Sunday, June 23, 2013

မျက်ဝန်းမှာ သူ့ပုံရိပ် နားစည်မှာ သူ့အသံ


အရှင်နန္ဒ သာသနာ့ဘောင်ရောင်လာပြီးနောက် မြတ်စွာဘုရား နည်းပေးတဲ့ သတိပဋ္ဌန်းအလုပ်ကို အားထုတ်တယ် ။တရား
အလုပ်အားထုတ်ပေမယ့် အရှင်နန္ဒရဲ့ စိတ်က ကမ္မဋ္ဌန်းအာရုံပေါ်  မရောက်ဘူး။ဇနပဒကလျာဏီဆီမှာပဲစိတ်ရောက်နေတယ်အရှင်နန္ဒရဲ့နှလုံးသာမှာ ဇနပဒလျာဏီကပဲလွမ်းမိုးပြီးတော့နေတယ်။

အရှင်နန္ဒရဲ့မျက်ဝန်းထဲမှာဇနပဒလျာဏီကိုပဲ မြင်ယောင်နေတယ် အထူးသဖြင့် အရှင်နန္ဒရဲ့ စိတ်အစဉ်ကို အလွှမ်းမိုးဆုံးကတော့
ဇနပဒလျာဏီ ပြောလိုက်တဲ့စကားလေးတစ်ခွန်းပါပဲ ။ "'အရှင်သား ၊မြန်မြန်ပြန်လာခဲ့ပါ'' နန္ဒမင်းသား သပိတ်ပိုက်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ နောက် တော်ပါးက လိုက်သွားတာကို ဇနပဒလျာဏီ သိတော့ တစ်ဝက်ပဲ ဖြီးရသေးတဲ့ဆံပင် ၊ရေစိုနေတဲ့ဆပင် ဖားလျားချထားတဲ့ဆံပင်နဲ့ ပြတင်းပေါက်ကနေ အပြေထွလာပြီးတော့ နန္ဒမင်းသားကို  လှမ်းမှာလိုက်တယ် ။

''မြန်မြန်ပြန်လာခဲ့ပါ '' အဲဒိဇနပဒလျာဏီရဲ့ မြန်မြန်ပြန်လာခဲ့ပါ ဆိုတဲ့စကားသံဟာ  အရှင်နန္ဒရဲ့ နားထဲက မထွက်တော့ဘူး။နားထဲမှာ တရစ်ဝဲဝဲကြားယောင်နေတယ် ။ တကယ်တော့ အရှင်နန္ဒရဲ့ စိတ်အစဉ်မှာလွှမ်းမိုးနေတဲ့ဇနပဒလျာ ဏီရဲ့ ပုံရိပ်နဲ့ ဇနပဒလျာဏိရဲ့ အသံဟာ ဝိပဿနာရှုရမယ့် အရှုခံ အာရုံဖြစ်ပါတယ် ။ဝိပဿနာရဲ့ ရှုကွင်း ရှုကွက် ဖြစ်ပါတယ် ။

ဝိပဿနာအလုပ် အားထုတ်ပြိဆိုရင်တော့ စိတ်ပျံ့လွင့်မူဖြစ် တတ်တာ သဘာဝပါပဲ ။အဲဒီ ပျံ့လွင့်တဲစိတ် ကို ပျံ့လွင့်တယ် ၊ ပျံ့လွင့်တယ် ၊စဉ်းစားတယ် ၊စဉ်စားတယ်၊တွေးတယ် ၊တွေတယ်။ စသည်ဖြင့် ရူ့မှတ်ပစ်ရမှာပါပဲ ။

ဒီတော့ စိတ်ပျံ့လွင့်တဲ့နေရာမှာ တချို့က တစ်စုံတစ်ယောက် ၊ သိုမဟုတ် တစ်စုံတစ်ရာကို စိတ်ထဲမှာ မြင်နေတတ်တယ် ။ တချို့ကလည်း တစ်စုံတစ်ယောက်ရဲ့ အသံ သို့မဟုတ် တစ်စုံ တစ်ရာရဲ့ အသံကို နားထဲမှာ ကြားနေတတ်တယ် ။

စိတ်ထဲမှာ တစ်စုံတစ်ယောက် သိုမဟုတ် တစ်စုံတစ်ရာကို မြင်လို့ရှိရင် အဲဒိ မြင်တဲ့အရာကို ငေးပြီးတော့ ကြည့်မနေဘဲနဲ မြင်တယ် ၊မြင်တယ်လို့ အဲဒီမြင်တဲ့ပျောက်သွားတဲ့အထိအောင် စူးစူးစိုက် ရှုမှတ်ရမှာပါ ။

အဲဒီလို မရှုမှတ်ဘူးဆိုရင်တော့ မြင်တဲ့အရာက မြင်ရတဲ့အာရုံက ပျောက်မသွားတဲ့အပြင် တဖြည်းဖြည်းနဲ့ ပီသ ပီသပြီးတော့  ထင်ရှားလာတတ်တယ် ။

ထင်ရှားရုံမကဘူး ၊စိတ်ထဲမှာ မြင်ရတဲ့အရာနဲ့ပတ်သက်တဲ့  အကြောင်းအရာတွေကို အကျယ်ချဲ့ပြီးတော့ တစ်မျှော်တစ် ခေါ်ပြီး အရှည်ကြီး စဉ်းစားပြီးတော့နေတတ်တယ် ။

တချို့ ယောဂိပုဂ္ဂိုလ်က အဲဒီလိုစဉ်းစားပြီးတော့နေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားလို့ စဉ်းစားနေမှန်းမသိဘူး၊ ဝင်တယ်
ထွက်တယ်၊ဝင်တယ်၊ထွက်တယ် ဒါပဲမှတ်နေတယ်လို့ထင်တယ် အပေါ်ယံစိတ်ကတော့ ဆိုနေမှာပဲ ၊ဝင်တယ် ထွက်တယ်၊ဝင် တယ်၊ထွက်တယ် ။ဒါပေမဲ့ တကယ်အတွင်းစိတ်ကတော့ စိတ် ကူးထဲမှာ မြင်ရတဲ့အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီးတော့  အကျယ်ချဲ့ပြီး စဉ်းစားနေတယ် ။

အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားလို့ စဉ်းစားနေမှန်း ၊ပျံလွင့် လို့ ပျံ့လွင်းနေမှန်း မသိဘူးဆိုရင်တော့ စိတ်တည်ငြိမ်မူ သမာဓိ
မရနိုင်ဘူး ။စိတ်တည်ငြိမ်မူ သမာဓိမှ မရနိုင်ရင် ဝိပဿနာဥာဏ် ဖြစ်ဖို့ဆိုတာ မျှော်လင့်ချက် မရှိတော့ဘူး ။

ဒါကြောင့် စိတ်ကူးထဲမှာ တစ်စုံတစ်ယောက်၊သို့မဟုတ် ၊တစ်စုံ တစ်ရာကို မြင်လို့ရှိရင် မြင်တယ်၊မြင်တယ်လို့ မြင်တဲ့အရာ
ပျောက်တဲ့အထိ စူးစူးစိုက်စိုက် ရှုမှတ်ဖို့ အထူးသတိထားရမယ်။

မြင်တယ် ၊မြင်တယ်လို့ မရှုမှတ်ချင်ဘူးဆိုရင်လည်းပဲ စိတ်ကူးထဲ မှာ မြင်ရတဲ့အရာနဲ့ ပတ်သက်ပြီးတော့ သာယာနှစ်သက်  တပ်မက်သွားတဲ့စိတ်ကို သာယာတယ်၊နှစ်သက်တယ်၊တပ်မက် တယ် စသည်ဖြင့်ရှု့မှတ်သွားရမှာပါပဲ ။

(ဆရာတော်အရှင်ဆန္ဒာဓိက).....ဘယ်အိမ်မှာနေကြမလဲစာအုပ်မှတဆင့်ကူးယူတင်ပြဒါနပြုပါသည် ။

No comments:

Post a Comment