေ့နိုင်ကြသည်ဘိက္ခုနိမအပေါင်းတို့တွင်အသာဆုံးအမြတ်ဆုံး"ဧတဒဂ်ရာထူး၌ထားသည်ကို တွေ့ မြင်ပြီးအားကျခဲ့သည်။ထိုကြောင့်အဓိကာရကောင်းမှုကုသိုလ်များပြုလုပ်ပြီးလျှင် ထိုရာထူးဌာနန္တရကိုပင် ဆုတောင်းပတ္ထနာပြုခဲ့သူဖြစ်သည်။ဂေါတမမြတ်စွာဘုရားလက်ထက်တော်ရောက်သော် အရှင်မဟာကဿပမထေရ်ဖြစ်လာမည့်ဝိပ္ပလိလုလင်သည်ကပိလသူဌေးကြီး၏သားဖြစ်လာခဲ့သည်။ဘဒ္ဒါကာပိလာနီထေရီမဖြစ်လာမည့်အမျိုးသမီးသည်ကောသိယအနွယ်သူဌေးကြီး၏သမီးဖြစ်လာခဲ့သည်။ဘဒ္ဒါကာပိလာနီ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ဝိပ္ပလိလုလင် အသက်နှစ်ဆယ်အရွယ်သို့ ရောက်လာသောအခါ ဝိပ္ပလိလုလင်၏မိဘများကဝိပ္ပလိလုလင်အားအိမ်ထောင်ပြုရန်တိုက်တွန်းနားချကြသည်။သိုသော်ဝိပ္ပလိလုလင်မှာဗြဟ္မပြည်မှလာသူဖြစ်ရကားအိမ်ထောင်ပြုရန်ခါးခါးသီးသီးငြင်းပါယ်ရှာလေသည်။မိဘများကလည်းအကြီးအကြယ်တိုက်တွန်းနားချကြ၏။လုလင်ကလည်းအကြိမ်တိုင်းငြင်းပယ်၏။သို့သော်မိခင်ဖြစ်သူကမလျှော့ဘဲတိုက်တွန်းနားချနေသဖြင့်ဝိပ္ပလိလုလင်သည်အလွန်တစ်ရာချောမောလှပသောအမျိုးသမီးရွှေစင်ရုပ်တုတစ်ခုသွန်းလုပ်ပြီဤရုပ်တုကဲ့ သိုလှပသောမိန်မတွေ့ ရရှိခဲ့ လျှင်ယူပါမည် ဟုပြောကြားလိုက်လေသည်။မိခင်ဖြစ်သူသည် ပုဏ္ဏားရှစ်ယောက်တို့အားအမျိုးသမီးရွှေစင်ရုပ်တုနှင့်တူသောမိန်းမလှအားရှာဖွေခဲ့ရန်မှာကြားစေလွှတ်သည်။ပုဏ္ဏားတိုသည်လည်းမိန်မလှလှပေါများသောမဒ္ဒတိုင်းသို့သွားရောက်ရှာဖွေရာရွှေစင်ရုပ်တုနှင်ခွဲခြားမရသောဘဒ္ဒကာပိလာနီကိုတွေ့ ရှိကြလေသည်။ထို့ ကြောင်ဘဒ္ဒကာပိလာနီ၏မိဘများထံအကျိုးအကြောင်းပြောပြ တောင်းရမ်းပြောဆိုကြပြီးဝိပ္ပလိ၏မိဘများထံသတို့သမီးကိုတွေရှိပြီဖြစ်ကြောင်းသတင်းစကားပြန်ကြားလိုက်လေသည်။ထိုသတင်းကိုကြားသော်ဝိပ္ပလိလုလင်သည်ကျွနုပ်ကားတောထွက်ကာရဟန်းပြုမည်သူဖြစ်သဖြင့်အခြားအိမ်ထောင်ရှင်တစ်ဦးကိုရယူ စေချင်သည် ဟူသောစာသဝဏ်လွှာကိုရေးသားစေပြီးဘဒ္ဒါကာပိလာနီထံသို့ လျှိုဝှတ်ပေးပိုလိုက်သည်။ဘဒ္ဒါကာပိလာနီမှာလည်းအိမ်ထောင်မပြုချင်သူဖြစ်သည့်အလျှောက်အထက်ပါအတိုင်းစာရေးသားပြီးဝိပ္ပလိလုလင်ထံလျှို့ ဝှတ်စာရေးပေးပိုလိုက်သည်။စာပိုသူချင်းလမ်းခရီး၌ တွေ့ ကြရာလျှို့ ဝှတ်စာကိုဖောက်ဖတ်ကြလေသည်။အကြောင်းစုံသိလေသော်လျှို့ဝှတ်စာနှစ်စောင်ကိုဆုတ်ဖြဲပြီး နှစ်ဖတ်သဘောတူညီကာ ဝမ်းမြောက်ဝမ်းသာလက်ခံပါကြောင်းဟူသောအဓိပ္ပါယ်ပါရှိ သည့်စာသားများပြင်ဆင်ရေးသားကာ သတို့ သား၊သတို့ သမီးထံပေးပိုလိုက်ကြပါသည်။
ကြံစီသဘောတူကြသည်။ဘဒ္ဒါထေရီမက အရှင်မြတ်၊လက်ယာလမ်းကားအရှင်မြတ်ဖြစ်သည်လက်ယာ
ဇာတ်ရှိသူတို့အတွက်သင်တော်ပါပေ၏။အကျွန်ုပ်တို့ မာတုဂါမများကလက်ဝဲဇာတ်ရှိသူဖြစ် လက်ဝဲလမ်းခရီးနှင့်သင့် တော်ပါပေ၏ဟုဆိုကာမထေရ်အားရှိခိုးပြီးလက်ဝဲလမ်းမှ ခွဲခွာသွားလေသည်။
ထိုအစဉ်ကမြတ်စွာဘုရား၏သာသနာတော်တွင်းသိုဘိက္ခုနီများဝင်ရောက်ခွင့် မရသေးသဖြင့် ဘဒ္ဒါထေရီမလည်းတိတ္ထိကျောင်းတစ်ခုသို့ ဝင်ရောက်ကာပရဗိုဇ်ရဟန်းမပြုနေခဲ့ ရသည်။
နောက်ပိုင်းတွင်အရှင်အာနန္ဒာ၏လျှောက်ထားချက်ကြောင့်ဘိက္ခုနီမပြုခွင့်ရရှိသောအခါ မဟာပဇာပတိဂေါ
တမီထေရိမကြီးထံသွားရောက် ရဟန်းပြုလေသည်။ဘိက္ခုနီမအဖြစ်ရရှိပြီးသော်ဘဒ္ဒါထေရီမသည် ဆိပ်ငြိမ်ရာသို့ ချဉ်းကပ်ပြီး ဝိပဿနာကမ္မဌာန်းကိုစီးဖြန်းပွားများလေရာ မကြာမီမှာပင်ရဟန္တာဖြစ်လေသည်။ရဟန္တာဘဒ္ဒါထေရီမသည် အဘိညာဉ်ခြောက်ပါးကိုလည်းရရှိ၏။ထိုခြောက်းပါးထဲမှပုဗ္ဗေနိဝါသအဘိညာဉ်ကိုအထူးသဖြင့် အလေ့အလာပြု၏။ဘဒ္ဒါထေရိမ၏ ပုဗ္ဗေနိဝါသ အဘိညာဉ်မှာလည်း ထူးထူးခြားခြား ထက်မြတ်ကြည်လင်၏။
ထိုကြောင်မြတ်စွာဘုရားက ရဟန္တာအရှင်မ ဘဒ္ဒါကာပိလာနီကို ရဟန်းတို့ရှေး`၌ဖြစ်ဖူးသောခန္ဓာအစဉ်ကိုအောင်းမေနိုင်သည့်ငါဘုရား၏ တပည့်မသာဝကဘိက္ခုနီမထဲတွင် ဘဒ္ဒါကာပိလာနီသည် အသာဆုံးအမြတ်ဆုံးဖြစ်၏ဟု ပုဗ္ဗေနိဝါသာနုဿတိအရာ၌ ဧတဒဂ်ထားတော်မူလေသည်။
ဤတွင်ရဟန္တာအရှင်မ ဘဒ္ဒါကာပိလာနီထေရီမသည် အရှင်မဟာကဿပ(ဝိပ္ပလိ)ဂုဏ်ကျေးဇူးကို ချီးကျူးဂုဏ်ပြု ကာအောက်ပါအတိုင်းဥဒါန်းကျူးရင့်ခဲ့ပါသည်။
"ဘုရားရှင်၏သားတော်ဖြစ်သော အရှင်မဟာကဿပသည် ဇာတိကုန်ရာ အရဟတ္တဖိုလ်သို့  ဆိုက်ရောက်၏။
သိသင်သိထိုက်သော သစ္စာတရားတို့ ကို ညာဏ်ဖြင့် သိမြင်ပြီး ရဟန်းကိစ္စ ပြီးဆုံးခဲ့၏။အရှင်မြတ်သည် ဝိဇ္ဇာညာဏ်သုံးပါး တို့ ဖြင့် တေဝိဇ္ဇပုဂ္ဂိုလ် ဖြစ်ပါပေ၏ "                 နှစ်ပါးသောအကျွန်ုပ်တို့ သည် လူဘောင်လောက၌အပြစ်ကိုမြင်ရဟန်းပြုလာခဲ့၏။အကျွန်ုပ်တို့ နှစ်ပါးလုံးပင်အာသဝေါကုန်းခမ်းရဟန္တာ ဖြစ်ကြကုန်၏။ယဉ်ကျေးကာ အေးချမ်းကြပါ၏။ ဤကားပုဗ္ဗေနိဝါသညာဏ်နှင့်ဧတဒဂ်ရခဲ့ကြသော ရဟန္တာတို့ ၏ကြည်ညိုဖွယ်ရာများဖြစ်ပါသည်။
 မြတ်ဘုရား၏တရားအရသာကို....ပင်ကိုယ်သဘာဝအတိုင်းခံစားနိုင်ကြပါစေ.....