Showing posts with label ဓမ္မရသ. Show all posts
Showing posts with label ဓမ္မရသ. Show all posts

Saturday, May 25, 2013

ကုသိုလ်ဟူသည်ဘဝလမ်းအတွက်



မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။ မဋ္ဌကုဏ္ဍလီ သည် ခေါင်းကို ကြိုးစား လှုပ်ကြည့် သည်။ လှုပ်၍ မရ ။ ခြေလက် များကို လှုပ်ကြည့် ဖို့ ကြိုးစားသည်။ လှုပ်၍ မရ။ ဆီးဝမ်း များ ထွက်ကျ၍ အညစ်အကြေး အမျိုးမျိုး တို့ ကလည်း အိုင်ထွန်း နေသည်။ သုတ်သင် ၍ မရ။ ယင် တစ်သိုက် က ခန္ဓာကိုယ် အနှံ့ ဆင်းတက် ကျက်စား နေသည်။ ခြောက်ထုတ် ၍ မရ။

အတိတ်က ပျော်ပါးခဲ့ သည်များ ကို စဉ်းစား ကြည့်သည်။ စဉ်းစား၍ မရ။ စိတ်တွေ က အဓိပ္ပါယ် ရေရေ ရာရာရှိအောင် မတွေးနိုင်။ လွင့်ပါး နေသည်။ အလိုလို ကြောက်ရွံ့ နေသည်။ အလိုလို အားငယ် နေသည်။ မကြာမီ အသူရာ နက်သော ချောက်နက်ကြီး ထဲသို့ ပြုတ်ကျ တော့ မလိုလို။ ရင်မှာ လှိုက်လို့ မောရင်း သြော်..အားကိုးရာမဲ့ လှသည်။

ခေါင်းက ကိုက်လှ ချည်ရဲ့။ ကျောက နာလှ ချည်ရဲ့။ ရင်က ပူလှ ချည်ရဲ့။ အို..အမေရဲ့..အိုအဖေရဲ့...သက်သာ အောင် ဆောင်ရွက် ပေးကြပါ...။ စိတ်ထဲမှာ အာခေါင် ခြစ်၍ အော်သည်။ အသံကား တစ်စက်မျှ မထွက်။ မျက်ရည် တွေတွေ စီးကျ၍ နေရသည်။ ကြာတော့ မျက်ရည် တွေပါ ခြောက်ခန်း လာသည်။ ရေတွေ ဆာသည်။ ၀မ်းက လည်း ဟာသည်။ တောင်းဆို ခြင်းကား မပြုနိုင်။ အလိုက် တသိ လာတိုက် လာကျွေး လျင်သာ မျိုနိုင်သည်။ သြော်..ဆင်းရဲတကာ့ ဆင်းရဲ ကြီးပါ တကား။ ပင်ပန်း တကာ့ ပင်ပန်း ကြီးပါ တကား ။

မဋ္ဌကုဏ္ဍလီ ၏ မိဘတို့ကား ယောက်ယက် ခတ်နေသည်။ သည်းအူ ပြတ်မျှ ပူလောင် နေရသည်။ စိုးရိမ် နေရသည်။ သို့သော် သားဖြစ်သူ ၏ ဒုက္ခကို မိရင်း ဘရင်း တို့သည်လည်း အတိအကျမသိ နိုင်။ ဖယ်ရှား ပေး၍လည်း မရ။ လက်မှိုင် ချ၍ ကြည့်နေရုံ သာ တတ်နိုင် သည်။ စင်စစ် ဤ ဒုက္ခ များသည်ကား ချစ်သူ ခင်သူ မည်သူမျှ ကိုယ်စား ခံပေးလို့ မရသော ဒုက္ခ များပင် တည်း ။ အသီး အသီး သော သတ္တ၀ါတို့ မိမိတို့ ဘာသာ ကိုယ်တိုင် ကိုယ်ကျ ခံစား တွေ့ကြုံ ရမည့် ဒုက္ခများ ဖြစ်ပေ၏။

မဋ္ဌကုဏ္ဍလီ ဟူသည် ကား သာဝတ္ထိ ပြည်တွင် နေထိုင် သော အဒိန္နပုဗ္ဗက သူဋ္ဌေး မောင်နှံ ၏ တစ်ဦး တည်းသော သား ရတနာ ဖြစ်၏။ အသက် ၁၆ နှစ် အရွယ် သာ ရှိသေး သည်။ အသက် ၁၆ နှစ် ဆိုသည်မှာ ယခုကဲ့ သို့ သေရာ ညောင်စောင်း ထက်၌ လဲလျောင်း နေရမည့် အရွယ် မဟုတ် သေး ဟု အများက ဆိုကြ သည်လည်းရှိသည်။ စုတ်သပ် ကြသည် လည်း ရှိသည်။ သို့သော် နာခြင်း တရား၊ သေခြင်း တရား ဟူသည် ကား ငယ်ရွယ် သေး၍ နုပျို သေး၍ မလာပါနှင့် မဖြစ်ပါနှင့် ဟု ကြိုတင် ညှိနှိုင်း ထားလို့ မရ။ ချမ်းသာသူ ဖြစ်၍၊ ချောမော လှပသူ ဖြစ်၍၊ ပညာ တတ်သူ ဖြစ်၍ မလာ ပါနှင့်၊ မဖြစ်ပါနှင့် ဟုလည်း ကြိုတင် ညှိနှိုင်း ထား၍ မရ။ သတ္တ၀ါ အသီး အသီး ကို ဒဏ်ခတ် နှိပ်စက် သတ်ဖြတ် ရန် အတွက် တိကျ ဖြတ်လတ်စွာ၊ အားရ၀မ်းသာစွာ လာကြ၊ ဖြစ်ကြ လေ့ ရှိသည် သာတည်း။

ကျန်းမာ သန်စွမ်း ချိန်ကမူ မဋ္ဌကုဏ္ဍလီ သည် အများနည်းတူ ပျော်ပျော် ပါးပါး နေထိုင် သွားလာ ခဲ့သည် သာ ဖြစ်သည်။ ဤ ရောဂါ ရရှိ လိမ့်မည် ဟု အိပ်မက် မျှပင် မမက်ဖူးခဲ့။ ဤသို့ သေရာ ညောင်စောင်း ထက်တွင် လဲလျောင်း ၍ ဆင်းရဲ ဒုက္ခများ ခံနေ ရမည် ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ မသိ ခဲ့၍လည်း ပျော်ပါး နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ် ၍ အခြား သူများ ဝေဒနာ ခံစား နေရသည် သို့မဟုတ် သေအံ့မူးမူး ဖြစ်နေ သည်ကို သတင်းမျှ ကြားရ ပါက မိမိလည်း တစ်နေ့ ဤသို့ ဝေဒနာ ခံစား ရမည်၊ သေအံ့ မူးမူး ဖြစ်ရမည် ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင် ပြုလုပ် ထားမည် ဖြစ်သည်။ သို့မဟုတ် သတင်း ကြားရ သည်ကို အမှုမဲ့ အမှတ်မဲ့ နေမိ သော်လည်း ဝေဒနာ ခံစား ရသောသူ၊ သေအံ့ မူးမူး ဖြစ်နေ သော သူများကို မျက်စိ ရှေ့တွင် တွေ့ရပါက တစ်နေ့ မိမိလည်း ဤသို့ ဖြစ်ရ မည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင်ပြုလုပ် ထားမည် ဖြစ်သည်။ သို့သော် မဋ္ဌကုဏ္ဍလီ ကား ဒါန၊ သီလ၊ ဘာဝနာ များကို လည်း ပြုခဲ့ ဖူးသည် မရှိ။ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံး သွားသည် သာ ဖြစ်သည်။ မိခင် ဖခင်တို့ ကလည်း ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ် ရမည်ဟု သင်ကြား ပေးခြင်း မရှိ။ မိခင် ဖခင်တို့ ကိုယ်တိုင် သည်လည်း ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ် သင့်သည် ဟု အကြား အမြင် ဗဟုသုတ မရှိ။ သို့သော် သင်ကြားခြင်း ရှိသည် မရှိသည် ဆိုခြင်း ထက် မိမိက ပြုလုပ် တတ်ဖို့ အရေး ကြီးသည်။ အဘယ်ကြောင့် ဆိုသော် တကယ်တမ်း သေမင်း နှင့် ရင်ဆိုင် ရမည်က မိမိ ကိုယ်တိုင် သာ ဖြစ်ပြီး မိဘ အပါအ၀င် မည်သည့် တစ်ဦး တစ်ယောက် ကမျှ မိမိ ကိုယ်စား အငှား ရင်ဆိုင် ပေး၍ မရသောကြောင့် တည်း။

သေခြင်း တရား ကိုကား သတ္တ၀ါတိုင်း ရင်ဆိုင် ရမည်သာ ဖြစ်သည်။ သို့သော် ဒါန၊ သီလ၊ ဘာဝနာကို အာစိဏ္ဍ ကံမြောက် ပြုထား လျင်ကား သေခါနီး အချိန်၌ အနည်းငယ် စိတ် သက်သာရာ ရနိုင် သေးသည်။ သို့နှင့်တိုင် စိတ်ချရပြီ ဟုကား မဆိုနိုင် သေး။ သေခါနီး၌ ဖြစ်တတ် သော အကုသိုလ် ကံများကို သတိ မူရဦးမည် ဖြစ်၏။ ငယ်တုန်း ရွယ်တုန်း အာစိဏ္ဍကံ မြောက်အောင် ဒါန၊ သီလ၊ ဘာဝနာ အားမထုတ် ထားသူ တို့မှာ အားအင် ပြတ်လပ်၊ စိတ်လက် ညစ်ညူး၊ ဝေဒနာ လှိုက်ဆူ ချိန်၌ အဘယ်သို့လျင် ထိုထို အကုသိုလ် ကံများကို ရှောင်ရှား နိုင်စွမ်း ရှိမည်နည်း။ အဘယ်သို့လျင် သေခါနီး၌ ဖြစ်ပေါ် လာတတ် သော အာရုံဆိုး များကို အကုသိုလ် ကံ မဖြစ်အောင် နှလုံးသွင်း နိုင်စွမ်း ရှိမည်နည်း။ ကလျာဏ မိတ္တ ကိုသာ အချိန်မီ ရရှိခဲ့ခြင်း မရှိလျင် ထိုထို ပုဂ္ဂိုလ်တို့ မှာ သေခါနီး ဖြစ်သော အကုသိုလ် ကံများကြောင့် သေပြီး သည့်နောက် အပါယ် လေးပါး သို့သာ တဖြုတ်ဖြုတ် သက်ဆင်း ကြရမည် ဖြစ်လေသည်။

မဋ္ဌကုဏ္ဍလီ နှင့် သူ၏ မိဘများ အပါအ၀င် သတ္တ၀ါ အများအပြား မှာ အတိတ်ဘ၀ တစ်ခုခုက မြင့်မြတ်သော အလုပ်များကို ပြုလုပ်ခဲ့ ကြသည့် သူတော်ကောင်း များ ဖြစ်ခဲ့ ကြမည်သာ ဖြစ်၏။ ကုသိုလ် ပါရမီ ဟူသည်ကား နိဗ္ဗာန် မရောက် မချင်း ပျောက်ပျက်လေ့ မရှိ။ နိဗ္ဗာန် ဆိုက်သည့် တိုင်အောင် အကျိုး ပေးသည့် ကုသိုလ်မျိုး ဖြစ်၏။

ကုသိုလ် ပါရမီ ပါလာ သည်ကား မှန်၏။ သို့သော် အသုံး မချသူများ ကိုကား ပါရမီ သည် နိဗ္ဗာန် ရောက်အောင် အလိုလို ဆွဲ မခေါ်နိုင်။ မဂ္ဂင်ရှစ်ပါး နှင့် အားထုတ် ရသေးသည် ။ အားမထုတ် မိလျင် သံသရာ လည်ကြ ပြန်ပါ သည်။ ထို့ကြောင့် လည်း မြောက်မြား စွာသော ပါရမီရှိသူ ပုဂ္ဂိုလ်များမှာ အပါယ်လေးပါး၌ တစ်ဝဲလည်လည် နှင့် အချိန်ကုန် နေခြင်း ဖြစ်လေ သည်။

လောက ဓမ္မတာ အရ ပုထုဇဉ် တို့၏ သဒ္ဓါတရား သည်ကား ခိုင်မြဲခြင်း မရှိ ဟူ၍လည်း သိအပ်၏ ။ ပုထုဇဉ် တို့သည် တစ်ဘ၀ ၌ သူတော်ကောင်း ဖြစ်သော်လည်း နောက် တစ်ဘ၀ ၌ သူယုတ်မာ များ ဖြစ်နိုင် သေးသည်။ ယခုဘ၀ ၌ ရတနာ သုံးပါး ကို ကြည်ညို သော်လည်း နောက်ဘ၀များ၌ ရတနာ သုံးပါးကို ရန်မူသူများ လည်း ဖြစ်နိုင် သေးသည်။ ကလျာဏမိတ္တ နှင့် ပေါင်းဖော် မိလျင် သူတော်ကောင်း ဖြစ်ကြ၍ ဒေ၀ဒတ် ကဲ့သို့ ပါပ မိတ္တနှင့် ပေါင်းဖော် မိလျင် သူယုတ်မာ များဖြစ်ကြ ရပြန် သည်။

မဋ္ဌကုဏ္ဍလီ ၏ အချိန်သည်ကား နည်း၍ နည်း၍ သွားပြီ။ နည်းသွား သည်ဆိုသဖြင့် လုံးဝ မရှိတော့ခြင်း တော့ မဟုတ်။ ကုသိုလ် မျိုးစေ့ ကို ချမည် ဆိုလျင်ကား ချနိုင် သေးသည်။ သေရာ ညောင်စောင်း တွင် လဲလျောင်း နေရသည့် ယခု ကာလသည်ပင် ကုသိုလ်ပြု ဖို့ အချိန် ဖြစ်သည်။ တောင်တောင် အီအီ တွေး၍ စိတ်ညစ် နေရမည့် အချိန်မဟုတ်။

မဋ္ဌကုဏ္ဍလီ သည် ပျော့ညံ့သည့် ပုဂ္ဂိုလ် ထဲတွင်တော့ ပါဟန်မတူ။ သေခြင်း တရားကို စွမ်းသလောက် ရင်ဆိုင်မည့် သူ ဖြစ်ဟန် တူ၏။ သို့ဖြစ်၍ လည်း မြတ်စွာဘုရား ၏ ကရုဏာ ဥာဏ်ကွန်ရက် တွင် ကယ်ချွတ် အပ်သူဟူ၍ ပေါ်လာခြင်းဖြစ်သည်။ အလျော့ပေး အရှုံးပေး ထားသူကို မည်သည့် ကရုဏာရှင် ကမျှ ကူညီ၍ ၊ကယ်တင်၍ မရ။ အဘယ်ကြောင့် ဆိုသော် သတ္တ၀ါ ဟူသည့် သဘောမှာ မိမိ ကိုယ်ကို မိမိ အားကိုးရသည့် သဘော ရှိသောကြောင့် ဖြစ်သည်။ ဘုရား အပါအ၀င် ကလျာဏ မိတ္တများကား ဘ၀ကိုကယ်တင်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်။ လမ်းပြပေး နိုင်သော ပုဂ္ဂိုလ်များသာဖြစ်၏။

မဋ္ဌကုဏ္ဍလီ ကို အကြောင်း ပြု၍ သူ့မိဘ များ အပါအ၀င် သတ္တ၀ါ အများ တရားချမ်းသာ ကို မြည်းစမ်းခွင့် ရမည် ကို မြတ်စွာဘုရား က သိမြင်တော် မူ၏။ သို့ဖြစ်၍ ထိုနေ့က အိမ်စဉ် အလျောက် ဆွမ်းခံ ကြွသည့် အခါ မဋ္ဌကုဏ္ဍလီ တို့ အိမ်ရှေ့ ၌ ရောင်ခြည်တော် ကို လွှတ်၍ ဆွမ်းရပ် သည်။ မဋ္ဌကုဏ္ဍလီ သည် မျက်ဝန်း ထောင့်စွန်း၌ ရောင်ခြည်တော် ကို ဖူးမြင်ရ၍ ဦးခေါင်း ကို စောင်းငဲ့၍ ငေးကြည့် ရှာသည်။ စင်စစ် မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓကို ကြည်ညို ဖူးသူ မဟုတ်။ သို့သော် ကိလေသာ ကင်းစင်သော ပုဂ္ဂိုလ်ထူး ကို ကြည်ညို သည့် စိတ် ဟူသည်ကား အတ္တမာန အတန်ငယ် ကင်းစင် နေသော သူများ၌ ဖြစ်ပေါ် နိုင်စွမ်း ရှိသည်။ ရောဂါ ဝေဒနာ တို့ကြောင့် အတ္တမာန တို့ ခေတ္တ ငုပ်လျှိုး နေသဖြင့် လည်း မဋ္ဌကုဏ္ဍလီ ၏ ဥာဏ်၌ ကြည်ညို ထိုက်သူကို ကြည်ညိုသော အသိဥာဏ် သည် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

ကိလေသာ ကင်းစင် တော်မူသော မြတ်ဘုရားကို ဖူးတွေ့ ရသဖြင့် မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် ကာမာဝစရ ကုသိုလ်စိတ် ၈ ပါး၏ ပထမ ကုသိုလ်စိတ် သည် ထင်ရှား ဖြစ်ပေါ်လာ၏။ မြတ်ဘုရား၏ ကိလေသာ ကင်းစင် တော်မူသည့် အမူအရာကို စိတ်နှလုံး၌ ထပ်ဖန်တလဲလဲ မြင်ယောင် ၍လည်း ဗုဒ္ဓါနုဿတိ ဘာဝနာ စိတ်သည် ထင်ရှား ဖြစ်ပေါ် လာ၏။ ကြည်ညို လွန်းမက ကြည်ညိုသည့် စိတ်ကြောင့် လက်အုပ် ချီမိုး၍ ကန်တော့ လိုက်ချင်သည်။ သို့သော် လက်ကိုကား မြှောက်၍ မရ။ စိတ်ထဲမှသာ ကန်တော့ လိုက်ရ၏။ လက်အုပ် မချီရသော်လည်း လက်အုပ်ချီ သကဲ့သို့သာ ဖြစ်လေ၏။

မဋ္ဌကုဏ္ဍလီ ၏ သန္တန်တွင် အကုသိုလ် စိတ်များ ကင်းပျောက်၍ ကုသိုလ်စိတ် များ ဖြစ်ပေါ် လာပေပြီ။ မဋ္ဌကုဏ္ဍလီ ၏ ထွက်သက် ၀င်သက် သည်လည်း ငြိမ်၍ ငြိမ်၍ သက်၍ သက်၍ လာပြီ။ ဇောစိတ် များ သည်လည်း အရင်လို ခုနစ်ကြိမ်မျှ မဖြစ်တော့ဘဲ ငါးကြိမ် လေးကြိမ် မျှသာ ဖြစ်တော့ သည်။ နောက်ဆုံးတွင်ကား..မဋ္ဌကုဏ္ဍလီ ၏ စုတိစိတ်သည် ကုသိုလ်ကံ ၏ နိမိတ် ကို အာရုံပြု၍ ချုပ်လေ တော့၏။ စုတိ စိတ် ချုပ်သည်နှင့် စက္ကန့် မခြား ဘဲ ပဋ္ဋိသန္ဓေ စိတ်သည် ဖြစ်ပေါ် လာ၏။ ပဋ္ဋိသန္ဓေစိတ် ဖြစ်သည့် နေရာကား တာဝတိသာ နတ်ပြည်တည်း။

"ဓမ္မ တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆို၊ ပြုလုပ်၊ ကြံစည်ပါက ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့ သို့ ထိုသူသို့ ချမ်းသာသည် အစဉ် လိုက်လေ၏။"

မဋ္ဌကုဏ္ဍလီ ဆုံးပြီး လပိုင်းမျှ အချိန်တွင် မြတ်ဘုရား သည် ဤ တရားကို မဋ္ဌကုဏ္ဍလီ ၏ ဖခင် သူဋ္ဌေးကြီး၏ နေအိမ်တွင် ဟောကြားခြင်း ဖြစ်သည်။ သူဋ္ဌေးကြီး သည် မဋ္ဌကုဏ္ဍလီ သေဆုံးပြီးနောက် သုဿာန်သို့ နေ့တိုင်း သွား၍ငိုသည်။ ထိုအခါ နတ်သား ဖြစ်နေ သော သူဋ္ဌေးသား က ဖခင်ဖြစ်သူ အား ဗုဒ္ဓါနုဿတိ ၏ ကျေးဇူးကို လာရောက် ပြောပြသည်။ သူဋ္ဌေးကြီး သည် ၀မ်းမြောက် ၀မ်းသာ ဖြစ်၍ မြတ်ဘုရား သာသနာ၌ သက်ဝင် ကြည်ညို လေသည်။ ထို့နောက် ဥပသကာ အဖြစ်ကို ရောက်၍ မြတ်ဘုရားကို တရား ဟောပြော ပြသရန် တောင်းပန်ခြင်း ဖြစ်လေ၏။

သဒ္ဓါတရား မရှိသော မိဘကို မဋ္ဌကုဏ္ဍလီ က ဤသို့ ကျေးဇူး ဆပ်ခဲ့၏။ အတု ယူဖွယ်ပင် ဖြစ်၏။ ဤသို့ ဖြင့် များစွာသော လူအပေါင်း နှင့်တကွ သားအမိ သားအဖသုံးဦးတို့သည် မြတ်ဘုရား၏ တရားတော်ကို ဒါနကထာသီလကထာ သဂ္ဂကထာ မဂ္ဂကထာ အစဉ်အတိုင်း နာကြားခွင့် ရကြပြီး၍ လူနတ် ချမ်းသာ၊နိဗ္ဗာန် ချမ်းသာ စသည့် အကျိုးထူး များကို မိမိတို့ ပါရမီ အားလျော်စွာ ရရှိခဲ့ ကြလေတော့သည်။

ကိုးကား
ယမက၀ဂ်-မဋ္ဌကုဏ္ဍလီ-ဓမ္မပဒ ဦးရွှေအောင်

Sunday, May 19, 2013

ဗောဓိပင်ကို ညောင်ရေသွန်းလောင်းရခြင်းအကျိုး



ဝိပဿီမြတ်စွာဘုရား၏ ဗောဓိပင်မြတ်ကို ပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ ငါသည် ရဟန်းဘ၀သို့ ရောက်ပြီးသည် ဖြစ်လျက် ထိုပူဇော်ပွဲသို့ ချဉ်းကပ်၏။

ချဉ်းကပ်ပြီးသော် ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည် ဖြစ်၍ ငါတို့ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည် ဖြစ်၍ ငါတို့ကို ငြိမ်းအေးစေလတ္တံ့ဟု နှလုံးသွင်းလျက် ငါသည် ပန်းဖြင့် ထုံးထားသော ရေကိုယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာထက်၌ ဗောဓိပင်၌ ညောင်ရေသွန်း လောင်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်၌ ညောင်ရေ သွန်းလောင်းရခြင်း၏ အကျိုးပေတည်း။

သုံးဆယ့်သုံးကမ္ဘာထက် ရောက်လတ်သော် လူတို့ကို အစိုးရသော ဥဒကသေစန မည်ကုန်သော စကြ၀တေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤ၀ိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိသိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

တိမိရ၀ဂ်၊ ဗောဓိသိဉ္စကတ္ထေရအပဒါန်၊ ခုဒ္ဒကပါဠိတော်။

Sunday, September 9, 2012

သဟမ္မတိဗြဟ္မာကြီးနှင့်ပဉ္စမသတ္တာဟက မြတ်ဗုဒ္ဓ

မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.
  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်
  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်
  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..
ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။
မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။
ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။
ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။
ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..
  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်
  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။
ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။
မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။
မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..
“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..
အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။
ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။

မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..
ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။
ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…

မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..
“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”
ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…
  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏
  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။
  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။
  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။
  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။
သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]
မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်…ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး

Monday, August 6, 2012

အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထား

ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။ မသိသူ မရှိသလောက်ပဲလို့ ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်ကကြည့်ရင်လည်း သာမီဝင်မျိုး။ ရုပ်ရည် ဥပဓိဘက်ကကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။ စည်းစိမ် ဥစ္စာဘက်ကကြည့်ပြန်တော့ ကပိလ၀တ်နေပြည်တော်ရဲ့ ထီးမွေနန်းမွေကိုဆက်ခံရမယ့် ရှင်ဘုရင် လောင်းလျာတစ်ပါးဖြစ်ပါတယ်။
 အစစအရာရာ ပြည်စုံအထက်တန်းကျ
လွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။
ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး နဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ ကိုရင်ရာဟုလာအကြောင်းကို
တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး  စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ
"အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။
တော်ဝင်စိတ်ထား (၁)
အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး အဓိဌာန်လေ့ရှိပါတယ်။

"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"

ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။
တော်ဝင်စိတ်ထား(၂)
ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။ "ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့
 ' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ' လို့ ရဟန်းတစ်ပါးက မေးပါတယ်။
" ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာ ပဲ" " သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့"
ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး ။  
"သည်းခံခွင့် လွှက် တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။
တော်ဝင်စိတ်ထား(၃)
တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။
'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။
" ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်း တော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။ 

ဘုရားရှင်ထံဖြစ် စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုးအကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။


                                နှလုံးသား လှပနေရခြင်း၏ အကြောင်းရင်း

မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။
' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။

ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေ သာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတာဟာ 'ပါရမီရှင်ဖြစ်လို့ ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။

မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်း ကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။ မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။

ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမား ကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည်အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။

ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။

ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။  ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။  နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်
(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။

မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်း ကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။ မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။

ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။
 အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)စာပေမှ


Monday, July 9, 2012

ပမာဒ အကြောင်းသိကောင်းစရာ

(ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။
 ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။)
 အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊           ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။
အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊       ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။ (ဓမ္မပဒ၊ယမကဝဂ်)

"ပမာဒ" မေ့လျော့ခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ကောင်းတဲ့လုပ်ငန်းမှန်သမျှကို မေ့လျော့အားနည်းပြီမလုပ်ဖြစ်တော့ဘဲ မကောင်းတဲ့လုပ်ငန်းမှန်သမျှသာ လုပ်ဖြစ်တယ်။အဲ့ဒါကို 'ပမာဒ' မေ့လျော့ခြင်းလို့ ခေါ်တယ် ။ "ပမာဒ" မေ့လျော့ဆိုတာသတိမရှိတာ၊ မရှိတာဆိုတာ ကင်းနေတာ၊ကင်းဆိုတာဟာလည်း ဟာလာဟင်းလင်းကွင်းပြင်ဖြစ်နေတာ။ကွင်းပြင်ဆိုတာကလည်းအမိုးအကာ အရံမရှိတာ၊အကာအရံမရှိယင်လည်း မလုံခြုံဘူး။မလုံခြုံတဲ့နေရာနေမိရင် မိုးရေ မိုးပေါက် မှတ် ခြင်ယင်မြွေ ကင်းခွေးကြက်ငှက်စတဲ့ သဘာဝအန္တရာယ်မျိုးစုံအလွယ်တကူ ဝင်ရောက်လာပြီး ဖျက်ဆီးခံရရင် ဆင်းရဲပင်ပန်းစွာနဲ့ ပျက်စီးရတယ်။လူဆိုး သူခိုး ဓာပြစတဲ့ ဝန်းကျင်အန္တရာယ်ကြောင့်လည်း ပျက်စီးကြရပါတယ် ။

အရှက်လုံခြုံမှု အသက်လုံခြုံမှု ကျမ္မာရေးလုံခြုံမှု ပစ္စည်းလုံခြုံမှု မိသားစုလုံခြုံမှု ဘာမျှလုံခြုံမှု မရှိတော့ဘူး။ ဒါတွေက ဗဟိန္ဒ ခေါ်တဲ့ အပြင်ပိုင်း သုံးသပ်ပြတာပါ ။သတိဆိုတဲ့ အကာအရံ မရှိရင် အဇ္ဈတ္တ ခေါ်တဲ့ အတွင်းစိတ်ပိုင်းဆိုင်ရာမှာလည်း ထို့ အတူပါပဲ ။စိတ်ရဲ့ အကာအရံ  တံခါး အစောင့်အရှောက်ဆိုတာ သတိကိုပြောတာပါ၊စိတ်မှာသတိဆိုတဲ့ အကာအရံ အစောင်အရှောက်မရှိ ရင် ကိလေသာဆိုတဲ့မိုးရေ မိုးပေါက်၊သူခိုး ဓားပြလူဆိုးတွေ ဝင်ရောက်လာပြီး မိမိရဲ့ မကောင်းစိတ်တွေကို ဖျက်ဆီး၍ မကောင်းတဲ့စိတ်တွေက နေရာယူပြီးအုပ်စိုးလွှမ်းမိုးသွားတယ် ။ စိတ်မှာ ကိလေသာတွေင်ဝင်လာရင် မအေးချမ်းတော့ဘူးပူလောင်လာတယ်၊ဆင်းရဲ့လာတယ်၊ မဖြူစင်ဘဲ ညစ်နွမ်းသွားတယ် ။ "စိတ္တ သံကိလေသ သတ္တာ သံကိလိဿန္တိ" စိတ်တွေ ပူလောင်ညစ်နွမ်းရင် သတ္တဝါတွေလည်း ပူလောင်ညစ်နွမ်း သွားတယ်ဆို တဲ့ ဘုရားရှင်စကားနဲ့ လည်း မှန်နေတယ် ။သတ္တဝါတွေ ကိုယ်စိတ် ပူလောင် ညစ်နွမ်း ပင်ပန်း ဆင်းရဲနေရင် ကုသိုလ်ကို သတိမရတော့ဘဲ မေ့လျော့ပြီးအကုသိုလ်တွေသာ ပြုလုပ်ပြီး အချိန်ကုန်သွားတယ် ။အဲ့ဒါကိုပဲ "ပမာဒ" မေ့လျော့တယ် ကုသိုလ်တွေ မေ့နေတယ်၊အကုသိုလ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချို့ ကပြောကြတယ် တပည့်တော်တို့ သတ်သတ် ခိုးမှု ကာမေသုလည်း ကင်းရှင်းတယ် လိမ်ညာခြင်း သောက်စားခြင်းလည်းမလုပ်ဘူး ။မှန်ကန်မျှတစွာ နဲ့  စီးပွားရှာတယ်  အများအပေါ်မေတ္တာထားတယ် အယူမှန်တယ်ဘုရားတဲ့ ။တိုတိုပြောရရင် ဒုစရိုက်(၁၀)ပါးကင်းတယ်။စွမ်းနိုင်သမျှကူညီတယ် ။ထောက်ပံ့တယ်(ဒါန)ငါးပါးသီလ(သီလ)မြဲတယ်။ဒါကြောင့် တပည့်တော်များ" ပမာဒ" မေ့လျော့ခြင်းကင်းတယ် မဟုတ်လားတဲ့ ။မဃဒေဝလင်္ကာသစ်မှာ " ကောင်းမှုကိုပင် မလိုစအား၊ သားမယားနှင့် ပျော်ပါလေ့ကျက်၊ ဆောင်းတွင်းကြက်သို့  နံနက်ညနေ၊မြဲမသွေလျှင် အသေနီးစွာ၊တစ်သက်လျှာမျှ ပျော်ရာမှီလျက် ခဏတွက်ကို တမက်တမော၊မေ့လျော့ပျော်၏ "။လို့ ဆုံးမထားတာကို သွားသတိရမိတယ်။ချုပ်ပြောရရင် ရေပွတ်ပမာ ခဏတာအသက်ရှင်ရတာကို  မသေတော့ဘူထင်ပြီး သေခြင်းတရားမေ့ပြီး သားမယားတွေနဲ့ ပျော်နေတာလည်း "ပမာဒ" မေ့လျော့နေ တယ်လို့ ဆိုခြင်းဖြစ်ပါတယ် ။ ကိုယ့်ဇနီးနှင့် အတူနေတာ (ယဉ်ကျေးအောင် သုံးနှုံးထား၏)ကာမေသုမိစ္ဆာရာ သီလမပျက်စီးပေမယ့် အဗြဟ္မစာရီ ခေါ်တဲ့ သူတော်ကောင်းတရား များ မမြတ်နိုးတဲ့ အမှုကို  မိမိက မြတ်နိုးနေတာလည်း" ပမာဒ" မေ့လျော့ခြင်းဖြစ်ပါတယ် ။နောက်ပြီး ပမာဒ- မေ့လျော့မှုတွေ ဖြစ်စေနိုင်တဲ့ အင်္ဂါတွေထဲမှာ ကာမဂုဏ်အာရုံတွေမှာ ခံစားနေတာလည်း အဓိက ပါဝင်နေတာ စာပေမှာတွေ့ ရတယ် ။

ကာမဂုဏ်အာရုံလို့ ပြောလိုက်ရင် အများစုက တစ်မျိုးထင်နေကြတာ မဟုတ်ပါဘူး ။အများကြီးရှိပါတယ် ကာမဂုဏ်၌ ကာမ က ဝတ္ထုကာမ၊ ကိလေသာကာမဆို ပြီးနှစ်မျိုးရှိတယ် ။ရူပါရုံအဆင်း သဒ္ဒါရုံ အသံစတဲ့အာရုံငါးပါးက ဝတ္ထုကာမလို့ ခေါ်တယ်။လောဘ၊ ဒေါသစတဲ့ ကိလေသသာဆယ်ပါးက ကိလေသာကာမလို့ ခေါ်တယ် ။ ရူပါရုံ အဆင်းမှာ လောဘစတဲ့ ကိလေသာဆယ်ပါးဖြစ်နိုင်သလို့  ကျန်တဲ့ အသံ အနံ့ ၊အရသာ အတွေ အထိ အာရုံတွေမှာလည်း၊ ကိလေသာဆယ်ပါးလုံးဖြစ်နိုင်ပါတယ် ။စာကျယ်မှာစိုး၍  ဆယ်ပါးလုံးမရှင်ပြတော့ပါ ။ရူပါရုံစည်မှာ လောဘကိလေသာဖြစ်၍ ပမာဒ-မေ့လျော့ပုံကိုလည်း နမူနာသာဓကလေးတွေ ထုပ်ပြပါမယ် ။

ဥပမာ-ဥမ္မန္တီအလှကိုမြင်၍ အရူးကဲ့သို့ ဖြစ်ရတဲ့ သိဝိမင်း၊ သီရိမာရဲ့အဆင်းကိုမြင်၍ နှစ်ရက် သုံးရက် ဘာမျှလည်းမလုပ် ဆွမ်းလည်းမစားတော့ဘဲ အိပ်ရာပေါ်ခွေပြီး အိပ်နေတဲ့ရဟန်းငယ်။ဆွမ်းခံကိုယ်တောလေးမြင်မိ၍ မရရင်သေပါ့မယ်၊ မရလို့ သေသွားတဲ့ သီဟိုဠ်က အမျိုးသမီးငယ် စတာတွေဟာ အဆင်းရူပါရုံကို အကြောင်ပြု၍ လောဘဖြစ်ပြီး ပမာဒ-မေ့လျော့ခြင်းပဲ။ဘုရားအလောင်း ဥဒေါင်းမင်း ဥဒေါင်းမရဲ့ တွန်သံကြားရ၍ ညွတ်ကွင်းမိခြင်း  မောင်တော်မြန်မြန် ပြန်လာခဲ့ပါလို့  မှာလိုက်တဲ့ ဇနပဒကလျာဏီရဲ့ အသံကို ကြားနေရ၍ တရားအားထုပ်လို့ မရတဲ့ ညီတော်နန္ဒ စတာတွေကလည်း  အသံသဒ္ဒါရုံကို အကြောင်းပြုပြီး လောဘတဏှာဖြစ်၍ ပမာဒ-မေ့လျော့ခြင်းဖြစ်တယ် ။ အသားကင်မပါရင်မစားနိုင်၍ တစ်စတစ်စနဲ့  လူရဲ့အသားကိုပါ မစားဘဲ မနေနိုင်လို့  မင်းအဖြစ်မှ ဖြုတ်ချပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ပေါဒိသာဒမင်းဟာ အရသာကို အကြောင်းပြု၍  ရသာတဏှာဖြစ်လို့  ပမာဒ-မေ့လျော့ခြင်းပဲ။ ဒီခေတ်မှာ နွား ဝက် ဆိတ် ကြက် ငါး ပုစွန် စတဲ့သတ္တဝါများရဲ့ အသက်ပေါင်းများစွာ ပေးဆပ်နေရခြင်းဖြစ်ပါတယ် ။ဗောဌဗ္ဗာရုံ ကိုယ်အတွေ့ အထိကြောင့် ကိလေသာဖြစ်လို့ ပမာဒ-မေ့လျော့ပုံကတော့ ယခုခေတ်ကမ္ဘာသူ ကမ္ဘာသားတွေ အိမ်ကမခွာနိုင်ဘဲ တရားအားမထုပ်နိုင်လောက်အောင် မေ့လျော့နေခြင်း ဖြစ်ပါတယ် ။ကမ္ဘာကိုမဆိုထားဘိ ယခု သာသနာထွန်းကားရာ ထွန်းကားဆုံး မြန်မာပြည်မှာ လူဦးရေ သန်း(၅၀)ကျော်ခန့် ရှိပါတယ် ။

ဗုဒ္ဓဘာသာခံယူသူက (၄၅)သန်းခန့် ရှိမယ်ထင်တယ် ။အဲ့ဒီ (၄၅)သန်းထဲမှာ ဗုဒ္ဓဘာသာဝင်မှာ အထွတ်မြတ်ဆုံးအကျင့် ဖြစ်တဲ့ သတိပဌာန်တရားကို ရက်ရှည် လများစွာ မိမိကိုယ်ကို အားရကျေနပ်လောက်တဲ့အထိ အားထုပ်ဖူးသူ ဦးရေမည်မျှရှိပြီလဲလို့  ဦးဇင်းက စပြီး ကိုယ့်ကိုပြန်၍ မေးသင့်ပါတယ် ။ဦးဇင်းထင်တယ် (၄၅)သန်းလောက်မှာ (၁၀)သန်းခန့် သာ (ဒါကခန့် မှန်းတာပါ)။ဒီထက်နည်းဖို့ က ပိုသေချာပါတယ် ။တရားကိုရက်ရှည်လများစွာ အားထုပ်ကြဖူးမည်လို့ ထင်မိပါတယ် ။ဒါဟာဘာဖြစ်လို့ လည်းလို့ မေးရင် အာရုံငါးပါးကို အကြောင်းပြုပြီး လောဘ ဒေါသစတဲ့ ကိလေသာတွေဖြစ်နေကြ၍ ပမာဒ-မေ့လျော့ခြင်း မေ့လျော့နေကြတယ်လို့  ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် ဦးဇင်းတို့ တစ်တွေ မေ့လျော့နေတဲ့ ပမာဒ ကို မမေ့မလျော့ အမြဲသတိရှိတဲ့ အပ္ပမာဒ ဖြင့် အစားထိုးပြီးတရားတွေအားထုပ်နိုင်ကြပါစေ.....။

                                                          စေတနာဖြင့်--ချမ်းသာကိုယ်စိတ်မြဲကြပါစေ.ရွှေဖြူးလေး

Wednesday, July 4, 2012

ဘဝကုန်သည်

အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
 မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။(ဓမ္မပဒ၊အပ္ပမာဒဝဂ်)

ကျုပ်နာမည်က "မဟာဓနိဝါဏိဇ" လိုခေါ်တယ်။မြန်မာလိုဆိုရင် "ဥစ္စာကုန်သည်ကြီး"လို့ ပြောရင်ရတယ်ပေါ့
ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို ကျုပ်အလုပ်ကလည်း အဝတ်ကုန်သည် အလုပ်ပါပဲ ။နေတာကတော့ဗာရာဏသီမြို့ မှာနေတယ် ။ဗာရာဏသီမြို့ က ထွက်တဲ့ အဝတ်တွေကို မြို့ တကာလှည်ရောင်း၊တစ်ခါအဲ့ဒီမြို့ ကထွက်တဲ့ ကုန်တွေ ပြန်ဝယ်ပြီး ကျုပ်ဇာတိ ဗာရာဏသီမြိုမှာ ပြန်ရောင်းတယ် ။အဲ့ဒီလို နဲ့ ကျုပ်တစ်နေ့ တော့ သာဝတ္ထိမြို့ သို့ သွားပြီး အဝတ်ရောင်းထွက်ဖို့ စိတ်ကူးရတယ် ။လှည်းငါရာနှင့်အဝတ်တွေ အပြည့်တင် နေ့ ကောင်းရက်သာလေး ဘာလေးရွှေပြီး ဗာရာဏသီမြို့ က ထွက်ခဲ့တယ် ။

ကျုပ်တို့  ဗာရာဏသီနဲ့ သာဝတ္ထိကလည်း ဝေးတော့အဝေးသားကြားမှာ မြစ်တစ်စင်းကလည်းရှိသေးတယ် ကျုပ်လည်းဖြစ်ရောက်တော့ စဉ်းစားမိတယ် ။ခရီးကလည်းအတော်ပေါက်ပြီးဒီမြစ်ကိုကူးပြီး ဟိုဘက်ကမ်းရောက်ရင် သာဝတ္ထိမြို့ ကမဝေးတော့ဘူး ။ခု-ငါတို့ တစ်တွေရော နွားတွေရော -ပင်ပန်းလှပါပြီ ။ဒီမြစ်ကိုဒီနေ့ မကူးသေးပဲ နောက်နေ့ မှကူးမယ်ဒီနေ့ ညဒီနေရာစခန်းချ အနားယူရရင်ကောင်းမှာပဲလို့ စဉ်စားမိတယ် ။
ဒါနဲ့ ကျုပ်လှည်းသမားတို့ ကို ဒီနေရာ ဒီတစ်ည နားမယ် နွားတွေဖြုတ်ပြီး အစာကျွေးကြ ရေတိုက်ကြလို့ အော်ပြောလိုက်တယ် ။
အခုကျုပ်တို့ စခန်းတဲ့ နေရာက မြစ်ဘေးဆိုတော့ သဘာဝရှူခင်းတွေကလှတယ် ။မြစ်ရေကတော့အပြည့်မရှိဘူး အပေါ်ယံနည်းနည်းပဲ စီးဆင်းနေတယ် ။ကျုပ်တို့ ဖြတ်ကူးမယ်ဆို ရင် ကူးလို့ ရတာပေါ့လှည်းတစ်ဝက်မရောက် တစ်ရောက်ပဲရေကနတ်မယ်ထင်တယ် ။ တဖြည်းဖြည်းနဲ့ နေမင်းကြီးက ဝင်လု ဝင်ခင်ဖြစ်နေပြီပေါ့ ။မြစ်ကြောင်းဆို တော့သစ်ပင်အကာကွယ် မရှိတော့ လေကလည်း တဟူးဟူးတိုက်ခတ်နေတယ် ။

ပထမတော့ လေကတဟူးဟူးဆိုတော့ ကျုပ်ဘာမှမပူပင်ပါဘူး သိပ်မကြာခင်လည်းရောက်ရော မိုးနံ့ တွေကပါလာတယ် ။ဒါနဲ့ ကျုပ်အပြင်ကိုအကဲခတ်လိုက်တော့ မိုးစနေ လေရာဟု ဆိုသလို စနေထောင့်မိုးတွေ မှောင်လို့ ။ကျုပ်စိုးရိမ်စိတ်တွေဝင်ပြီး လှည်းသမားတွေကို သတိပေးလိုက်တယ်  ။မိတ်ဆွေတို့  မိုးသားတွေ တရိပ်ရိပ်တက်လာပြီ အဝတ်တွေ မိုးမရွဲအောင် ဂရုစိုက်ကျလို့ ။ ကျုပ်ပြောပြီး သိပ်မကြာဘူး မိုးချိန်းသံတွေက တဂျိမ်း၈ျိမ်းနဲ့  လျှပ်စီးတွေကလဲ တဝင်းဝင်း ကျုပ်ဘဝမှာ ဒီလောက် သဲကြီးမဲကြီး ရွာတဲ့ မိုးကို မကြုံသဖူးလောက်ပဲ ။ရွာတော့လည်း ညလုံးပေါက်ကို ရွာချတာဆိုတော့ မြစ်ရေကလည်း တစ်လုံးပြည့်ပဲ စီးဆင်တယ် ။အထက်ဒေသတွေမှာလဲ သဲကြီးမဲကြီး ရွာတော့ မြစ်ရေက ကျမသွားးဘူး။ တစ်ရက်ကျနိုး နှစ်ရက်ကျနိုးနဲ့  မျော်ကိုးနေပေမယ့် ခုနှစ်ရက်ပြည့်မှပဲ မြစ်ရေက ကျသွားတယ် ။
မြစ်ရေကျကျခြင်း ကျုပ်တို့ ဖြတ်မကူးရဲသေးဘူး တော်တော်ကြာ မြစ်ရေအချေနေအကဲခတ်ပြီးမှ ကြည့်ကူးကြတယ် ။ သာဝတ္ထိမြို့ တစ်ဖက်ကမ်းရောက်တာနဲ့  ကျုပ်တို့ တစ်တွေ သာဝတ္ထိမြို့ ဆီဦးတည်မောင်းတယ် ။ သာဝတ္ထိမြို့ ရောက်ပြန်တော့လည်း နက္ခတ်ပွဲသဘင်နဲ့ ကစားနေတာနဲ့ ကျုံပြန်ရော ။ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသလိုကျုပ်တော့ကံဆိုးမိုးမှောင်ကျပြီပေါ့ ။နက္ခတ်ပွဲသဘင်ကလည်း တစ်ရက်လည်းမဟုတ်၊ ခုနှစ်ရက်ကြီးများတောင်၊ မြစ်ရေကြီးလို့ ခရီးဖင့်တာက ခုနှစ်ရက် နက္ခတ်ပွဲသဘင်နဲ့ ဆုံလို့ ဈေးမရောင်းရတာက ခုနှစ်ရက်ဆိုတော့ (၁၄)ရက်ကြီးများတောင် အချိန်တွေ အချိန်တွေအလဟဿကုန်တယ်။ အသွားအပြန် ကုန်တဲ့ ရက်တွေ ထည့်ရေတာမဟုတ်သေးပါဘူး။ ကျုပ်ကိုယ်တိုင်ရဲ့အပြစ်တွေပါပဲ ။မြစ်ကိုကူးးလို့ ရပါလျှက် နေ့ရွှေ့ ညရွှေ့ လုပ်မိတာပဲကို ၊မြစ်ကိုတန်းကူးရင်(၁၄)ရက်ကြီး   ဘယ်အလကားဖြစ်တော့မလဲ။  ခုတော့(၁၄)ရက်တွင်ဘယ်ကတော့မလဲ။
ကျုပ်မှာပါတဲ့ ပစ္စည်းတွေရောင်းပြီး သာဝတ္ထိမြို့ ထွက်ကုန်တွေက ဝယ်ရဦးမယ်ဆိုတော့ အချိန်တွေ အများကြီးကုန်ရဦးမယ် ။ဘယ်သူမပြု မိမမှုပါပဲလေ ။
ဒါနဲ့ ကျုပ် အခြေနေအရပ်ရပ်ကို ပြန်သုံးသပ်တယ် ။ဗာရာဏသီက ထွက်လာတာလည်း ကြာပြီ ခုထိ ကုန်ရောင်ကုန်ဝယ်မလုပ်ရသေးဘူး ဒီအတိုင်းလှည့်ပြန်ရင်လည်း ကျုပ်ရှူံးမှာပေါ့။ အင်းလေဒီမှာပဲနေပြီး အလုပ်လေးဘာလေးလုပ် တစ်ဖက်ကလည်း အဝတ်တွေကုန်အောင် ရောင်းရတော့မှာပေါ့။ အဲဒီလို ကျုပ်စဉ်စားပြီး လှည်းတွေချွတ်ခိုင်းပြီး သင်တင့်မယ် အရပ်ကိုရှာကြတယ် ။
 ဘုရားရှင်အမှူးပြုသောသံဃာတော်တွေ ဆွမ်းခံကြွရင်း  ကျုပ်ရဲ့အကြံစည်တွေကို သိတော်မူလို့  ပြုံးတော်မူတာဆိုပဲ။အဲဒါကို အရှင်အာနန္ဒာက မေးလျှောက်တော့ ကျုပ်သာဝတ္ထိမြို့ မှာ တစ်နှစ်နေမယ် ကြံနေတယ်။ဒါပေမယ့် ကျုပ်အသက်က (၇)ရက်ပဲရှင်မယ်ဆိုတာသိလို့  ပြုံးတော်မူတာပါတဲ့။
ဒါတွေအားလုံးကို အရှင်အာနန္ဒာလာပြောလို့ ကျုပ်သိရတာပါ ။သိသိချင်းသေရမှာကို တော်တော်ကြောက်သွားတယ်။အေးလေ..ကျုပ်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်မိမှာမဟုတ်ဘူး ။ခုတော့ကျုပ်ဘုရားအမှူးရှိတဲ့ သံဃာတွေပင်ပြီး ဆွမ်းကပ်ကြ ဝေယျာဝစ္စကုသိုလ်တွေပြုနဲ့   ဒီနေ့ ပါဆိုရင်ခုနှစ်ရက်တိတိပြည့်ပြီလေ ။

ကျုပ်အသက်ရှင်ရမည့် (၇)ရက်တိတိလုံး ကျုပ်ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်တော့တာပေါ့ ။ကျုပ်သေတော့မည်ရက်ကို မသိရခင် ကျုပ်သာဝတ္ထိမြို့ မှာ တစ်နှစ်တိတိနေဖို့ ကြံစည်တယ် ။ဒီအလာတုန်းကလည်း မိုးရွာမယ်မှန်းမသိလို့ နားလိုက်မိလိုက် ကျုပ်ခရီးစဉ်တွေ ကစဉ်ကလျားဖြစ်ခဲ့ရတယ်
ခုတော့ ကျုပ်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ က ကျုပ်သွားရမယ်သံသရာ ခရီးမှာ ကစဉ်တလျားမဖြစ်အောင် ပြုလုပ်ပေးမှာတော့ အသေချာပါပဲ ။
အနုမောဒနာတရား နာကြားဖို့ အတွက်ဘုရားရှင်ရဲ့ သပိတ်တော်ကို လှမ်းယူလိုက်တယ်။ဘုရားရှင်က လူမိုက်တွေဟာ မမြဲတဲ့ခန္ဓာကိုယ်နဲ့ အသက်မြဲတယ်ထင်ပြီး ဒီနေရာမှာ မိုးဥတု နွေဥတု ဆောင်းဥတုတွေမှာ နေဖို့ တွေးကြံကြတယ် ။မိမိရဲ့ အသက်ခန္ဓာ နဲ့ ခန္ဓာရဲ့အန္တရယ်ကို မသိကြဘူးလို့  ဟောတယ်။ကျုပ်ရဲ့အကြောင်းကို သိထားတော်မူတော့ ကျုပ်နဲ့ လျောက်ပတ်တဲ့ ဒေသနာကို ဟောတော်မူတာပါပဲ။ တရားဒေသနာအဆုံးမှာ ကျုပ်ရတနာသုံးပါးအပေါ်မှာ အသက်နဲ့ အမျှ ကိုးကွယ်ဆည်းကပ်သူ ဖြစ်သွားရလို့ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုး လို့ မြဲမြံစွာ ကျင့်တဲ့သူ ဖြစ်ပြီဆိုတာ ကျုပ်ကိုကျုပ်သိလိုက်တယ် ။ အဝိဇ္ဇာတွေ ပိတ်ဖုံးနေတဲ့ ကျုပ်ရဲ့စိတ်တွေ  အသက်နဲ့ ခန္ဓာမြဲမယ်ထင်ပြီး ပမာဒ-မေ့လျော့နေတဲ့ စိတ်တွေကို ခုမှပဲ ကျုပ်သတိထားမိတော့တယ် ။ဟုတ်ပါတယ်။ ယခုခရီးစဉ်ဟာ ကျုပ်အတွက် မပြောပလောက်တဲ့ လောကီကုန်တွေ ရှုံးပေမယ့်  သံသရာအဖိုးမဖြတ်နိုင်တဲ့ အမြတ်တွေကျန်ခဲ့တယ်လေ ။ကျုပ်ရင်နှီးလိုက်ရတာက မုံးညှင်းစေ့လောက်လေ  ကျုပ်ပြန်ရလိုက်တဲ့ အမြတ်တွေက မြင့်မိုရ်တောင်ပေါင်း ရာထောင်မကတဲ့ အမြတ် လောကုတ္တရာ ဥစ္စာတွေပါပဲ ။


ဘုရားရှင်က ကျုပ်သာဝတ္ထိမြို့ နေမယ်ဆိုတာကို ကြံစည်တာကို သိလို့ အရှင်အာနန္ဒာကို မိန်တော်မူတဲ့အခါ တရားတစ်ပုဒ်လောက် ဟောတော်မူတယ်တဲ့။ နတ်ဖြန်မှာကိုယ့်အသက်ရှင်မယ် သေရမယ်ဆိုတာကို မည်သူမှ မသိနိုင် ဒါကြောင့်ကိုယ်အသက်ရှင်နေရတဲ့ ယနေ့ မှာ အပ္ပမာဒဆိုတဲ့ မမေ့မလျော့ မပေါ့မဆ တဲ့ သတိနဲ့ ကုသိုလ်တွေ ပြုလုပ်သင်တယ် ။သေမင်းဆိုတာ တံစိုးလက်ဆောင်တွေ၊ချောမြူးတဲ့ စကားတွေနဲ့ ဖြားယောင်လို့ မရဘူးလို့ ဟောတော်မူတယ် ။

ကျုပ်ဘဝကို ကျုပ်တွေးကြည့်တဲ့အခါ ဒီနေ့ မှာ (၇)ရက်လည်းစေ့ပြီမို့ ကျုပ်အသက်ရှင် ဖို့  နာရီပိုင်းပဲကျန်တော့တယ်လေ ။ ဘုရားရှင်ပေးတော်တဲ့ မဂ္ဂင်ယာဉ်ကြီးနဲ့  တစ်ဆင်ပြီးတစ်ဆင့် မြင့်သည်ထက် မြင့်အောင် အပ္ပမာဒတရား လက်ကိုင်းထားပြီး သံသရာခရီးလက်ကျန်ဘဝ တွေကို ကျုပ်သွားရဦးမယ်။ ခင်ဗျားတို့ တစ်တွေလည်း ကျုပ်ဘဝဇာတ်လမ်းကို ကြည့်ပြီး အပ္ပမာဒတရားနဲ့  မဂ္ဂင်ယာဉ်လှေကားတွေ တစ်ထစ်ပြီးတစ်ထစ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြပါစေဗျာ။

    စာကြွင်း-ဓမ္မပဒအဌကထာ(ဒု)မဟာဓနဝါဏိဇဝတ္ထု။
ကုန်သည်သည် ဘုရားရှင် တရားဒေသနာအဆုံးသောတာပန်
ဖြစ်သွားပြီး ညနေစောင်းအခါ ရုတ်တရက် ခေါင်းကိုက်ဝေဒနာ
ဖြင့်ကွယ်လွန်သွားပါသည်။ သောတာပန်ဖြစ်သဖြင့် နောက်ဆုံး(၇)ဘဝ
၌ ပရိနိဗ္ဗာန်စံရပါမည် ။
                                                              ချမ်းသာကိုယ်စိတ်မြဲကြပါစေ ရွှေဖြူးလေး
                                                                  



Thursday, June 28, 2012

မြတ်စွာဘုရားသည် မဂ်ဖိုလ်နိဗ္ဗာန်တရားထက် ...?

မြတ်စွာဘုရားရှင်တို့ သည် ဘုရားအဖြစ်သို့ ရောက်အောင်  လေးအသင်္ချေ နှင့်တစ်ကမ္ဘာတစ်သိန်း ၊ရှစ်အသင်္ချေ နှင့်ကမ္ဘာတစ်သိန်း ဆယ်ခြောက့်သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတို့ ကို ဖြည့်တော်မူခဲ့ရ၏ ။ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝထိတိုင်အောင် စင်္ကြာဝတေးမင်း
စည်းစိမ်းကို ပင် လျစ်လျုရှူ၍ များစွားသော သားမယားမောင်းမမိဿံချွေရံသင်းပင် စည်းစိမ်းဥစ္စာတို့ ကိုစွန်လွတ် ၍ တောထွက်တော်မူခဲ့၏ ။ဒုက္ကရ စရိယာကျင့်ရ၏ ။ပြီးမှ မစ္ဇျိမပဋိပဒါ အကျင့်ဖြင့် 
ကိုယ်တိုင်မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူရပေသည် ။ ထိုသို မျက်မှောက်ပြုပြီးသည်နှင့် တစ်ဆက်တည်း သဗ္ဗညုတညဏ်အစရှိသော ညဏ်တော်များကိုရ ၍ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူလေသည် ။

ဗုဒ္ဓသည် ဇနက မဂ်ဖိုလ်နိဗ္ဗာန်သည် ဇည
ဗုဒ္ဓ၏ မဂ်ဖိုလ်နိဗ္ဗာန်သသည် မိမိကိုယ်တိုင်၏ဝီရိယ ညဏ်စွမ်းကြောင့်ရ၏ ။ဗုဒ္ဓသည်ဇနက ဖြစ်စေသူ မဂ်ဖိုလ်နိဗ္ဗာန်သည် ဇညဖြစ်စေအပ်သောအရာဟု ပရိယယယ်အားဖြင့် သုံးနှုန်းပြောဆိုခွင့်ရှိ၏ ။တနည်းအားဖြင့်လည်း ဗုဒ္ဓသည် ပဓာနပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်သည် အပဓာနအပိုင်းဟု ဆိုနိုင်၏ ။

ဗုဒ္ဓသည် မဂ်ဖိုလ်နိဗ္ဗာန်ထက် မြတ်သည် 
ထိုကြောင့် ဇနက ပဓာနပိုင်ရှင်ဖြစ်သော မြတ်စွာဘုရားသခင်သည်  ဇည၊ အပဓာနပိုင်ပစ္စည်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်မြတ်သည် ပရိယာယ်အားဖြင့်ဆိုခွင့်ရှိပါသည် ။

မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။ (ဓမ္မပဒ၊ ပါ ၊ဂါထာ ၂၇၃)

ပကတိလမ်းခရီး၊၆၂ ပါးသော မိစ္ဆာဒိဌိတည်းဟူသောအပါယ်သံသရာခရီးလမ်းတို့ ထက် အင်္ဂါရှစ်ပါးရှိသော မဂ်လမ်းခရီးသည် အမြတ်ဆုံးဖြစ်၏၊ ဝစီသစ္စာ သမုတိသစ္စာ၊ပရမတ္ထသစ္စာအားလုံးတို့ ထက်၊ အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏၊ သင်္ခတအသင်္ခတသဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏၊ တရားအားလုံးတို့ ထက်၎င်း၊သတ္တဝါအားလုံးတို့ ထက်၎င်း အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။ဟုဟောတော်မူသောကြောင့်မြတ်စွာဘုရားရှင်သည် မဂ်ဖိုလ်နိဗ္ဗာန်ထက်မြတ်၏ဟူ၍ ဓမ္မပဒ၊အဌကထာနှင့်အဘိဓာန်ဋီကာ ဗုဒ္ဓပရိယာအဖွင့်၌ ဆိုတော်မူသည် ။

မြတ်စွာဘုရားသည် တရားတော်ကိုပူဇော်၏
 မြတ်စွာဘုရားသည် တရားတော်ကို အမြဲမှီဝဲပွားများသော ဘာဝနာသေဝန၏အစွမ်းဖြင့်မြတ်စွာဘုရားသည် တရားတော်ကိုပူဇော်၏ ။တခါတစ်ရံ သုတ္တန်ပါဠိတော်များကိုပင် နာယူတော်မူ၏ ။ဖလသမာပတ် နိရောဓသမာပတ်တို့ ကို အမြဲ ဝင်စားတော်မူ၏ ။`ဤအရာ၌ တရားတော်ကို အလေးဂရုပြုခြင်း အရိုသေပြုခြင်းမြတ်နိုးတော်မူခြင်းတို့ ကိုပင် ပူဇော်ခြင်းဟု ဆိုပေသည် ။
ဝက္ကလိရဟန်းအားဆုံးမရာ၌ ပင်-
ယော   ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သောမံ ပဿသိ။ စသည်...
တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်၏ ၊ဖူး၏ ၊ပူဇော်၏။အလေးမြတ်ပြု၏ ဟု ဟောတော်မူ၏ ။ထိုပြင်မဟာပရိနိဗ္ဗာနသုတ်တော်တွင် အရှင်အာနန္ဒာအား ဤသိုဟောတော်မူ၏ ။
ယောဝေါ အာနန္ဒ၊ မယာဓမ္မောစ ဝိနယောစ။
ဒေသိတော ပညတ္တော၊သောဝေါမမစ္စယေနသတ္ထာ။
ချစ်သားအာနန္ဒ ငါဘုရားရှင်သည် သုတ် အဘိဓမ္မာတရားကိုလည်း ဟောကြားထားပြီးပြီ ။ဝိနည်းတရားကိုလည်း ပညတ်ထားပြီးပြီ ။ထိုသုတ်အဘိဓမ္မာ ဝိနည်းတရားတော်သည် ငါဘုရားပရိနဗ္ဗာန်စံပြီးသည်နောက်  သင်တို့ ၏ ဆရာ(ဘုရား)ဖြစ်ရစ်လိမ်မည် ။ဤတွင် ပရိယတ်တရားတော်းများကို မိမိကိုယ်စားအဖြစ်မိန့် တော်မူပါသည် ။၎င်းပဠိတော်စကားမြတ်တို့ ကို ထောက်ရှူပါက ဘုရားရှင်သည် မဂ်ဖိုလ် နိဗ္ဗာန် တရားထက်မြတ်သည် ။မဂ်ဖိုလ်နိဗ္ဗာန်သည်ဘုရားထက်မြတ်သည်ဟု မဆိုသာ ။ထပ်တူ ထားရမည့်ကဲ့သို ရှိလေသည် ။ဤသို့ လျှင်ပြဆိုခဲ့သည်နည်းအတိုင်း ပရိယာယ်အားဖြင့် မြတ်စွားဘုရားသည် မဂ်ဖိုလ်နိဗ္ဗာန် တရားထက်မြတ်သည်ဟု ဆိုသင့်သည်ထင်ပါသည်။ (စာကိုးx မုံရွှာမြို့  အရှေ့လည်တီတိုက် ပဓာနနာယကဆရာတော် ဘုရား၏ မဟာသုတဒီပနီကျမ်း)

                                                     ချမ်းသာကိုယ်စိတ်မြဲကြပါစေ
                                                                 ရွှေဖြူးလေး




Tuesday, June 19, 2012

မလိုလောဘ ယူမရ

ရှေးလွန်ခဲ့ပြီးတခုသောဘ၀တွင် ဇောတိကအလောင်းသည် ကြံခင်းပိုင်ရှင် ဖြစ်ခဲ့၏။ တနေ့သ၌ ကြံတချောင်းကို ယူလာရာ လမ်းတွင် ဆုံမိသော ရှင်ပစ္စေကဗုဒ္ဓါတပါးကို လှူလိုက်၏။ ထိုကောင်းမှုကြောင့် နတ်ပြည်၌ အကြိမ်ကြိမ် ခံစားပြီးနောက် ၀ိပဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါ သူဌေးကြီးဖြစ်ပြီး ရတနာခုနစ်ပါးဖြင့်ပြီးသောရတနာခုနစ်ပါးအပြည့်ခင်းထားသော ကျောင်းတော်ကြီး ဆောက်လှူ၏။
 ကျောင်းသို့ ရောက်လာသူတိုင်းကို အလိုရှိသမျှ ယူသွားစေ၏။ ထိုအတွင်း ပုဏ္ဏားတယောက်သည် ဘုရားခြေတော်ရင်းက ပတ္တမြားကို ခိုးယူပြီး ၀ှက်ထားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ရ၏။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ နောင်ဘ၀ အဆက်ဆက် ဘုရားတပည့်တော်၏ ပစ္စည်းမှန်လျှင် ချည်မျှင်တမျှင်မျှ မယူနိုင်ပါစေသတည်း-ဟု ဆုတောင်းသည်။
ထိုအခါ ဘုရားရှင်က ခွင့်ပြုတော်မူ၏။

ရှင်တော်ဂေါတမ လက်ထက်တွင် အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဖြစ်လာပြန်၏။ မြတ်ဗုဒ္ဓ သီတင်းသုံးရန်အတွက် ကျောင်းဆောက်ရန် မြေရှာ၍ ပြုပြင်ရာ သိကြားမင်းသည် လက်သမားအသွင် ဖန်ဆင်း၍ သူဌေးထံ ချဉ်းကပ်လာ၏။ ဤတွင် မြေပြုပြင်ရေး၊ အစစ လိုလေသေးမရှိ စီမံရေး၊ ကျောင်းဆောက်ရေးတို့ကို စီစဉ်၍ ပြီးစေ၏။ ပြီးလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဘုံခုနစ်ဆင့် ပြသာဒ်နှင့်တကွ ရတနာအမျိုးမျိုးဖြင့် စီခြယ်ထားသော အမိုးအကာ၊ နံရံ တံခါး လှေကား စသည်တို့ကို လိုလေသေးမရှိ ထူးခြားအံ့သြဘွယ် ဖြစ်ပေါ်စေ၏။ တနေ့သ၌ ဇောတိက၏ကျောင်းကို ကြည့်ရန် ကျောင်းတော်သို့ ဗိမ္ဗိသာရမင်းကြီး ရောက်လာ၏။ သားတော် အဇာတသတ်မင်းသားငယ်ကိုလည်း လက်ဆွဲလျက် ခေါ်လာခဲ့၏။ သားတော်သည် ချက်ချင်းအကြံပေါ်လာ၏။ ငါ၏ခမည်းတော်သည် ညံ့လှချေတကား၊ သူဌေးဆိုသူက ရတနာပြာသာဒ်နှင့် နေနိုင်ပါလျက် တို့ကတော့ သစ်သားနန်းတော်ဖြင့်သာ နေနိုင်၏။ ငါသာ မင်းဖြစ်ခဲ့လျှင် ဤအဆောက်အအုံကို သိမ်းယူမည်-ဟု စိတ်ကူးမိသည်။

အဇာတသတ်မင်းသားသည် ဖခင်မင်းကြီးကို သတ်ပြီးသောအခါ စစ်သည်ဗိုလ်ပါ စုဆောင်း၍ ဇောတိက နေအိမ်ကို တိုက်ခိုက်ရန် ရောက်လာ၏။ ဤတွင် အရပ်လေးမျက်နှာ၌ နတ်ဘီလူးများ ကာကွယ်စောင့်ရှောက်နေသဖြင့် တံတိုင်းအနီးသို့ပင် ကပ်ရန် မတတ်နိုင်ပေ။ စိတ်ပျက်နေသော အဇာတသတ်သည် စစ်ရှုံး၍အပြန်တွင် ဝေဠုဝန်ကျောင်းတော်သို့ဝင်ရာ ဇောတိကသူဌေးကို တွေ့ရသဖြင့် အမျက်ဒေါသ ဖြစ်သွားသည်။ သင်သည် သူတော်ကောင်းယောင်ဆောင်၍ ဘုရားအနားကပ်နေ၏။ သင့်စစ်သည်များကို ငါ့စစ်သည်များနှင့် တိုက်ခိုက်ရန် စီမံထားခဲ့သည်မဟုတ်လော-ဟု စွပ်စွဲ၏။ ဇောတိကသည် သူမရှိမီ သူ့အိမ်ကို တိုက်ခိုက်ရန် အဇာတသတ်မင်း သွားသည်ကို ရိပ်မိလိုက်၏။ သူဌေးက အဇာတသတ်မင်းကို-

အရှင် ကျွန်တော်မျိုး သဘောမတူလျှင် ကျွန်တော်မျိုးပိုင်သောပစ္စည်း ချည်မျှင်တမျှင်မျှပင် ယူရန် မတတ်နိုင်ပါ။ ယခု ကျွန်တော်မျိုး ၀တ်ထားသော လက်ဝတ်ရတနာ စသည်တို့ကို အရှင်လိုချင်လျှင် ဖြုတ်ယူကြည့်ပါ-ဟုပြော၏။ အဇာတသတ်မင်းသည် အဖိုးမဖြတ်နိုင်သော လက်စွပ် ကျောက် စသည်တို့ကို အားရှိသမျှ အတင်းကြိုးစားဖြုတ်ယူရာ ချွေးဒီးဒီးပင် ကျလာသည်။ သို့သော်လည်း ဇောတိကလက်ပေါ်ရှိ ပစ္စည်းများကား ရွေ့လျား၍ပင် မလာပေ။ ထို့နောက် အဇာတသတ်မင်းကိုကြည့်၍ လက်စွပ်အားလုံး ယူလိုလျှင် လက်ဝါးဖြန့်တော်မူပါ-ဟု ပြောပြီး သူ၏ လက်ကိုလှုပ်ခါချလိုက်ရာ လက်စွပ်များ အလွယ်ကူ လျှောကျကုန်သည်။ ထိုအခါ ဇောတိကသူဌေးသည် လောကကြီး၌ နေထိုင်ရန်ငြီးငွေ့သဖြင့် မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရဟန်းပြုသည်။ ထို့နောက် တရားအားထုတ်ရာ မကြာမီ ရဟန္တာအဖြစ် ရောက်တော်မူလေသည်။ ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် သူဌေး၏ ကြီးကျယ်ဆန်းကြယ်သော ဗိမာန်ကြီးနှင့် ခြွေရံသင်းပင်း ဆင်မြင်း ကျွဲနွား ရထား ဥယျာဉ် စည်းစိမ်တို့သည် အားလုံးပျောက်ကွယ်ကြလေသည်။ သီတင်းသုံးဖော် ရဟန်းများက သင်၏ စည်းစိမ် ဥစ္စာ ရတနာအလုံးစုံကို သတိရပါသေးသလား-ဟု မေးသောအခါ ဘုရားရှင်က ငါ၏ သားတော် ဇောတိကသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်၍ တဏှာ လောဘ သံယောဇဉ် အားလုံး ကင်းရှင်းလေပြီ-ဟု ပြောကာ အောက်ပါဂါထာကို ဟောတော်မူလေ၏။

( ပါဠိဂါထာ )
ယောဓ တဏှံ ပဟန္တွာန ၊ အနာဂါရော ပရိဗ္ဗဇေ ။
တဏှာဘ၀ ပရိက္ခီဏံ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ ။ ( ၄၁၇ )

( မြန်မာပြန် )
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် လူ့ဘောင်ကို စွန်ခွါ၍ရဟန်း ပြုလာ၏။
တဏှာကုန်ခန်းလေပြီးဖြစ်သော ထိုသူကို ဗြာဟ္မဏ (သူတော်စင်) ဟူ၍ ငါဘုရား ဟောတော်မူ၏။

( လင်္ကာ )
လူများဖြစ်ပွား၊ နှောင်ဖွဲ့များကို၊ ပယ်ရှားစွန့်ခွါ၊
နတ်မှာဖြစ်ပွား၊ စည်းစိမ်များကို၊ ကျော်လွှား၍သာ၊ လွန်မြောက်လာလျက်၊
လေးဖြာယောဂ၊ ကင်းလွတ်ကမူ၊ ထိုသူကိုသာ၊ ငါက ဗြာဟ္မဏ၊ ခေါ်မြွက်ဟ၏။

( ဗြာဟ္မဏ၀ဂ် ဇောတိကတ္ထေရ၀တ္ထု )......

Monday, June 4, 2012

ဓူတင်ဟူသည်

ဓုတင် ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။
၁။ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော ပံ့သကူ ဓုတင်၊ ၂။ လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော တိစီဝရိက် ဓုတင်၊ ၃။ လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ် ဓုတင်) ၄။

Friday, May 25, 2012

ဒေ၀ဒူတ သုတ္တာန် လာ နတ်တမန်တော်များ



ဒေ၀ဒူတ သုတ္တာန် ပါဠိတော်ကြီး (ယမမင်းစစ်တမ်း)

ယမမင်း ။ ။ မောင်မင်း .. သင်သည်လူ့ပြည်၌ ပထမသေမင်းတမန် ထင်ထင်ရှားရှား ဖြစ်သည်ကို မမြင်ပါသလော။

ငရဲသား ။ ။ ကျွန်ုပ် မမြင်မိပါ။

ယမမင်း ။ ။ မောင်မင်း .. သင်သည် လူ့ပြည်၌ မိမိ၏ကျင်ကြီးကျင်ငယ် မသုတ်သင်နိုင်ဘဲ လူးလိမ့်ကာ နေရရှာသော ကလေးသူငယ်များကို မတွေ့ခဲ့ဘူးလား ။

ငရဲသား ။ ။ ကျွန်ုပ် မြင်မိပါသည်။

ယမမင်း ။ ။ မိမိကိုယ်တိုင်နားလည်သော အရွယ်သို့ရောက်သောအခါ ထိုကလေးများကိုကြည့်၍ ““ငါသည် ဘာမျှမသိနားမလည်ရှာသေးသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေနေရဦး မည်။ ပဋိသန္ဓေ နေခြင်းသဘောကို မလွန်ဆန်နိုင်သေးအံတကား ။ ယခုငါသည် ကိုယ်၊ နှုတ်၊ စိတ်

Tuesday, May 22, 2012

ဘုရားဟောတဲ့ မာရ် ငါးပါး

`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။
`မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။
`မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ 
သို့ဖြစ်၍ သက်ရှိသတ္တ၀ါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရပါသည်။ သတ္တ၀ါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။

Tuesday, May 15, 2012

အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တဏိပုတ္တော။ (အံ-၁၊ ၂၄)


မထေရ်အလောင်း ရှေးဆုတောင်း
အရှင်ပုဏ္ဏအလောင်းတော်သည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မမူခင်ကပင် ဟံသာဝတီမြို့ဝယ် ဂေါတမအမည်ဖြင့် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ပြီးလျှင် ဗေဒင်သုံးပုံ၌ လိမ္မာကျွမ်းကျင်သော်လည်း

Sunday, April 29, 2012

ရဟန်းတို့ အလေးအနက်ကျင့်သုံးရမည့် ပဓာနတရား(၆)ပါး

ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော     ဗုဒ္ဓ၏ရုပ်ကလပ်တော်ဓါတ်တော်  စေတီတော်   တို့ အားပူဇော်ခြင်းထက်     ရဟန်းသံဃာတော်များ   အလေးအနက်ကျင့်သုံးရမည့်   ပဓာနအကျင့်တရားတို့ ကို    မိလိန္ဒပညှာတွင်ဖော်ပြပါရှိပေသည် ။
   မြတ်စွာဘုရားမိန့် တော်မူသော စကားနှစ်ခွန်း
နာဂသေန အရှင်မြတ်ဘုရား  အဗျာဝဋာ တုမှေ အာနန္ဒဟောထ၊ တထာဂတဿ သရီရ ပူဇာယ
အာနန္ဒ သင်တို့ သည် ပရိနိဗ္ဗာန်စံပြီးသော ငါဘုရား၏ ကိုယ်တော်ရုပ်ကလပ်တော်တို့ ကို ပူဇော်ခြင်းငှါ
ကြောင်းကြမစိုက်ကြလေနှင့်။ဤသို့ မြတ်စွာဘုရား ကိုယ်တော်တိုင်မိန်တော်မူပါသည်။

တဖန်လည်း    
            ပူဇေထနံ ပူဇနိယဿ ဓာတုံ၊ဧဝံ ကရာသဂ္ဂမိတော ဂမိဿထ။
ပူဇော်အပ်ပူဇော်ထိုက်သော ငါဘုရား၏ ပူဇော်ထိုက်သော ထိုဓာတ်တော်ကို ပူဇော်ကြကုန်လော့ ၊
ဤသို့ ပူဇော်သမှု့ပြုကြကုန်သော သင်တို့ သည် ဤလူ့ ပြည်မှ (စုတေကြသည်ရှိသော်)နတ်ပြည်သို့ လားရောက်ကြလတ္တံ့ ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူအပ်ပါသည် ။
ဤစကားနှစ်ခွန်းတွင် ပထမစကားကိုယူသော် ဒုတိယစကားသည် မှား၏ ။ဒုတိယစကားကိုယူပြန်သော်
ပထမစကားသည် မှားယွင်လေရာ၏ ။      အဘယ်သို့     မှတ်ယူရပါမည်နည်းဟု     မိလိန္ဒမင်းက
 မေးလျှောက်လေသည် ။

Thursday, March 8, 2012

အပေါင်းသင်းမှား၍ အပါယ်ဘဝကျင်လည်ခဲ့သူ

ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်က သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်၌ ဘုရားဆုပန်တော်မူခဲ့သည် ။ဒီပင်္ကရာမြတ်စွာဘုရားက နောင်ကမ္ဘာပေါင်း လေးသင်္ချေနှင့် တစ်သိန်းလွန်သော ကာလဘဒ္ဒကမ္ဘာ၌ ဂေါတမ မည်သော မြတ်စွာဘုရားဖြစ်လတ္တံ့ ဟု နိယတဗျာဒိတ် ပေးတော်မူခဲ့သည် ။ ထိုဗျာဒိတ်ပွဲ၌ များစွာသော လူတို့ သည်ဤသုမေဓာရှင်ရသေ့

Friday, March 2, 2012

ကံ အရေးပါသည်

အရှင်အာနန္ဒာ၏ ပယ်ဆုလေးတန်၊ ခံဆုလေးပါး တရားထဲတွင်အရှင်အာနန္ဒာကမြတ်စွာဘုရားအား အမြဲတမ်းအလုပ်အကျွေး ပြုပေးရမည့် ဥပဋ္ဌာကရဟန်း ရာထူးနေရာကို သူလက်ခံရာမှာ… လူများ၏သည်းခြေကြိုက် အခွင့် အရေး၊ ရပိုင်ခွင့် ၄ မျိုးဖြစ်သော
၁။ မြတ်စွာဘုရား အားကပ်လှူသော ကောင်း သောဆွမ်းကို သူ့အားမကျွေးရန်၊
၂။ မြတ်စွာဘုရားဝတ်ရုံသော သင်္ကန်း အကောင်းစားကို သူ့အားမပေးရန်၊

Saturday, February 25, 2012

ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း

မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးနေထိုင်တော်မူစဉ်  သံဃာအစည်းဝေးတစ်ခု၌ သံဃာအများသည် "ငါရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း "ဟု ဆွေးနွေးနေကြ၏ ။အချို့ က တန်ခိုးကြီးသော မင်း အဖြစ်သည် ချမ်းသာ၏ ဟုဆိုကြကုန်၏ ။ အချို့ က ကာမဂုဏ်၊စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောလူသည် ချမ်းသာသည် ဟုဆိုကုန်၏။အချို့ က အလိုရှိသမျှ အစားးကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်ဟု ဆိုကုန်၏ ။

Friday, February 10, 2012

အလင်္ကာပညာ ရှိနှစ်ဦး

ခင်မင်ရပါသော ဓမ္မမိတ်ဆွေ စာဖတ်ပရိသတ်အပေါင်းတို့ ကို ဒီတစ်ခါမှာ...တင်ပြမယ် အလက်ာပညာရှိနှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ လုံးလဝီရိယထုတ်ခြင်းဆို တဲ့ အကြောင်းနဲ့ ပါတ်သတ်ပါတယ် ဒီအကြောင်းရာတွေနှင့်ပါတ်သက်လို့ မေးခွန်းတွေဆက်တိုက်မေး တဲ့ မိလိန္ဒမင်းကြီးက မေးဖို့ အမြဲတက်ကြွနေသလို ဖြေဖို့  အဆင်သင့်ဖြစ်နေတဲ့ ရှင်နာဂသေနာမှာလည်း တက်ကြွရွှင်လန်းနေပါတယ် ။အခုလည်းဆွေးနွေးပွဲ အစမှာ မိလိန္ဒမင်းသည် ''အရှင်ဘုရားနာဂသေန 'ဤဝဋ်ဆင်းရဲသည် အဘယ်သို့သော နည်းဖြင့် ချုပ်ရာအံ့နည်း၊ တစ်ပါးသော ဆင်းရဲသည်လည်း မဖြစ်ပေါ်ရာပါအံ့နည်း'ဟု ကြံစည်၍ ငါတို့၏ ရဟန်း အဖြစ်သည် ဤဆိုခဲ့ပြီးသော အကျိုးရှိ၏ဟု အောက် (ပဗ္ဗဇ္ဇပဥှာ)၌ အရှင်ဘုရားတို့ မိန့်ဆိုတော်မူခဲ့ကုန်၏၊ အခွင့်မရောက်မီ ရှေးဦးစွာကလျှင် လုံ့လထုတ်ခြင်းဖြင့် အဘယ်အကျိုးရှိသနည်း၊ အခွင့်အခါ ရောက်မှသာ လုံ့လထုတ်သင့်သည် မဟုတ်ပါလော''ဟု မေးလျှောက်၏။ ရှင်နာဂသေနမထေရ်သည် ''မင်းမြတ် အခွင့်အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော

Thursday, February 9, 2012

မြတ်ဗုဒ္ဓ၏ သစ္စာဥာဏ်အမြင်

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။


Tuesday, January 24, 2012

လူ့ဘ၀ကို ဘာတွေလုပ်ဖို့ လာကြသလဲ..?


ဦးဇင်းတို့တွေသည် အသိဉာဏ်ပညာ ရှိသော၊ ဝေဖန်စဉ်းစားနိုင်စွမ်းရှိသော လူ့ဘ၀၊ လူ့လောကကြီးမှာ နေထိုင်ကျင်လည် နေကြသူတွေပါ။ ဒီလို လူ့ဘ၀ကို ဘာတွေလုပ်ဖို့ လာကြသလဲ..? ဘာကိစ္စနဲ့လာကြသလဲ..? ငါကတော့ အင်မတန် ရခဲလှတဲ့ လူ့ဘ၀ကို ရောက်လာခဲ့ပြီ ငါ ဘာတွေလုပ်ရမလဲ..? ငါ ဘာတွေလုပ်သင့်လဲ..? စသဖြင့် မိမိတို့ ကိုယ်တိုင် စမ်းစစ်သင့်တယ် လို့ ထင်မိပါတယ်။ `ဤလူ့လောကကို ဦးဇင်းတို့ ဘာကိစ္စနှင့် လာကြပါသလဲ´လို့မေးလျှင်၊ အောက်ပါအတိုင်း အဖြေ(၄)မျိုး ရရှိပါလိမ့်မယ်။

Thursday, January 12, 2012

တိဟိတ်နှင့် ဒွိဟိတ်ကို နားလည်ခြင်း


တိဟိတ်ဆိုတဲ့ စကားလုံးအနက်ကတော့ တိဆိုတာ သုံး၊ ဟိတ်ဆိုတာ ဟောတု အကြောင်းရင်း အခြေအမြစ်။ ဒါကြောင့် တိဟိတ်ဆိုတာ အကြောင်းရင်း အခြေအမြစ်သုံးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်ပေါ့။

အကြောင်းဆိုတာကတော့ ဒီဘ၀မှာ ဒုက္ခဆင်းရဲအပေါင်းက ကျွတ်လွတ်နိုင်တဲ့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရသင့်ရထိုက်တဲ့ အကြောင်းကိုပြောတာ။ အဲဒီသုံးပါးပြည့်စုံရမယ်ပေါ့။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကီရော၊ လောကုတ္တရာရော ထွန်းပေါက်အောင်မြင်သူဖြစ်နိုင် ပါတယ်။