Saturday, February 25, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၂)

လူပီသ သီလအရင်းခံ


လူ့သီလသည် လူ့အသက်ပင်ဖြစ်ရာ လူ့ဗီဇပီပီသသ အစွမ်းပြလိုကြပါမူ ကိုယ်ချင်းစာ တန်းတူထား စိတ်ကို ထွက်ပြူစေသော လူကျင့်သီလကို စိတ်သွားရာ  သတိလိုက် စိတ်ကြံတိုင်း သတိခံ ဘာမဆို လူဆန်ဆန် မိမိကိုယ်မိမိ ဖန်ဆင်းပေးတတ်ကြရမည်။ သို့ဆိုသော် ထိုလူသား တစ်နေ့တခြား လူရည်လည် လူစွမ်းပြ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၁)


မယုံလျှင်မရဲ ရှေ့စိတ်ပေါက် နောက်စိတ် ချိတ်ဆွဲဆွဲ
မောဟကြောင့်သွေးမွဲကျ အာရုံတွေ့တိုင်း ထမလာတတ်သူသည် ပညတ်သိ၊သညာသိ အဝိဇ္ဇာသိများ၏ အပြောလောက်သာ သဘောပေါက်နေတော့ရာ ရတနာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ရတနာအတိ စိတ်မရောက်၊ ဆရာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ဆရာ့သိက္ခာ အတိစိတ်မရောက်၊ မိမိသတ္တိ ရှိမှန်းပင်မသိ၊ သိသော်မှ ပညာဥာဏ်အတိ အသိမရောက်၊ ထိုလူသား ရှေ့ကကောင်းတွေး တစ်ခုပေါက် နောက်ကနေ ဆိုးတွေးများ ရောက်ချလာတော့သည်သာ။ ရှေ့ကအမြင်တစ်ခု ဆိုက်နောက်က ပျက်တွေးများ တစုတဝေးကြီး လိုက်လာတော့သည်သာ။ လက်ကရေး ခြေကဖျက် မည်သည့်ကာလမှ ပွဲစဉ်တက်ခွင့်မရပြီ။ ။

ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း

မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးနေထိုင်တော်မူစဉ်  သံဃာအစည်းဝေးတစ်ခု၌ သံဃာအများသည် "ငါရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း "ဟု ဆွေးနွေးနေကြ၏ ။အချို့ က တန်ခိုးကြီးသော မင်း အဖြစ်သည် ချမ်းသာ၏ ဟုဆိုကြကုန်၏ ။ အချို့ က ကာမဂုဏ်၊စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောလူသည် ချမ်းသာသည် ဟုဆိုကုန်၏။အချို့ က အလိုရှိသမျှ အစားးကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်ဟု ဆိုကုန်၏ ။

Monday, February 20, 2012

ဘုရားစကား လိုက်နာပွားစို့ ....?

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့ အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

Friday, February 17, 2012

လူသားတို့ ၏ကံတရားနှင့် အကျိုးပေး


လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ိဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို

Monday, February 13, 2012

အချစ်နှင့်အမုန်း၏ သံသရာ

ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏ ။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
(အဂုင်္တ္တရနိကယ်၊စတုက္ကနိပါတ် ၊ပေမသုတ်)
ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည် သဒ္ဒါအားဖြင့်ဆိုသော် အရကွဲ သော်လည်း ဒွန်တွဲနေလျှက်ရှိ၏ ။ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊အတို နှင်အရှည် ၊အနိမ့်နှင့်အမြင့် အစရှိသောအားဖြင့် အရမတူသော်လည်း ဒွန်တွဲလျှက်ရှိကြ၏ ။ သို့ သော် ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် တစ်ပြိုင်တည်း ဖြစ်၍ မရသကဲ့သို့  ချစ်ခြင်းနှင့် မုန်းခြင်းသည်လည်း တစ်ပြိုင်နက်ထဲ ဖြစ်၍ မရပေ ။ကိလေသာနှောင်ထုံးဖြစ်သော ဤချစ်ခြင်းနှင့် မုန်းခြင်းသည် မဂ်ဖိုလ်မရသေး၍ ပုထုဇဉ် သတ္တဝါမှန်သမျှ ကို ချည်နှောင်နေမည်သာ ။သံသရာရေယာဉ်ကြောမှာ စီမျောနေသမျှ တစ်ခဏတာဘဝအကွေ့ များစွာ၌  တစ်ဦးနှင့်

Friday, February 10, 2012

အလင်္ကာပညာ ရှိနှစ်ဦး

ခင်မင်ရပါသော ဓမ္မမိတ်ဆွေ စာဖတ်ပရိသတ်အပေါင်းတို့ ကို ဒီတစ်ခါမှာ...တင်ပြမယ် အလက်ာပညာရှိနှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ လုံးလဝီရိယထုတ်ခြင်းဆို တဲ့ အကြောင်းနဲ့ ပါတ်သတ်ပါတယ် ဒီအကြောင်းရာတွေနှင့်ပါတ်သက်လို့ မေးခွန်းတွေဆက်တိုက်မေး တဲ့ မိလိန္ဒမင်းကြီးက မေးဖို့ အမြဲတက်ကြွနေသလို ဖြေဖို့  အဆင်သင့်ဖြစ်နေတဲ့ ရှင်နာဂသေနာမှာလည်း တက်ကြွရွှင်လန်းနေပါတယ် ။အခုလည်းဆွေးနွေးပွဲ အစမှာ မိလိန္ဒမင်းသည် ''အရှင်ဘုရားနာဂသေန 'ဤဝဋ်ဆင်းရဲသည် အဘယ်သို့သော နည်းဖြင့် ချုပ်ရာအံ့နည်း၊ တစ်ပါးသော ဆင်းရဲသည်လည်း မဖြစ်ပေါ်ရာပါအံ့နည်း'ဟု ကြံစည်၍ ငါတို့၏ ရဟန်း အဖြစ်သည် ဤဆိုခဲ့ပြီးသော အကျိုးရှိ၏ဟု အောက် (ပဗ္ဗဇ္ဇပဥှာ)၌ အရှင်ဘုရားတို့ မိန့်ဆိုတော်မူခဲ့ကုန်၏၊ အခွင့်မရောက်မီ ရှေးဦးစွာကလျှင် လုံ့လထုတ်ခြင်းဖြင့် အဘယ်အကျိုးရှိသနည်း၊ အခွင့်အခါ ရောက်မှသာ လုံ့လထုတ်သင့်သည် မဟုတ်ပါလော''ဟု မေးလျှောက်၏။ ရှင်နာဂသေနမထေရ်သည် ''မင်းမြတ် အခွင့်အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော

Thursday, February 9, 2012

မြတ်ဗုဒ္ဓ၏ သစ္စာဥာဏ်အမြင်

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။


Tuesday, February 7, 2012

သမားတော်နှင့် ဝေဒနာရှင်

"လူမိုက်တိရစ္ဆာန် နိဗ္ဗာန်စကားအလွန်ခါး၏"ဟူသောဆိုရိုးစကားရှိလေသည်။ သင်လျှော်သောနေရာ၊ သင်လျှော်သောကာလ၌ တရားဓမ္မဆွေးနွေးမေးမြန်းခြင်းကို ကာလေန ဓမ္မသာကစ္ဆာ ဝါ ကာလေနဓမ္မသဝနံဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့သည်။
ထိုကြောင့်မြတ်စွာဘုရားဟေားကြားတော်မူသောတရားတို့ ကို ပညာရှိတို့ က ဝိဘ...ဝါဒ ဝေဖန်ပိုင်ခြား၍
သိနားလည်အောင် လုပ်ခွင့်ရှိသော တရားဟုဆိုကြလေသည်။  ထိုစကားသည် မှန်၏။လူတစ်ယောက်သည်မွေးကတည်းကပညာအလင်းရောင်ထွန်းပြောင် ကြသူများမဟုတ်၊ထိုကြောင့် သူတော်ဆည်းကပ် မြတ်တရားနာ ဟူသောလမ်းစဉ်ကို လိုက်ရပေသည်။သူတော်ဆည်းကပ် မြတ်တရားနာ ဆိုသည်မှာ သိလိုသောအရာကို သုတဓရ ဟုခေါ်သော  ဗဟုသုတဆောင်ထားသော ပုဂ္ဂိုလ်ကိုကြားနာရသည် ။

Saturday, February 4, 2012

ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်

“ဂါမဏိ… လွန်လေပြီးသော အခါက သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၏။ ကချေသည် သည် ထိုသတ္တ၀ါတို့ အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်မက်နှစ်သက်စေတတ်သော အာရုံ၊ မိုက်မဲတွေဝေ စေတတ်သော အာရုံတို့ကို အနီးသို့ဆောင်၏။ ထိုကချေသည် သည် မိမိလည်း လွန်စွာမေ့လျော့လျက် သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့ စေတတ်သောကြောင့် သေသည်မှ နောက်၌ ပဟာသ အမည်ရှိသော ငရဲ၌ ဖြစ်ရ၏”
(သံယုတ်ပါဠိတော်)