Sunday, August 28, 2011

ဘဝနှင့် ဘဝနိရောဓ

ခန္ဓာတို့၏ ဖြစ်ပေါ်မှုကို ဘဝ-ဟု ခေါ်၏။ အချို့ဘဝမှာ ခန္ဓာငါးရပ် ပေါင်းစပ်၍ ဖြစ်၏။ သို့သော် အချို့ဘဝမှာ ခန္ဓာလေးရပ်သာ ပေါင်းစပ်၍ ဖြစ်၏။ ထိုဘဝမှာ ရုပ်ခန္ဓာ မရှိ။ အချို့ဘဝမှာ ခန္ဓာတစ်မျိုး သာ ဖြစ်၏။ ထိုဘဝမျိုးမှာ နာမ်ခန္ဓာလေးမျိုး မရှိ။ လူ့ဘဝကား ခန္ဓာငါးရပ် ပေါင်းစပ်ထားသော ဘဝဖြစ်သည်။
ယေဘုယျအားဖြင့် လူ့ဘဝသည် မိခင်ဝမ်းတွင် သန္ဓေတည်ခြင်းမှ စတင်ခဲ့သည်။ လက်ရှိဘဝ၏ အစ-အလယ်-အဆုံးကို လူတိုင်းလိုလို သိရှိနိုင်ကြ၏။ သို့ရာတွင် လက်ရှိဘဝမတိုင်မီက ဘာဖြစ်ခဲ့သည်ကို လူတိုင်းမသိနိုင်ကြ။ အချို့ပုဂ္ဂိုလ်များသာ (ဥပမာ- ဇာတိဿရ နှင့် ပုဗ္ဗေနိဝါသဉာဏ်ရသူများသာ) သိနိုင်ကြ၏။ အတိတ်ဘဝဆိုသည်ကို အမျိုးမျိုးကြံတွေးကြည့်ကြ၏။ အချို့က အတိတ်ဘဝဆိုသည်ကို ငြင်းပယ်ထားကြပြီး အချို့က အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည် ကြ၏။

အတိတ်ဘဝ ငြင်းပယ်ထားသူတို့က အဘယ့်ကြောင့် လက်ရှိဘဝ ရလာသည်ကို အဖြေရှာကြ၏။ အချို့က “လက်ရှိဘဝကို မမျှော်လင့်ဘဲ ရလာခြင်း၊ အကြောင်းမဲ့ရလာခြင်း”ဟု ဆိုကြ၏။ ထိုသူတို့ကို “အဟေတုကဝါဒီ” ဟု ခေါ်၏။ အချို့ကမူ လက်ရှိဘဝသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရသည်ဟု ဆိုကြ၏။ ထိုသူများကို “ဣဿရနိမ္မာနဝါဒီ” ဟု ခေါ်၏။
အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည်သူတို့ကမူ အကြောင်းကံ နှင့် သံသရာကို ရှင်းပြကြ၏။ ယခုဘဝဖြစ်လာသမျှ သုခ ဒုက္ခတို့သည် ရှေးဘဝကပြုလုပ်ခဲ့သည် ကံ၌သာ လုံးဝ အခြေခံသည်ဟု ဆိုကြ၏။ ထိုသူများကို “ပုဗ္ဗေကတဟေတုဝါဒီ” ဟု ခေါ်၏။ လူတိုင်းမှာ အစဉ်ထာဝရ ခိုင်မြဲသော အတ္တ သို့မဟုတ် ဇီဝ-ရှိ၏။ ထိုအတ္တဇီဝသည် ကောင်းဆိုးနှစ်တန် ကံစီမံသည့်အတိုင်း ကံ၏ အကျိုးကို ခံ-စံရင်း သံသရာလည်နေသည်ဟု “သဿတဝါဒီ”တို့က ဆိုကြ၏။

ဗုဒ္ဓဝါဒအရမူ အတိတ်ဘဝရှိသည် သို့သော် အတ္တဇီဝ မရှိ။ အတ္တ ဇီဝ-ဆိုသည်မှာ တွေးယူကြံဆချက်မျှသာ ဖြစ်၏။ အတိတ်ဘဝ- ဟူသည် ချုပ်ငြိမ်းနှင့်ပြီးသော ရုပ်နာမ်နှစ်မျိုးသာ ဖြစ်သည်။ ရုပ်နာမ်နှစ်မျိုးသည် သတ္တဇီဝမဟုတ်သော ကြောင်းကျိုးဆက်နွယ်ကာ စဉ်ဆက်မပြတ်ဖြစ်နေသော ဓမ္မသက်သက်သာ ဖြစ်၏။ ရုပ်နာမ်ခန္ဓာ တို့၏ စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေခြင်းကို သံသာရ- သံသရာ ဟုခေါ်၏။
ရုပ်နာမ်ခန္ဓာတို့သည် အကြောင်းမဲ့ မတော်တဆ ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင် ဣဿရ၏ လက်ရာလည်း မဟုတ်။ စင်စစ်မှာမူ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်နှစ်ရပ် အပြန်အလှန် ဆက်စပ်ကာ အကြောင်းအကျိုးအဖြစ် လည်ပတ်ဖြစ်ပေါ်နေခြင်းသာ ဖြစ်၏။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ဟု ဟောတော်မူ၏။
“ဤအရာ (အကြောင်းတရား) ရှိနေလျှင် ဤအရာ အကျိုးတရား ရှိ၏။ ဤအရာ (အကြောင်းတရား) ဖြစ်လာခြင်းကြောင့် ဤအရာ (အကျိုးတရား) ဖြစ်လာရ၏။”
သံသရာလည်ခြင်းဆိုသည်မှာ ကြောင်းကျိုးနွယ်ဆက် စဉ်ဆက် မပြတ် လည်ပတ်နေခြင်းပင်တည်း။ ထိုသို့ အစဉ်မပြတ် လည်ပတ် နေခြင်းကိုပင် “ဝဋ္ဋ”ဟုလည်းခေါ်၏။ ဝဋ္ဋ-သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်- ဟု သုံးမျိုးရှိ၏။ အမှန်မသိခြင်း၊ လိုချင်တပ်မက်ခြင်း၊ တပ်မက်စွဲ အယူစွဲတို့ဖြင့် စွဲလန်းခြင်းတို့ကို ကိလေသာဟု ခေါ်၏။ အကောင်းအဆိုး အမှုမျိုးကို ဖြစ်စေတတ်သည့် လှုံ့ဆော်မှုစေတနာကို ကမ္မ-ဟု ခေါ်၏။ ထိုကမ္မကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို ဝိပါက-ဟု ခေါ်၏။

ဤ၌ ကိလေသ-ရှိသောကြောင့် ကမ္မရှိသည်။ ကမ္မ-ရှိသောကြောင့် ဝိပါက-ရှိရလေသည်။ အရပ်သုံးစကားဖြင့် ဆိုရသော် “လိုချင်သည်၊ လုပ်သည်၊ ရသည်” ဟု ဆိုရမည် ဖြစ်၏။ ဤ၌ လိုချင်သည်-ဆိုသည်မှာ ကိလေသ၊ လုပ်သည်ဆိုသည်မှာ ကမ္မ၊ ရသည်ဆိုသည်မှာ ဝိပါက-ဖြစ်၏။ ထိုတရားသုံးပါးသည် ကြောင်းကျိုး အဖြစ် ဆက်နွယ်နေ၏။ “ရလျှင် လိုချင်ပြန်သည်၊ လိုချင်၍ လုပ်ပြန်သည်၊ လုပ်လျှင် ရလာပြန်သည်” ဟု စဉ်ဆက်မပြတ် လည်ပတ်နေမှုသည် မည်သည့်အချိန်မှ စတင်ခဲ့သည်ဆိုသည်ကို မသိနိုင်၊ “အနမတဂ္ဂေါ ယံ သံသာရော” = “ဤသံသရာ၏ အစကို မသိနိုင်” ဟု ဗုဒ္ဓမြတ်စွာက ဟောတော်မူသည်။

အလွန့်အလွန်ကြာလှပြီဖြစ်သည့်အတွက် သံသရာ၏အစကို မသိနိုင်သော်လည်း ၊ သံသရာ၏အဆုံးကိုမူ သိနိုင်၏။ အကြောင်း အကျိုးတို့၏ လုံးဝချုပ်ငြိမ်းမှုသည် သံသရာ၏ အဆုံးပင်ဖြစ်၏။
အလွန်ရှည်ကြာလှပြီဖြစ်သော သံသရာကို ရပ်တန့်စေလိုလျှင် အကြောင်းကိုရှာ၍ ဖျက်ဆီးရမည်။ အကြောင်းပြတ်လျှင် အကျိုးရပ်မည်။ သိသာအောင်ဆိုရသော် “လိုချင်မှုသည် အကြောင်း၊ လုပ်မှုသည်အကျိုး၊ တဖန် လုပ်မှုသည် အကြောင်း၊ ရမှုသည် အကျိုး၊” ဤသို့ အစဉ်အဆက်မပြတ် အကြောင်းအကျိုး လည်ပတ်လျက်ရှိရာ “လိုချင်မှု” ဟူသော အကြောင်းကို ဖယ်ရှားရမည်။ မလိုချင်လျှင် မလုပ်၊ မလုပ်လျှင် မရ၊ မရလျှင် လိုချင်မှုဆိုသည်မှာ ထပ်၍ မလာတော့သဖြင့် ကြောင်းကျိုးဆက်ပြတ်သည်။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ” ဟု ဟောတော်မူ၏။ အဓိပ္ပါယ်မှာ “ဤအရာ (အကြောင်းတရား) မရှိလျှင် ဤအရာ (အကျိုးတရား) မရှိ။ ဤအရာ၏ (အကြောင်းတရား) ချုပ်ငြိမ်းမှုကြောင့် ဤအရာ (အကျိုးတရား) ချုပ်ငြိမ်း၏။” ဟု ဆိုလို၏။ ဗုဒ္ဓဝါဒအရ အကျိုးမှန်သမျှ အကြောင်းတရားကြောင့် ဖြစ်၏။ မည်သည့်အရာမျှ အကြောင်းကင်း၍ မဖြစ်။ အကြောင်းမဲ့ဖြစ်သည်ဟူသော အဟေတုကဝါဒ-ကို ဗုဒ္ဓက ငြင်းပယ်တော်မူ၏။ အကျိုးကိုဖြစ်စေသည့် အကြောင်းဆိုရာ၌လည်း မဆီဆိုင်သော အကြောင်း (ဝိသမဟေတု) များကို ဗုဒ္ဓက လက်ခံတော်မမူ။ ဖန်ဆင်းရှင် ဖန်ဆင်းမှုကြောင့် (ဣဿရနိမ္မာန) စသော အကြောင်းများကို လက်ခံတော်မမူ။ အကြောင်းစစ် အကြောင်းမှန်များကိုသာ လက်ခံတော်မူသည်။ အကြောင်းစစ် အကြောင်းမှန်များကို သစ္စာလေးပါးဖြင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ဖြင့်လည်ကောင်း၊ ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့်လည်းကောင်း ရှင်းပြ တော်မူ၏။

အကြောင်းအကျိုးဖြစ်စဉ်သည် စာပေါင်းသိုက်ပမာ အလွန်ပင် ရှုပ်ထွေးလှ၏။ သာမန်အသိမျိုးဖြင့် နားလည်ရန် ခက်ခဲ၏။ အကြောင်း အကျိုးဖြစ်စဉ်ကို ထက်မြစူးရှသော ဉာဏ်ဖြင့်သာ ထိုးထွင်းသိနိုင်၏။ ထိုဉာဏ်မျိုးကို ရရှိရန် ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာကို လေ့လာသင်ယူ ရမည်ဖြစ်၏။ အဘိဓမ္မာကို သင်ယူခြင်းဖြင့် ဘဝ၏ အဓိပ္ပါယ်ကို တိတိကျကျ ပြည့်ပြည့်ဝဝ နားလည်နိုင်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်ရှိ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ သဘာဝကို သိနိုင်၏။ ရုပ်နာမ်စဉ်ဆက် ကြောင်းကျိုးနွယ်လျက် ဖြစ်နေပုံကို သဘောပေါက်၏။

အကြောင်းအကျိုး နှစ်မျိုးအနက် အကြောင်းကို ဖယ်ရှားခြင်းဖြင့် အကျိုးဇာတ်သိမ်းနိုင်ပုံကို နားလည်၏။ အကောင်းအဆိုး သဘာဝနှစ်မျိုးကို ခွဲခြားမြင်၏။ ထိုနှစ်မျိုးအနက် အကောင်းကို တိုးပွားစေခြင်းဖြင့် အဆိုးများ ဖယ်ရှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိလာ၏။ အဆိုးကုန်လျှင် အကောင်းတို့၏ အဆုံးသို့ ရောက်၏။ အကောင်းကုန်လျှင် အကြောင်းကုန်၏။ အကြောင်းပြတ်လျှင် ဖြစ်ပေါ်လာမှု အကျိုးရပ်၏။ သင်္ခါရတရားတို့၏ ဖြစ်မှုငြိမ်းခြင်းသည် ဘဝချုပ်ငြိမ်းခြင်းပင် ။

ဗုဒ္ဓမြတ်စွာက “ဘဝနိရောဓော နိဗ္ဗာနံ” ဟု ဟောတော်မူ၏။ ရဟန္တာအရှင်တို့က ဘဝချုပ်ငြိမ်းမှုကို နိဗ္ဗာန်-ဟု ရှုမြင်ကြ၏။ နိဗ္ဗာန်၌ ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၏။ ခံစားမှုမှန်သမျှ ချုပ်ပြတ်သွား၏။ ခံစားမှု မဖြစ်ပေါ်ခြင်းသည်ပင် နိဗ္ဗာန်ချမ်းသာ သန္တိသုခ ဖြစ်ပါသတည်း။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(၂၀၀၅-ခု ဓမ္မအသံ နှစ်ပတ်လည် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)

Monday, August 22, 2011

လှေကားသုံးထစ်မှ လှေကားလေးထစ်သို့ 

                            အရှင်ဒေဝဒတ်က ပစ္စေကအဗုဒ္ဓါအလောင်း အလျာလို့  ဘုရားရှင်က ဗျာဒိတ်ပေးခဲ့ သည်ကိုမှတ်ဖူးပါတယ်။ဒေဝဒတ်ကပစ္စေကဗုဒ္ဓါ အလောင်းတော်ဖြစ်ခြင်ဖြစ်မယ်။ဒါပေမယ့် သူရဲ့ ပါရမီက ကြက်ကန်းဆန်အိုးတိုး ပါရမီဖြစ်မယ်လို့  ဆရာကြီးတစ်ဦးရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပေမယ့်ဘယ်ဆရာလည်းဆိုတာတော့မမှတ်မိတော့ပါဘူး။

              ဒေဝဒတ်ဒီလောက်ဆိုးဘုရားအပေါ်မှာ အကောက်ကြံခဲ့တာလဲ ခဏခဏပဲ ဒါပေမယ့် ဆရာကြီးရဲ့  အဆိုကိုထောက်ခံရမလိုဖြစ်နေပါတယ်။အရှင်ဒေဝဒတ်၏ပါရမီကိုကြက်ကန်းဆန်အိုးတိုးပါရမီဟုပြောထိုက်ပါ၏လော့  အရှင်ဒေဝဒတ်ကမိုက်တယ် ဒါပေမယ့် တို့ တွေက ဒေဝဒတ်ထက် ပိုမိုက်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒေဝဒတ်က အဝီစိကလွက်ရင် ပစ္စေက ဗုဒ္ဓါဖြစ်တော့မှာ။ တို့ တတွေက ဘာမှဖြစ်လောက်အောင်ပါရမီ
ဖြည့်ထားတာမရှိဘူး။ ဒါကြောင့် မိုက်တယ်ပြောတာ  ။ခုဘဝမှာ တို့ ကြိုးစားကြရမယ် ဟု ဆရာကြီးက ပြောဖူးတယ်။

ဘုရာရှင်လက်ထက်တော်ကပင် အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့ အားလက်ယာရံ လက်ဝဲရံ အဂ္ဂသာဝက အရာပေတော်မူခြင်းတို့ အပေါ်တွင် သံသယရှိခဲကြသည်။ အရှင်ကောဏ္ဍည စသည့် ရဟန္တာ ကြီးများရှိနေပါလျက် နောက်မှပေါက်သည့် ရွှေကြာပင်ကို ဘာကြောင့် ဦးစား
ပေးရသနည်းဟူ၍ မေးလာကြသည်။ အကြောင်းမှာ အရှင်သာရိပုတ္တရာနှင့်အရင်မဟာမောဂ္ဂလာန်တို့ သည် အနောမဒတ်သီ မြတ်စွာဘုရားထံတွင် အဂ္ဂသာဝကမျိုးစေ့ကို စိုက်ပျိုးခဲ့၍ ဖြစ်ပါသည်။ ထိုသို့ 
အရှင်ဒေဝဒတ်သည်လည်း ဘုရားရှင် တစ်ဆူဆူထံတွင် ပစ္စေကဗုဒ္ဓါ မျိုးစေ့ကို စိုက်ပျိုးခဲပြီးဖြစ်ပါသည်။

ပစ္စေကဗုဒ္ဓါဆုကို တောင်းယူမည့်ပုဂ္ဂိုလ်တွင် အင်္ဂါ(၅)ရပ်နှင့်ပြည့်စုံရမည် ဖြစ်သည်။ယင်းတို့ ကား လူသားစင်စစ်ဖြစ်ခြင်း 
ယောက်ျားစစ်စစ် ဖြစ်ခြင်း
အာသဝေါ ကင်းပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့ မှ တစ်ဦးဦးနှင့်တွေ့ ဆုံဖူးမြော်ရခြင်း လွန်ကဲ့သော ကုသိုလ်ကောင်းမှု  တစ်ခုခု ပြုခြင်း     လွန်ကဲပြင်းထန်သော ဆန္ဒရှိခြင်းတို့ ဖြစ်ပါသည်။
တောင်ဆုပြီးပါကလည်း ဒါန သီလ စသည့်ပါရမီဆယ်ပါးကို စွမ်းစွမ်းတမံ ကြိုးစား ဖြည့်ကျင့်
ရပါသည်။ကြာမြင့်ချိန်ကာလကား ပညာဓိက ဝီရိယာဓိက သဒ္ဓါဓိကဟူ၍ အနည်းဆုံး နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမှ အများဆုံး သုံးသင်္ချေထိ ဖြစ်ပါသည်။

အရှင်ဒေဝဒတ်သည် တောင်းဆုလည်းပြု ခဲ့သူ ပါရမီလည်း ဖြည့်ခဲ့သူ ဖြစ်ပါသည်။ လူတို့ ၏သက်တမ်း ဆယ်နှစ်သက်တမ်းထိ ဆုတ်ပြီး တစ်ဖန်
အသင်္ချေယျတိုင်အောင်တက်၍ တစ်ဖန်တစ်ကျော့ ပြန်ဆုတ်လာသော် လူတို့ အသက် တစ်သိန်းကာလမှ တစ်ရာကာလအတွင်း ပစ္စေကဗုဒ္ဓါပွင့်မည်ဖြစ်သည်။ အရှင်ဒေဝဒတ်သည် လည်း အဝီစိမှလွတ်ပြီး ထိုကာလတွင် ပွင်ထွန်းမည် ဖြစ်သည်။

ပစ္စေကဗုဒ္ဓါဖြစ်ဖို့ သည် လွယ်ကူသည် မဟုတ်ပါ။ ဥပမာအားဖြင့် သုံးလသက်တမ်းရှိသော စပါးပင်ကို ရေသွင်းခြင်း ပေါင်းသင်ခြင်း မြေဩဇာကျွေးခြင်း စသည်အားဖြင့်မည့်သို့ ပင် ပြုစုစိုက်ပျိုးသော်လည်း တစ်လ နှစ်လ အတွင်း၌ ရိပ်သိမ်း၍  မရနိုင်ပါ။ ထိုအတူပင်  ပစ္စေကေုဒ္ဓါအလောင်းလျာများသည်လည်း အနည်းဆုံးနှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း တိုင်အောင်  ပါရမမီဖြည့်ကျင့်ခြင်း မပြုဘဲ မည့်သည်နည်းနှင့် မျှပစ္စေကဗုဒ္ဓါအဖြစ်သို့ မရောက်နိုင်ပါချေ။
သို့ ပါ၍ အနည်းဆုံး  နှစ်သင်္ချေနှင့်ကမ္ဘဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခြင်းကို ကြက်ကန်းဆန်အိုးတိုးပါရမီဟု ပြောဆိုခြင်းသည် မသင့်မြတ်သော အဆိုသာ ဖြစ်ချေသည်တကား။ (ပိဋကတ် အနှသ်ချုပ် သုတ္တနိပါတ် ခဂ္ဂဝိသာဏသုတ်)
အရှင်ဒေဝဒတ်ဖြည့်ခဲသောပါရမီကို ရွှေတောင်ကိုပင် ရထိုက်သော ပါရမီဟု တင်စားဆိုချင်ပါသည်။ဤသို့ 
ဆိုလျှင် အတွန့် တက်စရာ ရှိနိုင်ပါသည်။
ပစ္စေကဗုဒ္ဓါအလောင်းလျာလည်းဖြစ်ပါရဲ့ ပါရမီဖြည်ပြီးသူလဲ ဖြစ်ရဲ့နဲ့  ဘုရားရှင်ကို စော်ကားမှုတွေ ဘာကြောင့် ပြုလုပ်ရတာလဲ။ ဘုရားရှင်ကလဲ ဘာဖြစ်လို့ ရဟန်းပြုပေးခဲ့တာလဲ စသည်ဖြင့်တွေးစရာ မေးစရာ ရှိနေပါသည်။အပြစ်ကြီး ကျူးလွန်ခြင်းမှာ  ငါ ဟူသောမာန်မာန အမျိုးဂုဏ်စသည်
တို့ ကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ပေလိမ်မည်။

အရှင်ဒေဝဒတ်သည် ရဟန်းပြုသော်၎င်း ရဟန်းမပြုသော်၎င်း ယခုဘဝသည် ပြကတေ့သူတော်ကောင်းမဟုတ်။      ရဟန်းမပြုလိုကက်ရဘဲ နေခဲ့သော်ကမ္ဘာကုဋေတစ်သိန်းတို့ ပတ်လုံး ငရဲလားအံ့သော အမှုကိုပြုလတ္တံ့  ရဟန်းပြုသည်ဖြစ်မူကား တစ်ကပ်ထိုက်သော အကုသိုလ်ကိုပြုလတ္တံ့  ဟု သဗ္ဗညုတညဏ်တော်ဖြင့်သိမြင်၍ ဘုရားရှင်သည် အရှင်ဒေဝဒတ်အား ရဟန်းပြုပေးခဲခြင်းဖြစ်ပေသည်။

အရှင်ဒေဝဒတ်သည် အဝီစိမှ လွတ်သော် အဋ္ဌိဿရ အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့၏။(မိလိန္ဒပညှဝတ္ထု ဒေဝဒတ္တပဗ္ဗဇ္ဇပညှ)
 လူဖြစ်စေ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့ သည် ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့ ၌ ပူလောင်ရမည်ဖြစ်ပေသည်။       အရှင်ဒေဝဒတ်သည်ရွှေတောင်ထိုက်သောပါရမီကို  ဖြည့်ကျင့်သူ ဖြစ်ငြားသော်လည်းအပြစ်ကျူးလွန်ခဲ့သောကြောင့် ကြက်ကန်းဆန်အိုးတိုး ပါရမီဟု အပြောခံရပါသည်။ လိမ္မလာလိုက်တာဆိုတဲ့ စကားလေးတစ်ခွန်းလူတွေဆီကနေ ကြားရဖို့ အတွက် ကိုယ့်ဘက်ကလုပ်ချင်တာတွေ မလုပ်ရမလုပ်ချင်တာတွေလုပ်ရလို့ ရင်ထဲမှာတင်းတင်းကျပ်ကျပ် ခံစားနေရတာတွေ အနေအထိုင် ဆင်ခြင်နေရလို့ လွတ်လွတ်လပ်လပ် မနေရတာတွေ
သူတို့ မသိဘူး ဟု စာရးသူ အသိတစ်ယောက်ပြောဖူးပါသည်။

အရှင်ဒေဝဒတ်သည် ပစ္စေကဗုဒ္ဓါဖြစ်ရန် မိမိ၏ဆန္ဒရမ္မက်များကို ထိန်းကာ ဆယ်ပါးသော ပါရမီတို့ ကို အနည်းဆုံးနှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ခဲ့ပါသည်။ထိုအရှင်၏လိမ္မာခဲ့သော ဘဝများစွာကို ထောက်ရှုရမည်ဖြစ်ပါသည်။ တစ်ဘဝ တစ်ခဏလောက်မိုက်ခဲ့သည်ကိုကြည့်ပြီး လူမိုက်ကြီး
မို့ သူဖြည့်ခဲ့တဲ့ပါရမီ က ရည်ရွယ်ချက်နဲ့ ဖြည့်တာမဟုတ်ပါဘူးကွာ။ ကြက်ကန်းဆန်အိုးတိုး နဲ့တွေပြီးအစာဝသွားတာပါ။ သူရဲ့ပါရမီကလဲ ရမ်းဖြည့်လိုက်လို့ နေမှာပါဟု ပြောခြင်းမှာ ရွှေကို မမြင်ဘူး၍  ရွှေကို မသိသူက ရွှေကို အကဲခက်ပြောသောအပြောမျိုးဟုသာ ဆိုထိုက်ပါသတည်း။

ရွှေတောင်ထိုက်သော ပါရမီရှင်ကြီးသည် မိမိမှားမှန်းသိ၍ ဘုရားရှင်ကို တောင်းပန်ကန်တော့ရန် လာခဲ့ပါသည် ။သိုသော်...အပြစ်ကြီးလွန်း၍ ဘုရားရှင်ကိုဖူးမြင်ခွင့် မရတော့ဘဲ မြေမျိုခံရပါသည်။မြေမျို၍ မြှုပ်ခါနီးအချိန်တွင်  မြတ်စွာဘုရားအား အရိုး အသက်တို့ ဖြင့် ကိုးကွယ်ရာမှတ်ပါ၏
ဟု ယုံကြည်ကိုးကွယ် သွားခဲ့သည်။ စာရေးသူနှင့် တကွ အားလုံးသောသူတွေ  အရှင်ဒေဝဒတ်ကဲ့သို့   မသေခင်မှာ ဘုရားရှင်အား ကြည်ညိုကိုးကွယ်နိုင်ကြမည်လား။

ရွှေတောင်ထက်မက ထိုက်တန်သော ပါရမီမျိုးကို ကြက်ကန်းဆန်အိုးတို ပါရမီဟု ပြောလာ၍သာ ဤ ဆောင်းပါးကိုရေးဖြစ်ခဲခြင်းဖြစ်ပါသည်။အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်ကြရန်နှင့်ဘာပါရမီပါခဲ့မှန်းမသိသည့်  စာရးသူနှင့်တကွ အားလုံးသောသူတွေဟာ ပါရမီဖြည့်ပြီးသူကို စကားအရာဖြင့် စော်ကားခြင်း မပြုမိစေရန် အတွက် ရေးလိုက်ရခြင်းဖြစ်ပါသည်။

ယခုရရှိထားသည် ဘဝကလေးဖြင့် လောဘ ဒေါသ မောဟတည်းဟူသော လှေကားသုံးထစ်ရှိသော ဒုဂ္ဂတိဘုံသို့  ဆင်သက်သွားခြင်းမှ ရှောင်ကြဉ်ရပေမည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသော လှေကားလေးထစ်တွင် အနည်ဆုံး တစ်ထစ်ရအောင် တက်နိုင်ဖို့ လိုအပ်နေပေသည်။
ရွှေတောင်ထိုက်သော ပါရမီ ရှင်သော်မှ မိုက်ပြစ်ကို ခံစားရသေးလျှင် စာရေးသူတို့ နှင့်တကွ အားလုံးတို့ က ဘာပါရမီရှင် မှန်းမသိ၍ မမိုက်ကြဘဲ  အထက်တက်မည့် လှေကားတစ်ထစ်လောက်ကိုတော့ ဖြင့် နင်းနိုင်အောင်ကြိုးစားကြပါစို့ ....ဟုဆန္ဒပြုရင်း။

Friday, August 19, 2011

နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်

                   မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ခုသောသန်းခေါင်ယံအချိန်၌ ရောဟိတအမည်ရှိသောနတ်သားတစ်ပါးသည်ဇေတဝန်ကျောင်းတော်သို ရောက်ရှိလာ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်တစ်ခုလုံးသည်ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည်ဘုရားရှင်ထံ ချဉ်ကပ်ပြီး ဤ သို့ မေးလျှောက်
လေသည်။ အရှင်ဘုရား ပဋိသန္ဓေ မနေရာ မအိုရာ  မနာရာ မသေရာဖြစ်သောလောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော့။ 
အသင်နတ်သား လောက၏အဆုံးဖြစ်သောနိဗ္ဗာန်သို့  ခြေဖြင့်သွား၍ မရောက်နိုင်ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တစ်ခုသောဘဝတုန်းက တန်းးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။
အကျွန်ုပ်သည် လေးမှ ပစ်လွတ်လိုက်သောမြား၏အလျင်မြန်ဖြင့် သွားနိုင်သောတန်ခိုးရှိပါသည်။

အရှေ့ သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တစ်လှမ်းတည်းသောခြေလှမ်းဖြင့်ရောက်နိုင်ပါသည်။
အကျွန်ုပ်သည် ဤသို့ သော လျင်မြန်ခြင်းရှိသည့်ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  အရောက်သွားနိုင်ရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။  ထိုစိတ်ဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန် စားချိန် ကျင်ကြီး ကျင်ငယ် စွန့် ချိန်မှတစ်ပါးအသက်တစ်ရာတမ်းပတ်လုံး နိဗ္ဗာန်သို့  ခြေကျင်သွာခဲ့ပါသည်။ သို့ သော် နိဗ္ဗာန်သို့ မရောက်ဘဲ စကြာဝဠာအကြား၌ သာလျှင်သေခဲ့ရပါသည်။ ထိုကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်ဟူသော အရှင်ဘုရား၏ စကားသည် မှန်ကန်လှပေ သည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည်လည်း မရှိ။ထိုကြောင့် နိဗ္ဗာန်သို့    ရောက်နိုင်သည့် မြတ်သော အကျင့်ကို ကျင့် ပြီးသောပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း တမလွန်လောကကို၎င်း ဘယ်အခါမျှ မတောင်းတတော့ချေ။ စင်စစ်အားဖြင့်  တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌ သာလျှင် လောကကို၎င်း လောကဖြစ်ပေါ်ကြောင်းအကျင့်ကို၎င်း လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့ နိုင်ပေသည်  ဟု ဟောကြားတော်မူလေသည်။

                         ဘုရားရှင်၏ တရာစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရဝမ်းမြောက်မိလေသည်။ထိုနောက်လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီးနတ်ပြည်သို့  ပြန်သွားလေသတည်း။   

                                            အကိုး။  အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်။

Tuesday, August 9, 2011

သိပ္ပံပညာ တိုးတက်ခြင်းသည် ကမ္ဘာငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်ပါသလား၊

လောကဓာတ်ဆိုတဲ့ သိပ္ပံပညာတွေက တစ်နေ့ တစ်ခြားကြိးပွားတိုးတက်လျှက်ရှိနေပါသည်။ရှေးက ရက်ပေါင်းများစွာသွားရတဲ့ခရီးကို ယခုမူကား ..ကား မီးရထား သင်္ဘောလေယာဉ်ပျံတို့ ဖြင့်
ရက်အနည်းငယ်အတွင်း နာရီပိုင်းအတွင်းမှာပင် သွားရောက်နိုင်ပါပြီ။ကြေးနန်း 
ဝိုင်ယာလက် ရုပ်မြင်သံကြားတို့ ဖြင့် အလွန်ဝေးလံသောကမ္ဘာ့တစ်ဘက်စွန်းမှ အခြားတစ်ဘက်စွန်းသို့  သတင်းစကားတွေ ရုပ်ပုံနှင့်တကွအသံတွေကိုပါ အချိန်အနည်းငယ်အတွင်း မှာပင် ပေးပို့နိုင်ပါပြီ။
အထပ်တစ်ရာကျော်တဲ့အဆောက်အအုံကြီးတွေကိုလည်းတည်ဆောက်နိုင်ပါပြီ။အဏုမြူဗုံး ဟိုက်ထရိုဂျင်ဗုံး ဒုံးပျံစတဲ့အသစ်ဆန်းလက်နက်တွေလည်း မရပ်မနားထွန်းကားနေလျှက်ရှိပါပြီ။
သို့ ရာတွင် ထိုလက်နက် တွေဟာကမ္ဘာကြီးကိုတစ်ခါတည်းပြာကျသွားအောင်လုပ်မယ်သေမင်းရောင်ခြည်
လို့ ခေါ်ထိုက်တဲ့လက်နက်ဆန်းတွေပင်မဟုတ်ပါလော့။     ပထမကမ္ဘာစစ်ကြီးပြီးစက
နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ထောင်ပြီးကမ္ဘာ့ငြိမ်းချမ်းရေကို  ကြိုးစားခဲ့ကြပါတယ်။ 
သို့ ရာတွင် (၂၄)နှစ်ခန့် ကျော်တဲ့ဒုတိယကမ္ဘာစစ်ကြီး တစ်ဖန်ဖြစ်ပေါ်လာပြီးတော့ အဏုမြူဗုံးဖြင့်
နိဂုံးချုပ်လိုက်ပါတယ်။အဲဒီနောက် ကမ္ဘာကုလသမဂ္ဂ အသင်းကြီး တည်ထောင်ပြီးငြိမ်းချမ်းရေးဝါဒကို 
ဟစ်အော်ခဲ့ကြပြန်တယ်။သို့ ရာတွင် တကယ်တမ်းစိတ်မချရသေး။တတိယကမ္ဘာစစ်ကြီး ဖြစ်လိမ့်မယ်လို့  ဟိန်းဟောက်ခြိမ်းခြောက်လျက်ပင် ရှိနေပြန်ပါတယ်။ မဖြစ်ပါစေနှင့်လို့  ဆုတောင်းမေတ္တာပို့ သ
လျက်ပင်ရှိပါတယ်။
အကယ်၍ ဖြစ်ပေါ်ခဲ့လျှင် သေမင်းရောက်ခြည်လို့ ခေါ်ထိုက်တဲ့ဟိုက်ဒရိုဂျင်းဗုံးအဏုမြူဗုံး ဒုံးပျံ
စသည်တို့ ကို အသုံးပြုမယ်ဖြစ်လို့ မတွေးဝံ့အောင်ပင်ကြောက်ရွံ့ ထိပ်လန့် ဖွယ်ရာ ဖြစ်ပါတယ်။ဒါဖြင့် ကမ္ဘာကြီးမငြိမ်းချမ်းခြင်းသည် လူဆင်းရဲ တို့ အပေါ် ပညာမဲ့လူတန်းစားတို့ အပေါ် ၌
စုပုံချထားဖို့ မသင့်လျှော်ပါ။မလှလျှင် စုန်းရိုးမရှိလဆင် ခိုးနိုးနိုးဆိုတဲ့ စကားအတိုင်းမဖြစ်ထိုက်ပါ အကြောင်းရင်းကိုစိစစ်ရှာဖွေရန်လိုပါတယ်။ တစ်ကမ္ဘာလုံး(သို့ မဟုတ်)တစ်လောကလုံး မငြိမ်းခြင်း၏
အရင်းမြစ်ကတော့ကိလေသာ ထူထပ်ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ထိုသို့ ကိလေသာထူထပ်သူတဲ့သူ
ကိုပင် ပုထုဇဉ်လို့ ခေါ်ရပါတယ်။ 
ကိလေသာဆိုတာဘာလဲ
စိတ္တံကိလိဿတိ၊ဥပတပ္ပတိ၊ဗာဓိယတိဝါ၊ဧတေဟီတိ ကိလေသာလို့  ဝိဂြိုဟ်ပြုကြပါတယ်။
မြန်မာပြန် အဓိပ္ပါယ်ကတော့ စိတ်ကို ညစ်ညူးအောင် ပူပန်အောင်ညှင်းပန်းနှိပ်စက်တက်တဲ့သဘော
တရားကို ကိလေသာဟု ခေါ်ပါတယ်လို့ ဆိုပါတယ်။ကိလေသာအမျိုးစား အကျယ်အားအားဖြင့်
ကိလေသာ(၁၅၀၀)ရှိပါတယ်။အကျဉ်းအားဖြင့်တော့(၁၀)ပါးရှိပါတယ်။
အဲ့ဒီဆယ်ပါးကတော့ 
၁။လောဘ-လိုချင်တပ်မက်ခြင်း၊
၂။ဒေါသ-အမျက်ထွက်ခြင်း 
၃။မောဟ-မိုက်မဲတွေဝေခြင်း မသိခြင်း
၎။မာန-ထောင်လွှားမော်ကြွားခြင်း တက်ကြွခြင်း
၅။ဒိဌိ-အယူလွဲမှားခြင်း
၆။ဝိစိကိစ္ဆာ-ယုံမှားခြင်းမဆုံးဖြတ်နိုင်ခြင်း 
၇ထိန-ငိုက်မျဉ်းခြင်း ပျင်းရိခြင်း 
၈။ဥဒ္ဓစ္စ- စိတ်ပျံလွင့် ခြင်း စိတ်မငြိမ်သက်ခြင်း
၉။အဟီရိက-အကုသိုလ်ပြုရန် မရှက်ခြင်း 
၁၀။အနောတ္တပ္ပ-အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ ဖြစ်ကြပါတယ်။
ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံ နိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ယခုပြောခဲ့တဲ့ ကိလေသာ(၁၀)ပါးတွေ
အပြည့်အနှက်ရှိနေပါတယ်။အဲ့ဒါကြောင့် လူ့ ဘောင်မှာဥစ္စာပစ္စည်းရှာဖွေလျက်  သားတွေ မယားတွေနှင့်
စည်းစိမ်းခံနေကြတဲ့ပုဂ္ဂိုလ်တွေကိုသာကိလေသာထူထပ်တယ် လို့ မထင်မှတ်ကြပါနှင့်။
ကိလေသာ(၁၀)ပါးမျာ လည်းအခိုက်အတန့် အားဖြင့်သုံးပါးစီရှိပါတယ်။
ကိလေသာအခိုက်အတန့် (၃)ပါး
၁။ဝီတိက္ကမကိလေသာ -အကြမ်းစားကိလေသာ  ၂။ပရိယုဌာနကိလေသာ-အလတ်စားကိလေသာ
၃။အနုသယကိလေသာ-အနုစားကိလေသာ လို့ သုံးမျိုးခွဲခြားထားပါတယ်။
ဝစီဒွါရ မှအလွန်ကြမ်းတမ်းစွာ ထကြွသောင်းကြမ်းကျန်း လှုပ်ရှားကြတဲ့ဝစီဒုစရိုက်တွေကာယဒွါရ မှ 
အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ ကာယဒုစရိုက် တွေကိုဝီတိက္ကမ ကိလေသာ
လို့ ခေါ်ပါတယ်။ထိုကိလေသာကိုတော့ မျက်မြင်အားဖြင့်လူတိုင်းပဲသိနိုင်ပါတယ်။ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ 
လှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရိုသေးဘဲ စိတ်နှလုံးမှာသာ ပွတ်ပွတ်ဆူလျက်ထကြွနေတဲ့ဒေါသ
စတဲ့တရားတွေကို ပရိယုဌာနကိလေသာလို့ ခေါ်ပါတယ်။ 
ထိုကိလေသာမျိုးထကြွခြင်းကိုတော့  အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ် တွေ
ကိုယ်စောင့်နတ်တွေသာလျှင်သိနိုင်ပါတယ်။ မနောဒွါရမှာပင်ထကြွခြင်းမရှိသေး။စိတ်သန္တာန်၌ အမြဲကိန်းလျက် ဝပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသ စသောတရားတွေကို အနုသယကိလေသာလို့ ခေါ်ပါတယ်။ကိုကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမျှတစ်ပါး
ဘယ်သူမှမသိနိုင်ပါ။
အကြမ်းစားဖြစ်တဲ့ ဝီတိက္ကမကိလေသာ ကို တဒင်္ဂပဟာန် တစ်ဘဝစာလောက်
ပတ်သတ်နိုင်တဲ့နနည်း။အလတ်စားဖြစ်တဲ့ပရိယုဌာနကိလေသာကိုဝိက္ခမ္ဘနပဟာန် ၊နှစ်ဘဝစာလောက် ပယ်သတ်နိုင်တဲ့နည်းတွေကတော့ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။
ယခုအခြားဘာသာတွေမှာလည်းအထိုက်အလျောက် အသင့်အတင့်ရှိကြပါတယ်။အနုသယကိလေသာကို
သမုစ္ဆေဒပဟာန်ဆိုတဲ့ အကြွင်းမဲ့သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။
ဗုဒ္ဓမရှိသည်နောက် မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ဗုဒ္ဓသာသနာတော်ဘောင်အတွင်းမှာသာ ကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ဗုဒ္ဓ၏ သာသနာတော်နှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်
မလိုက်နာတဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေက တော့သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။
ပြဆိုပြီးတဲ့ကိလေသာ(၁၀)ပါးးတို့ တွင် ခေါင်းဆောင်ကဒိဋ္ဌိပဲဖြစ်ပါတယ်။ဒိဋ္ဌိဆိုတာလည်းအတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိကိုဆိုလိုပါတယ်။သူ၏ဘက်တော်သားနောက်လိုက်တွေကတော့
တဏှာနှင့်မာနတို့ ဖြစ်ကြပါတယ်။ထိုသုံးခု အပေါင်း အဖွဲကြီးကိုပပဉ္စတရားသုံးပါးလို့ ခေါ်ပါတယ်။ 
အဓိပါယ်ကတော့သံသရာနယ်ချဲ့သမားအဖွဲ့ ကြီးလို့ ဆိုပါတယ်။သတ္တဝါတို့ အား ဖမ်းယူကိုက်ဝါးတက်တဲ့အတွက် ထိုအဖွဲ့ကြီးကိုဂါဟတရား(၃)ပါးလို့ လည်းခေါ်ပါတယ်။
အထင်မှားအမြင်မှာအယူမှားတို့ကိုဖြစ်စေတက်တဲ့အတွက်မညနာတရားလို့ လည်းခေါ်ပြန်ပါတယ်။
ယခုပစ္စုပ္ပန်လောကမှာလည်း အတ္တဒိဋ္ဌိ(ဝါ)သက္ကာယဒိဋ္ဌိ ခေါင်းဆောင်ကြီးကို မနှိမ်းနင်း မသုတ်သင်နိုင်လို့ သူ၏တွဲဖက်ရဲဘော်ဖြစ်ကြတဲ့ တဏှာမာနတို့ ၏ထကြွသောင်းကျန်းခြင်းကိုခံနေကြရပါတယ်။
တစ်ကမ္ဘာလုံး ငြမ်းချမ်းရေးမရခြင်း၏ အရင်းမြစ်ဟာထိုဒိဋ္ဌိကြိးပင်ဖြစ်ပါကြောင်း
ကောင်စွာသိထား  ဖို့ လိုပါတယ်။
သံသရာတစ်လျှေက်လုံးမှာလည်း ထိုအတ္တဒိဌိခေါင်းဆောင်းတဲ့ပပဉ္စအဖွဲ့ကြီးကအောက်သို့ အဝီစိထိအောင် နယ်ချဲ့ တက်ပါတယ်။အထက်သို့လည်းဘဝဂ်တိုင်အောင်နယ်ချဲ့ နိုင်တဲ့သတ္တိရှိပါတယ်။အဲ့ဒါကြောင့်
အပါယ်ဘေးကြီးဝိနိပါတဘေးကြီး အို ၊နာ ၊သေ ၊မွဲ ၊ကွဲ၊ဘေးကြီးတွေ့နှင့်ပြေးမလွတ်နိုင်အေအာင်ရင်ဆိုင်တွေ့ နေကြရပါသောကြောင့်ဗုဒ္ဓ၏တရားတော်ကိုလက်ရှိမရသမျှ ကာလပါတ်လုံး ဘုံ(သုံး)ပါး၌ ဘယ်သူမျှငြိမ်းချမ်းရေးမရနိုင်ကြ။ဘယ်ပုထုဇဉ်မျှ လွတ်လပ်ရေး မရနိုင်ကြပါ။
အို ၊နာ ၊သေ ၊မွဲ ၊ကွဲ ၊ဆိုတဲ့စကားကို မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ
မိန့် ဆိုတော်မူတက်ပါတယ်။အို ၊နာ ၊သေ ကတော့ထင်ရှားပါပြီး။ မွဲ ၊ကွဲ၊ဆိုတဲ့ စကားအဓိပ္ပါယ်ကတော့
လောက၌ ဘယ်စည်းစိမ်းရှင်ဓနရှင်မဆို သေတဲ့အခါ နေ့ စဉ်ဝတ်ထားတဲ့စိန်လပ်စွပ်ကြီးကို ယူမသွားနိုင် ခါးမှာဝတ်လေ့ရှိတဲ့ပိုးလုံချည်ခပ်ကောင်းကောင်း ကလေးကိုပင်
ဝတ်ပြီးတော့မသွားနိုင်ရှာကြဘူး။ချွတ်ယူထားလိုက်ကြလို့  လုံချည်အဟောင်းအနွမ်းကလေးနှင့် ပင်သွားရရှာပါတော့တယ်။အခြားရွှေ ၊ငွေ ၊စိန်ကျောက် ၊ဥယျာဉ် ခြံ မြေ တိုက်တာ၊မော်တော်ကား စသည်တို့ကိုတော့ ပြောဖွယ်ရာမရှိ။မိမိနှင့် ဘာမျှမဆိုင် ဘိသကဲ့သို့  ဖြစ်သွားကြောင်းကို
ထင်ရှားသိမြင်နိုင်ကြပါပြီ။သူတက်မွဲတဲ့ပုဂ္ဂိုလ်မရှိတော့ပြီ။ မိမိချစ်မြတ်နိုးတဲ့ သား၊မယား၊ဆွေမျိုး၊ညတိ၊မိတ်သင်္ဂဟတွေနှင့်လည်း မလွဲသာဘဲ ခွဲခွာသွားကြတဲ့ အတွက် အကွဲကြီး ကွဲလေပြီလို့ ဆိုလိုပါတယ်။
နာဘေးကြီး၊သေဘေးကြီးနှင့်  ရင်မဆိုခင် ကြိုတင်ပြီးတော့ အရေးကြီးလှတဲ့
သာသနာ  ဓမ္မကိုမရှာဖွေ မလေ့လာ မကျင့် သုံးခဲ့တဲ့အတွက် သာသနာတော်နှင့်အလွဲကြီး လွဲရလေပြီ လို ဆက်လက်ဖြည့်စွက်ပြီးတော့ထည့်သွင်းလိုက်ချင်ပါတယ်။
အောက်ထစ်ဆုံးဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာ နှစ်ပါးကို ခုတ်ထွင်း သုတ်သင်
ရှင်လင်းပယ်သတ်ခြင်း မပြုနိုင်သမျှကာလပါတ်လုံး ဘယ်တော့မျှကမ္ဘာကြီးမငြိမ်းချမ်းနိုင်ပါ။
ဒါကြောင့်သာသနာတော်အတွင်းမှာမှ သိမြင် ရရှိနိုင်တဲ့ ဒိဋ္ဌိသတ်ပုံသတ်နည်းအမျိုးမျိုးတို့ တို့ ကို
ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် ဆင်ခြင်တွေ ဆင်လတ်တွေနှင့် တောရှောင်
မြောက်ကွေ့ မလုပ်ကြဘဲ လာကြစမ်းပါ စမ်းကြည့်ကြစမ်းပါဆိုတဲ့ ဧဟိပဿိက
ဂုဏ်နှင့် ပြည့်စုံသော ပဋိပတ်လမ်းစဉ်ကိုအချိန်မှီ ရှာဖွေ ဆည်းပူးလိုက်နာ ကျင့်သုံးကြရန်ကောင်းမြတ်တဲ့ဆန္ဒဖြင့် သတိပေးလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့ ။အားလုံး ချမ်းသာကြပါစေ...

Monday, July 4, 2011

ပရဟိတ မြတ်ဗုဒ္ဓ

        လောကထဲမှာမြတ်ဗုဒ္ဓသည်သာအမြင့်မြတ်ဆုံးပရဟိတစွမ်းအားရှင်ဖြစ်ပါတယ်မြတ်ဗုဒ္ဓလောက်
ကြီးကျယ်ပြောင်မြောက် ထိရောက်အောင်ပရဟိတစါမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။
မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင်မြတ်ဆုံး အတိကျဆုံး အပြညည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆောင်ရှင်ပါ။ ပရဟိတစိတ်နဲ့  ပဲ ခတ်ခဲ တဲ့ ပါရမီတွေဖြည့်ခဲ့တယ်။ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့ပါသည်။    အတ္တဟိတသက်သက်သာဆိုရင်ဘုရားဖြစ်အောင်ကျင့်နေဖို့တောင်မလိုပါဘူးသုမေဓာရှင်ရသေ့ ဘဝက 
သာဝကပါရမီပြည့်နေပြီးသားဖြစ်ပါသည်။ဆက်အားထုပ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ 
သေချာနေခြင်းဖြစ်ပါသည်။ ပရဟဟိတစိတ်ကြောင့်သာအသက်စီးစိမ်းများစွာစွန်လွှတ်အနစ်နာခံခဲပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းတွေကို ဖြည့်ကျင့်ခဲ့တာဖြစ်သည်။ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးလိုတာကြောင့် အကြီးကျယ်ဆုံးသဗ္ဗညုတညဏ်တော်ကြီးကို ရဖို့ အတွက် ကိုယ်ကျိုးစွန် ခဲ့ခြင်းဖြစ်ပါသည်။ပါရမီ ဖြည့်တယ်ဆိုတာ ကိုယ်ကျိုးစွန် အနစ်နာ ခံလိုက်တာဖြစ်ပါသည်။ပရဟိတအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် အနစ်နာခံ ခဲ့ပါတယ်။ပရဟိတလုပ်ဖို့ အတွက် အရည်အသွေးမြင့်အောင် မြှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ သဗ္ဗညုတညဏ်တော်ကြီးကို လိုချင်တာက လောကထဲမှာ ကြွားချင်ဝါချင်လို့ မဟုတ်ပါ။ ညဏ်ကြီးညဏ်ကျယ်မှ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်နိုင်မှာဖြစ်ပါသည်။ များများသိမှ များများပေးနိုင်ပါသည်။ ကြီးကြီးသိမှ ကြီးကြီးပေနိုင်ပါသည်။ကောင်းကောင်းသိမှလည်းကောင်းကောင်းပေးနိုင်ပါသည်။ဒါကြောင့်ကြီးကြီးကျယ်ကျယ်
လုပ်ပေးချင်လို့ကြီးကျယ်တဲ့ညဏ်ကိုရဖိုအတွက်အကြီးကျယ်ဆုံးလုပ်ငန်းတွေကိုလုပ်ဆောင်ခြင်းဖြစ်ပါသည်။မြတ်
ဗုဒ္ဓဟာအလောင်းတော်ဘဝကပရဟိတစိတ်နဲ့ပါရမီတွေဖြည့်ခဲ့လိုသဗ္ဗညုတညဏ်ကိုရရှိခဲ့ပါသည်။
သဗ္ဗညုတညဏ်တော်ကိုတောင် ပရဟိတညဏ်လို့ ခေါ်ရင်တောင်ရနိုင်ပါသည်။ သဗ္ဗညုတညဏ်တော် ရပြီးတော့လည်း ပရဟိတစိတ်နဲ့ ပဲ တရားတော်တွေကို ဟောခဲ့ခြင်းဖြစ်ပါသည်။ပရဟိတစိတ်နဲ့  ပဲပါရမိတွေဖြည့်ခဲ့ လို့ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာဆိုတော့ တရားဟောတော့လည်းပရဟိတစိတ်စစ်စစ်နဲ့ ပဲဟောတော်မူပါသည်။ အကျိုးသာရှိမယ်ဆိုရင် တစ်ယောက်တည်းလည်း ရှိပါစေ ကြွတော်မူပါသည်။ သူများတွေ ပင့်တာလျှောက်တာကိုစောင်မနေပါဘူး။ ပရဟိတသမားဟာ အပင်ကိုစောင့်နေဖို့ လည်း မလိုပါဘူး။ အဝေးအနီးကိုထည့်တွက်ဖို  လည်းမလိုပါဘူး။တရားဟောလို့  တရားနာရသူတွေ  အသိတရားတွေ ရသွားကြခြင်းဖြစ်ပါသည်။
ဆင်းရဲ အပူမျိုးစုံတွေ ငြိမ်းသွားကြပါသည်။စိတ်ဓာတ်ငြိမ်းချမ်းပြီး ချမ်းသာမျိုးစုံ ရသွားခြင်းဖြစ်ပါသည်။လောကီလောကုတ္တရာညဏ်ဓာတ်တွေ ပွင့်သွားကြပါသည်။
ဘယ်သူဆီက မှ ဘာကိုမျှ မမျော်လင့်ပဲ ကိုယ်ဆွမ်းကိုယ်စားပြီးတရားဟောသည် ကိုယ့်ကြောင့်သူတို့   ချမ်းသာရင်ပြီးရောပေါ့။အဲဒိလိုမြင်မြတ်တဲ့စိတ်နဲ့ တရားတွေဟောခဲ့ခြင်းဖြစ်ပါသည်။ ဒါကြောင့် ဘုရားရှင်သည် ပရဟိတစွမ်းဆောင်ရှင် တွေထဲမှာ အထူးခြားဆုံး အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ အထိရောက်ဆုံးစွမ်းဆောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ထူးကြီးလည်းဖြစ်ပါသည်။သတ္တဝါတွေ ဒုက္ခမျိုးစုံ လွတ်ဖို့  ချမ်းသာမျိုးစုံရဖို့ ကိုယ်ဟာကို နည်းမှန်လမ်းမှန် ကယ်တင်တက်ဖို့ နည်းလမ်းတွေ ညွန်ပြပေးလိုတာကြောင့် ကိုယ်ကျိုးစွန့် ပြီး အနစ်နာတော်ခံ တာဖြစ်ပါသည်။ဗုဒ္ဓ ဆိုတာကပဲ အထူးချွန်ဆုံး ပရဟိတစွမ်းဆောင်ရှင်ရဲနာမည်တော်ဖြစ်ပါသည်။
ဗုဒ္ဓကိုပဲ ဗဟန်းမဟာဝိသုဒ္ဓါရုံယောဆရာတော်ကြီးက  ဆောင်ပုဒ်လေးနဲ့ မှတ်သားဖွယ် ပြဆိုတော်မူခဲ့ပါသည်.....အမြတ်ထူးခြား၊ လွန်သနား၍ ၊ အများအကျိုး ၊ ကောင်းရာတိုး ဖို့ ကိုယ်ကျိုးစွန့် ခွာ၊ ဖြည့်ကျင့်ကာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ဒုက္ခလွတ်ရန် ၊ချမ်းသာရန်နှင့် ၊ အမှန်ကယ်ရေး နည်းလမ်းပေးဖို့ ၊ဖြူးဖွေးနှလုံး ၊အစဉ်သုံးကာ၊ ဖြည့်ကျင့်လာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ပရဟိတ  မြတ်ဗုဒ္ဓ  ထူးလှအာဇာနည်။

Sunday, July 3, 2011

လူသားအားလုံးသို့ 

                    ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင်ထွန်းကားနေဆဲ ဖြစ်သော
ဘာသာများအနက်ဘာသာတရားတစ်ခုဖြစ်သည်။လူတို့ သည်အိန္ဒိယနယ်မြေတွင်ပေါ်ပေါက်ခဲ့သည်
ဘာသာအယူဝါဒများအနက် ဗုဒ္ဓဝါဒကိုမူ အစဉ်တစ်စိုက် နှလုံးသွင်းခဲ့ကြသည်။
ဗုဒ္ဓဝါဒသည် လူအဖွဲ့ စည်း၏ လိုအင်များနှင့်လိုက်လျောညီထွေမှုရှိ၏။အကြောင်းသော်ကား ဗုဒ္ဓသည်လူသားမျိုးနွယ် အနေဖြင့်သာ အစဉ်နေထိုင်၍တရားဓမ္မ ဟောခဲ့သောကြောင့်ဖြစ်သည်။ဗုဒ္ဓသည် လူတို့ အား ဘဝလွတ်မြောက်မှုပျော်ရွှင်ချမ်းမြေ့မှုနှင့် ကောင်းကျိုးချမ်းသာတို့ဖြစ်ထွန်းတိုးပွားစေရန် ဆုံးမ လမ်းညွှန်တော်မူခဲ့သည်။ 
ကိလေသာကာမနှင့်ယှဉ်သည် ချမ်းသာကိုအဖန်တလဲလဲ ခံစားသော အကျင့် မိမိကိုယ်၏ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတက်သောအကျင့် ဤ အစွန်းနှစ်ပါးမှလွတ်ကင်းသော မဇ္ဈိမပဋိပဒါခေါ် အလယ်အလတ်လမ်းစဉ်ကို ချပြတော်မူခဲ့သည်။ ဗုဒ္ဓ၏အဆုံးအမများသည် လက်တွေ့ ကျ၏ ဤသို့လက်တွေ့ ကျကြောင်းကို- လူအသီးသီးတွင်မတူညီသော ကိလေသာ ကိုယ်စီရှိနေကြသောကြောင့် လူတိုင်းလူတိုင်းသည်တစ်ခုသောပန်းတိုင်သို့  တူညီညီစွာ ရောက်ရှိရန် မမျော်လင်နိုင်။ဟူသောအချက်ကဖော်ပြနေသည်။ ကိလေသာ ပမာဏအလျောက် ရောက်ရှိခံစားရသောအကျိုးတရားတို့ သည် ကွာခြားကုန်၏။
ကိလေသာနည်းပါး၍ စိတ်ပိုင်းဆိုင်ရာမြင့်မားသူတို့ သည် မြင့်မားရာသို့  တက်လှမ်းနိုင်ကြသည်။ ကိလေသာများ၍စိတ်ပိုင်းဆိုင်ရာ နိမ့်ကျသူတို့ သည် နိမ့်ကျရာသို့ သာ သွားကြရသည်။ သို့ရာတွင် လူတိုင်းသည် တိကျခိုငမာသော စိတ်ပိုင်းဖြတ်မှုရှိလျှင်ဗုဒ္ဓအဖြစ်တည်းဟူသော အမြတ်ဆုံးပန်းတိုင်သို့ ပင် ရောက်နိုင်ပါသည်။ထိုအမြတ်ဆုံးပန်းတိုင်းသို့  ရောက်ရန်ကိုမူကြိုးပမ်းအားထုတ်ကြရပေလိမ့်မည်။ ဗုဒ္ဓ၏ အေးငြိမ်းသော သာယာနာပျော်ဖွယ်ဖြစ်သောညအသံတော်တို့ ကို ကျွန်ုပ်တို့ ၏ နားထဲတွင်ယနေ့ ထိတိုင်
ကြားယောင်နေဆဲ ဖြစ်သည်။တစ်ခါတစ်ရံ ကျွန်ုပ်တို့ သည် ဗုဒ္ဓကိုပြီးပြည့်စုံစွာ နားလည်ရန် လက်လှမ်းမမှီနိုင်သောကြောင့် အနည်းငယ်ရှက်ရွံကောင်း ရှက်ရွံမိခဲ့ကြပေလိမ်မည်။ကျွန်ုပ်တို့ သည်
ဗုဒ္ဓ၏တရားတော်များကို မကြာခဏ ချီးမွမ်းရွတ်ဆိုကြ၍ ဗုဒ္ဓကိုဦးထိပ်ထားခဲ့ကြသော်လည်း ဗုဒ္ဓဟောကြားတရားတော်များကိုမူလိုက်နာကျင့်သုံးရန် အားမထုပ်ခဲ့ကြပေ။ ဗုဒ္ဓ၏ တရားတော်များနှင့်
အဆုံးအမများသည်ကား ဗုဒ္ဓဝါဒီတို့ အတွက်သာမက အခြားသော ဘာသာရေးအယူရှိသူတို့အတွက်ပင်လျှင် နှစ်ပေါင်းထောင်နှင့်ချီ၍  နှစ်လိုဖွယ်ရာဖြစ်ခဲ့ကုန်၏။လူတို ၏အညွန့်အဖူးဖြစ်သော ဗုဒ္ဓသည် ဤကမ္ဘာလောကတွင်ကြာရှည်စွာ ပွင့်တော်မမူခဲ့သော်လည်းဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏
သင်းပျံ့  မွှေးကြိုင်သော ထိုရနံတို့ သည် နေရာအနှံ့ သို့ ပျံ့ နှံ့ခဲကြသည်။ကိုယ်စိတ်နှလုံး အေးငြိမ်းသောသင်းပျံ့သောထိုရနံ့တို့သည်လူသန်းပေါင်းများစွာကိုသာယာချမ်းမြေ့စေခဲ့သည်။လူမျိုးအသီးသီး၏
စိတ်နှလုံးကိုရွှင်လန်းတက်ကြွစေခဲ့သည်။ ဗုဒ္ဓ၏တရားတော်များသည်သန်းပေါင်းများစွာသောလူတို့၏နှလုံးသားကိုမေတ္တာတရားကရုဏာတရားတို့ဖြင့်သာ
ချဉ်းကပ်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။
ဤကမ္ဘာလောကတွင်ဗုဒ္ဓပွင့်တော်မူပြီးနောက် နှစ်ဆယ့်ငါးရာစုနှစ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။တိုင်းနိုင်ငံအချို့သည်ပေါ်ပေါက်လာပြီးပျက်သုဉ်းခဲ့ကုန်၏။လူမျိုးနွယ်အချို့သည်လည်းတိုးပွားလာပြီး
ပျောက်ကွယ်ခဲ့ကုန်၏။ဤသို့ပျက်သုဉ်းပျောက်ကွယ်
ခဲ့သောအရာများစွာထဲတွင်ဗုဒ္ဓဟူသောအမည်တော်မပါဝင်ခဲ့ချေ၊ဗုဒ္ဓဟူသောအမည်တော်သည်ယနေ့ခေတ်သန်းပေါင်း
များစွာသော လူတို့၏စိတ်ထဲထိတိုင်ရှင်သန်နေဆဲသစ်လွင်နေဆဲဖြစ်သည်။ဗုဒ္ဓတည်းထောင်ခဲ့သောသစ္စာတရားနိုင်ငံတော်
သည်လည်းခိုင်ခံ့နေဆဲ၊စွဲမြဲတည်တံ့နေဆဲဖြစ်သည်။
ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတော်တို့ ကို အောင်မေ့၍ တည်ထားခဲ့သော စေတီပုထိုးများ ဆင်းတုတော်များ စာပေကျမ်းဂန်များနှင့်ဘာသာရေးဆိုင်ရာအမှတ်လက္ခဏာများကိုခေတ်အဆက်ဆက်တွင်  အချို့သောသူများကဖျတ်ဆီးခဲ့ကြသော်လည်းဗုဒ္ဓ၏စင်ကြယ်မြင့်မြတ်သောအမည်တော်နှင့်ဗုဒ္ဓလမ်းညွန်ခဲ့သော အဆုံးအမများကိုမူဖျတ်ဆီးနိုင်ခြင်းမရှိခဲ့ချေ။ဗုဒ္ဓ၏စင်ကြယ်မြင့်မြတ်သောအမည်တော်နှင့်အဆုံးအမများသည်
တွေးတောဆင်ခြင်တက်သောလူတို့
၏စိတ်ထဲတွင် ကိန်းအောင်နေခဲ့ကိန်းအောင်းနေဆဲဖြစ်သည်။အကြီးမားဆုံးအောင်နိုင်မှုသည် အခြားသူများကိုနှိမ်နင်းခြင်းမဟုတ် မိမိကိုယ်ကိုနှိမ်နင်းနိုင်ခြင်းသာဖြစ်ကြောင်းကို.

အကြင်စစ်သူရဲကောင်းတစ်ယောက်သည်စစ်မြေပြင်တွင်စစ်သည်ဗိုလ်ပါတို့ကိုအကြိမ်တစ်သန်းအောင်နိုင်ရာ၏။
အကြင်သူရဲကောင်းတစ်ယောက်သည်ကားကိုယ်တွင်းကိလေသာကိုတစ်ကြိမ်တစ်ခါမျှအောင်နိုင်ရာ၏။
ကိုယ်တွင်းကိလေသာကိုတစ်ကြိမ်အောင်နိုင်သော ထိုသူကိုသာ အောင်နိုင်သူတို့ တွင် အမြတ်ဆုံးဖြစ်၏။(ဓမ္မပဒ၊သဟဿဝဂ္ဂ)
ဟုမိန်တော်မူခဲ့၏။ 
မဟာကရုဏာရှင်၏နှလုံးသားတွင် နူးညံ့သိမ်မွှေ့ သောအဆုံးအမများသည် ရက်စက်ကြမ်းကြုတ်ဆုံးသူကိုပင် မည်သို့ မည်ပုံ ပြုပြင်နိုင်ခဲ့ကြောင်း အကောင်းဆုံးပြယုဂ်အဖြစ် ဧကရာဇ်မင်းကြီး အသောက၏ ဖြစ်ရပ်ကို ပြနိုင်ပေသည်။ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက်နှစ်ပေါင်းနှစ်ရာခန့်တွင်အသောကမင်းကြီးသည်အိန္ဒိယနိုင်ငံ၏အခြား
တစ်ဘက်တွင် ရက်စက်ကြမ်းကြုတ်သော  စစ်ပများကိုဆင်နွဲ ခဲ့၍ ပြင်းထန်သော နာကျင်မှုနှင့် ကြောက်ရွှံ ပူပန်မှုတို့ ကို ဖြစ်ပေါ်စေခဲ့သည်။သို့ ရာတွင် မင်းကြီးသည် ဗုဒ္ဓ၏ တရားဓမ္မရိပ်အောက်တွင် ခိုလှုံမိသောအခါ သူပြုလုပ်ခဲ့သောမကောင်းမှုများအတွက် နောင်တကြီးစွာရခဲ့သည်။ယူကြုံးမရဖြစ်ခဲ့သည်။ ထိုနောက်မင်းကြီးသည်ငြိမ်းချမ်းသော လမ်းစဉ်သို့ ကူးပြောင်းပြီးလူသားတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ထိုကြောင့်ပင်လျှင် ကျွန်ုပ်တို့ သည် အသောက မင်းကြီးကို ကြီးမြတ်သော မင်းတစ်ပါးအဖြစ် သတိတရ အလေးထား ဂုဏ်ပြုကြရသည်။

စစ်မှန်သော ကြီးမြတ်မှုသည် မေတ္တာတရားမှ ပေါ်ထွန်း၍ မုန်းတီးမှုမှ မပေါ်ထွန်းနိုင်။
စစ်မှန်သောကြီးမြတ်မှုသည် မိမိကိုယ် ကိုနှိမ့်ချမှုမှ ပေါ်ထွန်း၍ ထောင်လွှားမှုမှ မပေါ်ထွန်းနိုင်။
စစ်မှန်သောကြီးမြတ်မှုသည်ကြင်နာသနားမှုမှမပေါ်ထွန်းနိုင်ဟုဗုဒ္ဓကအခိုင်အမာမြွက်ကြားတော်မူခဲ့သည်။
ဧကရာဇ်မင်းကြီး အသောက၏ရက်စက်ကြမ်းကြုတ်မှုမှ ကြင်နာသနားမှုသို့ ကူးပြောင်းလာခြင်းကို သူ၏နိုင်ငံအတွင်းတိရစ္ဆာန်များ၏အသက်ကိုပကိုပင်လျှင်သတ်ဖြတ်ခြင်းမှတားမြစ်ထားခြင်းကပြီးပြည့်စု
စေပါသည်။တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲသို့ ချစ်သောမင်းကြီးသည် သူ၏တိုင်းသူပြည်သားများသည် ဆင်းရဲငတ်မွတ်မှုကြောင့်သာ သူတစ်ပါး၏ပစ္စည်းဥစ္စာများကိုခိုးယူကြခြင်းဖြစ်သည်။ဟု သိမြင်၍ သူနိုင်ငံအတွင်းဆင်းရဲမှု
တို့လျော့ကျနည်းစေရန် ရှေးရှုဆောင်ရွက်ခဲ့သည်။

ထိုပြင် ဗုဒ္ဓဝါဒီတို့ အားဗုဒ္ဓဆုံးမတော်မူခဲ့သည်အတိုင်း အခြားဘာသာရေးဂိုဏ်သားတို့ အပေါ် မည့်သည်အခါမျှ ဖိနှိပ်ရှုတ်ချခြင်း ကဲ့ရဲ့ ခြင်းမပြုရဟူသော မင်းကြီး၏ မှာကြားချတ်သည် မင်းကြီး၏ စိတ်နှလုံးနူးညံ့ခြင်း သဘောထားကြီးခြင်းတို့ ကို ဖော်ပြနေသည်။ အသောကမင်းကြီး၏ နောက်ပိုင်းခေတ်တွင်အချို့ သော ဘုရင်တို့ သည်မိမိတို့ ယုံကြည်သောဘာသာရေး အယူဝါဒတို့ ပျံ့ နှံ ထွန်းကားစေရန် အကြမ်းဖတ်နည်းကို စွဲကိုင်လာကြသည်။
လူဘောင်အဖွဲ အစည်းများကို ယဉ်ကျေးမှုအဆင့်အတန်း မြှင့်တင်နိုင်ရန်နှင့်ညီညွတ်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် အလို့ ငှာ ဗုဒ္ဓ၏တရားတော်များကို အဆိုပြုခဲ့ကြသည်။ကျွန်ုပ်တို့ သည် ဗုဒ္ဓ၏ တရားတော်များကိုလေ့လာမှတ်သား၍ နာယူကျင့်ကြံ ကြမည်ဆိုပါလျှင် ခပ်သိမ်းသော လူတို့၏ပြဿနာများကို ပို၍ပို၍နားလည်သိမြင်လာပေလိမ့်မည်။ဗုဒ္ဓသည် လောကကို အောင်နိုင်သူတို့ တွင် အကြီးမြတ်ဆုံး ဖြစ်သည်။ဗုဒ္ဓသည် မိမိ၏ မလွဲမှားနိုင်သော မေတ္တာလက်နက် သစ္စာလက်နက် တို့ ဖြင့် လောကကိုအောင်နိုင်ခဲ့သည်။ဗုဒ္ဓ၏ တရားတော်များသည်လည်း လူတို့ အား မုန်းတီးမှုဒေါသ ၊ဆင်းရဲ ခြင်းဒုက္ခ မည်သော အမှောင်ကမ္ဘာမှ ၊ချစ်မြတ်နိုးမှုမေတ္တာ ချမ်းသာခြင်းသုခ မည်သောအလင်းကမ္ဘာသစ်ဆီသို့ သွားရာလမ်းကို မီးမောင်းထိုးပြနေကုန်၏။
            
              စင်စစ် လူတို့ ၏ အညွှန့် အဖူးဖြစ်သော ဗုဒ္ဓသည် ဤကမ္ဘာလောကတွင် ကြာရှည်စွာပွင့်တော်မမူခဲ့သော်လည်းဗုဒ္ဓ၏ သင်းပျံ့ သော ခြိမ်းချမ်းရေးမှာတမ်း ရနံ့ တို့ မှာမူ ထာဝစဉ် တည်မြဲနေမည်သာ ဖြစ်သည်။
    [Dr.Dhanmanada"message for All ". what Buddhists Believe,Expended 4"th Edition, malayaia:Buddhist missionary society,2oo2,53-56ကို မြန်မာပြန်ဆိုထားသည်။]

Thursday, June 30, 2011

စိပ်ပုတီးက တရားစွဲဆိုခြင်း


     ယခုအခါ ဝင်တွင်းကာလသို့ ရောက်ပြီမို့  ဗုဒ္ဓဘာသာဝင် အများစုတို့ သည် အလှူပေးခြင်း သီလဆောက်တည်ခြင်း ကမ္မဌာန်းဘာဝနာ ပွားများဆောက်တည်ခြင်းအားထုပ်ခြင်းတို့ ကို စွမ်းနိုင်သမျှ ပြုလုပ်ကြပါသည်။ (၈)ရက်သီးတင်းလပြည့် လကွယ် ဥပုသ်နေ့ များတွင် ကျောင်းကန်ဘုရား စေတီတေတ်ာများများသို့  သွားရောက်ပြီး ၈ပါးသီလ ၊ကိုးပါးသီလ၊စသည်ဖြင့် ဥပုသ်သီလများ ဆောက်တည်ကြပါသည်။သီလဆောက်တည်သူ ဥပုသ်သည်အချို့ သည် မိမိတို့ ၏ စိတ်သန္တာန်ဝယ် အဝေးမလွင့်ပါးစေရေးအတွက် ပုတီးစိတ်ကြပါသည်။

ဥပုသ်သီလဆောက်တည်ခြင်းနှင့်ပါတ်သက်၍ ဝိသုဒ္ဓိမဂ် အဌကထာ၌  အောက်ပါအတိုင်းပြဆိုထားပါသည်။
၁။ယသကာမတာယ၊ သူတစ်ထူးတို့  ချီးမွမ်းအံ့သြ အကျော်စောကို တောင်းတနှစ်သက်၍ လူအထင်ကြီးအောင် အကြည်ညိုခံရအောင် ။သမာဒိန္နံ၊ ဆောက်တည်အပ်သော
ဥပုသ်သီလ ပုတီးစိပ်ခြင်းသည် ဟီနံ၊ယုတ်ညံ့သော ဟီနဥပုသ်သီလမည်၏။
၂။ပုညဖလကာမတာယ၊လောကီကောင်းကျိုး ခံစားလိုသောကြောင့် သမာဒိန္နံ ၊ဆောက်တည်အပ်သော ဥပုသ်သီလသည် မဇ္ဈိမံ အလယ်အလတ် ဥပုသ်သီလ ဆောက်တည်ခြင်း မည်၏။
၃။က္ကဒံ၊ဤအကျင့်သီလ မည်သူကို၊အရိယေဟိ သူတောင်ကောင်းလောင်းလျာတို့ သည် ပြုသင့်ပြုကောင်းသော အမှုပင်တည်း။က္ကတိ ဤသို့ ။အရိယာဘာဝံ အရိယာတို့ သဘောကို နိဿာယ၊မှီ၍ သမာဒိန္နံ ဆောက်တည်အပ်သော ဥပုသ်သီလသည် ပဏီတံ အမြတ်ဆုံး ဥပုသ်သီလမည်၏။
အချို့ သော ဥပုသ်သီလဆောက်တည်သူများသည် လက်တွင် ပုတီးတချောက်ချောက် စိပ်ပြီး နှုတ်က ဗုဒ္ဓ၏ဂုဏ်တော်များပွားများရမည် အစား သားရေးသမီးရေး စီးပွားရေး ကြီးပွားရေး ထွေရာလေးပါး သောသောညံအောင် ပြောဆိုနေတက်ကြပါသည်။
ထူးထူးခြားခြား စားကောင်းသောက်ဖွယ်ဟင်းလျာများ ချက်ပြုတ်လာပြီး တဝတပြဲ စားတက်ကြသည်။နေ လည်တရားနာချိန် တရားအားထုပ်ချိန်တို့ တွင် ဆရာတော်ဘုရားးများဟောကြားအပ်သော ဗုဒ္ဓဒေသနာတော်ဘယ်စခန်းက  ဘယ်လမ်းရောက်မှန်းမသိ အစာအဆိပ်တက်ကာ ထိနမိဒ္ဓများနေတက်ကြပါသည်။
ဤကဲ့သို့ သော ဥပုသ်သိလသည် အများအမြင် ကောင်းရုံ လူအထင်ကြီးရုံပြုကျင့်သော ဟီနဥပုသ်သီလတွင် ပါဝင်ပါသည်။ဟီနဥပုသ်သီလဆောက်တည်သူတို့ အား
၎င်းတို့ စိပ်သောပုတီးများက မခံမရပ်နိုင်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရားထံ လျှောက်ထားတိုင်ကြားပါသည်တဲ့။
အရှင်ဘုရား တပည့်တော်တို့ မိဂ၊သကာ အုန်း ပေ သရိုး၊သစ်သားမျိုးစုံ ပုတီးလုံးကြီးငယ် အသွယ်သွယ်သော ပုတီးတစ်စုတို့ ကရိုသေစွာ ရှိခိုး၍ အသနားတော်မြတ် ခံပါသည်ဘုရား။  ထရံ ကဲလား အခြင်းဝါး၌ ချိတ်ဆွဲသာယာ ငြိမ်သက်စွာရှိနေပါသည်ကို မနုဿတရားခံ ကျား-မစင်စစ် ယနေ့ ဥ  ပုသ်သီးတင်းရက်ဖြစ်ပေ၍ ဧကတစ်ရက်ဖြစ်သောသင်္ခါရအောင်မြေ ကျောင်းဇရပ် တစ်နေရာသို မဂ်ဖိုလ် နိဗ္ဗာန် ဆွတ်ခြွေရန် ကူးသန်းမည်ဟုဆိုကာ နေအိမ်မှအထွက် ကတိကဝတ် ထားကြပါသည်။
အဌင်္ဂသမ္ပန္နာဂတံ အာမတော်ခံရန် သွားမည့် လင်လှသခင်အားညယနေ့ ဥပုသ်ခွင်သို့  ခိုဝင်မည့်ကိစ္စ မယားအလှက ထူးမြတ်ပေစွ ကောင်းပေစွဟု ဖြူစွ ဖွပ်ဆန် ကောင်းစွာချက်ပြုတ် လက်သုတ်နှင့်ဟင်းလျာ ဝက် ,ကြက်ပြုတ်, သံပုရာ အဖြာဖြာပြင်ဆင်တော်ရဲ့  တော်ပေရဲ့ မေသခင်ရယ် .....
လူအရှင်တို့  အံ့သြလောက်အောင် ကောင်းစွာကျွေးမွေး သုတ်သင်ကာ အာသာရှင်း  ဥပုသ်တွင်းက ဆာလောင်ချိန်ကျပါသောကြောင့် စားချင်သည့် အာသာ ကပျာကယာထပြီး
ပါလာသည့် ထမင်းဟင်း ပဋိကူလ သညာအခေါ် ကောင်းတာတွေတစ်ခုမျှ မ ခြွင်းချန်ဘဲ့ စားလိုက်သည့် ဝမ်းသမုဒ္ဒရာ ပြည့်ကာလျှံပိုခဲ့ပါ၏။
ခန္ဓာကိုတောင့်တင်းလာသော ကြောင့် ပျင်းရိလာသည် အတွက် အစာကနှိပ်စက် မျတ်လုံးက မှေးမှိန်လာလျက်မို့  ပတ်လက်ကားယား ဒူးဖျားပေါင်ပေါ် မလျော်အခင်း ဇရပ်အတွင်းဖျာအပေါ်မှာ ပျော်ပျော်ကြီး ကျိန်းစက် ပြီး သုံးချတ်တီးကျော်သောအခါ ဗရပွ သူနှုတ်ထွက် ပျတ်လိုက်သည် ထိုတစ်ချတ်မှာတော့။အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတောဟု သဘောမဝင် မဆင်ခြင် ပယ်ရှားက လယ်စကားယာစကားသူဟာဟုတ်စေ ငါ့ ဟာဟုတ်စေ ခေါင်းညိမ့်ခေါင်းခါ
လက်တစ်ခါခါဖြင့် တစ်ချို့ က ဆိုရာမှာ အိမ်ကကျွဲ နွား ရွှေငွေ နှင့် ဆန်စပါးများကို လူတစ်ကာ ခိုးဝှတ်ပျောက်မည် စိတ်စောလောဘနှင့်ဒလဟော။
သူသမီးချော ငါသားချော လာစေချင်စေလော လွှတ်လိုက်လော့ဟု အောင်သွယ်စကား ပြောကြ အခုကာလမှာဝါသနာသဘော ဆိုပြော၍ ပုတီးလုံး တစ်ချောက်ချောက်ချ အခေါင်းကျယ် ဘဝရောက်ရပါသည် ဘုရား။    အရှင်ဘုရား အုန်း ပေ သရိုး ကြိုးထိုး သစ်စုံ ထုဆစ်သွင်းထား မောင်ပုတီးများတို့ အားမစိပ်ဘဲ ရောက်ရာမှာချိတ် နားမှာပန် လည်မှာဆွဲ အတန်တန်ချထား ပြတ်သွားစဉ်ပျောက် ဇရပ်အောက်ကျလိုကျ လက်မှာစွပ်ထားကာ ယမ်းလိုယမ်း ထရကြမ်းပြုလုပ်နေကြပြီး ကရားရေလွတ် တတွတ်တွတ်ဖြင့် ဟိုဒင်းဒီဒင် သတင်းပြောရာက အတင်းအဖျင်းပြောနေကြ က္ကထ္တိယဥပုသ်သည်များက တစ်ချို့ ပါဘုရား။
အရှင်ဘုရား ပုရိသ က္ကထ္တိယ ဥပုသ်သည်ထိုနှစ်ဝတို့ သည် ပုတီးများကို ညှင်းပန်းနှိပ်စက် အကြမ်းဖက် နာကျင်စေသည့် အတွက် ပြစ်မှုဆိုင်ရာပြဌာန်းချက် ပါ နာကျင်စေမှုများ ငြိစွန်းထားပါသောကြောင့်မနုဿတရားခွင်အလား တရားစီရင် ပေးပါရန်အကြောင်း ဘုရားတပည့်တော်တို့ ဖြစ်သောအုန်း ပေ သရိုး ကြိုးထိုး သစ်စုံ ပုတီးလုံးကြီးငယ်အသွယ်သွယ်သော ပုတီးကုံးတစ်စုတို့ က ရိုသေစွာ ရှိခိုး၍ အသနားတော်မြတ် ခံအပ်ပါသည်ဘုရား
သံသရာနှောင်အဖွဲ့ မှ လွတ်မြောက်ရန်ရည်သန်၍ ဥပုသ်သီလဆောက်တည်ကြရာတွင် စိတ်တည်ငြိမ်စွာထား၍ ဘာဝနာတရားများ အားထုပ်ကြရပေမည်။လက်တွင် ပုတီးကိုင်ပြီး အနိစ္စ ဒုက္ခ အနတ္တ ဆိုရုံမျှဖြင့် အကျိုးထူးးမည်မဟုတ်ပါ။
နာမ်ရုပ်တို့ ၏ မတည်မြဲမှု ဖြစ်ပျက်မှုကို အနိစ္စ အဖြစ် မြင်လာအောင် ဆင်ခြင်ရှုမြင်တက်ရပါမည်။နာမ်ရုပ် ခန္ဓာ ဖြစ်လာသည်မှ အစပြု၍ ပဋိသန္ဓေနေရခြင်း ဒုက္ခ အိုရ နာရသေရခြင်းဒုက္ခ စသည့်ဒုက္ခသစ္စာမြင်အောင် ကြိုးစားအားထုပ်ရပါမည်။ မိမိအလိုသို့ မလိုက် အစိုးမရသော အနတ္တသဘာဝကို သိမြင်အောင်ဆင်ခြင်ပွားများရပါမည်။သို့ 
မှသာ နိဗ္ဗာန် မဂ်ဖိုလ် အရောက်လှမ်းနိုင်ပါလိမ်မည်။ထိုကြောင့် လူသားအားလုံးပုတီးက ပြန်လည်တရားစွဲဆိုခြင်းမခံရလေအောင် ဟီန ဥပုသ်သီလဟုဆိုအပ်သော သူတစ်ပါးအထင်ကြီးအောင် သူများနှင့် ရောယောင်ပြီး ဥပုသ်သီလ စောင့်ခြင်းမျိုးမဖြစ်ကြပါစေနှင့် ။
သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုသော ဆန္ဒပြင်းပြစွာဖြင့် အကျင့်သီလနှင့် ပြည်စုံသော ဥပုသ်သီလ ကိုဆောက်တည်၍ ဘာဝနာတရားများပွားများအားထုပ်နိုင်ကြပါစေကုန်ဟု တိုက်တွန်းလိုက်ရပါသည်။

Tuesday, June 28, 2011

မှန်ကြည့်ပါ

လူတို့ သည် နေ့ စဉ်"မှန်"ကြည့်နေကြသည်။မှန်ကြည့်သည်ဆိုလျှင် အလှတွက် ကြည့်သည် ဟုထင်ကြသည်။အသေအချာ စဉ်းစားကြည့်လျှင်မှန်ကြည့်ခြင်းသည် အပြစ်ကိုတွေ့ ရန် မြင်ရန်ကြည့်ခြင်းဖြစ်သည်။ မိန်းကလေးတို့  သနပ်ခါးလိမ်းသည့်အခါ မှန်ကြည့်သည်မညီသည်ကို ညီအောင် ကွက်နေသည့်နေရာကို ပြေအောင်ညှိရန် ကြည့်ကြခြင်းဖြစ်သည်။ 

လူတစ်ယောက်မှန်ကြည့်ရာတွင်လည်း ဖွာသည့်ဆံပင်တွေ့ လျှင် ပိရန် ပုံပျတ်နေလျှင်ပုံတည့်ရန် မျတ်နှာတွင် အစွန်းထင်းတွေ့ လျှင် ဖျတ်ရန် အဝတ်အစားမသတ်ရပ်လျှင် သပ်ရပ်ပြေပြစ်ရန် အတွက်ကြည့်ခြင်း ဖြစ်သည်။ မှန်ကြည့်ခြင်းသည်အပြစ်ကိုမြင်ရန် အတွက် ကြည့်ခြင်းဖြစ်သည်။အပြစ်ကကိုမြင်လျှင် မှန်ကြည့်ပြင်ကြသည်။ပြင်လိုက်သဖြင့် ပြေပြစ်သွားသည်။ပြေပြစ်သွားသဖြင့် ကြည့်ပျော်ရှုပျော် ဖြစ်သွားသည်။ ကြည့်ပျော်ရှု့ပျော်ဖြစ်သွားခြင်းသည် အလှကို ဖြစ်သွားစေသည် ထိုကြောင့်လှချင်လျှင် မှန်ကြည့်တက်ဖို့ လိုသည်။မှန်မကြည်တက်လျှင်အလှပျက်တက်သည်၊ထိုအခါ မှန်ကိုပင် အပြစ်တင်သူတွေ လောကမှာ ပေါများလှပါသည်။
တစ်နေ့ မန္တလေးမှ လက်စွဲတော် လူပြတ် ကျော်တည့ှ်နှင့် ကျော်ရွှဲ့သည်မဟာမုနိဘုရားကြီးမှန်ဆိုင်သို့  မှန်ဝယ်သွားကြသည်။  မှန်ဆိုင်ရောက်သည့်အခါကျော်ရွဲ့က မှန်တစ်ချက်ကိုယူကြည့်၍မှန်ကြီးကရွဲ့နေသည်ဟု
ပြောသည်။                        နောက်မှန်တစ်ချက်ယူကြည့်သောကိုအခါတွင်လည်းရွဲ့သည်ဟုပြောပြန်သည်။
နောက်မျန်တစ်ချက်ယူကြည့်၍ လည်းရွဲ့ သည်ဟု ပြောပြန်သည်။ထိုအခါ အတူပါလာသော လူရွင်တော်ကျော်တည့်က ဟေ့ ၊ကောင် ကျော်ရွဲ့  မျက်နှာရွဲ့ ရင် မှန်အတည့်မရှိဘူး အကျဉ်းတန်ရင် မှန်အပြစ်မတင်နဲ့ ဟု ကျော်ရွဲ့ ၏ ရွဲ့ နေသော မျက်နှာကိုဝေဖန်စကားဆိုလိုက်သည်။လောကကြီးတွင် ကျော်ရွဲ့ ကဲသို့  ကိုယ်အပြစ်ကို မမြင် သူများအပြစ်ကို မြင်သူတွေများလှသည်။တစ်ချို့ မှာ အရိပ်ထင်ဟပ်နေသည့် မှန်ကိုပင်ရန်သူထင်မှတ်ကြသူ တွေ ရှိနေသေးသည်။

တောဝက်တစ်ကောင်သည် ပတ္တမြားဂူတွင် သူ့ အရိပ်ကို မြင်သောအခါ အခြားတောဝက်တစ်ကောင်းထင်၍ မှန်ဂူကို ကြိမ်ဖန်များစွာ ခေါင်းနှင့်ပြေးဆောင့် လေသည် နောက်ဆုံးခေါင်းကွဲ အမောဆို့ သေသွားရသည်။ မှန်မကြည့်တက်သူသည် တောဝက်တစ်ကောင်လို ဒေါသတိုးပွားစေသည်။
ဘဝအမောကို ဖြစ်စေသည် မိမိအလှကို အရုပ်ဆိုး အကျည်းတန်စေခဲ့ပါသည်။တစ်ချို့ မှန်ကြည်သူသည် အပြစ်မြင်ရန် အတွက်သာမက အပြစ်အပေါ် အပြစ်ဖြည့်စွက်ရန်အတွက် မှန်ကြည့်နေကြောင်း အံ့သြဖွယ်တွေ့ ရပြန်သည်။
မဟော်သဓာဇာတ်တော်မှ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ သတို သားကြောင့် နဖူးတွင် ဒဏ်ရာရ အမာရွတ်ကိုဖြစ်ခဲ့ရသည်ကေဝဋ်ပုဏ္ဏားမှာ မှန်ကြည့်လျှင် နဖူးက အမာရွတ်ကို မြင်ရသည် အမာရွတ်ကိုမြင်လျှင် မဟောသဓာအပေါ်မကျေနပ်စိတ်ဖြစ်ပေါ်လာရသည် ရန်ငြိုးများ
တစ်ဆင့်ပြီးတစ်ဆင့် ပွားခဲ့ရသည်ကေဝဋ်ပုဏ္ဏားအတွက် မှန်ကြည်ခြင်းသည် ရန်မီးပွား ဖို့ဖြစ်သည်။အပြစ်ပေါ် အပြစ်ထပ်ဖြည့်ဖိုဖြစ်သည်။ မှန်တစ်ချပ်သည် ပုံရိပ်ထင်ဟပ်မှု
ဖြစ်သည်။ပုံရိပ်သည် အပြစ်ကိုပြသည် အပြစ်ကို မြင်တက်သူအတွက် အလှကို ဆင်တက် ပြင်တက်သူအတွက်သာ အလှကိုဆင်တက်ပြင်တက်စေပါသည် အပြစ်ကို မမြင်တက်
သူအတွက် မှန်တက်ချပ်သည် ဒေါသကိုပွားစေသနိုင်စေသည်ရန်ငြိုးကို ပွားစေနိုင်ပါသည်။
နောက်ဆုံးမိမိကိုယ်ကို မသိခြင်းက မိမိကိုယ်ကိုပင်အဆုံးသတ်စေနိုင်ပါသည်။လူတို့ အလှတွက် မှန်ကြည်နေကြည်သည်ဆိုလျှင် "ဖြစ်ခြင်း"ပျတ်ခြင်း"အိုခြင်း"နာခြင်း"သေခြင်း"စသည့် 
နိမိတ်တရားတို့ကိုနေ့စဉ်ပြနေသောခန္ဓာ မှန်တစ်ချပ်ကိုလည်းဘဝအတွက်သံသရာ အတွက်မပြတ်ကြည့်နေတက်ဖို့လိုမည်ထင်ပါသည်။
ခန္ဓာမှန်သည် အပျက်တို့ ကို ပြနေသည်။ ခန္ဓာမှန်သည် ဖောက်ပြန်မှုကို ပြနေသည်။ခန္ဓာ၏ အပြစ်ရှိခြင်း
တရားကို သိခြင်းတရားနှင့် မြင်တက်ဖို့လိုအပ်ပါသည်။ အပြစ်ကို သိမြင်လျှင် ကျင့်ခြင်းတရားဖြင့် ချေဖျက်ပြုပြင်ရမည်ဖြစ်ပါသည်။ 
ဘုရား" မှန် "တရား"မှန်"သံဃာ"မှန်"တို့ သည်အပြစ်မှတဆင့် ငြိမ်းအေးမှုကို ညွှန်းပြနိုင်ပါသည်။မောဟမှ အမောဟသို့ညွှန်ပြနိုင်ပါသည်။အတ္တမှအနတ္တသို့ညွှန်ပြနိုင်ပါသည်။ဒုက္ခမှသုခသို့ညွှန်ပြနိုင်ပါသည်။
သံသရာမှအမတသို့ ညွှန်ပြနေပါသည် ။ မှန်ကြည့်တို့ သည်သာ လောကီမှန် မှ လောကုတ္တရာ မှန် သို့  သဒ္ဓါသန်သန် ကြည့်တက်ဖို့ လိုပါသည်။ မှန်ကြည့်တက်လျှင် အားလုံးသောသူတို့ အလှဆင်နိုင်ပါလိမ်မည်။

Sunday, June 26, 2011

လောကရေးရာ..ပျတ်စီးကြောင်းတရားလင်္ကာ

မြတ်စွာဘုရားရှင်က မင်္ဂလသုတ်ကိုဟောတော့ နတ်တွေက အကြံဖြစ်ကြသည်တဲ့...ဘုရားရှင်က ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတွေကိုတော့ ဟောတော်မူတယ်- ပျတ်စီးကြောင်းတရားတွေကိုတော့
မဟောသေးဘူး-ဒါကြောင့် သတ္တဝါတွေ ပျတ်စီးကြောင်း တရားတွေကို မေးလျှောက်ရအောင်လို့  ကြံစည်ပြီးတော့ မင်္ဂလာတရားတော်တွေကို ဟောပြီးတဲ့ နောက်တစ်တစ်နေ့ ညမှာပဲ -တစ်သောင်းသော
စကြာဝဠာမှာနေကြတဲ့ နတ်တွေ၊ ဗြဟ္မာတွေ အားလုံး ဤစကြာဝဠာတစ်ခုလုံးတည်းထဲ မှာ စုပြီး ဘုရားရှင်ထံ
သွားရောက်ကြပါတယ်- သွားကြပြီးတော့ ဇေတဝန်ကျောင်းတော် ဘုရာရှင်ထံ ချဉ်းကပ်ရှိခိုးပြီး ဝိုင်းရံပြီး ရပ်နေ
ကြပါတယ်သိကြားမင်းက နတ်သားတစ်ယောက်ကိုဘုရားရှင်အား ပျတ်စီးကြောင်းတရားတွေကို မေးလျှောက်
ဘို့ တာဝန်ပေးခိုင်းစေချတ်အရ အဲ့ဒီနတ်သားက -ပရာဘဝန္တံ ပုရိသံ ၊မယံပုစ္ဆာမ ဂေါတမံ။
ဘဂဝန္တံ ပုဌုမာဂမ္မ၊ ကိပရာဘဝကော  မုခံ ။ဟု အစချီကာ ဘုရားရှင်ကိုမေးမြန်ပါတယ်။
ဘုရားရှင်ကလည်း- သုဝိဇာနော ဘဝံ ဟောတိ သုယိဇာနော ပရာဘထော၊ ဓမ္မကာမော ဘဝံ ဟောတိ
ဓမ္မဒေဿီ ပရာဘဝေါဟု အစချီကာ ဖြေကြားတော်မူပါတယ်။။ အဲဒီသုတ္တန်ကို နာကြားကြားရတဲ့ နတ်တွေ 
ဗြဟ္မာတွေဟာ ပျတ်စီးကြောင်း တရားတွေကို နာကြားရတော့ ဖြစ်ပေါ်လာတဲ့ သံဝေဂညာဏ် အားလျှော်စွာ
ရုပ်နာမ်တရားတွေကို ရှုမှတ်ကြလို့ - သောတာပန် သကဒါဂါမ် အနာဂါမ်တွေ ဖြစ်သွားကြတာ မရေ
မတွက်နိုင်အောင်ပါပဲလို -အဌာကထာဆရာတွေက ဖွင့်ပြပပါတယ်။ ဒီးတရားတော် ပရာဘဝသုတ်ကို အများနားလည်း မှတ်သားကြ စေဖို့  မန္တလေးပေါက်မြိုင်ဆရာတော်ဘုရားကြီးးက လင်္ကာများစပ်ဆိုတော်မူခဲ့ပါသည် ။စာဖတ်ပရိသတ်တို့ မှတ်သား နိုင်ပါစေ...

၁။သုစရိုက်တရား         မလိုလား                          မှတ်သားပျတ်စီးကြောင်း။
၂။သူယုတ်မာကို၊             ချစ်ကြည်ညို                        မှတ်သိုပျတ်စီးကြောင်း။
၃။သူတော်ကောင်းကို           မချစ်လို                           မှတ်သိုပျတ်စီးကြောင်း။
၎။သူယုတ်တရား                 နှစ်သက်ငြား၊                    မှတ်သားပျတ်စီးကြောင်း။
၅။အအိပ်လွန်ငြား                 အငိုက်များ၊                      မှတ်သားပျတ်စီးကြောင်း။
၆။အပေါင်းအဖော်                 အလွန်ပျော်၊                    မှတ်နော်ပျတ်စီးကြောင်း။
၇။စကားပြောသော်              အလွန်ပျော်                      မှတ်နော်ပျတ်စီးကြောင်း။
၈။ထကြွလုံးလ                   မရှိက                              မှတ်ကြပျတ်စီးကြောင်း။
၉။ထုံထိုင်းမှိုင်းဖျင်း          အလွန်ပျင်း                            မယွင်းပျတ်စီးကြောင်း။
၁၀။ဒေါသအမျက်            ပျင်းစွာထွက်                         မှတ်သိုပျတ်စီးကြောင်း။
၁၁။မိအိုဘအို               မကျွေးလို                               မှတ်သိုပျတ်စီးကြောင်း။
၁၂။အလှူခံအား            လိမ်လှည့်စား                         မှတ်သားပျတ်စီးကြောင်း။
၁၃။တစ်ယောက်တည်းသာ      စားလိုပါ                            မှတ်ပါပျတ်စီးကြောင်း။
၁၄။အမျိုးဇာတ်မာန်      အလွန်ခတ်ထန်                           မှတ်ရန်ပျတ်စီးကြောင်း။
၁၅။ပစ္စည်းမာန          ထောင်လွှားက                               မှတ်ကြပျတ်စီးကြောင်း။
၁၆။မျိုးနွယ်မာန          ထောင်လွှားက                              မှတ်ကြပျတ်စီးကြောင်း။
၁၇။မိန်းမလိုက်စား         ပျော်ကြူးငြား                             မှတ်သားပျတ်စီးကြောင်း။
၁၈။မူးယဇ်သောက်စား            ပျော်ကြူးငြား                     မှတ်သားပျတ်စီးကြောင်း။
၁၉။အလောင်းအစား               ပျော်ကြူးငြား                    မှတ်သားပျတ်စီးကြောင်း။
၂၀။မကောင်းမိန်းမ               လိုက်စားက                          မှတ်ကြပျတ်စီးကြောင်း။
၂၁။သူများမယား              လွန်ကြူးငြား                          မှတ်သားပျတ်စီးကြောင်း။
၂၂။အရွယ်အိုလျှက်           အငယ်မက်                           မှတ်ချတ်ပျတ်စီးကြောင်း။
၂၃။မသင့်တော်သူ          စိတ်ချမူ                                    မှတ်ယူပျတ်စီးကြောင်း။
၂၄။မင်းမျိုးဖြစ်ကာ             ဥစ္စာကားနည်း                         မှတ်သားပျတ်စီးကြောင်း။
၂၅။လောဘကြီးလျှက်            စည်းစိမ်မက်                         မှတ်ချတ်ပျတ်စီးကြောင်း။
ပျတ်စီးကြောင်းများ သိရှောင် ရှားက ချမ်းသာရမည် စိတ်ဝယ်ရည်၍ ရွှင်ကြည်နှလုံး အစဉ်သုံးက သက်ဆုံးဘဝ နောက်ကာလ ရောက်ကြနိဗ္ဗာန်ရွှေပြည်တည်း။ ဤကဲ့သို့ သော ပျတ်စီးကြောင်းတရားတွေကို 
ရှောင်ရှားနိုင်ကြသဖြင့် လောကရော သံသရာပါ နိဗ္ဗာန်တိုင်အောင် ကြီးပွားချမ်းသာကြပါစေ။

Friday, June 24, 2011

ဓားပြငါးရာကိုဘာဝနာအစွမ်းဖြင့်ဆုံးမသောကိုရင်ထူး

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က သာမဏေကျော်အများအပြား ပေါ်ထွက်လာသည်။
ရာဟုလာသာမဏေ ပဏ္ဍိတသာမဏေစသည်တို့ ဖြစ်သည်။ထိုသာမဏေများထဲမှ သံကိစ္စသာမဏေမှာ လွန်စွာမှထူးခြားခဲ့လေသည်။မိခင်အသုဘ မီးရှို့ထားခဲရာမှ နောက်တစ်နေ့သွားကြည့်ကြရာတွင် မိခင်လောင်းပြာပုံအပေါ်မှမွေးဖွားကျန်ခဲ့သောအံ့ဖွယ်လူသားလေးပါ။ထိုသူငယ်သည်နောင်အခါသံကိစ္စဖြစ်လာရသည်ပေါ့။
ပစ္ဆိမဘဝိက လူသားကိုး။ ထူးခြားသည်ဆိုမှတော့ မွေးဖွားတာသည်ပင် သူတစ်ပါးနဲ့ မတူခဲ့။ ဒါကြောင့်လည်း ထူးရသည်ပင်။ ထိုသူငယ်သိတက် ဆင်ခြင်တက်ချိန် ခုနှစ်အရွယ်တွင် ကိုယ့်အကြောင်းကို ဆင်ခြင်ပြီး လူဘဝကို ကြောက်လန့် သွားသည်။ သံဝေဂညဏ်ဖြစ်ပေါ်ပြီး အရှင်သာရိပုတ္တရာထံ ကိုရင်ဝတ်သည်။ ဆရာနည်းကျတရားအားထုပ်သည်။"ယထာဘူတံ ညဏဒဿနာယ သတ္ထာ ပရိယေသိတဗ္ဗာ"နည်းမှန်ရဖို့ရာ
ဆရာကောင်းရှာရသည်ပင်ဖြစ်သည်။ သံကိစ္စသာမဏေသည်ဆရာကောင်းတွေ့ ၍ နည်းမှန်ရခဲ့သည်။
တရားထူးရခဲ့ပြီး ကိုရင်ဝတ်ဖြင့်ရဟန္တာဖြစ်လာသည်။ကိုရင်ရဟန္တာဖြစ်သည်။ သြော်...မီးလောင်မြေမှ ရှင်ပြန်
ထမြောက်လာသော ကိုရင်ငယ့် အစွမ်းပါတကား။ တစ်နေ့ တွင် သံဃာ(၃၀)က ဘုရားရှင်ထံမှ ကမ္မဌာန်းယူ
ပြီး တောရဆောက်တည်ရန် အရှင်သာရိပုတ္တရာကို ကန်တော့ကြသည်။  အရှင်သာရိပုတ္တရာက သံကိစ္စသာမဏေကို အလုပ်အကျွေးအဖြစ် ထည့်လိုက်သည်။ တစ်နေ့တွင် ရဟန်းတော်သုံးကျိပ်နှင့် ကိုရင်တို့  နေရာတောရကျောင်းကလေးရှိရာသို့  နွားကျောင်းသားတစ်ယောက် နွားပျောက်ရှာရင်း မျတ်စိလည်ကာ  ရောက်လာပါသည်။ သူသည် ပြဿနာကို ပါခေါ်လာခဲ့သူဖြစ်သည်။ ပြဿနာကို လည်း
စခဲ့သူပါပေ။ထမင်းကျန်ဟင်းကျန် များကိုစား၍ တစ်လခန့် အကြာမိမိအိမ်သို့  တိက်တိက်ကလေး
ပြေးပြန်သည်။ သံဃာကိုမပန်ကြားတော့ လမ်းတွင်ခိုးသားငါးရာနှင့်တွေ့ ပြီး ၎င်းအားသတ်၍ ယဇ်ပူဇော်ရန် စီမံကြလေသည်။ ထိုနွားကျောင်းသားက ရဟန်းတော်များကိုယဇ်ပူဇော်လျှင် ပို၍ကောင်းကြောင်း သူက အနူညာသူတောင်းစားဖြစ်၍ မကောင်းကြောင်း ကျေးဇူးကန်းစွာ ဆိုပါတော့သည်။လက်ထောက်ချ
လိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုအခါ ဓားပြတို့ က ၎င်းကိုပင်လမ်းပြတင်၍ ရဟန်းတော်များရှိရာကို ပြသခိုင်းပါသည်။ခိုးသူကြီးကရဟန်းတစ်ပါးကိုယဇ်ပူဇော်ဖို့ပေးရန်တောင်းရာအကြီးဆုံးမထေရ်က'
အများကောင်းစားရေးအတွက်သူအားသတ်ရန်လိုက်မည်'ဟုပြောကာထလိုက်သည်။
ဒုတိယရဟန်းကလည်းသူလိုက်မည်ဟုထသည်။တတိယရဟန်းကလည်းသူလည်လိုက်မည်ဟုထပြန်သည်။
ယင်းသို့ ရဟန်းတော်များကမကြောက်မရွှံပဲ သူအသေခံမည်။
ငါအသေခံမည်ပြောဆိုပြီးမထေရ်ကြီးများကိုမသေစေလိုကြပေ။ကိုယ်သာအနာခံပြီးလိုက်ရန် တစ်ပါးချင်းပြောနေကြသည်။ ထိုအခါသံကိစ္စ သာမဏေထလာပြီး သူသာလိုက်ပါမည်။ ဒီအတွက် သူ့ ဆရာ အရှင်သာရိပုတ္တရာက ထည့်လိုက်ခြင်း ဖြစ်ပါသည်ဟု လျှောက်ထားကာ ခိုးသားဓားပြတို့ ခေါ်ရာကို လိုက်သွားတော့သည်။ သြော်...သာမဏေငယ်လေး အသက်ခံရတော့မှာပါလား။ဓားပြခေါင်းဆေဆာင်က ဓားပြတ်ပြတ်ဖြင့် ကိုရင့်ဇာတ်ကို ခုတ်ပိုင်းပါတော့သည်။ ဓားသာခွေလိပ်သွားသည်။ ကိုရင်၏ မေတ္တာအစွမ်း
ကြောင့် ဓားမတိုးပေ။ နောက်တစ်ကြိမ် ခုတ်ပြန်တော့လည်း ကိုရင်က မသေပါ။ခိုးမှူးကြီးသာ 
ဝန်ချကန်တော့ရတော့သည်။ ဒူးထောက်တောင်းပန်ရတော့သည်။ကိုရင်သည် ငယ်နုပါ၏။
ကိုရင်ထံက သီလ သမာဓိပညာတို့ မှာရင်ကျတ်လှပါ၏။လူးဆိုဗိုလ်သည်တောင်းပန်ပြီး ကိုရင်ဝတ်ခွင်တောင်းသည် ။ ကိုရင်ကသူးဓားဖြင့် သူခေါင်းကိုရိပ်ကာ ကိုရင်ဝတ်ပေးလိုက်သည်။ သြော်...ဟိုအရင်က ခေါင်းဆောင်ခိုး၍ တပည့်များက ခိုးခဲ့ဆိုးခဲ့ကြသည်။ယုခုခေါင်းဆောင်လိမ္မာသည့်အခါ သူတို့ လည်း လိမ္မာပြီး ကိုရင်ဝတ်ကြပြန်သည်။ ရှေ့ဆောင်နွားလား၊အဖြောင့်သွားက နောက်နွားတစ်တစ်သိုက် ဖြောင့်စွာလိုက်၏သံကိစ္စကိုရင်သည် ဓားပြ (၅၀၀)တို့ အားတရားပြဆုံးမပြီး သင်္ကန်းဝတ်ပေးကာ ကောင်းကင်မှ ဈာန်ဝာဉ်ဖြင့်ကြွ၍ ဘုရားထံ ခေါ်ဆောင်သွားပါတော့သည်။
 ကိုရင်သာမဏေကို ငယ်၏ဟူ၍ မရိုမသေ မပြုအပ်ပေ။ 
ဘယ်လိုပဲ မွေးခဲ့မွေးခဲ့ မွေးဖွားခြင်းသည် ပြီးဆုံးခဲ့ပြီ။

ပစ္စုပ္ပန်လုပ်လုပ်ရပ်ကို ကြည့်လျှင် ဘုရားသားတော် ဘုရားတရားတည်မြဲသူဖြစ်သည်။ ဘုရားသည်လောကတွင်အမြတ်ဆုံး အတော်ဆုံး။ဘုရား၏ စကားကို
လိုက်နာသူသည်လည်း အမြတ်ဆုံးပင် ဖြစ်သည်မဟုတ်ပါတကား။
ဒက၊်အနာတွေပေါက်နေသောကိုရင်ပင် ဖြစ်စေပါဦး သူထံတွင် လူထက်သာသော သီလသိက္ခာများ
တည်မြဲနေ၍ မရိုမသေပြုလျှင် ဤလူမှာ ဒုက္ခကြုံတွေနိုင်ပေသည်။ ရိုသေနိုင်ကြပါစေ...ကိုရင်သံကိစ္စကျေးဇူး ကြီးမားပါပေသည်။