Thursday, June 28, 2012

မြတ်စွာဘုရားသည် မဂ်ဖိုလ်နိဗ္ဗာန်တရားထက် ...?

မြတ်စွာဘုရားရှင်တို့ သည် ဘုရားအဖြစ်သို့ ရောက်အောင်  လေးအသင်္ချေ နှင့်တစ်ကမ္ဘာတစ်သိန်း ၊ရှစ်အသင်္ချေ နှင့်ကမ္ဘာတစ်သိန်း ဆယ်ခြောက့်သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတို့ ကို ဖြည့်တော်မူခဲ့ရ၏ ။ ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝထိတိုင်အောင် စင်္ကြာဝတေးမင်း
စည်းစိမ်းကို ပင် လျစ်လျုရှူ၍ များစွားသော သားမယားမောင်းမမိဿံချွေရံသင်းပင် စည်းစိမ်းဥစ္စာတို့ ကိုစွန်လွတ် ၍ တောထွက်တော်မူခဲ့၏ ။ဒုက္ကရ စရိယာကျင့်ရ၏ ။ပြီးမှ မစ္ဇျိမပဋိပဒါ အကျင့်ဖြင့် 
ကိုယ်တိုင်မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူရပေသည် ။ ထိုသို မျက်မှောက်ပြုပြီးသည်နှင့် တစ်ဆက်တည်း သဗ္ဗညုတညဏ်အစရှိသော ညဏ်တော်များကိုရ ၍ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူလေသည် ။

ဗုဒ္ဓသည် ဇနက မဂ်ဖိုလ်နိဗ္ဗာန်သည် ဇည
ဗုဒ္ဓ၏ မဂ်ဖိုလ်နိဗ္ဗာန်သသည် မိမိကိုယ်တိုင်၏ဝီရိယ ညဏ်စွမ်းကြောင့်ရ၏ ။ဗုဒ္ဓသည်ဇနက ဖြစ်စေသူ မဂ်ဖိုလ်နိဗ္ဗာန်သည် ဇညဖြစ်စေအပ်သောအရာဟု ပရိယယယ်အားဖြင့် သုံးနှုန်းပြောဆိုခွင့်ရှိ၏ ။တနည်းအားဖြင့်လည်း ဗုဒ္ဓသည် ပဓာနပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန်သည် အပဓာနအပိုင်းဟု ဆိုနိုင်၏ ။

ဗုဒ္ဓသည် မဂ်ဖိုလ်နိဗ္ဗာန်ထက် မြတ်သည် 
ထိုကြောင့် ဇနက ပဓာနပိုင်ရှင်ဖြစ်သော မြတ်စွာဘုရားသခင်သည်  ဇည၊ အပဓာနပိုင်ပစ္စည်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်မြတ်သည် ပရိယာယ်အားဖြင့်ဆိုခွင့်ရှိပါသည် ။

မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။ (ဓမ္မပဒ၊ ပါ ၊ဂါထာ ၂၇၃)

ပကတိလမ်းခရီး၊၆၂ ပါးသော မိစ္ဆာဒိဌိတည်းဟူသောအပါယ်သံသရာခရီးလမ်းတို့ ထက် အင်္ဂါရှစ်ပါးရှိသော မဂ်လမ်းခရီးသည် အမြတ်ဆုံးဖြစ်၏၊ ဝစီသစ္စာ သမုတိသစ္စာ၊ပရမတ္ထသစ္စာအားလုံးတို့ ထက်၊ အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏၊ သင်္ခတအသင်္ခတသဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏၊ တရားအားလုံးတို့ ထက်၎င်း၊သတ္တဝါအားလုံးတို့ ထက်၎င်း အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။ဟုဟောတော်မူသောကြောင့်မြတ်စွာဘုရားရှင်သည် မဂ်ဖိုလ်နိဗ္ဗာန်ထက်မြတ်၏ဟူ၍ ဓမ္မပဒ၊အဌကထာနှင့်အဘိဓာန်ဋီကာ ဗုဒ္ဓပရိယာအဖွင့်၌ ဆိုတော်မူသည် ။

မြတ်စွာဘုရားသည် တရားတော်ကိုပူဇော်၏
 မြတ်စွာဘုရားသည် တရားတော်ကို အမြဲမှီဝဲပွားများသော ဘာဝနာသေဝန၏အစွမ်းဖြင့်မြတ်စွာဘုရားသည် တရားတော်ကိုပူဇော်၏ ။တခါတစ်ရံ သုတ္တန်ပါဠိတော်များကိုပင် နာယူတော်မူ၏ ။ဖလသမာပတ် နိရောဓသမာပတ်တို့ ကို အမြဲ ဝင်စားတော်မူ၏ ။`ဤအရာ၌ တရားတော်ကို အလေးဂရုပြုခြင်း အရိုသေပြုခြင်းမြတ်နိုးတော်မူခြင်းတို့ ကိုပင် ပူဇော်ခြင်းဟု ဆိုပေသည် ။
ဝက္ကလိရဟန်းအားဆုံးမရာ၌ ပင်-
ယော   ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သောမံ ပဿသိ။ စသည်...
တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်၏ ၊ဖူး၏ ၊ပူဇော်၏။အလေးမြတ်ပြု၏ ဟု ဟောတော်မူ၏ ။ထိုပြင်မဟာပရိနိဗ္ဗာနသုတ်တော်တွင် အရှင်အာနန္ဒာအား ဤသိုဟောတော်မူ၏ ။
ယောဝေါ အာနန္ဒ၊ မယာဓမ္မောစ ဝိနယောစ။
ဒေသိတော ပညတ္တော၊သောဝေါမမစ္စယေနသတ္ထာ။
ချစ်သားအာနန္ဒ ငါဘုရားရှင်သည် သုတ် အဘိဓမ္မာတရားကိုလည်း ဟောကြားထားပြီးပြီ ။ဝိနည်းတရားကိုလည်း ပညတ်ထားပြီးပြီ ။ထိုသုတ်အဘိဓမ္မာ ဝိနည်းတရားတော်သည် ငါဘုရားပရိနဗ္ဗာန်စံပြီးသည်နောက်  သင်တို့ ၏ ဆရာ(ဘုရား)ဖြစ်ရစ်လိမ်မည် ။ဤတွင် ပရိယတ်တရားတော်းများကို မိမိကိုယ်စားအဖြစ်မိန့် တော်မူပါသည် ။၎င်းပဠိတော်စကားမြတ်တို့ ကို ထောက်ရှူပါက ဘုရားရှင်သည် မဂ်ဖိုလ် နိဗ္ဗာန် တရားထက်မြတ်သည် ။မဂ်ဖိုလ်နိဗ္ဗာန်သည်ဘုရားထက်မြတ်သည်ဟု မဆိုသာ ။ထပ်တူ ထားရမည့်ကဲ့သို ရှိလေသည် ။ဤသို့ လျှင်ပြဆိုခဲ့သည်နည်းအတိုင်း ပရိယာယ်အားဖြင့် မြတ်စွားဘုရားသည် မဂ်ဖိုလ်နိဗ္ဗာန် တရားထက်မြတ်သည်ဟု ဆိုသင့်သည်ထင်ပါသည်။ (စာကိုးx မုံရွှာမြို့  အရှေ့လည်တီတိုက် ပဓာနနာယကဆရာတော် ဘုရား၏ မဟာသုတဒီပနီကျမ်း)

                                                     ချမ်းသာကိုယ်စိတ်မြဲကြပါစေ
                                                                 ရွှေဖြူးလေး




No comments:

Post a Comment