Thursday, April 12, 2012

" ဗုဒ္ဓကို ပူဇော် ခြင်း အဆင့်အမျိုးမျိုး "



အဆင့် (၁) ဒါနဖြင့် ပူဇော်ခြင်း -
မိမိထံရောက်ရှိပြီး စည်းစိမ်ဥစ္စာကို ပြန်လည်စွန့်ကြဲခြင်းဖြင့် ဒါနပြုခြင်း၊
(ပ) ပရဟိတစိတ်ဖြင့် သက်ရှိသတ္တ၀ါများကို ကျန်းမာချမ်းသာစေရန် ပေးကမ်းလှူဒါန်းခြင်း၊
(ဒု) ဗုဒ္ဓသာသနာကို အဓွန့်ရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးစေရန် ရည်သန်၍ ဒါနပြုခြင်း၊


 

အဆင့် (၂) သီလဖြင့် ပူဇော်ခြင်း -
(ပ) ကိုယ်ချင်းစာတရားဖြင့် ငါးပါးသီလကို ကိုယ်နှုတ်စိတ်တို့ဖြင့် လုံခြုံအောင်ထိန်းသိမ်းခြင်း၊
(ဒု) (၈)ပါး (၉)ပါး သီလ၊......သံဃာတော်များသည် (၂၂၇)ပါး ၀ိနည်းသိက္ခာတော်ကို ထိန်းသိမ်းခြင်း၊
 


အဆင့် (၃) သမာဓိဖြင့် ပူဇော်ခြင်း -
ထို့ထက်အဆင့်မြင့်လိုသော ပုဂ္ဂိုလ်တို့သည်

(ပ) ကိုယ်ကျင့်သီလကို ကိုယ်နှုတ်အပြင် စိတ်ကိုပါ သမထဖြင့် (အခိုက်အတန့်အားဖြင့်) ဖြူစင်သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းနိုင်ခြင်း၊
(ဒု) ကိုယ်ကျင့်သီလကို သမာဓိဖြင့် (အချိန်ကြာရှည်စွာ) ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ခြင်း၊
 
အဆင့် (၄) ၀ိပဿနာဘာဝနာဖြင့် ပူဇော်ခြင်း -
(ပ) တစ်သံသရာလုံးမှာ ပါလာသမျှ မိစ္ဆာဒိဋ္ဌိ (မှားယွင်းနေသောအမြင်၊ မှားယွင်းနေသောအယူများ) ကို သမ္မာဒိဋ္ဌိ (မှန်ကန်သောအမြင်) ဖြစ်အောင် ရှုပွားနိုင်ခြင်း၊
(ဒု) သောတပတ္တိမဂ်ဖိုလ် ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်းမှသည် အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်း၊
ထို့ကြောင့် "ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်" အထိမ်းအမှတ်ကို ပူဇော်လိုသူများသည် အထက်ပါအဆင့် (၁)၊ (ပ) (ဒု)မှသည် အဆင့် (၂)၊ (၃)၊ (၄) (ပ) (ဒု) စသည်တို့ဖြင့် မိမိစွမ်းနိုင်သမျှ (တတ်နိုင်သမျှ) ပူဇော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
 
ဗုဒ္ဓနှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ်
မြန်မာသက္ကရာဇ် ( ၁၃၇၃ ) ခု၊ ကဆုန်လပြည့်။ ခရစ်နှစ် ( ၂၀၁၁ ) ခု၊ မေလမှာ ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူချိန် ဗုဒ္ဓနှစ် ၂၆၀၀ပြည့်နှစ် ( ဗုဒ္ဓတရားဟောချိန် ၄၅၀ါ + ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ် ၂၅၅၅ ခု ) ရောက်တော့မည် ဖြစ်ပါသည်။ 
 ထိုကဲ့သို့သော ထောင်စု၊ ရာစုနှစ်တို့သို့ ရောက်တိုင်းရောက်တိုင်း ကျွတ်တမ်းဝင်-၀င်သွားကြသည့် ခေတ်တွေသည် ဖြတ်သန်းသွားကြစမြဲပါ။ ထိုသို့ ကျွတ်တမ်း ၀င်သွားကြသည့် (လူဖြစ်ကျိုးနပ်သွားကြသည့် သုဂတိဘုံသို့ ရောက်ရကျိုးနပ်ကြသည့်) လူတန်းစားထဲမှာ မိမိပါဝင်ဖို့ အထူးလိုအပ်နေပါပြီ။ လူဖြစ်ကျိုးနပ်ဖို့ ကြိုးစားသူတို့၏ နိုင်ငံ၊ နေရာ နယ်ပယ် တို့သည် အငြိမ်းချမ်းကြီး ငြိမ်းချမ်းပေတော့မည်။

1 comment:

  1. ဗုဒ္ဓမြတ်စွာဘုရားရှင်အား အဆင့် ၄-ဆင့်ဖြင့် ပူဇော်ခြင်းများကို ဖတ် မှတ်သွားပါတယ်ဘုရား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete