Sunday, September 11, 2011

ဘုရားရှင်အကြောင်းတစေ့တစောင်း

                                            ဖွားမြင်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း)
ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။


                                             တရားရှာရန်တောထွက်ခါနီး
 

သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟ
ု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။


                                              သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
 

ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။
ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။


  တရားဟောခြင်း

သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အ၀တ်အတွက် ပိုင်ရှင်မဲ့အ ၀တ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။

လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
 

ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စ၀ဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂၀တွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ သြ၀ါဒပေး၍ စစ်ဆေးခဲ့သည်။ သြ၀ါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “သြ၀ါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော သြ၀ါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟ၀န်ခံ၍၊ ၀န်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂၀ကြာအောင် ဤသြ၀ါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေးပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (၀ါ) ၀ိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ၀ိနည်းကို ပညတ်ခဲ့သည်၊ စည်းကမ်းပြုခဲ့သည်။
ဘုရားမဟောသောတရားဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ၀င်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။ တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လောက) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ၀ိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ၀မ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ၀ီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောကတွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။


                           ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်းလျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သားဖွယ် စကားလေးခွန်းပြောခဲ့သည်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။
(မှတ်သားသင့်ပါသည်)။
ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အ၀သေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရ၀ပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။


အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံး အားအနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော် မူအပ်သော (ပိဋကတ်)တရားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။
(ဓမ္မပဒ)

စိရံတိဋ္ဌတု သဒ္ဓမ္မောသဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။

Wednesday, September 7, 2011

မြတ်စွာဘုရားတရားနာ၏

မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်နန္ဒကသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းချိန် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာသို့ ချဉ်းကပ်တော်မူပြီးလျှင် (တရား) စကား ပြီးဆုံးခြင်းကို ဆိုင်းငံ့တော်မူလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် တရားစကားပြီးဆုံးခြင်းကို သိတော်မူ၍ ချောင်းဟန့်တော်မူလျက် တံခါးရွက်ကို ခေါက်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား တံခါးကို ဖွင့်ပေးကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာ ဇရပ်သို့ ဝင်တော်မူ၍ ခင်းထားသောနေရာ၌ ထိုင်နေတော်မူပြီးလျှင် အသျှင်နန္ဒကကို ''နန္ဒက သင်၏ ရှည်လျားစွာသော ဤတရားဒေသနာသည် ရဟန်းတို့အား ထင်၏၊ စင်စစ် တရားစကားပြီးဆုံးခြင်းကို ဆိုင်းငံ့လျက် တံခါးမုခ်၌ ရပ်နေသော ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏''ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူလတ်သော် အသျှင်နန္ဒကသည် ရှက်နိုးသော သဘောရှိသည်ဖြစ်၍ မြတ်စွာဘုရား ကို ''အသျှင်ဘုရား 'မြတ်စွာဘုရားသည် တံခါးမုခ်အပြင်ပ၌ ရပ်တော်မူသည်'ဟု အကျွန်ုပ်တို့ မသိပါကုန်၊ အသျှင်ဘုရား အကယ်၍ မြတ်စွာဘုရားသည် တံခါးမုခ်အပြင်ပ၌ ရပ်တော်မူသည်'ဟု အကျွန်ုပ်တို့ သိကြပါမူ ဤမျှလောက် တရားသည်လည်း အကျွန်ုပ်တို့အား မထင်စေရာပါ၊ (ဤမျှလောက် စကားရှည် ရှည် မဟောပါ)''ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒက ရှက်နိုးသော သဘောရှိသည်ကို သိတော်မူ၍ အသျှင် နန္ဒကအား - ''နန္ဒက ကောင်းပေစွ ကောင်းပေစွ၊ နန္ဒက သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌့ရဟန်းပြုကြသော သင်တို့အား တရားနှင့်စပ်သော စကားဖြင့် အညီအညွတ် ထိုင်နေကြခြင်းသည် သင့်လျော်၏။ နန္ဒက စုဝေးကြသူတို့သည် တရားနှင့်စပ်သော စကားကိုဖြစ်စေ အပြစ်မရှိသော ဆိတ်ဆိတ်နေခြင်းကိုဖြစ်စေ ကိစ္စ နှစ်ပါးကို ပြုရမည်။
နန္ဒက ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း ဖြစ်ရပါမည်နည်း''ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရား ရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူ သီလရှိသူ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကို ရသူဖြစ်ရပါမည် နည်း''ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ နန္ဒက ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ နန္ဒက အခြေလေးချောင်းရှိသော သတ္တဝါသည် ရှိရာ၏၊ ထိုသတ္တဝါအား ခြေတစ်ချောင်းသည် ယုတ်လျော့၏၊ ချို့တဲ့၏၊ ဤသို့ဖြစ်သော် ထိုသတ္တဝါသည် ထိုအင်္ဂါနှင့် မပြည့်စုံသကဲ့သို့ နန္ဒက ဤအတူပင် ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလ ရှိသူလည်း ဖြစ်၏၊ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုကား မရ၊ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အတွင်း သန္တာန်၌ စိတ်တည်ကြည်မှုကို ရသူသည်လည်းကောင်း၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာ ဉာဏ်ကို ရသူသည်လည်းကောင်း ဖြစ်ရပါမည်နည်း''ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်၊ နန္ဒက အကြင် အခါ၌ကား ရဟန်းသည် သဒ္ဓါတရားရှိသူလည်း ဖြစ်၏၊ သီလရှိသူလည်း ဖြစ်၏။ အတွင်းသန္တာန်၌ စိတ်တည်ကြည်မှုကိုလည်း ရ၏၊ သင်္ခါရတို့ကို သိမ်းဆည်းနိုင်သော ဝိပဿနာဉာဏ်ကိုလည်း ရ၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် တရားနာခြင်းအကျိုးငါးမျိုးကို ဟောတော်မူ၏၊ ကောင်းသော စကားရှိတော်မူသော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူ၏။
တရားနာခြင်းအကျိုးငါးမျိုး
၁။ငါ့သျှင်တို့ အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ - ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတိုင်း၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း မြတ်စွာဘုရားသည် ချစ်အပ်သည်လည်းကောင်း၊ မြတ်နိုးအပ်သည်လည်းကောင်း၊ အလေးပြုအပ်သည်လည်းကောင်း၊ နှလုံးကို ပွါးစေအပ်သည် လည်းကောင်း ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ပဌမအာနိသင်တည်း။

၂။ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတိုင်း အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း ထိုရဟန်း သည် ထိုတရား၌ အနက်ကို ထိုးထွင်း၍လည်း သိ၏၊ ပါဠိကို ထိုးထွင်း၍လည်း သိ၏၊ ငါ့သျှင်တို့ ဤ သည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ဒုတိယအာနိသင်တည်း။

၃။ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်းရှိသော အလယ်၏ ကောင်းခြင်းရှိသော အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏။ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတိုင်းအလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော  မြတ်သော အကျင့်ကို ပြတိုင်း ထိုရဟန်းသည် ထိုတရား၌ နက်နဲသော အနက်စုကို ပညာဖြင့် ထိုးထွင်း၍ မြင်၏၊ ငါ့သျှင်တို့ ဤ သည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ တတိယအာနိသင်တည်း။

၎။ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရား ကို ဟော၏ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သောမြတ်သော အကျင့်ကို ပြ၏၊ ငါ့သျှင်တို့ ထိုရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတိုင်း အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း သီတင်းသုံးဖော်တို့သည် ''ဤအသျှင်သည် မချွတ် (အရဟတ္တဖိုလ်သို့ ) ရောက်ပြီးသော်လည်းကောင်း၊ ရောက်လတ္တံ့ သော်လည်းကောင်း ( ဖြစ်၏)''ဟု ထို ရဟန်းကို ချီးမွမ်းကုန်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ စတုတ္ထအာနိသင်တည်း။

၅။ငါ့သျှင်တို့ နောက်တစ်မျိုးကား ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြ၏။ ငါ့သျှင်တို့ ရဟန်းသည် ရဟန်းတို့အား အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟောတိုင်း၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတိုင်း ထိုတရားပွဲ၌ သေက္ခဖြစ်ကုန်သော၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်သော၊ အတုမရှိသော ယောဂကုန်ရာ (နိဗ္ဗာန်) ကို တောင့်တလျက် နေကုန်သော ရဟန်းတို့သည် ထိုတရားကို ကြားနာ၍ မရောက်သေးသော (မဂ်ဖိုလ်) တရားသို့ ရောက်ရန် မရသေးသော တရားကို ရရန် မျက်မှောက် မပြုရ သေးသော တရားတို့ကို မျက်မှောက်ပြုရန် ဝီရိယကို အားထုတ်ကုန်၏၊ ထိုတရားပွဲ၌ ရဟန္တာဖြစ်ကုန်သော အာသဝေါကုန်ပြီးကုန်သော မဂ်အကျင့်ကို ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော (ခန္ဓာ) ဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ကုန်သော ဘဝသံယောဇဉ်ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးကုန်သော ရဟန်းတို့သည် ထိုတရားကို ကြားနာ၍ မျက်မှောက်၌ ချမ်းသာစွာ နေမှုကိုသာလျှင် အားထုတ်လျက် နေကုန်၏။ ငါ့သျှင်တို့ ဤသည်ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ ပဉ္စမအာနိသင်တည်း။
ငါ့သျှင်တို့ ဤသည်တို့ကား အခါအားလျော်စွာ တရားနာခြင်း အခါအားလျော်စွာ တရားဆွေးနွေးခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု မိန့်ဆို၏။

Monday, September 5, 2011

ကိလေသာအာရုံတို့ ၏မာယာ

 မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် ညဥ့်၏ မိုးသောက်ချိန်၌ စော စောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်တော်မူ၏၊ တပေါဒါမြစ်၌ ကိုယ် လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ် ထည်တည်းဖြင့် ရပ်နေတော်မူ၏၊ ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အရှင် သမိဒ္ဓိအထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ အရှင်သမိဒ္ဓိကို ဂါထာဖြင့် လျှောက်၏-


''ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်''ဟု (လျှောက်၏)။
(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါစေလင့်ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အရှင်သမိဒ္ဓိအား ဤစကားကို ဆို၏- ''ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ် မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်''ဟု (ဆို၏)။
နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ် ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောက်ကာလ၌ ဖြစ်မည့် နတ်ကာမကိုလည်း စွန့်၍ ကိုယ်တိုင် သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု (မိန့်၏)။
''ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့်  ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း''ဟု (လျှောက်၏)။

နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့ဟု (မိန့်၏)။
ရဟန်း တစ်ပါးကုန်သော တန်ခိုးကြီးကုန်သော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို အကယ်၍ မေးလျှောက်ပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့ဟု (လျှောက်၏)။ နတ်သမီး ''ကောင်းပြီ''ဟု အသျှင်သမိဒ္ဓိသည် နတ်သမီးအား ပြန်ကြား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏-


အသျှင်ဘုရား အကျွန်ုပ်သည် ဤရာဇဂြိုဟ်ပြည်ဝယ် ညဥ့်၏ မိုးသောက်ချိန်၌ စောစောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်ပါ၏၊ တပေါဒါမြစ်၌ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန် ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အကျွန်ုပ်ထံ သို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ ဤဂါထာဖြင့် လျှောက်ပါ၏-
''ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်''ဟု (လျှောက်၏)။
အသျှင်ဘုရား ဤသို့ လျှောက်လတ်သော် အကျွန်ုပ်သည် ထိုနတ်သမီးကို ဂါထာဖြင့် ပြန်၍ ဆို ပါ၏-
(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံး လွှမ်းအပ်သည်ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါ စေလင့်ဟု (ဆိုပါ၏)။
အသျှင်ဘုရား ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အကျွန်ုပ်အား ဤစကားကို ဆိုပါ၏- ''ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက် ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်''ဟု ဆိုပါ၏။
အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏- ''နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောင်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကိုလည်း စွန့်၍ ကိုယ်တိုင့်သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏''ဟု (ဆိုပါ၏)။




အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏- ''ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း''ဟု (လျှောက်ပါ၏)။
အသျှင်ဘုရား ဤသို့ လျှောက်သည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏- ''နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့''ဟု (ဆိုခဲ့ပါ၏)။
အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ''ရဟန်း တစ်ပါးကုန်သော တန်ခိုး ကြီးသော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ထိုအကြောင်းကို အကယ်၍ မေးပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့''ဟု ဤစကားကို လျှောက်ပါ၏၊ အသျှင်ဘုရား ထိုနတ်သမီး၏ စကားသည် အကယ်၍ မှန်သည် ဖြစ်အံ့၊ ထိုနတ်သမီးသည် မနီးမဝေးသော ဤအရပ်၌ ပင်လျှင် ရှိပါလိမ့်မည်ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် ထိုနတ်သမီးသည် အသျှင်သမိဒ္ဓိကို ''ရဟန်း မေးမြန်းပါလော့၊ ရဟန်း မေးမြန်းပါလော့၊ အကျွန်ုပ် ရောက်ပါပြီ''ဟု ဤစကားကို လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုနတ်သမီးကို ဂါထာတို့ဖြင့် ဟောတော်မူ၏-
''ခန္ဓာငါးပါးတို့၌ (ပုဂ္ဂိုလ်သတ္တဝါစသည်) အမှတ်ရှိကုန်သည်ဖြစ်၍ ခန္ဓာငါးပါး၌ တည်ကုန်သောသတ္တဝါတို့သည် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်း၏ အားထုတ်မှုသို့ လိုက်ရကုန်၏။


(ရဟန္တာပုဂ္ဂိုလ်သည်) ခန္ဓာငါးပါးကို ပိုင်းခြား၍ သိသောကြောင့် (ပုဂ္ဂိုလ်သတ္တဝါဟု) ပြောကြားဖွယ်ကို မမှတ်ထင်၊ အကြင် (ရာဂစသော) အကြောင်းဖြင့် ထိုသူကို ဆိုငြားအံ့၊ ထိုရဟန္တာပုဂ္ဂိုလ်အား (ထိုအကြောင်းသည်) မရှိ။ မှန်၏၊ ထို (ရာဂ စသော) အကြောင်းသည် ထိုရဟန္တာပုဂ္ဂိုလ်အား မဖြစ်။
နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့''ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ့်သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါဟု (လျှောက်၏)။
''အကြင်ပုဂ္ဂိုလ်သည် (မိမိကိုယ်ကို) တူသူဟူ၍လည်းကောင်း၊ ထူးကဲသူဟူ၍လည်းကောင်း သို့မဟုတ် ယုတ်သူဟူ၍လည်းကောင်း အောက်မေ့၏။ ထိုပုဂ္ဂိုလ်သည် ထို မာန်ဖြင့် (အမျိုးအနွယ်ဂုဏ်ကို) ငြင်းခုံရာ၏။ အကြင်ပုဂ္ဂိုလ်သည် သုံးပါးကုန်သော မာန်တို့၌ တုန်လှုပ်ခြင်း မရှိ၊ ထိုပုဂ္ဂိုလ်အား တူသူဟူ၍လည်းကောင်း၊ ထူးကဲသူ ဟူ၍လည်းကောင်း၊ (ယုတ်သူဟူ၍လည်းကောင်း) မဖြစ်။
နတ်သမီး အကယ်၍ သိသည်ဖြစ်အံ့၊ ဆိုလော့''ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါလော့ဟု (လျှောက်၏)။
အကြင်ပုဂ္ဂိုလ်သည် (တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ) ဟူသော ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု 'မာန်'သို့ မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ် မက်မှု 'တဏှာ'ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု 'ဂန္ထ'လေးပါးကို ဖြတ်ပြီးသော ဆင်းရဲ မရှိ သော တပ်မက်ခြင်းကင်းသော ထိုပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကြကုန်သော နတ်တို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ ဤလောက၌လည်းကောင်း၊ အခြား လောက၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း၊ အလုံးစုံသော နေရာတို့၌လည်းကောင်း မတွေ့မမြင်ရကုန်။
နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ်သည် ဤသို့ သိပါ၏-
အလုံးစုံသော လောက၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကို စိုးစဉ်းမျှ မပြုရာ။ အောက်မေ့မှု 'သတိ' ဆင်ခြင် ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံသည်ဖြစ်၍ ကာမဂုဏ်တို့ကို ပယ်ပြီးလျှင် အကျိုးစီးပွား နှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာဟု (လျှောက်၏)။
သံယုတ္တနိကာယ်
                 အကိုး   (သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊နန္ဒနဝဂ၊်သမိဒ္ဓိသုတ်)

Friday, September 2, 2011

တိုင်ပင်ခြင်း၏ ရှောင်ကြဉ်ရာ အရပ်ရှစ်မျိုး

စကားနှိမ်နင်း ငြင်းခုံခြင်းအလေ့ရှိ၍ ပညာရှိတို့၏ နှလုံးကို တုန်လှုပ်စေတတ်သော အလွန်ပညာလည်းရှိ, စူးစမ်းနိုင်သော ပညာလည်းရှိသည့် မိလိန္ဒမင်းသည် ဉာဏ်ထူးခြား ကွဲပြားစိမ့်သောငှါ နာဂသေနမထေရ်သို့ ဆည်းကပ်၏။ ထိုနာဂသေနမထေရ်၏ အရိပ်၌ နေလျက် အဖန်တလဲလဲ မေးလျှောက်၏၊ ထိုမိလိန္ဒမင်းသည်လည်း ခွဲခြမ်းနိုင်သော ဉာဏ်ရှိသည်ဖြစ်၍ ပိဋကတ်သုံးပုံကို တတ်ကျွမ်း နားလည်လေပြီ။ ညဉ့်ဘက်၌ ဆိတ်ငြိမ်ရာသို့ ကပ်လျက် အင်္ဂါကိုးပါးရှိသော ပရိယတ်ကို အဖန်ဖန် သုံးသပ်သည်ရှိသော် ဖြေရှင်းရန် ခဲယဉ်းကုန်သော၊ နှိမ်နင်းဖွယ်နှင့်တကွ ဖြစ်ကုန်သော၊ ဆိတ်ချိုပမာ ဝင်္ကဝုတ်သဘောရှိကုန်သော ပြဿနာတို့ကို မြင်လေပြီ။ တရားမင်းဘုရား၏ သာသနာတော်၌ ပရိယာယ်အားဖြင့် ဟောတော်မူသော တရားတော်သည်လည်း ရှိ၏၊ ရည်ညွှန်း၍ ဟောတော်မူသော တရားတော်သည်လည်း ရှိ၏၊ သဘောအားဖြင့် ဟောတော်မူသော တရားတော်သည်လည်း ရှိ၏။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဆိတ်ချိုပမာ ဝင်္ကဝုတ်ဒေသနာတော်၌ ထိုဒေသနာတော်တို့၏ အနက် အဓိပ္ပါယ်ကို မသိနိုင်သောကြောင့် နောင်အနာဂတ် ကာလဝယ် ထိုဘုရားစကားတော်၌ အငြင်းအခုံ ဖြစ်လတ္တံ့။ ယခုအခါကပင် အမေးစကားကို ကြည်ညိုစေ၍ ဆိတ်ချိုပမာ ဝင်္ကဝုတ်ဒေသနာတို့ကို ခွဲဖြတ်ရှင်းလင်းစေအံ့၊ ထိုနာဂသေနမထေရ်မြတ်၏ မြွက်ဆိုညွှန်ပြသော စကားလမ်းစဉ်ဖြင့် အနာဂတ်အခါ၌ ညွှန်ပြကြကုန်လတ္တံ့။

ထိုအခါ မိလိန္ဒမင်းသည် ညဥ့်မိုးသောက်၍ အရုဏ်တက်သော် ဦးခေါင်းကို ဆေးလျှော်၍ ဦးထိပ် ထက်၌ လက်အုပ်ချီမြှောက်လျက် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဘုရားတို့ကို အောက်မေ့ပြီးလျှင် ကျင့်ဝတ် ရှစ်ပါးတို့ကို ဆောက်တည်၏၊ ''ဤနေ့မှ (အစပြု၍) ငါသည် လာမည့် ခုနစ်ရက်တို့ပတ်လုံး ကျင့်ဝတ် ရှစ်ပါးတို့ကို ဆောက်တည်၍ ခြိုးခြံသော အကျင့်ကို ကျင့်အံ့၊ ထိုငါသည် လေ့ကျက်သော အကျင့်ရှိ သည်ဖြစ်၍ ဆရာ(နာဂသေန) ကို နှစ်သက်စေလျက် ဆိတ်ချိုပမာ ဝင်္ကဝုတ္တိပြဿနာတို့ကို မေးအံ့''ဟု ကြံစည်၍ ဆောက်တည်၏။ ထို့နောက် မိလိန္ဒမင်းသည် ဝတ်မြဲတိုင်းပုဆိုးအစုံကိုပယ်၍ ဘယက်တန်ဆာတို့ကိုလည်း ချွတ်ပြီးလျှင်၊ ဖန်ရည်ဆိုးအဝတ်ကို ဝတ်လျက်၊ ခေါင်းတုံးနှင့် တူသော ဦးစွပ်ကို ဦးခေါင်း၌ ဆောင်း (စွပ်) ကာ ရဟန်း၏ အဖြစ်သို့ ကပ်၍ ကျင့်ဝတ်ရှစ်ပါးတို့ကို ဆောက်တည်၏ ''ဤခုနစ်ရက်ပတ် လုံး ငါသည် မင်းနှင့် စပ်သော ကိစ္စကို မဆုံးမအပ်၊ရာဂနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ ဒေါသနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ မောဟနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ ကျွန်, အလုပ်သမားဖြစ်ကုန်သောသူအပေါင်း၌သော်လည်း နှိမ့်ချခြင်းရှိသည် ဖြစ်ရာ၏။ ကိုယ် နှုတ်ကို အစဉ်စောင့်ရှောက်အံ့၊ အာယတနခြောက်ပါးတို့ကိုလည်း အကြွင်းမဲ့ စောင့်စည်းအပ်ကုန်၏၊ မေတ္တာဘာဝနာ၌ စိတ်ကို ထည့်သွင်း ထားအပ်၏''ဟု ဆောက်တည်၏။ ဤသို့ ဤကျင့်ဝတ်ရှစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ ထိုကျင့်ဝတ်ရှစ်ပါးတို့၌သာလျှင် စိတ်ကို တည်စေ၍ ပြင်ပသို့ မထွက်ဘဲ ခုနစ်ရက်ကို လွန်စေ၍ ရှစ်ရက် မြောက်သောနေ့၌ မိုးသောက်သည်ရှိသော် စောစောကပင်လျှင် နံနက်ပွဲတော်စာကို စား၍၊ မျက်လွှာ အောက်ချလျက် ချင့်ချိန်ပြောဆို၍၊ ကောင်းစွာ ထားသော ဣရိယာပုထ်ရှိလျက်၊ မပျံ့မလွင့် ရွှင်လန်းတက်ကြွ ကြည်လင်လှသော စိတ်ဖြင့် နာဂသေနမထေရ်သို့ ချဉ်းကပ်၍၊ မထေရ်၏ ခြေတို့ကို ဦးတိုက်ကာ တစ်ခုသော နေရာ၌ ရပ်တည်လျက် ဤစကားကို လျှောက်ထား၏ -

အသျှင်ဘုရားနာဂသေန အကျွန်ုပ်အား အသျှင်ဘုရားတို့နှင့် အတူတကွ ဆွေးနွေးတိုင်ပင်ဖွယ် တစ်စုံတစ်ခုသော အကျိုးအကြောင်း (ကိစ္စ) သည် ရှိပါ၏၊ ထိုကိစ္စ၌ အသျှင်နှင့် တပည့်တော်မှ တစ်ပါးသော သုံးယောက်မြောက် တစ်စုံတစ်ယောက်ကိုမျှ အလိုမရှိအပ်ပါ၊ အသံဆိတ်ငြိမ်ရာဖြစ်သော၊ လူသူ ကင်းဆိတ်သော အင်္ဂါရှစ်ပါးရှိ၍ ရဟန်းတို့အား လျောက်ပတ်သော တောအရပ်၌ ထိုသို့သဘောရှိသော ပြဿနာကို မေးအပ်သည် ဖြစ်ပါလတ္တံ့၊ ထိုပြဿနာ၌ အကျွန်ုပ်အား ဖုံးကွယ်ခြင်းကို မပြုသင့်၊ လျှို့ဝှက်ခြင်းကို မပြုသင့်၊ အကျွန်ုပ်သည် ကောင်းစွာ တိုင်ပင်ရန် ကြိမ်ရောက်ခဲ့သော် လျှို့ဝှက်ဖွယ်ကို နာယူခြင်းငှါ ထိုက်သင့်ပါ၏၊ ထိုဆိုအပ်ပြီးသော အနက်အဓိပ္ပါယ်ကို ပုံထုံးဥပမာဖြင့်လည်း ပြအပ်ပါ၏၊ အဘယ်ကဲ့သို့နည်းဟူမူ- အသျှင်ဘုရားနာဂသေန ပစ်ချထားသိုခြင်းသို့ ကပ်ရောက်ခဲ့သော် မဟာပထဝီ မြေကြီးသည်ပင် ရတနာကို မြှုပ်နှံရန် ကြိမ်ရောက်ခဲ့သော် မဟာပထဝီမြေကြီးသည် မြှုပ်နှံရန်ထိုက်သကဲ့သို့၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် ကောင်းစွာ တိုင်ပင်ရန် ကြိမ်ရောက်ခဲ့သော် အကျွန်ုပ် သည် လျှို့ဝှက်ဖွယ်ကို နာယူခြင်းငှါ ထိုက်သင့်ပါ၏ဟု (ကြိုတင်လျှောက်ထား၏)။
ဆရာထေရ်မြတ်နှင့် အတူတူ ဆိတ်ငြိမ်သော တောသို့ ဝင်၍ ဤစကားကို လျှောက်ပြန်၏- အသျှင် ဘုရားနာဂသေန ဤလောက၌ တိုင်ပင်လိုသော ယောက်ျားသည် အရပ်ရှစ်မျိုးတို့ကို ရှောင်ကြဉ်အပ်ကုန်၏၊ ထိုအရပ်ရှစ်မျိုးတို့၌ လိမ္မာသော ယောက်ျားသည် အကျိုးအကြောင်းကို မတိုင်ပင်၊ တိုင်ပင်မိသော်လည်း အကျိုးပျက်စီး၏၊ အကျိုးမဖြစ်။ အဘယ်အရပ်ရှစ်မျိုးတို့နည်းဟူမူ-

မညီညွတ်ရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊
ဘေးဘျမ်းရှိရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊
အလွန်လေထန်သော အရပ်ကို ရှောင်ကြဉ်အပ်၏၊
နံရံစသည် ဖုံးကွယ်ရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊
နတ်စင်, နတ်ကွန်းအရပ်ကို ရှောင်ကြဉ်အပ်၏၊
ခရီးလမ်းမကို ရှောင်ကြဉ်အပ်၏၊
စစ်မြေပြင်အရပ်ကို ရှောင်ကြဉ်အပ်၏၊
ရေဆိပ်အရပ်ကို ရှောင်ကြဉ်အပ်၏၊
ဤအရပ်ရှစ်မျိုးတို့ကို ရှောင်ကြဉ်အပ်ပါကုန်၏ဟု (လျှောက်၏)။
အသျှင်နာဂသေနမထေရ်သည် ''မြေမညီညွတ်သော အရပ်၌ အဘယ်အပြစ်ရှိသနည်း၊ ဘေးဘျမ်း ရှိရာ အရပ်၊ အလွန်လေထန်သော အရပ်၊ နံရံစသည် ဖုံးကွယ်ရာအရပ်၊ နတ်စင်နတ်ကွန်း၊ ခရီးလမ်းမ၊ စစ်မြေပြင်အရပ်၊ ရေဆိပ်၌ အဘယ်အပြစ်ရှိသနည်း''ဟု မိန့်တော်မူ၏။ အသျှင်ဘုရားနာဂသေန မညီ ညွတ်ရာ အရပ်၌ တိုင်ပင်သော် အကျိုးသည် ပြန့်ကြဲ၏၊ လွင့်စင်၏၊ လျှောကျ၏၊ မပြီးမြောက်နိုင်။ ဘေးဘျမ်းရှိရာ အရပ်၌ စိတ်နှလုံးတုန်လှုပ်၏၊ စိတ်နှလုံးတုန်လှုပ်သော် ကောင်းမွန်မှန်ကန်သော အကျိုး ကို မမြင်နိုင်။ အလွန်လေထန်သော အရပ်၌ အသံသည် မထင်ရှား။ နံရံစသည် ဖုံးကွယ်ရာအရပ်၌ ချောင်းမြောင်း နားထောင်သူတို့သည် လာတတ်ကုန်၏၊ နတ်စင်နတ်ကွန်း၌ တိုင်ပင်သော် အကျိုးသည် နှောင့်နှေးလေးဖင့်စွာ သက်ရောက်၏။ ခရီးလမ်းမ၌ တိုင်ပင်သော် အကျိုးသည် အချည်းနှီးဖြစ်တတ်၏၊ စစ်မြေပြင်အရပ်၌ တိုင်ပင်သော် လှုပ်ရှားခြင်း ဖြစ်၏၊ ရေဆိပ်၌ တိုင်ပင်သော် ပေါက်ကြား လွယ်၏။


ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌- ''မညီညွတ်သောအရပ်၊ ဘေးဘျမ်းရှိရာအရပ်၊ လေထန်သောအရပ်၊ နံရံစသည် ဖုံးကွယ်ရာအရပ်၊ နတ်စင်နတ်ကွန်းအရပ်၊ ခရီးလမ်းမ၊ စစ်မြေပြင်အရပ်၊ ရေဆိပ် ဤအရပ်ရှစ်မျိုးတို့ကို ကြဉ်ရှောင်အပ်ကုန်၏''ဟု (ရှေးဆရာတို့ဂါထာ သိမ်းကျုံး ခြင်းဖြစ်၏)။ ဤကား တိုင်ပင်ခြင်း၏ ရှောင်ကြဉ်ရာ အရပ်ရှစ်မျိုးတို့တည်း။

Sunday, August 28, 2011

ဘဝနှင့် ဘဝနိရောဓ

ခန္ဓာတို့၏ ဖြစ်ပေါ်မှုကို ဘဝ-ဟု ခေါ်၏။ အချို့ဘဝမှာ ခန္ဓာငါးရပ် ပေါင်းစပ်၍ ဖြစ်၏။ သို့သော် အချို့ဘဝမှာ ခန္ဓာလေးရပ်သာ ပေါင်းစပ်၍ ဖြစ်၏။ ထိုဘဝမှာ ရုပ်ခန္ဓာ မရှိ။ အချို့ဘဝမှာ ခန္ဓာတစ်မျိုး သာ ဖြစ်၏။ ထိုဘဝမျိုးမှာ နာမ်ခန္ဓာလေးမျိုး မရှိ။ လူ့ဘဝကား ခန္ဓာငါးရပ် ပေါင်းစပ်ထားသော ဘဝဖြစ်သည်။
ယေဘုယျအားဖြင့် လူ့ဘဝသည် မိခင်ဝမ်းတွင် သန္ဓေတည်ခြင်းမှ စတင်ခဲ့သည်။ လက်ရှိဘဝ၏ အစ-အလယ်-အဆုံးကို လူတိုင်းလိုလို သိရှိနိုင်ကြ၏။ သို့ရာတွင် လက်ရှိဘဝမတိုင်မီက ဘာဖြစ်ခဲ့သည်ကို လူတိုင်းမသိနိုင်ကြ။ အချို့ပုဂ္ဂိုလ်များသာ (ဥပမာ- ဇာတိဿရ နှင့် ပုဗ္ဗေနိဝါသဉာဏ်ရသူများသာ) သိနိုင်ကြ၏။ အတိတ်ဘဝဆိုသည်ကို အမျိုးမျိုးကြံတွေးကြည့်ကြ၏။ အချို့က အတိတ်ဘဝဆိုသည်ကို ငြင်းပယ်ထားကြပြီး အချို့က အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည် ကြ၏။

အတိတ်ဘဝ ငြင်းပယ်ထားသူတို့က အဘယ့်ကြောင့် လက်ရှိဘဝ ရလာသည်ကို အဖြေရှာကြ၏။ အချို့က “လက်ရှိဘဝကို မမျှော်လင့်ဘဲ ရလာခြင်း၊ အကြောင်းမဲ့ရလာခြင်း”ဟု ဆိုကြ၏။ ထိုသူတို့ကို “အဟေတုကဝါဒီ” ဟု ခေါ်၏။ အချို့ကမူ လက်ရှိဘဝသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရသည်ဟု ဆိုကြ၏။ ထိုသူများကို “ဣဿရနိမ္မာနဝါဒီ” ဟု ခေါ်၏။
အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည်သူတို့ကမူ အကြောင်းကံ နှင့် သံသရာကို ရှင်းပြကြ၏။ ယခုဘဝဖြစ်လာသမျှ သုခ ဒုက္ခတို့သည် ရှေးဘဝကပြုလုပ်ခဲ့သည် ကံ၌သာ လုံးဝ အခြေခံသည်ဟု ဆိုကြ၏။ ထိုသူများကို “ပုဗ္ဗေကတဟေတုဝါဒီ” ဟု ခေါ်၏။ လူတိုင်းမှာ အစဉ်ထာဝရ ခိုင်မြဲသော အတ္တ သို့မဟုတ် ဇီဝ-ရှိ၏။ ထိုအတ္တဇီဝသည် ကောင်းဆိုးနှစ်တန် ကံစီမံသည့်အတိုင်း ကံ၏ အကျိုးကို ခံ-စံရင်း သံသရာလည်နေသည်ဟု “သဿတဝါဒီ”တို့က ဆိုကြ၏။

ဗုဒ္ဓဝါဒအရမူ အတိတ်ဘဝရှိသည် သို့သော် အတ္တဇီဝ မရှိ။ အတ္တ ဇီဝ-ဆိုသည်မှာ တွေးယူကြံဆချက်မျှသာ ဖြစ်၏။ အတိတ်ဘဝ- ဟူသည် ချုပ်ငြိမ်းနှင့်ပြီးသော ရုပ်နာမ်နှစ်မျိုးသာ ဖြစ်သည်။ ရုပ်နာမ်နှစ်မျိုးသည် သတ္တဇီဝမဟုတ်သော ကြောင်းကျိုးဆက်နွယ်ကာ စဉ်ဆက်မပြတ်ဖြစ်နေသော ဓမ္မသက်သက်သာ ဖြစ်၏။ ရုပ်နာမ်ခန္ဓာ တို့၏ စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေခြင်းကို သံသာရ- သံသရာ ဟုခေါ်၏။
ရုပ်နာမ်ခန္ဓာတို့သည် အကြောင်းမဲ့ မတော်တဆ ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင် ဣဿရ၏ လက်ရာလည်း မဟုတ်။ စင်စစ်မှာမူ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်နှစ်ရပ် အပြန်အလှန် ဆက်စပ်ကာ အကြောင်းအကျိုးအဖြစ် လည်ပတ်ဖြစ်ပေါ်နေခြင်းသာ ဖြစ်၏။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ဟု ဟောတော်မူ၏။
“ဤအရာ (အကြောင်းတရား) ရှိနေလျှင် ဤအရာ အကျိုးတရား ရှိ၏။ ဤအရာ (အကြောင်းတရား) ဖြစ်လာခြင်းကြောင့် ဤအရာ (အကျိုးတရား) ဖြစ်လာရ၏။”
သံသရာလည်ခြင်းဆိုသည်မှာ ကြောင်းကျိုးနွယ်ဆက် စဉ်ဆက် မပြတ် လည်ပတ်နေခြင်းပင်တည်း။ ထိုသို့ အစဉ်မပြတ် လည်ပတ် နေခြင်းကိုပင် “ဝဋ္ဋ”ဟုလည်းခေါ်၏။ ဝဋ္ဋ-သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်- ဟု သုံးမျိုးရှိ၏။ အမှန်မသိခြင်း၊ လိုချင်တပ်မက်ခြင်း၊ တပ်မက်စွဲ အယူစွဲတို့ဖြင့် စွဲလန်းခြင်းတို့ကို ကိလေသာဟု ခေါ်၏။ အကောင်းအဆိုး အမှုမျိုးကို ဖြစ်စေတတ်သည့် လှုံ့ဆော်မှုစေတနာကို ကမ္မ-ဟု ခေါ်၏။ ထိုကမ္မကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို ဝိပါက-ဟု ခေါ်၏။

ဤ၌ ကိလေသ-ရှိသောကြောင့် ကမ္မရှိသည်။ ကမ္မ-ရှိသောကြောင့် ဝိပါက-ရှိရလေသည်။ အရပ်သုံးစကားဖြင့် ဆိုရသော် “လိုချင်သည်၊ လုပ်သည်၊ ရသည်” ဟု ဆိုရမည် ဖြစ်၏။ ဤ၌ လိုချင်သည်-ဆိုသည်မှာ ကိလေသ၊ လုပ်သည်ဆိုသည်မှာ ကမ္မ၊ ရသည်ဆိုသည်မှာ ဝိပါက-ဖြစ်၏။ ထိုတရားသုံးပါးသည် ကြောင်းကျိုး အဖြစ် ဆက်နွယ်နေ၏။ “ရလျှင် လိုချင်ပြန်သည်၊ လိုချင်၍ လုပ်ပြန်သည်၊ လုပ်လျှင် ရလာပြန်သည်” ဟု စဉ်ဆက်မပြတ် လည်ပတ်နေမှုသည် မည်သည့်အချိန်မှ စတင်ခဲ့သည်ဆိုသည်ကို မသိနိုင်၊ “အနမတဂ္ဂေါ ယံ သံသာရော” = “ဤသံသရာ၏ အစကို မသိနိုင်” ဟု ဗုဒ္ဓမြတ်စွာက ဟောတော်မူသည်။

အလွန့်အလွန်ကြာလှပြီဖြစ်သည့်အတွက် သံသရာ၏အစကို မသိနိုင်သော်လည်း ၊ သံသရာ၏အဆုံးကိုမူ သိနိုင်၏။ အကြောင်း အကျိုးတို့၏ လုံးဝချုပ်ငြိမ်းမှုသည် သံသရာ၏ အဆုံးပင်ဖြစ်၏။
အလွန်ရှည်ကြာလှပြီဖြစ်သော သံသရာကို ရပ်တန့်စေလိုလျှင် အကြောင်းကိုရှာ၍ ဖျက်ဆီးရမည်။ အကြောင်းပြတ်လျှင် အကျိုးရပ်မည်။ သိသာအောင်ဆိုရသော် “လိုချင်မှုသည် အကြောင်း၊ လုပ်မှုသည်အကျိုး၊ တဖန် လုပ်မှုသည် အကြောင်း၊ ရမှုသည် အကျိုး၊” ဤသို့ အစဉ်အဆက်မပြတ် အကြောင်းအကျိုး လည်ပတ်လျက်ရှိရာ “လိုချင်မှု” ဟူသော အကြောင်းကို ဖယ်ရှားရမည်။ မလိုချင်လျှင် မလုပ်၊ မလုပ်လျှင် မရ၊ မရလျှင် လိုချင်မှုဆိုသည်မှာ ထပ်၍ မလာတော့သဖြင့် ကြောင်းကျိုးဆက်ပြတ်သည်။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ” ဟု ဟောတော်မူ၏။ အဓိပ္ပါယ်မှာ “ဤအရာ (အကြောင်းတရား) မရှိလျှင် ဤအရာ (အကျိုးတရား) မရှိ။ ဤအရာ၏ (အကြောင်းတရား) ချုပ်ငြိမ်းမှုကြောင့် ဤအရာ (အကျိုးတရား) ချုပ်ငြိမ်း၏။” ဟု ဆိုလို၏။ ဗုဒ္ဓဝါဒအရ အကျိုးမှန်သမျှ အကြောင်းတရားကြောင့် ဖြစ်၏။ မည်သည့်အရာမျှ အကြောင်းကင်း၍ မဖြစ်။ အကြောင်းမဲ့ဖြစ်သည်ဟူသော အဟေတုကဝါဒ-ကို ဗုဒ္ဓက ငြင်းပယ်တော်မူ၏။ အကျိုးကိုဖြစ်စေသည့် အကြောင်းဆိုရာ၌လည်း မဆီဆိုင်သော အကြောင်း (ဝိသမဟေတု) များကို ဗုဒ္ဓက လက်ခံတော်မမူ။ ဖန်ဆင်းရှင် ဖန်ဆင်းမှုကြောင့် (ဣဿရနိမ္မာန) စသော အကြောင်းများကို လက်ခံတော်မမူ။ အကြောင်းစစ် အကြောင်းမှန်များကိုသာ လက်ခံတော်မူသည်။ အကြောင်းစစ် အကြောင်းမှန်များကို သစ္စာလေးပါးဖြင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ဖြင့်လည်ကောင်း၊ ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့်လည်းကောင်း ရှင်းပြ တော်မူ၏။

အကြောင်းအကျိုးဖြစ်စဉ်သည် စာပေါင်းသိုက်ပမာ အလွန်ပင် ရှုပ်ထွေးလှ၏။ သာမန်အသိမျိုးဖြင့် နားလည်ရန် ခက်ခဲ၏။ အကြောင်း အကျိုးဖြစ်စဉ်ကို ထက်မြစူးရှသော ဉာဏ်ဖြင့်သာ ထိုးထွင်းသိနိုင်၏။ ထိုဉာဏ်မျိုးကို ရရှိရန် ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာကို လေ့လာသင်ယူ ရမည်ဖြစ်၏။ အဘိဓမ္မာကို သင်ယူခြင်းဖြင့် ဘဝ၏ အဓိပ္ပါယ်ကို တိတိကျကျ ပြည့်ပြည့်ဝဝ နားလည်နိုင်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်ရှိ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ သဘာဝကို သိနိုင်၏။ ရုပ်နာမ်စဉ်ဆက် ကြောင်းကျိုးနွယ်လျက် ဖြစ်နေပုံကို သဘောပေါက်၏။

အကြောင်းအကျိုး နှစ်မျိုးအနက် အကြောင်းကို ဖယ်ရှားခြင်းဖြင့် အကျိုးဇာတ်သိမ်းနိုင်ပုံကို နားလည်၏။ အကောင်းအဆိုး သဘာဝနှစ်မျိုးကို ခွဲခြားမြင်၏။ ထိုနှစ်မျိုးအနက် အကောင်းကို တိုးပွားစေခြင်းဖြင့် အဆိုးများ ဖယ်ရှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိလာ၏။ အဆိုးကုန်လျှင် အကောင်းတို့၏ အဆုံးသို့ ရောက်၏။ အကောင်းကုန်လျှင် အကြောင်းကုန်၏။ အကြောင်းပြတ်လျှင် ဖြစ်ပေါ်လာမှု အကျိုးရပ်၏။ သင်္ခါရတရားတို့၏ ဖြစ်မှုငြိမ်းခြင်းသည် ဘဝချုပ်ငြိမ်းခြင်းပင် ။

ဗုဒ္ဓမြတ်စွာက “ဘဝနိရောဓော နိဗ္ဗာနံ” ဟု ဟောတော်မူ၏။ ရဟန္တာအရှင်တို့က ဘဝချုပ်ငြိမ်းမှုကို နိဗ္ဗာန်-ဟု ရှုမြင်ကြ၏။ နိဗ္ဗာန်၌ ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၏။ ခံစားမှုမှန်သမျှ ချုပ်ပြတ်သွား၏။ ခံစားမှု မဖြစ်ပေါ်ခြင်းသည်ပင် နိဗ္ဗာန်ချမ်းသာ သန္တိသုခ ဖြစ်ပါသတည်း။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(၂၀၀၅-ခု ဓမ္မအသံ နှစ်ပတ်လည် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)

Monday, August 22, 2011

လှေကားသုံးထစ်မှ လှေကားလေးထစ်သို့ 

                            အရှင်ဒေဝဒတ်က ပစ္စေကအဗုဒ္ဓါအလောင်း အလျာလို့  ဘုရားရှင်က ဗျာဒိတ်ပေးခဲ့ သည်ကိုမှတ်ဖူးပါတယ်။ဒေဝဒတ်ကပစ္စေကဗုဒ္ဓါ အလောင်းတော်ဖြစ်ခြင်ဖြစ်မယ်။ဒါပေမယ့် သူရဲ့ ပါရမီက ကြက်ကန်းဆန်အိုးတိုး ပါရမီဖြစ်မယ်လို့  ဆရာကြီးတစ်ဦးရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပေမယ့်ဘယ်ဆရာလည်းဆိုတာတော့မမှတ်မိတော့ပါဘူး။

              ဒေဝဒတ်ဒီလောက်ဆိုးဘုရားအပေါ်မှာ အကောက်ကြံခဲ့တာလဲ ခဏခဏပဲ ဒါပေမယ့် ဆရာကြီးရဲ့  အဆိုကိုထောက်ခံရမလိုဖြစ်နေပါတယ်။အရှင်ဒေဝဒတ်၏ပါရမီကိုကြက်ကန်းဆန်အိုးတိုးပါရမီဟုပြောထိုက်ပါ၏လော့  အရှင်ဒေဝဒတ်ကမိုက်တယ် ဒါပေမယ့် တို့ တွေက ဒေဝဒတ်ထက် ပိုမိုက်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒေဝဒတ်က အဝီစိကလွက်ရင် ပစ္စေက ဗုဒ္ဓါဖြစ်တော့မှာ။ တို့ တတွေက ဘာမှဖြစ်လောက်အောင်ပါရမီ
ဖြည့်ထားတာမရှိဘူး။ ဒါကြောင့် မိုက်တယ်ပြောတာ  ။ခုဘဝမှာ တို့ ကြိုးစားကြရမယ် ဟု ဆရာကြီးက ပြောဖူးတယ်။

ဘုရာရှင်လက်ထက်တော်ကပင် အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့ အားလက်ယာရံ လက်ဝဲရံ အဂ္ဂသာဝက အရာပေတော်မူခြင်းတို့ အပေါ်တွင် သံသယရှိခဲကြသည်။ အရှင်ကောဏ္ဍည စသည့် ရဟန္တာ ကြီးများရှိနေပါလျက် နောက်မှပေါက်သည့် ရွှေကြာပင်ကို ဘာကြောင့် ဦးစား
ပေးရသနည်းဟူ၍ မေးလာကြသည်။ အကြောင်းမှာ အရှင်သာရိပုတ္တရာနှင့်အရင်မဟာမောဂ္ဂလာန်တို့ သည် အနောမဒတ်သီ မြတ်စွာဘုရားထံတွင် အဂ္ဂသာဝကမျိုးစေ့ကို စိုက်ပျိုးခဲ့၍ ဖြစ်ပါသည်။ ထိုသို့ 
အရှင်ဒေဝဒတ်သည်လည်း ဘုရားရှင် တစ်ဆူဆူထံတွင် ပစ္စေကဗုဒ္ဓါ မျိုးစေ့ကို စိုက်ပျိုးခဲပြီးဖြစ်ပါသည်။

ပစ္စေကဗုဒ္ဓါဆုကို တောင်းယူမည့်ပုဂ္ဂိုလ်တွင် အင်္ဂါ(၅)ရပ်နှင့်ပြည့်စုံရမည် ဖြစ်သည်။ယင်းတို့ ကား လူသားစင်စစ်ဖြစ်ခြင်း 
ယောက်ျားစစ်စစ် ဖြစ်ခြင်း
အာသဝေါ ကင်းပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့ မှ တစ်ဦးဦးနှင့်တွေ့ ဆုံဖူးမြော်ရခြင်း လွန်ကဲ့သော ကုသိုလ်ကောင်းမှု  တစ်ခုခု ပြုခြင်း     လွန်ကဲပြင်းထန်သော ဆန္ဒရှိခြင်းတို့ ဖြစ်ပါသည်။
တောင်ဆုပြီးပါကလည်း ဒါန သီလ စသည့်ပါရမီဆယ်ပါးကို စွမ်းစွမ်းတမံ ကြိုးစား ဖြည့်ကျင့်
ရပါသည်။ကြာမြင့်ချိန်ကာလကား ပညာဓိက ဝီရိယာဓိက သဒ္ဓါဓိကဟူ၍ အနည်းဆုံး နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမှ အများဆုံး သုံးသင်္ချေထိ ဖြစ်ပါသည်။

အရှင်ဒေဝဒတ်သည် တောင်းဆုလည်းပြု ခဲ့သူ ပါရမီလည်း ဖြည့်ခဲ့သူ ဖြစ်ပါသည်။ လူတို့ ၏သက်တမ်း ဆယ်နှစ်သက်တမ်းထိ ဆုတ်ပြီး တစ်ဖန်
အသင်္ချေယျတိုင်အောင်တက်၍ တစ်ဖန်တစ်ကျော့ ပြန်ဆုတ်လာသော် လူတို့ အသက် တစ်သိန်းကာလမှ တစ်ရာကာလအတွင်း ပစ္စေကဗုဒ္ဓါပွင့်မည်ဖြစ်သည်။ အရှင်ဒေဝဒတ်သည် လည်း အဝီစိမှလွတ်ပြီး ထိုကာလတွင် ပွင်ထွန်းမည် ဖြစ်သည်။

ပစ္စေကဗုဒ္ဓါဖြစ်ဖို့ သည် လွယ်ကူသည် မဟုတ်ပါ။ ဥပမာအားဖြင့် သုံးလသက်တမ်းရှိသော စပါးပင်ကို ရေသွင်းခြင်း ပေါင်းသင်ခြင်း မြေဩဇာကျွေးခြင်း စသည်အားဖြင့်မည့်သို့ ပင် ပြုစုစိုက်ပျိုးသော်လည်း တစ်လ နှစ်လ အတွင်း၌ ရိပ်သိမ်း၍  မရနိုင်ပါ။ ထိုအတူပင်  ပစ္စေကေုဒ္ဓါအလောင်းလျာများသည်လည်း အနည်းဆုံးနှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း တိုင်အောင်  ပါရမမီဖြည့်ကျင့်ခြင်း မပြုဘဲ မည့်သည်နည်းနှင့် မျှပစ္စေကဗုဒ္ဓါအဖြစ်သို့ မရောက်နိုင်ပါချေ။
သို့ ပါ၍ အနည်းဆုံး  နှစ်သင်္ချေနှင့်ကမ္ဘဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခြင်းကို ကြက်ကန်းဆန်အိုးတိုးပါရမီဟု ပြောဆိုခြင်းသည် မသင့်မြတ်သော အဆိုသာ ဖြစ်ချေသည်တကား။ (ပိဋကတ် အနှသ်ချုပ် သုတ္တနိပါတ် ခဂ္ဂဝိသာဏသုတ်)
အရှင်ဒေဝဒတ်ဖြည့်ခဲသောပါရမီကို ရွှေတောင်ကိုပင် ရထိုက်သော ပါရမီဟု တင်စားဆိုချင်ပါသည်။ဤသို့ 
ဆိုလျှင် အတွန့် တက်စရာ ရှိနိုင်ပါသည်။
ပစ္စေကဗုဒ္ဓါအလောင်းလျာလည်းဖြစ်ပါရဲ့ ပါရမီဖြည်ပြီးသူလဲ ဖြစ်ရဲ့နဲ့  ဘုရားရှင်ကို စော်ကားမှုတွေ ဘာကြောင့် ပြုလုပ်ရတာလဲ။ ဘုရားရှင်ကလဲ ဘာဖြစ်လို့ ရဟန်းပြုပေးခဲ့တာလဲ စသည်ဖြင့်တွေးစရာ မေးစရာ ရှိနေပါသည်။အပြစ်ကြီး ကျူးလွန်ခြင်းမှာ  ငါ ဟူသောမာန်မာန အမျိုးဂုဏ်စသည်
တို့ ကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ပေလိမ်မည်။

အရှင်ဒေဝဒတ်သည် ရဟန်းပြုသော်၎င်း ရဟန်းမပြုသော်၎င်း ယခုဘဝသည် ပြကတေ့သူတော်ကောင်းမဟုတ်။      ရဟန်းမပြုလိုကက်ရဘဲ နေခဲ့သော်ကမ္ဘာကုဋေတစ်သိန်းတို့ ပတ်လုံး ငရဲလားအံ့သော အမှုကိုပြုလတ္တံ့  ရဟန်းပြုသည်ဖြစ်မူကား တစ်ကပ်ထိုက်သော အကုသိုလ်ကိုပြုလတ္တံ့  ဟု သဗ္ဗညုတညဏ်တော်ဖြင့်သိမြင်၍ ဘုရားရှင်သည် အရှင်ဒေဝဒတ်အား ရဟန်းပြုပေးခဲခြင်းဖြစ်ပေသည်။

အရှင်ဒေဝဒတ်သည် အဝီစိမှ လွတ်သော် အဋ္ဌိဿရ အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့၏။(မိလိန္ဒပညှဝတ္ထု ဒေဝဒတ္တပဗ္ဗဇ္ဇပညှ)
 လူဖြစ်စေ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့ သည် ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့ ၌ ပူလောင်ရမည်ဖြစ်ပေသည်။       အရှင်ဒေဝဒတ်သည်ရွှေတောင်ထိုက်သောပါရမီကို  ဖြည့်ကျင့်သူ ဖြစ်ငြားသော်လည်းအပြစ်ကျူးလွန်ခဲ့သောကြောင့် ကြက်ကန်းဆန်အိုးတိုး ပါရမီဟု အပြောခံရပါသည်။ လိမ္မလာလိုက်တာဆိုတဲ့ စကားလေးတစ်ခွန်းလူတွေဆီကနေ ကြားရဖို့ အတွက် ကိုယ့်ဘက်ကလုပ်ချင်တာတွေ မလုပ်ရမလုပ်ချင်တာတွေလုပ်ရလို့ ရင်ထဲမှာတင်းတင်းကျပ်ကျပ် ခံစားနေရတာတွေ အနေအထိုင် ဆင်ခြင်နေရလို့ လွတ်လွတ်လပ်လပ် မနေရတာတွေ
သူတို့ မသိဘူး ဟု စာရးသူ အသိတစ်ယောက်ပြောဖူးပါသည်။

အရှင်ဒေဝဒတ်သည် ပစ္စေကဗုဒ္ဓါဖြစ်ရန် မိမိ၏ဆန္ဒရမ္မက်များကို ထိန်းကာ ဆယ်ပါးသော ပါရမီတို့ ကို အနည်းဆုံးနှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ခဲ့ပါသည်။ထိုအရှင်၏လိမ္မာခဲ့သော ဘဝများစွာကို ထောက်ရှုရမည်ဖြစ်ပါသည်။ တစ်ဘဝ တစ်ခဏလောက်မိုက်ခဲ့သည်ကိုကြည့်ပြီး လူမိုက်ကြီး
မို့ သူဖြည့်ခဲ့တဲ့ပါရမီ က ရည်ရွယ်ချက်နဲ့ ဖြည့်တာမဟုတ်ပါဘူးကွာ။ ကြက်ကန်းဆန်အိုးတိုး နဲ့တွေပြီးအစာဝသွားတာပါ။ သူရဲ့ပါရမီကလဲ ရမ်းဖြည့်လိုက်လို့ နေမှာပါဟု ပြောခြင်းမှာ ရွှေကို မမြင်ဘူး၍  ရွှေကို မသိသူက ရွှေကို အကဲခက်ပြောသောအပြောမျိုးဟုသာ ဆိုထိုက်ပါသတည်း။

ရွှေတောင်ထိုက်သော ပါရမီရှင်ကြီးသည် မိမိမှားမှန်းသိ၍ ဘုရားရှင်ကို တောင်းပန်ကန်တော့ရန် လာခဲ့ပါသည် ။သိုသော်...အပြစ်ကြီးလွန်း၍ ဘုရားရှင်ကိုဖူးမြင်ခွင့် မရတော့ဘဲ မြေမျိုခံရပါသည်။မြေမျို၍ မြှုပ်ခါနီးအချိန်တွင်  မြတ်စွာဘုရားအား အရိုး အသက်တို့ ဖြင့် ကိုးကွယ်ရာမှတ်ပါ၏
ဟု ယုံကြည်ကိုးကွယ် သွားခဲ့သည်။ စာရေးသူနှင့် တကွ အားလုံးသောသူတွေ  အရှင်ဒေဝဒတ်ကဲ့သို့   မသေခင်မှာ ဘုရားရှင်အား ကြည်ညိုကိုးကွယ်နိုင်ကြမည်လား။

ရွှေတောင်ထက်မက ထိုက်တန်သော ပါရမီမျိုးကို ကြက်ကန်းဆန်အိုးတို ပါရမီဟု ပြောလာ၍သာ ဤ ဆောင်းပါးကိုရေးဖြစ်ခဲခြင်းဖြစ်ပါသည်။အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်ကြရန်နှင့်ဘာပါရမီပါခဲ့မှန်းမသိသည့်  စာရးသူနှင့်တကွ အားလုံးသောသူတွေဟာ ပါရမီဖြည့်ပြီးသူကို စကားအရာဖြင့် စော်ကားခြင်း မပြုမိစေရန် အတွက် ရေးလိုက်ရခြင်းဖြစ်ပါသည်။

ယခုရရှိထားသည် ဘဝကလေးဖြင့် လောဘ ဒေါသ မောဟတည်းဟူသော လှေကားသုံးထစ်ရှိသော ဒုဂ္ဂတိဘုံသို့  ဆင်သက်သွားခြင်းမှ ရှောင်ကြဉ်ရပေမည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသော လှေကားလေးထစ်တွင် အနည်ဆုံး တစ်ထစ်ရအောင် တက်နိုင်ဖို့ လိုအပ်နေပေသည်။
ရွှေတောင်ထိုက်သော ပါရမီ ရှင်သော်မှ မိုက်ပြစ်ကို ခံစားရသေးလျှင် စာရေးသူတို့ နှင့်တကွ အားလုံးတို့ က ဘာပါရမီရှင် မှန်းမသိ၍ မမိုက်ကြဘဲ  အထက်တက်မည့် လှေကားတစ်ထစ်လောက်ကိုတော့ ဖြင့် နင်းနိုင်အောင်ကြိုးစားကြပါစို့ ....ဟုဆန္ဒပြုရင်း။

Friday, August 19, 2011

နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်

                   မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ခုသောသန်းခေါင်ယံအချိန်၌ ရောဟိတအမည်ရှိသောနတ်သားတစ်ပါးသည်ဇေတဝန်ကျောင်းတော်သို ရောက်ရှိလာ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်တစ်ခုလုံးသည်ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည်ဘုရားရှင်ထံ ချဉ်ကပ်ပြီး ဤ သို့ မေးလျှောက်
လေသည်။ အရှင်ဘုရား ပဋိသန္ဓေ မနေရာ မအိုရာ  မနာရာ မသေရာဖြစ်သောလောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော့။ 
အသင်နတ်သား လောက၏အဆုံးဖြစ်သောနိဗ္ဗာန်သို့  ခြေဖြင့်သွား၍ မရောက်နိုင်ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တစ်ခုသောဘဝတုန်းက တန်းးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။
အကျွန်ုပ်သည် လေးမှ ပစ်လွတ်လိုက်သောမြား၏အလျင်မြန်ဖြင့် သွားနိုင်သောတန်ခိုးရှိပါသည်။

အရှေ့ သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တစ်လှမ်းတည်းသောခြေလှမ်းဖြင့်ရောက်နိုင်ပါသည်။
အကျွန်ုပ်သည် ဤသို့ သော လျင်မြန်ခြင်းရှိသည့်ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  အရောက်သွားနိုင်ရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။  ထိုစိတ်ဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန် စားချိန် ကျင်ကြီး ကျင်ငယ် စွန့် ချိန်မှတစ်ပါးအသက်တစ်ရာတမ်းပတ်လုံး နိဗ္ဗာန်သို့  ခြေကျင်သွာခဲ့ပါသည်။ သို့ သော် နိဗ္ဗာန်သို့ မရောက်ဘဲ စကြာဝဠာအကြား၌ သာလျှင်သေခဲ့ရပါသည်။ ထိုကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်ဟူသော အရှင်ဘုရား၏ စကားသည် မှန်ကန်လှပေ သည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည်လည်း မရှိ။ထိုကြောင့် နိဗ္ဗာန်သို့    ရောက်နိုင်သည့် မြတ်သော အကျင့်ကို ကျင့် ပြီးသောပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း တမလွန်လောကကို၎င်း ဘယ်အခါမျှ မတောင်းတတော့ချေ။ စင်စစ်အားဖြင့်  တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌ သာလျှင် လောကကို၎င်း လောကဖြစ်ပေါ်ကြောင်းအကျင့်ကို၎င်း လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့ နိုင်ပေသည်  ဟု ဟောကြားတော်မူလေသည်။

                         ဘုရားရှင်၏ တရာစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရဝမ်းမြောက်မိလေသည်။ထိုနောက်လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီးနတ်ပြည်သို့  ပြန်သွားလေသတည်း။   

                                            အကိုး။  အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်။

Tuesday, August 9, 2011

သိပ္ပံပညာ တိုးတက်ခြင်းသည် ကမ္ဘာငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်ပါသလား၊

လောကဓာတ်ဆိုတဲ့ သိပ္ပံပညာတွေက တစ်နေ့ တစ်ခြားကြိးပွားတိုးတက်လျှက်ရှိနေပါသည်။ရှေးက ရက်ပေါင်းများစွာသွားရတဲ့ခရီးကို ယခုမူကား ..ကား မီးရထား သင်္ဘောလေယာဉ်ပျံတို့ ဖြင့်
ရက်အနည်းငယ်အတွင်း နာရီပိုင်းအတွင်းမှာပင် သွားရောက်နိုင်ပါပြီ။ကြေးနန်း 
ဝိုင်ယာလက် ရုပ်မြင်သံကြားတို့ ဖြင့် အလွန်ဝေးလံသောကမ္ဘာ့တစ်ဘက်စွန်းမှ အခြားတစ်ဘက်စွန်းသို့  သတင်းစကားတွေ ရုပ်ပုံနှင့်တကွအသံတွေကိုပါ အချိန်အနည်းငယ်အတွင်း မှာပင် ပေးပို့နိုင်ပါပြီ။
အထပ်တစ်ရာကျော်တဲ့အဆောက်အအုံကြီးတွေကိုလည်းတည်ဆောက်နိုင်ပါပြီ။အဏုမြူဗုံး ဟိုက်ထရိုဂျင်ဗုံး ဒုံးပျံစတဲ့အသစ်ဆန်းလက်နက်တွေလည်း မရပ်မနားထွန်းကားနေလျှက်ရှိပါပြီ။
သို့ ရာတွင် ထိုလက်နက် တွေဟာကမ္ဘာကြီးကိုတစ်ခါတည်းပြာကျသွားအောင်လုပ်မယ်သေမင်းရောင်ခြည်
လို့ ခေါ်ထိုက်တဲ့လက်နက်ဆန်းတွေပင်မဟုတ်ပါလော့။     ပထမကမ္ဘာစစ်ကြီးပြီးစက
နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ထောင်ပြီးကမ္ဘာ့ငြိမ်းချမ်းရေကို  ကြိုးစားခဲ့ကြပါတယ်။ 
သို့ ရာတွင် (၂၄)နှစ်ခန့် ကျော်တဲ့ဒုတိယကမ္ဘာစစ်ကြီး တစ်ဖန်ဖြစ်ပေါ်လာပြီးတော့ အဏုမြူဗုံးဖြင့်
နိဂုံးချုပ်လိုက်ပါတယ်။အဲဒီနောက် ကမ္ဘာကုလသမဂ္ဂ အသင်းကြီး တည်ထောင်ပြီးငြိမ်းချမ်းရေးဝါဒကို 
ဟစ်အော်ခဲ့ကြပြန်တယ်။သို့ ရာတွင် တကယ်တမ်းစိတ်မချရသေး။တတိယကမ္ဘာစစ်ကြီး ဖြစ်လိမ့်မယ်လို့  ဟိန်းဟောက်ခြိမ်းခြောက်လျက်ပင် ရှိနေပြန်ပါတယ်။ မဖြစ်ပါစေနှင့်လို့  ဆုတောင်းမေတ္တာပို့ သ
လျက်ပင်ရှိပါတယ်။
အကယ်၍ ဖြစ်ပေါ်ခဲ့လျှင် သေမင်းရောက်ခြည်လို့ ခေါ်ထိုက်တဲ့ဟိုက်ဒရိုဂျင်းဗုံးအဏုမြူဗုံး ဒုံးပျံ
စသည်တို့ ကို အသုံးပြုမယ်ဖြစ်လို့ မတွေးဝံ့အောင်ပင်ကြောက်ရွံ့ ထိပ်လန့် ဖွယ်ရာ ဖြစ်ပါတယ်။ဒါဖြင့် ကမ္ဘာကြီးမငြိမ်းချမ်းခြင်းသည် လူဆင်းရဲ တို့ အပေါ် ပညာမဲ့လူတန်းစားတို့ အပေါ် ၌
စုပုံချထားဖို့ မသင့်လျှော်ပါ။မလှလျှင် စုန်းရိုးမရှိလဆင် ခိုးနိုးနိုးဆိုတဲ့ စကားအတိုင်းမဖြစ်ထိုက်ပါ အကြောင်းရင်းကိုစိစစ်ရှာဖွေရန်လိုပါတယ်။ တစ်ကမ္ဘာလုံး(သို့ မဟုတ်)တစ်လောကလုံး မငြိမ်းခြင်း၏
အရင်းမြစ်ကတော့ကိလေသာ ထူထပ်ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ထိုသို့ ကိလေသာထူထပ်သူတဲ့သူ
ကိုပင် ပုထုဇဉ်လို့ ခေါ်ရပါတယ်။ 
ကိလေသာဆိုတာဘာလဲ
စိတ္တံကိလိဿတိ၊ဥပတပ္ပတိ၊ဗာဓိယတိဝါ၊ဧတေဟီတိ ကိလေသာလို့  ဝိဂြိုဟ်ပြုကြပါတယ်။
မြန်မာပြန် အဓိပ္ပါယ်ကတော့ စိတ်ကို ညစ်ညူးအောင် ပူပန်အောင်ညှင်းပန်းနှိပ်စက်တက်တဲ့သဘော
တရားကို ကိလေသာဟု ခေါ်ပါတယ်လို့ ဆိုပါတယ်။ကိလေသာအမျိုးစား အကျယ်အားအားဖြင့်
ကိလေသာ(၁၅၀၀)ရှိပါတယ်။အကျဉ်းအားဖြင့်တော့(၁၀)ပါးရှိပါတယ်။
အဲ့ဒီဆယ်ပါးကတော့ 
၁။လောဘ-လိုချင်တပ်မက်ခြင်း၊
၂။ဒေါသ-အမျက်ထွက်ခြင်း 
၃။မောဟ-မိုက်မဲတွေဝေခြင်း မသိခြင်း
၎။မာန-ထောင်လွှားမော်ကြွားခြင်း တက်ကြွခြင်း
၅။ဒိဌိ-အယူလွဲမှားခြင်း
၆။ဝိစိကိစ္ဆာ-ယုံမှားခြင်းမဆုံးဖြတ်နိုင်ခြင်း 
၇ထိန-ငိုက်မျဉ်းခြင်း ပျင်းရိခြင်း 
၈။ဥဒ္ဓစ္စ- စိတ်ပျံလွင့် ခြင်း စိတ်မငြိမ်သက်ခြင်း
၉။အဟီရိက-အကုသိုလ်ပြုရန် မရှက်ခြင်း 
၁၀။အနောတ္တပ္ပ-အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ ဖြစ်ကြပါတယ်။
ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံ နိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ယခုပြောခဲ့တဲ့ ကိလေသာ(၁၀)ပါးတွေ
အပြည့်အနှက်ရှိနေပါတယ်။အဲ့ဒါကြောင့် လူ့ ဘောင်မှာဥစ္စာပစ္စည်းရှာဖွေလျက်  သားတွေ မယားတွေနှင့်
စည်းစိမ်းခံနေကြတဲ့ပုဂ္ဂိုလ်တွေကိုသာကိလေသာထူထပ်တယ် လို့ မထင်မှတ်ကြပါနှင့်။
ကိလေသာ(၁၀)ပါးမျာ လည်းအခိုက်အတန့် အားဖြင့်သုံးပါးစီရှိပါတယ်။
ကိလေသာအခိုက်အတန့် (၃)ပါး
၁။ဝီတိက္ကမကိလေသာ -အကြမ်းစားကိလေသာ  ၂။ပရိယုဌာနကိလေသာ-အလတ်စားကိလေသာ
၃။အနုသယကိလေသာ-အနုစားကိလေသာ လို့ သုံးမျိုးခွဲခြားထားပါတယ်။
ဝစီဒွါရ မှအလွန်ကြမ်းတမ်းစွာ ထကြွသောင်းကြမ်းကျန်း လှုပ်ရှားကြတဲ့ဝစီဒုစရိုက်တွေကာယဒွါရ မှ 
အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ ကာယဒုစရိုက် တွေကိုဝီတိက္ကမ ကိလေသာ
လို့ ခေါ်ပါတယ်။ထိုကိလေသာကိုတော့ မျက်မြင်အားဖြင့်လူတိုင်းပဲသိနိုင်ပါတယ်။ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ 
လှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရိုသေးဘဲ စိတ်နှလုံးမှာသာ ပွတ်ပွတ်ဆူလျက်ထကြွနေတဲ့ဒေါသ
စတဲ့တရားတွေကို ပရိယုဌာနကိလေသာလို့ ခေါ်ပါတယ်။ 
ထိုကိလေသာမျိုးထကြွခြင်းကိုတော့  အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ် တွေ
ကိုယ်စောင့်နတ်တွေသာလျှင်သိနိုင်ပါတယ်။ မနောဒွါရမှာပင်ထကြွခြင်းမရှိသေး။စိတ်သန္တာန်၌ အမြဲကိန်းလျက် ဝပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသ စသောတရားတွေကို အနုသယကိလေသာလို့ ခေါ်ပါတယ်။ကိုကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမျှတစ်ပါး
ဘယ်သူမှမသိနိုင်ပါ။
အကြမ်းစားဖြစ်တဲ့ ဝီတိက္ကမကိလေသာ ကို တဒင်္ဂပဟာန် တစ်ဘဝစာလောက်
ပတ်သတ်နိုင်တဲ့နနည်း။အလတ်စားဖြစ်တဲ့ပရိယုဌာနကိလေသာကိုဝိက္ခမ္ဘနပဟာန် ၊နှစ်ဘဝစာလောက် ပယ်သတ်နိုင်တဲ့နည်းတွေကတော့ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။
ယခုအခြားဘာသာတွေမှာလည်းအထိုက်အလျောက် အသင့်အတင့်ရှိကြပါတယ်။အနုသယကိလေသာကို
သမုစ္ဆေဒပဟာန်ဆိုတဲ့ အကြွင်းမဲ့သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။
ဗုဒ္ဓမရှိသည်နောက် မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ဗုဒ္ဓသာသနာတော်ဘောင်အတွင်းမှာသာ ကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ဗုဒ္ဓ၏ သာသနာတော်နှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်
မလိုက်နာတဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေက တော့သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။
ပြဆိုပြီးတဲ့ကိလေသာ(၁၀)ပါးးတို့ တွင် ခေါင်းဆောင်ကဒိဋ္ဌိပဲဖြစ်ပါတယ်။ဒိဋ္ဌိဆိုတာလည်းအတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိကိုဆိုလိုပါတယ်။သူ၏ဘက်တော်သားနောက်လိုက်တွေကတော့
တဏှာနှင့်မာနတို့ ဖြစ်ကြပါတယ်။ထိုသုံးခု အပေါင်း အဖွဲကြီးကိုပပဉ္စတရားသုံးပါးလို့ ခေါ်ပါတယ်။ 
အဓိပါယ်ကတော့သံသရာနယ်ချဲ့သမားအဖွဲ့ ကြီးလို့ ဆိုပါတယ်။သတ္တဝါတို့ အား ဖမ်းယူကိုက်ဝါးတက်တဲ့အတွက် ထိုအဖွဲ့ကြီးကိုဂါဟတရား(၃)ပါးလို့ လည်းခေါ်ပါတယ်။
အထင်မှားအမြင်မှာအယူမှားတို့ကိုဖြစ်စေတက်တဲ့အတွက်မညနာတရားလို့ လည်းခေါ်ပြန်ပါတယ်။
ယခုပစ္စုပ္ပန်လောကမှာလည်း အတ္တဒိဋ္ဌိ(ဝါ)သက္ကာယဒိဋ္ဌိ ခေါင်းဆောင်ကြီးကို မနှိမ်းနင်း မသုတ်သင်နိုင်လို့ သူ၏တွဲဖက်ရဲဘော်ဖြစ်ကြတဲ့ တဏှာမာနတို့ ၏ထကြွသောင်းကျန်းခြင်းကိုခံနေကြရပါတယ်။
တစ်ကမ္ဘာလုံး ငြမ်းချမ်းရေးမရခြင်း၏ အရင်းမြစ်ဟာထိုဒိဋ္ဌိကြိးပင်ဖြစ်ပါကြောင်း
ကောင်စွာသိထား  ဖို့ လိုပါတယ်။
သံသရာတစ်လျှေက်လုံးမှာလည်း ထိုအတ္တဒိဌိခေါင်းဆောင်းတဲ့ပပဉ္စအဖွဲ့ကြီးကအောက်သို့ အဝီစိထိအောင် နယ်ချဲ့ တက်ပါတယ်။အထက်သို့လည်းဘဝဂ်တိုင်အောင်နယ်ချဲ့ နိုင်တဲ့သတ္တိရှိပါတယ်။အဲ့ဒါကြောင့်
အပါယ်ဘေးကြီးဝိနိပါတဘေးကြီး အို ၊နာ ၊သေ ၊မွဲ ၊ကွဲ၊ဘေးကြီးတွေ့နှင့်ပြေးမလွတ်နိုင်အေအာင်ရင်ဆိုင်တွေ့ နေကြရပါသောကြောင့်ဗုဒ္ဓ၏တရားတော်ကိုလက်ရှိမရသမျှ ကာလပါတ်လုံး ဘုံ(သုံး)ပါး၌ ဘယ်သူမျှငြိမ်းချမ်းရေးမရနိုင်ကြ။ဘယ်ပုထုဇဉ်မျှ လွတ်လပ်ရေး မရနိုင်ကြပါ။
အို ၊နာ ၊သေ ၊မွဲ ၊ကွဲ ၊ဆိုတဲ့စကားကို မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ
မိန့် ဆိုတော်မူတက်ပါတယ်။အို ၊နာ ၊သေ ကတော့ထင်ရှားပါပြီး။ မွဲ ၊ကွဲ၊ဆိုတဲ့ စကားအဓိပ္ပါယ်ကတော့
လောက၌ ဘယ်စည်းစိမ်းရှင်ဓနရှင်မဆို သေတဲ့အခါ နေ့ စဉ်ဝတ်ထားတဲ့စိန်လပ်စွပ်ကြီးကို ယူမသွားနိုင် ခါးမှာဝတ်လေ့ရှိတဲ့ပိုးလုံချည်ခပ်ကောင်းကောင်း ကလေးကိုပင်
ဝတ်ပြီးတော့မသွားနိုင်ရှာကြဘူး။ချွတ်ယူထားလိုက်ကြလို့  လုံချည်အဟောင်းအနွမ်းကလေးနှင့် ပင်သွားရရှာပါတော့တယ်။အခြားရွှေ ၊ငွေ ၊စိန်ကျောက် ၊ဥယျာဉ် ခြံ မြေ တိုက်တာ၊မော်တော်ကား စသည်တို့ကိုတော့ ပြောဖွယ်ရာမရှိ။မိမိနှင့် ဘာမျှမဆိုင် ဘိသကဲ့သို့  ဖြစ်သွားကြောင်းကို
ထင်ရှားသိမြင်နိုင်ကြပါပြီ။သူတက်မွဲတဲ့ပုဂ္ဂိုလ်မရှိတော့ပြီ။ မိမိချစ်မြတ်နိုးတဲ့ သား၊မယား၊ဆွေမျိုး၊ညတိ၊မိတ်သင်္ဂဟတွေနှင့်လည်း မလွဲသာဘဲ ခွဲခွာသွားကြတဲ့ အတွက် အကွဲကြီး ကွဲလေပြီလို့ ဆိုလိုပါတယ်။
နာဘေးကြီး၊သေဘေးကြီးနှင့်  ရင်မဆိုခင် ကြိုတင်ပြီးတော့ အရေးကြီးလှတဲ့
သာသနာ  ဓမ္မကိုမရှာဖွေ မလေ့လာ မကျင့် သုံးခဲ့တဲ့အတွက် သာသနာတော်နှင့်အလွဲကြီး လွဲရလေပြီ လို ဆက်လက်ဖြည့်စွက်ပြီးတော့ထည့်သွင်းလိုက်ချင်ပါတယ်။
အောက်ထစ်ဆုံးဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာ နှစ်ပါးကို ခုတ်ထွင်း သုတ်သင်
ရှင်လင်းပယ်သတ်ခြင်း မပြုနိုင်သမျှကာလပါတ်လုံး ဘယ်တော့မျှကမ္ဘာကြီးမငြိမ်းချမ်းနိုင်ပါ။
ဒါကြောင့်သာသနာတော်အတွင်းမှာမှ သိမြင် ရရှိနိုင်တဲ့ ဒိဋ္ဌိသတ်ပုံသတ်နည်းအမျိုးမျိုးတို့ တို့ ကို
ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် ဆင်ခြင်တွေ ဆင်လတ်တွေနှင့် တောရှောင်
မြောက်ကွေ့ မလုပ်ကြဘဲ လာကြစမ်းပါ စမ်းကြည့်ကြစမ်းပါဆိုတဲ့ ဧဟိပဿိက
ဂုဏ်နှင့် ပြည့်စုံသော ပဋိပတ်လမ်းစဉ်ကိုအချိန်မှီ ရှာဖွေ ဆည်းပူးလိုက်နာ ကျင့်သုံးကြရန်ကောင်းမြတ်တဲ့ဆန္ဒဖြင့် သတိပေးလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့ ။အားလုံး ချမ်းသာကြပါစေ...

Monday, July 4, 2011

ပရဟိတ မြတ်ဗုဒ္ဓ

        လောကထဲမှာမြတ်ဗုဒ္ဓသည်သာအမြင့်မြတ်ဆုံးပရဟိတစွမ်းအားရှင်ဖြစ်ပါတယ်မြတ်ဗုဒ္ဓလောက်
ကြီးကျယ်ပြောင်မြောက် ထိရောက်အောင်ပရဟိတစါမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။
မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင်မြတ်ဆုံး အတိကျဆုံး အပြညည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆောင်ရှင်ပါ။ ပရဟိတစိတ်နဲ့  ပဲ ခတ်ခဲ တဲ့ ပါရမီတွေဖြည့်ခဲ့တယ်။ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့ပါသည်။    အတ္တဟိတသက်သက်သာဆိုရင်ဘုရားဖြစ်အောင်ကျင့်နေဖို့တောင်မလိုပါဘူးသုမေဓာရှင်ရသေ့ ဘဝက 
သာဝကပါရမီပြည့်နေပြီးသားဖြစ်ပါသည်။ဆက်အားထုပ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ 
သေချာနေခြင်းဖြစ်ပါသည်။ ပရဟဟိတစိတ်ကြောင့်သာအသက်စီးစိမ်းများစွာစွန်လွှတ်အနစ်နာခံခဲပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းတွေကို ဖြည့်ကျင့်ခဲ့တာဖြစ်သည်။ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးလိုတာကြောင့် အကြီးကျယ်ဆုံးသဗ္ဗညုတညဏ်တော်ကြီးကို ရဖို့ အတွက် ကိုယ်ကျိုးစွန် ခဲ့ခြင်းဖြစ်ပါသည်။ပါရမီ ဖြည့်တယ်ဆိုတာ ကိုယ်ကျိုးစွန် အနစ်နာ ခံလိုက်တာဖြစ်ပါသည်။ပရဟိတအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် အနစ်နာခံ ခဲ့ပါတယ်။ပရဟိတလုပ်ဖို့ အတွက် အရည်အသွေးမြင့်အောင် မြှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ သဗ္ဗညုတညဏ်တော်ကြီးကို လိုချင်တာက လောကထဲမှာ ကြွားချင်ဝါချင်လို့ မဟုတ်ပါ။ ညဏ်ကြီးညဏ်ကျယ်မှ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်နိုင်မှာဖြစ်ပါသည်။ များများသိမှ များများပေးနိုင်ပါသည်။ ကြီးကြီးသိမှ ကြီးကြီးပေနိုင်ပါသည်။ကောင်းကောင်းသိမှလည်းကောင်းကောင်းပေးနိုင်ပါသည်။ဒါကြောင့်ကြီးကြီးကျယ်ကျယ်
လုပ်ပေးချင်လို့ကြီးကျယ်တဲ့ညဏ်ကိုရဖိုအတွက်အကြီးကျယ်ဆုံးလုပ်ငန်းတွေကိုလုပ်ဆောင်ခြင်းဖြစ်ပါသည်။မြတ်
ဗုဒ္ဓဟာအလောင်းတော်ဘဝကပရဟိတစိတ်နဲ့ပါရမီတွေဖြည့်ခဲ့လိုသဗ္ဗညုတညဏ်ကိုရရှိခဲ့ပါသည်။
သဗ္ဗညုတညဏ်တော်ကိုတောင် ပရဟိတညဏ်လို့ ခေါ်ရင်တောင်ရနိုင်ပါသည်။ သဗ္ဗညုတညဏ်တော် ရပြီးတော့လည်း ပရဟိတစိတ်နဲ့ ပဲ တရားတော်တွေကို ဟောခဲ့ခြင်းဖြစ်ပါသည်။ပရဟိတစိတ်နဲ့  ပဲပါရမိတွေဖြည့်ခဲ့ လို့ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာဆိုတော့ တရားဟောတော့လည်းပရဟိတစိတ်စစ်စစ်နဲ့ ပဲဟောတော်မူပါသည်။ အကျိုးသာရှိမယ်ဆိုရင် တစ်ယောက်တည်းလည်း ရှိပါစေ ကြွတော်မူပါသည်။ သူများတွေ ပင့်တာလျှောက်တာကိုစောင်မနေပါဘူး။ ပရဟိတသမားဟာ အပင်ကိုစောင့်နေဖို့ လည်း မလိုပါဘူး။ အဝေးအနီးကိုထည့်တွက်ဖို  လည်းမလိုပါဘူး။တရားဟောလို့  တရားနာရသူတွေ  အသိတရားတွေ ရသွားကြခြင်းဖြစ်ပါသည်။
ဆင်းရဲ အပူမျိုးစုံတွေ ငြိမ်းသွားကြပါသည်။စိတ်ဓာတ်ငြိမ်းချမ်းပြီး ချမ်းသာမျိုးစုံ ရသွားခြင်းဖြစ်ပါသည်။လောကီလောကုတ္တရာညဏ်ဓာတ်တွေ ပွင့်သွားကြပါသည်။
ဘယ်သူဆီက မှ ဘာကိုမျှ မမျော်လင့်ပဲ ကိုယ်ဆွမ်းကိုယ်စားပြီးတရားဟောသည် ကိုယ့်ကြောင့်သူတို့   ချမ်းသာရင်ပြီးရောပေါ့။အဲဒိလိုမြင်မြတ်တဲ့စိတ်နဲ့ တရားတွေဟောခဲ့ခြင်းဖြစ်ပါသည်။ ဒါကြောင့် ဘုရားရှင်သည် ပရဟိတစွမ်းဆောင်ရှင် တွေထဲမှာ အထူးခြားဆုံး အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ အထိရောက်ဆုံးစွမ်းဆောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ထူးကြီးလည်းဖြစ်ပါသည်။သတ္တဝါတွေ ဒုက္ခမျိုးစုံ လွတ်ဖို့  ချမ်းသာမျိုးစုံရဖို့ ကိုယ်ဟာကို နည်းမှန်လမ်းမှန် ကယ်တင်တက်ဖို့ နည်းလမ်းတွေ ညွန်ပြပေးလိုတာကြောင့် ကိုယ်ကျိုးစွန့် ပြီး အနစ်နာတော်ခံ တာဖြစ်ပါသည်။ဗုဒ္ဓ ဆိုတာကပဲ အထူးချွန်ဆုံး ပရဟိတစွမ်းဆောင်ရှင်ရဲနာမည်တော်ဖြစ်ပါသည်။
ဗုဒ္ဓကိုပဲ ဗဟန်းမဟာဝိသုဒ္ဓါရုံယောဆရာတော်ကြီးက  ဆောင်ပုဒ်လေးနဲ့ မှတ်သားဖွယ် ပြဆိုတော်မူခဲ့ပါသည်.....အမြတ်ထူးခြား၊ လွန်သနား၍ ၊ အများအကျိုး ၊ ကောင်းရာတိုး ဖို့ ကိုယ်ကျိုးစွန့် ခွာ၊ ဖြည့်ကျင့်ကာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ဒုက္ခလွတ်ရန် ၊ချမ်းသာရန်နှင့် ၊ အမှန်ကယ်ရေး နည်းလမ်းပေးဖို့ ၊ဖြူးဖွေးနှလုံး ၊အစဉ်သုံးကာ၊ ဖြည့်ကျင့်လာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ပရဟိတ  မြတ်ဗုဒ္ဓ  ထူးလှအာဇာနည်။

Sunday, July 3, 2011

လူသားအားလုံးသို့ 

                    ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင်ထွန်းကားနေဆဲ ဖြစ်သော
ဘာသာများအနက်ဘာသာတရားတစ်ခုဖြစ်သည်။လူတို့ သည်အိန္ဒိယနယ်မြေတွင်ပေါ်ပေါက်ခဲ့သည်
ဘာသာအယူဝါဒများအနက် ဗုဒ္ဓဝါဒကိုမူ အစဉ်တစ်စိုက် နှလုံးသွင်းခဲ့ကြသည်။
ဗုဒ္ဓဝါဒသည် လူအဖွဲ့ စည်း၏ လိုအင်များနှင့်လိုက်လျောညီထွေမှုရှိ၏။အကြောင်းသော်ကား ဗုဒ္ဓသည်လူသားမျိုးနွယ် အနေဖြင့်သာ အစဉ်နေထိုင်၍တရားဓမ္မ ဟောခဲ့သောကြောင့်ဖြစ်သည်။ဗုဒ္ဓသည် လူတို့ အား ဘဝလွတ်မြောက်မှုပျော်ရွှင်ချမ်းမြေ့မှုနှင့် ကောင်းကျိုးချမ်းသာတို့ဖြစ်ထွန်းတိုးပွားစေရန် ဆုံးမ လမ်းညွှန်တော်မူခဲ့သည်။ 
ကိလေသာကာမနှင့်ယှဉ်သည် ချမ်းသာကိုအဖန်တလဲလဲ ခံစားသော အကျင့် မိမိကိုယ်၏ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတက်သောအကျင့် ဤ အစွန်းနှစ်ပါးမှလွတ်ကင်းသော မဇ္ဈိမပဋိပဒါခေါ် အလယ်အလတ်လမ်းစဉ်ကို ချပြတော်မူခဲ့သည်။ ဗုဒ္ဓ၏အဆုံးအမများသည် လက်တွေ့ ကျ၏ ဤသို့လက်တွေ့ ကျကြောင်းကို- လူအသီးသီးတွင်မတူညီသော ကိလေသာ ကိုယ်စီရှိနေကြသောကြောင့် လူတိုင်းလူတိုင်းသည်တစ်ခုသောပန်းတိုင်သို့  တူညီညီစွာ ရောက်ရှိရန် မမျော်လင်နိုင်။ဟူသောအချက်ကဖော်ပြနေသည်။ ကိလေသာ ပမာဏအလျောက် ရောက်ရှိခံစားရသောအကျိုးတရားတို့ သည် ကွာခြားကုန်၏။
ကိလေသာနည်းပါး၍ စိတ်ပိုင်းဆိုင်ရာမြင့်မားသူတို့ သည် မြင့်မားရာသို့  တက်လှမ်းနိုင်ကြသည်။ ကိလေသာများ၍စိတ်ပိုင်းဆိုင်ရာ နိမ့်ကျသူတို့ သည် နိမ့်ကျရာသို့ သာ သွားကြရသည်။ သို့ရာတွင် လူတိုင်းသည် တိကျခိုငမာသော စိတ်ပိုင်းဖြတ်မှုရှိလျှင်ဗုဒ္ဓအဖြစ်တည်းဟူသော အမြတ်ဆုံးပန်းတိုင်သို့ ပင် ရောက်နိုင်ပါသည်။ထိုအမြတ်ဆုံးပန်းတိုင်းသို့  ရောက်ရန်ကိုမူကြိုးပမ်းအားထုတ်ကြရပေလိမ့်မည်။ ဗုဒ္ဓ၏ အေးငြိမ်းသော သာယာနာပျော်ဖွယ်ဖြစ်သောညအသံတော်တို့ ကို ကျွန်ုပ်တို့ ၏ နားထဲတွင်ယနေ့ ထိတိုင်
ကြားယောင်နေဆဲ ဖြစ်သည်။တစ်ခါတစ်ရံ ကျွန်ုပ်တို့ သည် ဗုဒ္ဓကိုပြီးပြည့်စုံစွာ နားလည်ရန် လက်လှမ်းမမှီနိုင်သောကြောင့် အနည်းငယ်ရှက်ရွံကောင်း ရှက်ရွံမိခဲ့ကြပေလိမ်မည်။ကျွန်ုပ်တို့ သည်
ဗုဒ္ဓ၏တရားတော်များကို မကြာခဏ ချီးမွမ်းရွတ်ဆိုကြ၍ ဗုဒ္ဓကိုဦးထိပ်ထားခဲ့ကြသော်လည်း ဗုဒ္ဓဟောကြားတရားတော်များကိုမူလိုက်နာကျင့်သုံးရန် အားမထုပ်ခဲ့ကြပေ။ ဗုဒ္ဓ၏ တရားတော်များနှင့်
အဆုံးအမများသည်ကား ဗုဒ္ဓဝါဒီတို့ အတွက်သာမက အခြားသော ဘာသာရေးအယူရှိသူတို့အတွက်ပင်လျှင် နှစ်ပေါင်းထောင်နှင့်ချီ၍  နှစ်လိုဖွယ်ရာဖြစ်ခဲ့ကုန်၏။လူတို ၏အညွန့်အဖူးဖြစ်သော ဗုဒ္ဓသည် ဤကမ္ဘာလောကတွင်ကြာရှည်စွာ ပွင့်တော်မမူခဲ့သော်လည်းဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏
သင်းပျံ့  မွှေးကြိုင်သော ထိုရနံတို့ သည် နေရာအနှံ့ သို့ ပျံ့ နှံ့ခဲကြသည်။ကိုယ်စိတ်နှလုံး အေးငြိမ်းသောသင်းပျံ့သောထိုရနံ့တို့သည်လူသန်းပေါင်းများစွာကိုသာယာချမ်းမြေ့စေခဲ့သည်။လူမျိုးအသီးသီး၏
စိတ်နှလုံးကိုရွှင်လန်းတက်ကြွစေခဲ့သည်။ ဗုဒ္ဓ၏တရားတော်များသည်သန်းပေါင်းများစွာသောလူတို့၏နှလုံးသားကိုမေတ္တာတရားကရုဏာတရားတို့ဖြင့်သာ
ချဉ်းကပ်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။
ဤကမ္ဘာလောကတွင်ဗုဒ္ဓပွင့်တော်မူပြီးနောက် နှစ်ဆယ့်ငါးရာစုနှစ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။တိုင်းနိုင်ငံအချို့သည်ပေါ်ပေါက်လာပြီးပျက်သုဉ်းခဲ့ကုန်၏။လူမျိုးနွယ်အချို့သည်လည်းတိုးပွားလာပြီး
ပျောက်ကွယ်ခဲ့ကုန်၏။ဤသို့ပျက်သုဉ်းပျောက်ကွယ်
ခဲ့သောအရာများစွာထဲတွင်ဗုဒ္ဓဟူသောအမည်တော်မပါဝင်ခဲ့ချေ၊ဗုဒ္ဓဟူသောအမည်တော်သည်ယနေ့ခေတ်သန်းပေါင်း
များစွာသော လူတို့၏စိတ်ထဲထိတိုင်ရှင်သန်နေဆဲသစ်လွင်နေဆဲဖြစ်သည်။ဗုဒ္ဓတည်းထောင်ခဲ့သောသစ္စာတရားနိုင်ငံတော်
သည်လည်းခိုင်ခံ့နေဆဲ၊စွဲမြဲတည်တံ့နေဆဲဖြစ်သည်။
ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတော်တို့ ကို အောင်မေ့၍ တည်ထားခဲ့သော စေတီပုထိုးများ ဆင်းတုတော်များ စာပေကျမ်းဂန်များနှင့်ဘာသာရေးဆိုင်ရာအမှတ်လက္ခဏာများကိုခေတ်အဆက်ဆက်တွင်  အချို့သောသူများကဖျတ်ဆီးခဲ့ကြသော်လည်းဗုဒ္ဓ၏စင်ကြယ်မြင့်မြတ်သောအမည်တော်နှင့်ဗုဒ္ဓလမ်းညွန်ခဲ့သော အဆုံးအမများကိုမူဖျတ်ဆီးနိုင်ခြင်းမရှိခဲ့ချေ။ဗုဒ္ဓ၏စင်ကြယ်မြင့်မြတ်သောအမည်တော်နှင့်အဆုံးအမများသည်
တွေးတောဆင်ခြင်တက်သောလူတို့
၏စိတ်ထဲတွင် ကိန်းအောင်နေခဲ့ကိန်းအောင်းနေဆဲဖြစ်သည်။အကြီးမားဆုံးအောင်နိုင်မှုသည် အခြားသူများကိုနှိမ်နင်းခြင်းမဟုတ် မိမိကိုယ်ကိုနှိမ်နင်းနိုင်ခြင်းသာဖြစ်ကြောင်းကို.

အကြင်စစ်သူရဲကောင်းတစ်ယောက်သည်စစ်မြေပြင်တွင်စစ်သည်ဗိုလ်ပါတို့ကိုအကြိမ်တစ်သန်းအောင်နိုင်ရာ၏။
အကြင်သူရဲကောင်းတစ်ယောက်သည်ကားကိုယ်တွင်းကိလေသာကိုတစ်ကြိမ်တစ်ခါမျှအောင်နိုင်ရာ၏။
ကိုယ်တွင်းကိလေသာကိုတစ်ကြိမ်အောင်နိုင်သော ထိုသူကိုသာ အောင်နိုင်သူတို့ တွင် အမြတ်ဆုံးဖြစ်၏။(ဓမ္မပဒ၊သဟဿဝဂ္ဂ)
ဟုမိန်တော်မူခဲ့၏။ 
မဟာကရုဏာရှင်၏နှလုံးသားတွင် နူးညံ့သိမ်မွှေ့ သောအဆုံးအမများသည် ရက်စက်ကြမ်းကြုတ်ဆုံးသူကိုပင် မည်သို့ မည်ပုံ ပြုပြင်နိုင်ခဲ့ကြောင်း အကောင်းဆုံးပြယုဂ်အဖြစ် ဧကရာဇ်မင်းကြီး အသောက၏ ဖြစ်ရပ်ကို ပြနိုင်ပေသည်။ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်နှစ်ပေါင်းနှစ်ရာခန့်တွင်အသောကမင်းကြီးသည်အိန္ဒိယနိုင်ငံ၏အခြား
တစ်ဘက်တွင် ရက်စက်ကြမ်းကြုတ်သော  စစ်ပများကိုဆင်နွဲ ခဲ့၍ ပြင်းထန်သော နာကျင်မှုနှင့် ကြောက်ရွှံ ပူပန်မှုတို့ ကို ဖြစ်ပေါ်စေခဲ့သည်။သို့ ရာတွင် မင်းကြီးသည် ဗုဒ္ဓ၏ တရားဓမ္မရိပ်အောက်တွင် ခိုလှုံမိသောအခါ သူပြုလုပ်ခဲ့သောမကောင်းမှုများအတွက် နောင်တကြီးစွာရခဲ့သည်။ယူကြုံးမရဖြစ်ခဲ့သည်။ ထိုနောက်မင်းကြီးသည်ငြိမ်းချမ်းသော လမ်းစဉ်သို့ ကူးပြောင်းပြီးလူသားတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ထိုကြောင့်ပင်လျှင် ကျွန်ုပ်တို့ သည် အသောက မင်းကြီးကို ကြီးမြတ်သော မင်းတစ်ပါးအဖြစ် သတိတရ အလေးထား ဂုဏ်ပြုကြရသည်။

စစ်မှန်သော ကြီးမြတ်မှုသည် မေတ္တာတရားမှ ပေါ်ထွန်း၍ မုန်းတီးမှုမှ မပေါ်ထွန်းနိုင်။
စစ်မှန်သောကြီးမြတ်မှုသည် မိမိကိုယ် ကိုနှိမ့်ချမှုမှ ပေါ်ထွန်း၍ ထောင်လွှားမှုမှ မပေါ်ထွန်းနိုင်။
စစ်မှန်သောကြီးမြတ်မှုသည်ကြင်နာသနားမှုမှမပေါ်ထွန်းနိုင်ဟုဗုဒ္ဓကအခိုင်အမာမြွက်ကြားတော်မူခဲ့သည်။
ဧကရာဇ်မင်းကြီး အသောက၏ရက်စက်ကြမ်းကြုတ်မှုမှ ကြင်နာသနားမှုသို့ ကူးပြောင်းလာခြင်းကို သူ၏နိုင်ငံအတွင်းတိရစ္ဆာန်များ၏အသက်ကိုပကိုပင်လျှင်သတ်ဖြတ်ခြင်းမှတားမြစ်ထားခြင်းကပြီးပြည့်စု
စေပါသည်။တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲသို့ ချစ်သောမင်းကြီးသည် သူ၏တိုင်းသူပြည်သားများသည် ဆင်းရဲငတ်မွတ်မှုကြောင့်သာ သူတစ်ပါး၏ပစ္စည်းဥစ္စာများကိုခိုးယူကြခြင်းဖြစ်သည်။ဟု သိမြင်၍ သူနိုင်ငံအတွင်းဆင်းရဲမှု
တို့လျော့ကျနည်းစေရန် ရှေးရှုဆောင်ရွက်ခဲ့သည်။

ထိုပြင် ဗုဒ္ဓဝါဒီတို့ အားဗုဒ္ဓဆုံးမတော်မူခဲ့သည်အတိုင်း အခြားဘာသာရေးဂိုဏ်သားတို့ အပေါ် မည့်သည်အခါမျှ ဖိနှိပ်ရှုတ်ချခြင်း ကဲ့ရဲ့ ခြင်းမပြုရဟူသော မင်းကြီး၏ မှာကြားချတ်သည် မင်းကြီး၏ စိတ်နှလုံးနူးညံ့ခြင်း သဘောထားကြီးခြင်းတို့ ကို ဖော်ပြနေသည်။ အသောကမင်းကြီး၏ နောက်ပိုင်းခေတ်တွင်အချို့ သော ဘုရင်တို့ သည်မိမိတို့ ယုံကြည်သောဘာသာရေး အယူဝါဒတို့ ပျံ့ နှံ ထွန်းကားစေရန် အကြမ်းဖတ်နည်းကို စွဲကိုင်လာကြသည်။
လူဘောင်အဖွဲ အစည်းများကို ယဉ်ကျေးမှုအဆင့်အတန်း မြှင့်တင်နိုင်ရန်နှင့်ညီညွတ်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် အလို့ ငှာ ဗုဒ္ဓ၏တရားတော်များကို အဆိုပြုခဲ့ကြသည်။ကျွန်ုပ်တို့ သည် ဗုဒ္ဓ၏ တရားတော်များကိုလေ့လာမှတ်သား၍ နာယူကျင့်ကြံ ကြမည်ဆိုပါလျှင် ခပ်သိမ်းသော လူတို့၏ပြဿနာများကို ပို၍ပို၍နားလည်သိမြင်လာပေလိမ့်မည်။ဗုဒ္ဓသည် လောကကို အောင်နိုင်သူတို့ တွင် အကြီးမြတ်ဆုံး ဖြစ်သည်။ဗုဒ္ဓသည် မိမိ၏ မလွဲမှားနိုင်သော မေတ္တာလက်နက် သစ္စာလက်နက် တို့ ဖြင့် လောကကိုအောင်နိုင်ခဲ့သည်။ဗုဒ္ဓ၏ တရားတော်များသည်လည်း လူတို့ အား မုန်းတီးမှုဒေါသ ၊ဆင်းရဲ ခြင်းဒုက္ခ မည်သော အမှောင်ကမ္ဘာမှ ၊ချစ်မြတ်နိုးမှုမေတ္တာ ချမ်းသာခြင်းသုခ မည်သောအလင်းကမ္ဘာသစ်ဆီသို့ သွားရာလမ်းကို မီးမောင်းထိုးပြနေကုန်၏။
            
              စင်စစ် လူတို့ ၏ အညွှန့် အဖူးဖြစ်သော ဗုဒ္ဓသည် ဤကမ္ဘာလောကတွင် ကြာရှည်စွာပွင့်တော်မမူခဲ့သော်လည်းဗုဒ္ဓ၏ သင်းပျံ့ သော ခြိမ်းချမ်းရေးမှာတမ်း ရနံ့ တို့ မှာမူ ထာဝစဉ် တည်မြဲနေမည်သာ ဖြစ်သည်။
    [Dr.Dhanmanada"message for All ". what Buddhists Believe,Expended 4"th Edition, malayaia:Buddhist missionary society,2oo2,53-56ကို မြန်မာပြန်ဆိုထားသည်။]