Saturday, June 30, 2012

လျှောက်သောလမ်းကလေး မပျောက်စေချင်

ဦးဇင်းဖတ်ဖူးသော ရူပဘေဒ ဘာသာရပ်တစ်ခုမှာလားရာဘက်ပါသော ရွေ့ လျားမှု့ မှန်သမျှ အရွှေ့ (သို့ မဟုတ် )အလုပ်လို့ ခေါ်တယ် လို့ ဆိုပါတယ်။ဦးတည်ဘက် လားရာရှိမှသာလျှင် ရွှေ့ လျားမှုအထမြောက်၍အလုပ်ဖြစ်ပါသည်ဟုဆိုခြင်း ဖြစ်ပါတယ် ။ဦးတည်ချက်လမ်းကြောင်းကောင်းကောင်းရှိရမည်ဖြစ်ပါသည် ။ဘုရားအဆူဆူတို့ လိုက်ခဲ့သော လမ်းသည် တစ်လမ်းတည်းသာ ဖြစ်ပါသည် ။ထိုလမ်းသို့ လိုက်မှသာလျှင် မုချအမှန် ချမ်းသာခံစားရမည်ဖြစ်၍ မလိုက်သူမှာ သံသရာဝဲသြဃထဲတွင် တဝဲလည်လည်နေရစ်လိမ်ဦးမည် ။

ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့ ၏လမ်းမှာ တစ်ခုတည်းလျှောက်လမ်းခဲ့သောလမ်းမှာ ဘေးအစွန်းနှစ်ပါးကင်း၏ ။တင်းလွန်းသောလမ်းလည်းမဟုတ်လျော့လွန်းသောလမ်းလည်းမဟုတ် ၊မလျော့မတင်းစောင်းကြိုးညှင်းကဲ့သို့ အလယ်အလတ်မတင်းလွန်း မလျော့လွန်းသော မစ္ဇျိမပဋိပဒါလမ်းဖြစ်ပါသည် ။နိဗ္ဗာန်အမှန်ဆိုက်ရောက်ရာ သိ ပါယ် ဆိုက် ပွား အရ ဒုက္ခကို သိခြင်းသမုဒယကိုပယ်ခြင်း နိရောဓကို မျက်မှောက်ပြုခြင်း မဂ္ဂသစ္စာကိုပွားများရန်ပင်ဖြစ်ပါသည် ။တနည်း
သစ္စာလေးပါးတရားကိုသိ၍ ကျင့်ယူခြင်းပင်ဖြစ်ပါသည် ။ထိုသစ္စာလေးပါကိုသိ၍ဒုက္ခအပေါင်းမှလွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါးလမ်းကြောင်းဖြင့်တည့်မတ်ဖြောင့်မှန်စွာ သွားခြင်းပင်ဖြစ်ပါသည် ။

သစ္စာလေးပါးကို သိရာ၌ 
ဒုက္ခသစ္စာ--ဆင်းရဲခြင်းအမှန်တရားသိခြင်း (ဖြစ်ဒုက္ခ ပျက်ဒုက္ခကိုပိုင်းခြား၍ သိအပ်သောအရာ)
သမုဒယသစ္စာ--ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်တရား ကိုသိခြင်း(တဏှာ လောဘကိုပယ်သတ်ရမည်ကို သိပ်သည်အရာ)
နိရောဓသစ္စာ--ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာနိဗ္ဗာန်ကို သိခြင်း(မျက်မှောက်ပြုရမည်တရား)
မဂ္ဂသစ္စာ--ဒုက္ခခပ်သိမ်းချုပ်ငြိမ်းခြင်းကြောင်းသမုဒယကိုပယ်ကြောင်းအကျင့်အမှန်တရား(မဂ္ဂင်ရှစ်ပါး)

ဒုက္ခခပ်သိမ်းချုပ်ငြိမ်းလွတ်မြောက်ရာလမ်း(ပွားများရမည်တရား)စသည်တို့ ကိုသိမှတ်ကျင့်ကြံရမည်ဖြစ်သည် ။ထိုသို့ သိပြီး   ....သမ္မာဒိဌိ ...ကောင်းသောအယူ (အမြင်)
                      သမ္မာသင်္ကပ္ပ..ကောင်းသောအကြံ
                      သမ္မာဝါယာမ..ကောင်းစွာအားထုပ်ခြင်း
                      သမ္မာသတိ..ကောင်းစွာအောက်မေ့ခြင်း
                      သမ္မာသမာဓိ..ကောင်းစွာတည်ကြည်ခြင်း
                      သမ္မာဝါစာ..ကောင်းစွာပြောဆိုခြင်း
                      သမ္မာကမ္မန္တ..ကောင်းစွာပြုလုပ်ခြင်း
                      သမ္မအာဇီဝ..ကောင်းစွာအသက်မွေးခြင်းတို့ ကို ပွားများအားထုပ်ခြင်းဖြစ်ပါသည် ။
ဤလမ်းကြောင်းတစ်ခုတည်းဖြင့် ဦးတည်၍ နိဗ္ဗာန်မျက်မှောက်ပြုရန် လျှောက်လှမ်းပါသည် ။

ထိုတစ်ခုတည်းသောလမ်းကြောင်းဖြင့် ရှေးသူတို့ သွားသည်အတိုင်း သွားသူ မသွားသူ လိုက်သူမလိုက်သူတို့ နှင် ပတ်သက်၍ ဂဏကမောဂ္ဂလာနပုဏ္ဍားက မြတ်စွာဘုရားရှင်ကို ဤသို့ လျှောက်ထားပါသည် ။ အို ဗုဒ္ဓအရှင်ဘုရား ဂေါတမ အရှင်၏ အဆုံးအမကို နာခံသူအားလုံးနိဗ္ဗာန်ရကြပါသလား၊အချို့ မရဘဲရှိကြပါသလား လို့ လျှောက်ထားပါတယ် ။
အချို့ ရ၏ အချို့ မရကြပါ အသင်ပုဏ္ဍား ဟုဖြေတော်မူ၏ ။
ဒါဖြင့်ရင်အရှင်ဘုရားထပ်လျှောက်ထားပါဦးမည် ။နိဗ္ဗာန်ကလည်းအထင်ရှားရှိ နိဗ္ဗာန်ရောက်ကြောင်းလမ်းကလည်းရှိ နိဗ္ဗာန်ရောက်ကြောင်းနည်ယူလမ်းပြ အရှင်ဂေါတမကလည်းရှိ ပါလျှက် ဘာကြောင်...အချိုနိဗ္ဗာန်ရ အချိုနိဗ္ဗာန်မရကြပါလဲ အရှင်ဘုရားဟု ထပ်မံလျှောက်တင်လိုက်ပါတယ် ။

ဒါဆိုရင်တော့ ငါဘုရား သင်ပုဏ္ဍားကိုပဲ ပြန်မေးရဦးမယ် ။သင်ကြိုက်သလိုပဲဖြေကြားကြည်ပါ ဟု မိန့် ကြားပြိး-အသင်ပုဏ္ဍား သင်ရာဇဂြိုလ်ပြည်ကိုသွားတဲ့လမ်းကို သိသလား   သိပါတယ်ဘုရား  သိရင် လူတစ်ယောက်က ရာဇဂြိုလ်ပြည်ကိုသွားတဲ့ လမ်းကိုညွန်ပြပေးပါလို့ မေးလာရင် ဘယ်ကနေ ဘယ်လို ဘယ်သို့ သွားညွန်းပြပြီးရောက်မည်နေရာသင်ပြောပြနိုင်လိမ်မည် ၊တစ်ဦးကသင်ညွန်းကြားရာမဟုတ်လမ်းလွှဲကိုလိုက်၍ ခရီးမပေါက်ရောက်ဘဲ နောက်သို့ ပြန်လာရတယ် ။
တစ်ဦးကတော့ သင်ညွန်သလို သွားလို့  ဆိုက်ဆိုက်မြိုက်မြိုက်  လိုရာရောက်တယ် ။အဲဒီတော့  ရာဇဂြိုပြည်သွားတဲ့လမ်းလည်း အထင်ရှားရှိ ညွန်ပြသူ သင်လည်းအထင်ရှားရှိလျှက် တစ်ယောက်ကရောက်ပြီး တစ်ယောက်ကမရောက်တာ ဘာကြောင့်လည်း အသင်ပုဏ္ဍား ဟုမေးလိုက်ပါတယ် ။ပုဏ္ဍားက အဲ့ဒါတော့တပည့်တော်ဘာတက်နိုင်မှာလဲ တပည့်တော်က လမ်းညွန်သာလျှင်ဖြစ်ပါတယ် ဟုပြန်လျှောက်ထားလိုက်လေသည် ။

အေးပုဏ္ဍား နိဗ္ဗာန်လည်းရှိ နိဗ္ဗာန်သို့ ရောက်ရန်သွားရမည် လမ်းလည်းရှိညွန်ကြားသူ ငါဘုရားလည်းရှိပါလျှက် တစ်ချို့ ရောက်ပြီး တစ်ချိုမရောက်တာက ငါဘုရားလည်း ဘာတက်နိုင်မှလဲ ငါဘုရားက နည်းပေး ညွန်းကြားသူဖြစ်ပါတယ် လို့  ဖြေတော်မူလိုက်ပါတယ် ။ထို ကြောင့်ကိစ္စတစ်ခုကိုလုပ်ဆောင်ရာ၌ လိုရာပြီးမြောက်ဖို့  လမ်းပြသူရှိပါသော်လည်း ကိုယ်တိုင်မလိုက်နာ မလုပ်ဆောင်ပါက လားရာဘက်မပါသော အရွှေ့ သဘောကဲ့သို့  အလုပ်ဖြစ်မည်မဟုတ်ပါ ။
လားရာဘက် ဦးတည်ချက်ရှိရာသို့  မှန်ကန်စွာ လွေ့ လျှားမှသာ အလုပ်ဖြစ်မည် ဖြစ်ပါသည် ။ဤတရားတော်  အမေးအဖြေက လှစ်ဟဖော်ထုပ်လိုက်ပေပြီ ။ဦးဇင်းတို့ လူသားများသည် လောကီလောကုတ်နှစ်ဖြာအလုပ်၌  ဦးတည်ချက်လားရာ မှန်ကန်ဖို့  ညွန်ကြားသူ လမ်းညွန်ချက်အတိုင်း သေသေချာချာ မိမိရရ လျှောက်လှမ်းကြမည် ဆိုပါလျှင် လားရာဖက်မပျောက်သဖြင့် လျှောက်သောလမ်းကို အမှန်ပင် ရောက်ကြပါလိမ်မည် ။ထိုအခါလိုရာ ပြီးမြောက်၍  ခရီးပေါက်ပါလိမ်မည် ၊လားရာဘက်မများစေရေး မမဲ့စေရေး အတွက်လျှောက်သောလမ်းကလေး စမ်းလးတဝါးဝါး မဖြစ်စေရန် မပျောက်ပျက်စေရန် ညွန်းဆိုလိုက်ရပါသည် ။                    


                                       ဘာဘဲလုပ်လုပ်
                                       ဘာပဲပြောပြော
                                      ဘာဘဲကြံကြံ
                                      လျှောက်သောလမ်းကလေး 
                                      မပျောက်စေချင်
                                     ဦးတည်ချက်မှန် လားရာမှန်၍
                                    လှမ်းအားသာရန်
                                    သတိရှေ့ ထားရွှေ့ လျားသွားရန်ပင် မဟုတ်ပါလား။



                                                                    ချမ်းသာကိုယ်စိတ်မြဲကြပါစေ ရွှေဖြူးလေး

No comments:

Post a Comment