ကြည်ညိုခြင်းသုံးမျိုးရှိ၏။
ကယ်ကြည်ညိုအောင်နေလျှင် အတူနေ များက ကြည်ညိုခြင်း၊ အဝေးနေများက ကြည်ညိုခြင်းတို့သည် အလိုလိုပါသွားသောကြောင့်ပင်ဖြစ်၏။
သူတစ်ပါးကို မကြည်ညိုမိလို့ အပြစ်မရှိ၊ အကုသိုလ် မဖြစ်၊ ကုသိုလ်မရရုံသာ ရှိ၏။ သို့သော် မိမိကိုယ်ကို အမှန်တကယ် မကြည်ညိုအောင်နေလျှင်ကား အပါယ်ငရဲ အထိကျတတ်၏။ အဘယ်ကြောင့် ဆိုသော် သူတစ်ပါးကိုလိမ်ညာ၍ ရသော်လည်း မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြောင့်ပင် ဖြစ်၏။ မိမိကိုယ်မိမိ တကယ်ကြည်ညိုအောင် နေလိုလျှင် ဗုဒ္ဓ၏ ဩ၀ါဒ အတိုင်း -
အကုသိုလ် အလုပ်မှန်သမျှ သူတစ်ပါး သိ
သည်ဖြစ်စေ၊ မသိသည် ဖြစ်စေ အကုန်
ရှောင်ကြဉ်ရ၏။ကုသိုလ်မှန်သမ
လေးပါ မကျန် အကုန်ပြုလုပ်ရ၏။ မိမိစိတ်
ကို ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏာ
နုဿတိ၊ ၀ိပဿနာ တစ်ခုခု အမြဲတမ်းပွား
များနေပြီး ဖြူစင်အောင် ထားရ၏ ။ ။
ဤအဆုံးအမတိုင်း နေပါလျှင် မိမိကိုယ်မိမိ တစ်နေ့ထက် တစ်နေ့ ပို၍ ကြည်ညိုလာမည်သာဖြစ်၏။ ဝေယျာဝစ္စ လုပ်သူများတွင် ခိုးဝှက်စားသောက်သူများသည် မိမိကိုယ်မိမိ ကြည်ညို၍ မရကြတော့။ ငါတို့သည် ဘုရားအမှူးရှိသော သံဃာတော်များအရင် ခိုးဝှက်စားသောက်
သူများပါတကား- ဟူသော အတွေးသည် သူတို့ တတွေကို အမြဲတမ်း ဒုက္ခ ပေးလျက်ရှိ၏။
ထို့ကြောင့် သက်တမ်းကုန်၍ သေဆုံးကြသောအခါ ခိုးဝှက်စားသောက်ကြသော ဝေယျာဝစ္စသမားများသည် ငရဲသို့ကျသွားကြ၏။ အလှူရှင်များနှင့် ဖြူစင်စွာ ဝေယျာဝစ္စပြုသူများသည် နတ်ပြည်သို့ လားရောက်ကြ၏။ မိမိကိုယ်မိမိ တကယ်ကြည်ညိုအောင် မနေသူများသည်
ငရဲပြည်သို့ ရောက်ရ၏။
မြေမြတ်မဟာဗုဒ္ဓဂယာ
မြတ်ဘုရားဖွားတော်မူရာ
တရားဦးဟောတော်မူရာ
မဟာစည်ဆရာတော်
မစိုးရိမ်ဆရာတော်
သီတဂူဆရာတော်






No comments:
Post a Comment