Tuesday, April 3, 2012

ကြည့်သောသူမြင်၏

အမှန်တော့ အနိုင်အရှုံးဆိုတာ ကာယကံရှင်များနဲ့သာ အဓိက ကျပါတယ်။နံဘေးနားကရပ်ကြည့်နေသူ နဲ့
လားလားမှမသက်ဆိုင်ပါဘူး။ ဒါ ကြောင့် ကာယကံ ရှင်များ ကိုလည်း မနိုင်ရကောင်းလားဆိုပြီး ဝင်ဆဲ စရာမလိုပါဘူး။တစ်ခုတော့ဖြစ်နိုင်တာပေါ့။ ယှဉ်ပြိုင်သူထဲမှာ ကိုယ့်သားသမီး ကိုယ့်ဆွေမျိုး ပါရင်တော့ တစ်မျိုးပေါ့။ ဒါဆိုလည်း ကိုယ့်ရင်သွေး၊ ဆွေမျိုး များကိုနိုင်လိုစိတ်၊ နိုင်စေချင်စိတ်နဲ့ ကရုဏာဒေါ သော ဖြစ်မယ်ဆိုလည်း ဖြစ်တတ်ပါတယ်။အဲ..သားမတော်၊ သွေးမစပ် ကိုယ်နဲ့ ကလည်း ဘာမှမပတ်သက်။ သူတို့ဘာသာသူတို့အနိုင်အရှုံးပြု နေကြတာပါ။ ဒါကိုနံဘေးကဝင် အသည်းယားပြီး ဝင်ဆဲစရာအ ကြောင်းကိုမရှိပါဘူး။ ထားပါတော့ဗျာ။ ယှဉ်ပြိုင်နေ သူရဲ့ အရည်အချင်းကကိုယ့် လောက်တောင် မရှိရင် လည်းဖြစ် နိုင်ပါတယ်။ကျောင်းဆရာက သူ့တပည့် ကိုစာမေးပွဲအောင်စေချင်ပါတယ်။ ဒါကို တပည့် ဖြစ်သူက တလွဲဖြေလာ တယ်။ ဒါကိုဆရာက အဖြေစာ ရွက်ကြည့်ပြီး”တပည့်ကွာ၊ အသေအချာ သင်ထား ပါရဲ့နဲ့ မှားဖြေလာလား ကွာ”ဆိုတဲ့ မချင့်မရဲ စိတ်ဖြစ်မိကြ မှာပဲ။ ဒါကဆရာနဲ့ တပည့်ကိုး။ ပိုတတ်တဲ့ ဆရာက တပည့်ကို အပြစ်တင်တာ ကရုဏာဒေါသောနဲ့ မို့ဖြစ်သင့်ပါတယ်။ဖြစ်နေတာက ကိုယ်ကလည်း မကျွမ်းကျင်၊ သူများတွေကျွမ်းကျွမ်း ကျင်ကျင်နဲ့လှုပ်ရှားနေတာကို ထိုင် ပြီးအပြစ်တင်နေကြတယ်။ နောက်လည်းရှိပါတယ်။လှေသမားကြီးတစ်ဦးက တခြားလှေတစ်စင်း နစ်မြုပ် တာကို မြင်ရ(သို့မဟုတ်) ကြားရတဲ့အခါမျိုး မှာလည်း..”ဒီကောင့်နှယ် ဒီနောက်နား ကျောက်ဆောင်ရှိတာမသိလိုက်လေ ခြင်း။ လှေစီးရင်ခရီးအတိုင်းအရှည် အိမ်မြှောင် နဲ့မှတ်ရသကွယ့်”ဆိုလိုတာက လုပ်ငန်းချင်းတူ လို့ သဘောတရား ချင်းတိုက်ဆိုင်လို့ ကရုဏာသက်တာမျိုးဆို လည်းဖြစ် ခွင့်ရှိပါတယ်။ အခုဟာက လုပ်ငန်းချင်း လည်း တူတာမဟုတ်ဘူး။ ဘယ် လိုတွက်တွက် ဘာမှမဆိုင်တာပါ။ပုံပြင်ထဲကလိုပေါ့။ကျွဲကသူ့ဘာသာသူခရီးသွား တာပါ။ ဒါကိုကျွဲချိုထိပ်ဖျားက ပုစဉ်း က ”ငါကွ”ဆိုတဲ့ ပုံစံမျိုးနဲ့ မာန်ဝင့် ပုံမျိုး။နောက်တစ်ခုကလည်း…ဆိုကြပါဦးစို့။ ပိုင်ဆိုင်မှုတူလို့ ဒါကိုအပြိုင်လုကြတယ်ဆိုလည်း သဘာဝကျပါတယ်။ ကိုယ့်ရဲ့ ပိုင် ဆိုင်မှုကို တစ်ပါး သူလက်ထဲရောက် သွားမှာကို မျက်လုံးကြီးဖွင့်ပြီး ဒီ အတိုင်းတော့ ငြိမ်ကြည့်မနေနိုင်ပါ ဘူး။ ဒါမျိုးကိုပြန်လုယူရတယ်ဆို တာလည်း တရားပါတယ်။အခုဟာက သူတို့ကကိုယ့် ပိုင်ဆိုင်မှုကို ဖျက်ဆီးဖို့ မပြောနဲ့ မြင် တောင်မမြင်ဖူးပါဘူး။ သိလည်း မသိပါဘူး။ ဒါ့အပြင် သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ သူတို့ရဲ့အလုပ်ကို သူတို့လုပ်နေကြတာပဲ။ ကိုယ်လည်း သူတို့လောက်မကျွမ်းကျင်တာသေချာ ပါတယ်။ကဲ…ပြောနေကြာပါတယ်။ဘောလုံးပွဲကို ဘယ်လိုကြည့် ကြမှာလဲ......? ဘယ်လိုသဘောနဲ့ကြည့်နေ ကြတာလဲ.....?အကြည့်တော်သူများမြင်နိုင်ကြပါစေ ....။

No comments:

Post a Comment