Wednesday, July 4, 2012

ဘဝကုန်သည်

အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
 မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။(ဓမ္မပဒ၊အပ္ပမာဒဝဂ်)

ကျုပ်နာမည်က "မဟာဓနိဝါဏိဇ" လိုခေါ်တယ်။မြန်မာလိုဆိုရင် "ဥစ္စာကုန်သည်ကြီး"လို့ ပြောရင်ရတယ်ပေါ့
ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို ကျုပ်အလုပ်ကလည်း အဝတ်ကုန်သည် အလုပ်ပါပဲ ။နေတာကတော့ဗာရာဏသီမြို့ မှာနေတယ် ။ဗာရာဏသီမြို့ က ထွက်တဲ့ အဝတ်တွေကို မြို့ တကာလှည်ရောင်း၊တစ်ခါအဲ့ဒီမြို့ ကထွက်တဲ့ ကုန်တွေ ပြန်ဝယ်ပြီး ကျုပ်ဇာတိ ဗာရာဏသီမြိုမှာ ပြန်ရောင်းတယ် ။အဲ့ဒီလို နဲ့ ကျုပ်တစ်နေ့ တော့ သာဝတ္ထိမြို့ သို့ သွားပြီး အဝတ်ရောင်းထွက်ဖို့ စိတ်ကူးရတယ် ။လှည်းငါရာနှင့်အဝတ်တွေ အပြည့်တင် နေ့ ကောင်းရက်သာလေး ဘာလေးရွှေပြီး ဗာရာဏသီမြို့ က ထွက်ခဲ့တယ် ။

ကျုပ်တို့  ဗာရာဏသီနဲ့ သာဝတ္ထိကလည်း ဝေးတော့အဝေးသားကြားမှာ မြစ်တစ်စင်းကလည်းရှိသေးတယ် ကျုပ်လည်းဖြစ်ရောက်တော့ စဉ်းစားမိတယ် ။ခရီးကလည်းအတော်ပေါက်ပြီးဒီမြစ်ကိုကူးပြီး ဟိုဘက်ကမ်းရောက်ရင် သာဝတ္ထိမြို့ ကမဝေးတော့ဘူး ။ခု-ငါတို့ တစ်တွေရော နွားတွေရော -ပင်ပန်းလှပါပြီ ။ဒီမြစ်ကိုဒီနေ့ မကူးသေးပဲ နောက်နေ့ မှကူးမယ်ဒီနေ့ ညဒီနေရာစခန်းချ အနားယူရရင်ကောင်းမှာပဲလို့ စဉ်စားမိတယ် ။
ဒါနဲ့ ကျုပ်လှည်းသမားတို့ ကို ဒီနေရာ ဒီတစ်ည နားမယ် နွားတွေဖြုတ်ပြီး အစာကျွေးကြ ရေတိုက်ကြလို့ အော်ပြောလိုက်တယ် ။
အခုကျုပ်တို့ စခန်းတဲ့ နေရာက မြစ်ဘေးဆိုတော့ သဘာဝရှူခင်းတွေကလှတယ် ။မြစ်ရေကတော့အပြည့်မရှိဘူး အပေါ်ယံနည်းနည်းပဲ စီးဆင်းနေတယ် ။ကျုပ်တို့ ဖြတ်ကူးမယ်ဆို ရင် ကူးလို့ ရတာပေါ့လှည်းတစ်ဝက်မရောက် တစ်ရောက်ပဲရေကနတ်မယ်ထင်တယ် ။ တဖြည်းဖြည်းနဲ့ နေမင်းကြီးက ဝင်လု ဝင်ခင်ဖြစ်နေပြီပေါ့ ။မြစ်ကြောင်းဆို တော့သစ်ပင်အကာကွယ် မရှိတော့ လေကလည်း တဟူးဟူးတိုက်ခတ်နေတယ် ။

ပထမတော့ လေကတဟူးဟူးဆိုတော့ ကျုပ်ဘာမှမပူပင်ပါဘူး သိပ်မကြာခင်လည်းရောက်ရော မိုးနံ့ တွေကပါလာတယ် ။ဒါနဲ့ ကျုပ်အပြင်ကိုအကဲခတ်လိုက်တော့ မိုးစနေ လေရာဟု ဆိုသလို စနေထောင့်မိုးတွေ မှောင်လို့ ။ကျုပ်စိုးရိမ်စိတ်တွေဝင်ပြီး လှည်းသမားတွေကို သတိပေးလိုက်တယ်  ။မိတ်ဆွေတို့  မိုးသားတွေ တရိပ်ရိပ်တက်လာပြီ အဝတ်တွေ မိုးမရွဲအောင် ဂရုစိုက်ကျလို့ ။ ကျုပ်ပြောပြီး သိပ်မကြာဘူး မိုးချိန်းသံတွေက တဂျိမ်း၈ျိမ်းနဲ့  လျှပ်စီးတွေကလဲ တဝင်းဝင်း ကျုပ်ဘဝမှာ ဒီလောက် သဲကြီးမဲကြီး ရွာတဲ့ မိုးကို မကြုံသဖူးလောက်ပဲ ။ရွာတော့လည်း ညလုံးပေါက်ကို ရွာချတာဆိုတော့ မြစ်ရေကလည်း တစ်လုံးပြည့်ပဲ စီးဆင်တယ် ။အထက်ဒေသတွေမှာလဲ သဲကြီးမဲကြီး ရွာတော့ မြစ်ရေက ကျမသွားးဘူး။ တစ်ရက်ကျနိုး နှစ်ရက်ကျနိုးနဲ့  မျော်ကိုးနေပေမယ့် ခုနှစ်ရက်ပြည့်မှပဲ မြစ်ရေက ကျသွားတယ် ။
မြစ်ရေကျကျခြင်း ကျုပ်တို့ ဖြတ်မကူးရဲသေးဘူး တော်တော်ကြာ မြစ်ရေအချေနေအကဲခတ်ပြီးမှ ကြည့်ကူးကြတယ် ။ သာဝတ္ထိမြို့ တစ်ဖက်ကမ်းရောက်တာနဲ့  ကျုပ်တို့ တစ်တွေ သာဝတ္ထိမြို့ ဆီဦးတည်မောင်းတယ် ။ သာဝတ္ထိမြို့ ရောက်ပြန်တော့လည်း နက္ခတ်ပွဲသဘင်နဲ့ ကစားနေတာနဲ့ ကျုံပြန်ရော ။ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသလိုကျုပ်တော့ကံဆိုးမိုးမှောင်ကျပြီပေါ့ ။နက္ခတ်ပွဲသဘင်ကလည်း တစ်ရက်လည်းမဟုတ်၊ ခုနှစ်ရက်ကြီးများတောင်၊ မြစ်ရေကြီးလို့ ခရီးဖင့်တာက ခုနှစ်ရက် နက္ခတ်ပွဲသဘင်နဲ့ ဆုံလို့ ဈေးမရောင်းရတာက ခုနှစ်ရက်ဆိုတော့ (၁၄)ရက်ကြီးများတောင် အချိန်တွေ အချိန်တွေအလဟဿကုန်တယ်။ အသွားအပြန် ကုန်တဲ့ ရက်တွေ ထည့်ရေတာမဟုတ်သေးပါဘူး။ ကျုပ်ကိုယ်တိုင်ရဲ့အပြစ်တွေပါပဲ ။မြစ်ကိုကူးးလို့ ရပါလျှက် နေ့ရွှေ့ ညရွှေ့ လုပ်မိတာပဲကို ၊မြစ်ကိုတန်းကူးရင်(၁၄)ရက်ကြီး   ဘယ်အလကားဖြစ်တော့မလဲ။  ခုတော့(၁၄)ရက်တွင်ဘယ်ကတော့မလဲ။
ကျုပ်မှာပါတဲ့ ပစ္စည်းတွေရောင်းပြီး သာဝတ္ထိမြို့ ထွက်ကုန်တွေက ဝယ်ရဦးမယ်ဆိုတော့ အချိန်တွေ အများကြီးကုန်ရဦးမယ် ။ဘယ်သူမပြု မိမမှုပါပဲလေ ။
ဒါနဲ့ ကျုပ် အခြေနေအရပ်ရပ်ကို ပြန်သုံးသပ်တယ် ။ဗာရာဏသီက ထွက်လာတာလည်း ကြာပြီ ခုထိ ကုန်ရောင်ကုန်ဝယ်မလုပ်ရသေးဘူး ဒီအတိုင်းလှည့်ပြန်ရင်လည်း ကျုပ်ရှူံးမှာပေါ့။ အင်းလေဒီမှာပဲနေပြီး အလုပ်လေးဘာလေးလုပ် တစ်ဖက်ကလည်း အဝတ်တွေကုန်အောင် ရောင်းရတော့မှာပေါ့။ အဲဒီလို ကျုပ်စဉ်စားပြီး လှည်းတွေချွတ်ခိုင်းပြီး သင်တင့်မယ် အရပ်ကိုရှာကြတယ် ။
 ဘုရားရှင်အမှူးပြုသောသံဃာတော်တွေ ဆွမ်းခံကြွရင်း  ကျုပ်ရဲ့အကြံစည်တွေကို သိတော်မူလို့  ပြုံးတော်မူတာဆိုပဲ။အဲဒါကို အရှင်အာနန္ဒာက မေးလျှောက်တော့ ကျုပ်သာဝတ္ထိမြို့ မှာ တစ်နှစ်နေမယ် ကြံနေတယ်။ဒါပေမယ့် ကျုပ်အသက်က (၇)ရက်ပဲရှင်မယ်ဆိုတာသိလို့  ပြုံးတော်မူတာပါတဲ့။
ဒါတွေအားလုံးကို အရှင်အာနန္ဒာလာပြောလို့ ကျုပ်သိရတာပါ ။သိသိချင်းသေရမှာကို တော်တော်ကြောက်သွားတယ်။အေးလေ..ကျုပ်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်မိမှာမဟုတ်ဘူး ။ခုတော့ကျုပ်ဘုရားအမှူးရှိတဲ့ သံဃာတွေပင်ပြီး ဆွမ်းကပ်ကြ ဝေယျာဝစ္စကုသိုလ်တွေပြုနဲ့   ဒီနေ့ ပါဆိုရင်ခုနှစ်ရက်တိတိပြည့်ပြီလေ ။

ကျုပ်အသက်ရှင်ရမည့် (၇)ရက်တိတိလုံး ကျုပ်ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်တော့တာပေါ့ ။ကျုပ်သေတော့မည်ရက်ကို မသိရခင် ကျုပ်သာဝတ္ထိမြို့ မှာ တစ်နှစ်တိတိနေဖို့ ကြံစည်တယ် ။ဒီအလာတုန်းကလည်း မိုးရွာမယ်မှန်းမသိလို့ နားလိုက်မိလိုက် ကျုပ်ခရီးစဉ်တွေ ကစဉ်ကလျားဖြစ်ခဲ့ရတယ်
ခုတော့ ကျုပ်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ က ကျုပ်သွားရမယ်သံသရာ ခရီးမှာ ကစဉ်တလျားမဖြစ်အောင် ပြုလုပ်ပေးမှာတော့ အသေချာပါပဲ ။
အနုမောဒနာတရား နာကြားဖို့ အတွက်ဘုရားရှင်ရဲ့ သပိတ်တော်ကို လှမ်းယူလိုက်တယ်။ဘုရားရှင်က လူမိုက်တွေဟာ မမြဲတဲ့ခန္ဓာကိုယ်နဲ့ အသက်မြဲတယ်ထင်ပြီး ဒီနေရာမှာ မိုးဥတု နွေဥတု ဆောင်းဥတုတွေမှာ နေဖို့ တွေးကြံကြတယ် ။မိမိရဲ့ အသက်ခန္ဓာ နဲ့ ခန္ဓာရဲ့အန္တရယ်ကို မသိကြဘူးလို့  ဟောတယ်။ကျုပ်ရဲ့အကြောင်းကို သိထားတော်မူတော့ ကျုပ်နဲ့ လျောက်ပတ်တဲ့ ဒေသနာကို ဟောတော်မူတာပါပဲ။ တရားဒေသနာအဆုံးမှာ ကျုပ်ရတနာသုံးပါးအပေါ်မှာ အသက်နဲ့ အမျှ ကိုးကွယ်ဆည်းကပ်သူ ဖြစ်သွားရလို့ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုး လို့ မြဲမြံစွာ ကျင့်တဲ့သူ ဖြစ်ပြီဆိုတာ ကျုပ်ကိုကျုပ်သိလိုက်တယ် ။ အဝိဇ္ဇာတွေ ပိတ်ဖုံးနေတဲ့ ကျုပ်ရဲ့စိတ်တွေ  အသက်နဲ့ ခန္ဓာမြဲမယ်ထင်ပြီး ပမာဒ-မေ့လျော့နေတဲ့ စိတ်တွေကို ခုမှပဲ ကျုပ်သတိထားမိတော့တယ် ။ဟုတ်ပါတယ်။ ယခုခရီးစဉ်ဟာ ကျုပ်အတွက် မပြောပလောက်တဲ့ လောကီကုန်တွေ ရှုံးပေမယ့်  သံသရာအဖိုးမဖြတ်နိုင်တဲ့ အမြတ်တွေကျန်ခဲ့တယ်လေ ။ကျုပ်ရင်နှီးလိုက်ရတာက မုံးညှင်းစေ့လောက်လေ  ကျုပ်ပြန်ရလိုက်တဲ့ အမြတ်တွေက မြင့်မိုရ်တောင်ပေါင်း ရာထောင်မကတဲ့ အမြတ် လောကုတ္တရာ ဥစ္စာတွေပါပဲ ။


ဘုရားရှင်က ကျုပ်သာဝတ္ထိမြို့ နေမယ်ဆိုတာကို ကြံစည်တာကို သိလို့ အရှင်အာနန္ဒာကို မိန်တော်မူတဲ့အခါ တရားတစ်ပုဒ်လောက် ဟောတော်မူတယ်တဲ့။ နတ်ဖြန်မှာကိုယ့်အသက်ရှင်မယ် သေရမယ်ဆိုတာကို မည်သူမှ မသိနိုင် ဒါကြောင့်ကိုယ်အသက်ရှင်နေရတဲ့ ယနေ့ မှာ အပ္ပမာဒဆိုတဲ့ မမေ့မလျော့ မပေါ့မဆ တဲ့ သတိနဲ့ ကုသိုလ်တွေ ပြုလုပ်သင်တယ် ။သေမင်းဆိုတာ တံစိုးလက်ဆောင်တွေ၊ချောမြူးတဲ့ စကားတွေနဲ့ ဖြားယောင်လို့ မရဘူးလို့ ဟောတော်မူတယ် ။

ကျုပ်ဘဝကို ကျုပ်တွေးကြည့်တဲ့အခါ ဒီနေ့ မှာ (၇)ရက်လည်းစေ့ပြီမို့ ကျုပ်အသက်ရှင် ဖို့  နာရီပိုင်းပဲကျန်တော့တယ်လေ ။ ဘုရားရှင်ပေးတော်တဲ့ မဂ္ဂင်ယာဉ်ကြီးနဲ့  တစ်ဆင်ပြီးတစ်ဆင့် မြင့်သည်ထက် မြင့်အောင် အပ္ပမာဒတရား လက်ကိုင်းထားပြီး သံသရာခရီးလက်ကျန်ဘဝ တွေကို ကျုပ်သွားရဦးမယ်။ ခင်ဗျားတို့ တစ်တွေလည်း ကျုပ်ဘဝဇာတ်လမ်းကို ကြည့်ပြီး အပ္ပမာဒတရားနဲ့  မဂ္ဂင်ယာဉ်လှေကားတွေ တစ်ထစ်ပြီးတစ်ထစ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြပါစေဗျာ။

    စာကြွင်း-ဓမ္မပဒအဌကထာ(ဒု)မဟာဓနဝါဏိဇဝတ္ထု။
ကုန်သည်သည် ဘုရားရှင် တရားဒေသနာအဆုံးသောတာပန်
ဖြစ်သွားပြီး ညနေစောင်းအခါ ရုတ်တရက် ခေါင်းကိုက်ဝေဒနာ
ဖြင့်ကွယ်လွန်သွားပါသည်။ သောတာပန်ဖြစ်သဖြင့် နောက်ဆုံး(၇)ဘဝ
၌ ပရိနိဗ္ဗာန်စံရပါမည် ။
                                                              ချမ်းသာကိုယ်စိတ်မြဲကြပါစေ ရွှေဖြူးလေး
                                                                  



No comments:

Post a Comment