Tuesday, May 29, 2012

အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော။ (အံ-၁၊ ၂၄)
ရှေးဆုတောင်း

အရှင်ပိဏ္ဍောလဘာရဒွါဇ အလောင်းတော်သည် ပဒုမုတ္တရ ဘုရားလက်ထက်တော်ဝယ် ဟံသာဝတီမင်းနေပြည်တော်ဝယ် မဟာသာလသူဌေးမျိုး၌ဖြစ်၍ တနေ့သောအခါ ကျောင်းတော်သို့သွားရောက်ကာ တရားနာယူစဉ် ဘုရားရှင်က ရဟန်းတပါးကို “ရဲရဲတောက် မဂ်ဖိုလ်စကား ပြောကြားကြသော ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်”ကို တွေ့မြင်ရ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလျှင်ပြီးလျှင် ထိုရာထူးကို ဆုပန်ခဲ့လေသည်။

ဆုံးဘဝတွက်ဧတဒဂ်ရလျက်ထေရ်ပိဏ္ဍော

Friday, May 25, 2012

ဒေ၀ဒူတ သုတ္တာန် လာ နတ်တမန်တော်များ



ဒေ၀ဒူတ သုတ္တာန် ပါဠိတော်ကြီး (ယမမင်းစစ်တမ်း)

ယမမင်း ။ ။ မောင်မင်း .. သင်သည်လူ့ပြည်၌ ပထမသေမင်းတမန် ထင်ထင်ရှားရှား ဖြစ်သည်ကို မမြင်ပါသလော။

ငရဲသား ။ ။ ကျွန်ုပ် မမြင်မိပါ။

ယမမင်း ။ ။ မောင်မင်း .. သင်သည် လူ့ပြည်၌ မိမိ၏ကျင်ကြီးကျင်ငယ် မသုတ်သင်နိုင်ဘဲ လူးလိမ့်ကာ နေရရှာသော ကလေးသူငယ်များကို မတွေ့ခဲ့ဘူးလား ။

ငရဲသား ။ ။ ကျွန်ုပ် မြင်မိပါသည်။

ယမမင်း ။ ။ မိမိကိုယ်တိုင်နားလည်သော အရွယ်သို့ရောက်သောအခါ ထိုကလေးများကိုကြည့်၍ ““ငါသည် ဘာမျှမသိနားမလည်ရှာသေးသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေနေရဦး မည်။ ပဋိသန္ဓေ နေခြင်းသဘောကို မလွန်ဆန်နိုင်သေးအံတကား ။ ယခုငါသည် ကိုယ်၊ နှုတ်၊ စိတ်

Tuesday, May 22, 2012

ဘုရားဟောတဲ့ မာရ် ငါးပါး

`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။
`မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။
`မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ 
သို့ဖြစ်၍ သက်ရှိသတ္တ၀ါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရပါသည်။ သတ္တ၀ါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။

Monday, May 21, 2012

သားတော်ငယ်ပေါင်း ရွာကကျောင်းကို ပြန်ကြွခဲ့ပါ သားတော်မောင်းပဉ္ဇင်းဘုရား

ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီးမိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့
သွတ်သွင်းခဲ့ခြင်း မဟုတ်သည် ကတော့အသေအချာပင်။ မကြာသေးမီက တိုက်သစ်ဆရာတော်
ရှင်ပြုတစ်ခုမှာ ဟောကြားသော “စကြာဝတေး မင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။
ရှင်မယ်တော် ရဟန်းမယ် တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏”ဆိုသည့်
တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့် အမည်ထူးတစ်လုံးကို
ပန်ဆင်လိုသဖြင့်လည်း သာ၍ပင်မဟုတ်ခဲ့။
ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော “ကိုယ်၏ သားဖြစ်စေ၊ ကိတ္တိမသား ဖြစ်စေ၊
သာသနာတော်တွင်းကို သွတ်သွင်းမှသာ” စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ
အပယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။ ဟုတ်သည်။ ခုဆို သားကို
အကြောင်းပြုကာ အကုသိုလ် အထုပ်က ငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။
ရဟန်းမယ်တော်နော် ရဟန်းမယ်တော်....ဆိုသောစည်းကြို
းခိုင်ခိုင်ဖြင့် ကံသုံးပါးကို
စည်းနှောင်နိုင်ခဲ့ပြီပဲ။ နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသော သီလ...အဲ
တစ်ခါတလေ သန်းဥ စမ်းမိတာက လွဲလို့ပါဏာတိပါတ စသောကံငါးပါးကို ခါးဝတ်လဲကဲ့သို့
မြဲခဲ့တာကို တွေ့ရတော့ “ ဒါ သားကြောင့်ပဲ...ဟုတ်တယ်။ သား ဒီဘောင်မှာ
မွေ့ပျော်သ၍

Saturday, May 19, 2012

ဘာသာတရား အကြောင်းတစေ့တစောင်း

ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။

Friday, May 18, 2012

အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်

တစ်ဆယ့်ရှစ်ရပ်သော အတတ်ပညာမျိုး (အဋ္ဌာရသ သိပိပ္ပံ) ကို ရှေးခေတ်၌ ယောင်္ကျားတို့ တတ်အပ်သော အတတ်ဟု ကျမ်းများက ပြဆိုသည်။ ယောက်ျားတို့ အတတ် (၁၈) ရပ်လည်းဟူ၏၊။ ၎င်း (၁၈) ရပ်သောအတတ်တို့ကို သက္ကဋကျမ်း၌တစ်မျိုး၊ မိလိန္ဒပဥှာပါဠိတော်၌ တစ်ဖုံ၊ လောကနီတိကျမ်းကတစ်ဖြာ၊ ဤသို့အနည်းနည်းလာရှိကြရာ သိမှတ်လိုသူတို့အတွက် အသီးသီးဆက်လက် ဖော်ပြပါမည်။ အဋ္ဌာရသသိပ္ပ၊ အဋ္ဌာရသဝိဇ္ဇာဟူ၍ ပါဠိသုံးကြ၏။
  1. ကပ္ပ - တစ်ခုသောဗေဒင်၏အခက်အလက် သာခါကျမ်း၏ အထူးထူးသောအပိုင်း၌ဆိုအပ်သော မန္တန်နည်းအားဖြင့် သိအပ်သော သာခါတစ်ပါး၌တည်သော မန္တန်တို့အား သုံးစွဲပုံအစီအရင်ကိုပြသော ဗောဓါယနစသော ရသေ့တို့စီရင်အပ်သောကျမ်းအတတ်၊
  2. ဗျာကရဏ ပါဏိနိ စသော သဒ္ဒါကျမ်းအတတ်၊
  3. ဇောတိသတ္ထ- ဂြိုလ် နက္ခတ်တို့၏ အသွားအလာသရုပ် သဏ္ဍန်နှင့်တကွအကောင်းအဆိုးကိုပြဆိုသော ကျမ်းအတတ်၊
  4. သိက္ခာသရဗျည်း ဌာန် ကရိုဏ်း ပယတ်တို့ကိုပြဆိုသော ပါဏိနိ သိက္ခာ နာရဒ သိက္ခာ စသောကျမ်း

Thursday, May 17, 2012

ထေရ၀ါဒ ဗုဒ္ဓဘာသာ

ထေရ၀ါဒ ဆိုသည့် စကားလုံးဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုလျှင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင် သုံးစွဲခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာကျော်တွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မ နှင့် ၀ိနယ ပေါ်တွင် မိမိတို့ စိတ်ကြိုက် ဖြည့်စွက် ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုကို အကြောင်းပြု၍ ဗုဒ္ဓ၏ အဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏ အလိုနှင့် အညီ အတည် ပြုလိုက်သည့် အယူအဆကို “ထေရ၀ါဒ” ဟု စတင်ခေါ်ဝေါ်ခဲ့ကြသည်။

Tuesday, May 15, 2012

အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တဏိပုတ္တော။ (အံ-၁၊ ၂၄)


မထေရ်အလောင်း ရှေးဆုတောင်း
အရှင်ပုဏ္ဏအလောင်းတော်သည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မမူခင်ကပင် ဟံသာဝတီမြို့ဝယ် ဂေါတမအမည်ဖြင့် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ပြီးလျှင် ဗေဒင်သုံးပုံ၌ လိမ္မာကျွမ်းကျင်သော်လည်း

Monday, May 14, 2012

ရခဲခြင်းတရားငါးပါး

လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို မြတ်ဗုဒ္ဓဟောကြားထားသည်မှာ
(၁)ဘုရားရှင်ပွင့်တော်မူသောအခါကိုရခဲခြင်း၊
(၂)လူဘ၀ကိုရခဲခြင်း၊
(၃)သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊
(၄)ရဟန်းဘ၀ကိုရခဲခြင်း၊
(၅)သူတော်ကောင်းတရားကြားနာရခဲခြင်းတို့ဖြစ်ပေသည်။

လူ့ဘ၀ရခဲပုံ
မြတ်စွာဘုရားကချစ်သားချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က

တေမိယမင်းသားကဲ့သို့ နေမည် ဆိုလျှင်

ရှေးအခါက ကာသိဧကရာဇ်မင်းကြီးနှင့် စန္ဒာဒေ၀ီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။
ငယ်စဉ်က ခမည်းတော် ကာသိဧကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။
ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။
ဘုရားလောင်းဖြစ်၍ နောက်နောက် ဘ၀များကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။
ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍

Sunday, May 13, 2012

ကမ္မကိလေသ

ညစ်ညူးခြင်းအမှု ဖြစ်သောကြောင့် "ကမ္မကိလေသ" ဟု ခေါ်ဆိုအပ်သော အကြောင်းတရား လေးပါးတို့ ရှိကုန်၏။ ဤကိလေသတရား လေးပါးတို့ကို ဘုရားရှင်၏ တပည့်သား အရိယာ သာဝကတို့ ပယ်စွန့်ကြကုန်၏။
(ကမ္မ = အမှု ၊ ကိလေသ = ညစ်ညူးကြောင်း )
ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း
အဒိန္နာဒါန = သူတစ်ပါး ဥစ္စာကို ခိုးခြင်း
ကာမေသု မိစ္ဆာစာရ = သူ့သားမယားကို ပြစ်မှား ကျူးလွန်ခြင်း
မုသာဝါဒ = မဟုတ်မမှန်သော စကားကို ဆိုခြင်း
သူ့အသက်ကို သတ်ခြင်း၏ အပြစ်
သူ့အသက်ကို သတ်သောသူသည် ယခုဘဝ၌ပင် အရှိန်အစော်ကင်းခြင်း ၊ မကောင်းသတင်း ဖြစ်ပွားခြင်း ၊ နောင်တ တဖန် ပူပန်ရတတ်ခြင်း ၊ လူ စသည်ကို သတ်မိက အစိုးရ မင်းများက သေစား သေစေ

Friday, May 11, 2012

အတ္တသမ္မာ ပဏီဓိ မင်္ဂလာကို ယုံကြည်ခြင်း

      အတ္တသမ္မာ ပဏီဓိစ ဧတံမင်္ဂလ မုတ္တမံ ။
မိမိ၏ ကိုယ်၊စိတ် တို့ကို ကောင်းစွာထားနိုင်ခြင်းသည် မင်္ဂလာ ။ ဒါတင်မက ကိုယ်၊နှုတ်၊စိတ် (၃)ပါးလို့ ချဲ့ပြောရင်လဲ ရပါမယ်။အရပ်ဒေသဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုယ်ကို ကောင်းစွာ မထိန်းနိုင်ရင် မကြီးပွားနိုင်ဘူး။ဒါဆို အရပ်ကောင်းခြင်းက ဒီလူကို ကျေးဇူးမပြုနိုင်တော့ဘူး။ ဒီလူကလဲ ဒီအရပ်ကို ဘာမှ ကျေးဇူးသိမှာ ပြုမှာ မဟုတ်ဘူး။ဒါကြောင့် အရှေ့က မင်္ဂလာတွေ ဘယ်လောက်တွေ ပြည့်စုံနေပါစေ သူကိုယ်တိုင်ရဲ့  အခုဘ၀မှာ အတ္တသမ္မာ ပဏီဓိစ မရှိရင် အားလုံးပျက်စီးကြရမယ်။ တိုက်အိမ်ကြီးတွေ၊ အိမ်ကြီးအိမ်ကောင်းတွေကြားမှာ မီးလောင်လွယ်တဲ့ တဲအိမ်တစ်လုံး ရောက်နေသလိုပဲ။ သူ့ကြောင့် ကျန်သူတွေပါ အထိတ်တလန့်ဖြစ်နေရမယ်။


Friday, May 4, 2012

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်းတစ်စေ့တစောင်း

ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ