ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏ ။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
(အဂုင်္တ္တရနိကယ်၊စတုက္ကနိပါတ် ၊ပေမသုတ်)
ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည် သဒ္ဒါအားဖြင့်ဆိုသော် အရကွဲ သော်လည်း ဒွန်တွဲနေလျှက်ရှိ၏ ။ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊အတို နှင်အရှည် ၊အနိမ့်နှင့်အမြင့် အစရှိသောအားဖြင့် အရမတူသော်လည်း ဒွန်တွဲလျှက်ရှိကြ၏ ။ သို့ သော် ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် တစ်ပြိုင်တည်း ဖြစ်၍ မရသကဲ့သို့  ချစ်ခြင်းနှင့် မုန်းခြင်းသည်လည်း တစ်ပြိုင်နက်ထဲ ဖြစ်၍ မရပေ ။ကိလေသာနှောင်ထုံးဖြစ်သော ဤချစ်ခြင်းနှင့် မုန်းခြင်းသည် မဂ်ဖိုလ်မရသေး၍ ပုထုဇဉ် သတ္တဝါမှန်သမျှ ကို ချည်နှောင်နေမည်သာ ။သံသရာရေယာဉ်ကြောမှာ စီမျောနေသမျှ တစ်ခဏတာဘဝအကွေ့ များစွာ၌ တစ်ဦးနှင့်