Monday, July 4, 2011

ပရဟိတ မြတ်ဗုဒ္ဓ

        လောကထဲမှာမြတ်ဗုဒ္ဓသည်သာအမြင့်မြတ်ဆုံးပရဟိတစွမ်းအားရှင်ဖြစ်ပါတယ်မြတ်ဗုဒ္ဓလောက်
ကြီးကျယ်ပြောင်မြောက် ထိရောက်အောင်ပရဟိတစါမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။
မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင်မြတ်ဆုံး အတိကျဆုံး အပြညည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆောင်ရှင်ပါ။ ပရဟိတစိတ်နဲ့  ပဲ ခတ်ခဲ တဲ့ ပါရမီတွေဖြည့်ခဲ့တယ်။ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့ပါသည်။    အတ္တဟိတသက်သက်သာဆိုရင်ဘုရားဖြစ်အောင်ကျင့်နေဖို့တောင်မလိုပါဘူးသုမေဓာရှင်ရသေ့ ဘဝက 
သာဝကပါရမီပြည့်နေပြီးသားဖြစ်ပါသည်။ဆက်အားထုပ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ 
သေချာနေခြင်းဖြစ်ပါသည်။ ပရဟဟိတစိတ်ကြောင့်သာအသက်စီးစိမ်းများစွာစွန်လွှတ်အနစ်နာခံခဲပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းတွေကို ဖြည့်ကျင့်ခဲ့တာဖြစ်သည်။ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးလိုတာကြောင့် အကြီးကျယ်ဆုံးသဗ္ဗညုတညဏ်တော်ကြီးကို ရဖို့ အတွက် ကိုယ်ကျိုးစွန် ခဲ့ခြင်းဖြစ်ပါသည်။ပါရမီ ဖြည့်တယ်ဆိုတာ ကိုယ်ကျိုးစွန် အနစ်နာ ခံလိုက်တာဖြစ်ပါသည်။ပရဟိတအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် အနစ်နာခံ ခဲ့ပါတယ်။ပရဟိတလုပ်ဖို့ အတွက် အရည်အသွေးမြင့်အောင် မြှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ သဗ္ဗညုတညဏ်တော်ကြီးကို လိုချင်တာက လောကထဲမှာ ကြွားချင်ဝါချင်လို့ မဟုတ်ပါ။ ညဏ်ကြီးညဏ်ကျယ်မှ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်နိုင်မှာဖြစ်ပါသည်။ များများသိမှ များများပေးနိုင်ပါသည်။ ကြီးကြီးသိမှ ကြီးကြီးပေနိုင်ပါသည်။ကောင်းကောင်းသိမှလည်းကောင်းကောင်းပေးနိုင်ပါသည်။ဒါကြောင့်ကြီးကြီးကျယ်ကျယ်
လုပ်ပေးချင်လို့ကြီးကျယ်တဲ့ညဏ်ကိုရဖိုအတွက်အကြီးကျယ်ဆုံးလုပ်ငန်းတွေကိုလုပ်ဆောင်ခြင်းဖြစ်ပါသည်။မြတ်
ဗုဒ္ဓဟာအလောင်းတော်ဘဝကပရဟိတစိတ်နဲ့ပါရမီတွေဖြည့်ခဲ့လိုသဗ္ဗညုတညဏ်ကိုရရှိခဲ့ပါသည်။
သဗ္ဗညုတညဏ်တော်ကိုတောင် ပရဟိတညဏ်လို့ ခေါ်ရင်တောင်ရနိုင်ပါသည်။ သဗ္ဗညုတညဏ်တော် ရပြီးတော့လည်း ပရဟိတစိတ်နဲ့ ပဲ တရားတော်တွေကို ဟောခဲ့ခြင်းဖြစ်ပါသည်။ပရဟိတစိတ်နဲ့  ပဲပါရမိတွေဖြည့်ခဲ့ လို့ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာဆိုတော့ တရားဟောတော့လည်းပရဟိတစိတ်စစ်စစ်နဲ့ ပဲဟောတော်မူပါသည်။ အကျိုးသာရှိမယ်ဆိုရင် တစ်ယောက်တည်းလည်း ရှိပါစေ ကြွတော်မူပါသည်။ သူများတွေ ပင့်တာလျှောက်တာကိုစောင်မနေပါဘူး။ ပရဟိတသမားဟာ အပင်ကိုစောင့်နေဖို့ လည်း မလိုပါဘူး။ အဝေးအနီးကိုထည့်တွက်ဖို  လည်းမလိုပါဘူး။တရားဟောလို့  တရားနာရသူတွေ  အသိတရားတွေ ရသွားကြခြင်းဖြစ်ပါသည်။
ဆင်းရဲ အပူမျိုးစုံတွေ ငြိမ်းသွားကြပါသည်။စိတ်ဓာတ်ငြိမ်းချမ်းပြီး ချမ်းသာမျိုးစုံ ရသွားခြင်းဖြစ်ပါသည်။လောကီလောကုတ္တရာညဏ်ဓာတ်တွေ ပွင့်သွားကြပါသည်။
ဘယ်သူဆီက မှ ဘာကိုမျှ မမျော်လင့်ပဲ ကိုယ်ဆွမ်းကိုယ်စားပြီးတရားဟောသည် ကိုယ့်ကြောင့်သူတို့   ချမ်းသာရင်ပြီးရောပေါ့။အဲဒိလိုမြင်မြတ်တဲ့စိတ်နဲ့ တရားတွေဟောခဲ့ခြင်းဖြစ်ပါသည်။ ဒါကြောင့် ဘုရားရှင်သည် ပရဟိတစွမ်းဆောင်ရှင် တွေထဲမှာ အထူးခြားဆုံး အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ အထိရောက်ဆုံးစွမ်းဆောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ထူးကြီးလည်းဖြစ်ပါသည်။သတ္တဝါတွေ ဒုက္ခမျိုးစုံ လွတ်ဖို့  ချမ်းသာမျိုးစုံရဖို့ ကိုယ်ဟာကို နည်းမှန်လမ်းမှန် ကယ်တင်တက်ဖို့ နည်းလမ်းတွေ ညွန်ပြပေးလိုတာကြောင့် ကိုယ်ကျိုးစွန့် ပြီး အနစ်နာတော်ခံ တာဖြစ်ပါသည်။ဗုဒ္ဓ ဆိုတာကပဲ အထူးချွန်ဆုံး ပရဟိတစွမ်းဆောင်ရှင်ရဲနာမည်တော်ဖြစ်ပါသည်။
ဗုဒ္ဓကိုပဲ ဗဟန်းမဟာဝိသုဒ္ဓါရုံယောဆရာတော်ကြီးက  ဆောင်ပုဒ်လေးနဲ့ မှတ်သားဖွယ် ပြဆိုတော်မူခဲ့ပါသည်.....အမြတ်ထူးခြား၊ လွန်သနား၍ ၊ အများအကျိုး ၊ ကောင်းရာတိုး ဖို့ ကိုယ်ကျိုးစွန့် ခွာ၊ ဖြည့်ကျင့်ကာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ဒုက္ခလွတ်ရန် ၊ချမ်းသာရန်နှင့် ၊ အမှန်ကယ်ရေး နည်းလမ်းပေးဖို့ ၊ဖြူးဖွေးနှလုံး ၊အစဉ်သုံးကာ၊ ဖြည့်ကျင့်လာ မြတ်စွာဗုဒ္ဓပေါ်လာသည်။
ပရဟိတ  မြတ်ဗုဒ္ဓ  ထူးလှအာဇာနည်။

No comments:

Post a Comment