Saturday, July 7, 2012
နိဗ္ဗာန်လို က သည်းခံကြ
 "ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။"တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်ပေတည်း၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏၊ (ဓမ္မပဒ၊ဗုဒ္ဓဝဂ်)
"အရှင်ဘုရား၊တပည့်တော် မေးချင်စရာလေးရှိလိုပါဘုရား" ဘာများလဲ ဒကာကြီးရဲ့  သြော် ဒီလိုပါဘုရား မြတ်စွာဘုရားက သီးခံခြင်းကို အလွန်မြတ်တဲ့ တရားလို့ ဟော်တော်မူတယ်လို့ ကြားဖူးပါတယ်ဘုရား။ အဲဒီ သီးခံခြင်းနှင်ပတ်သက်တဲ့ အကျိုးကျေးဇူးကြီးမားပုံတွေကို တပည့်တော် သိချင်လိုပါဘုရား ။ အင်း ဒကာကြီးမေးလျှောက်တော့လည်း သည်းခံခြင်းအကြောင်းကို သိသလောက်ပြောရတော့တာပေါ့ ။ တင့်ပါဘုရား ။ မြတ်စွာဘုရားက သြဝါဒ ပါတိမောက်ဒေသနာမှာ "ခန္တီ ပရမံ တပေါ တိတိက္ခာ တိတိက္ခာ "-လွန်လွန်ကဲကဲ အမြဲသည်းခံခြင်းဟူသော ခန္တီ-သည်းခံခြင်းတရားသည် ပရမံ -မြတ်သော တပေါ- အကျင့်မည်၏လို့ ဟောတော်မူတယ် ။ဒါ့ပြင် ဓမ္မပဒဗုဒ္ဓဝဂ်မှာလည်း သည်းခံခြင်းနှင့်တူသော အခြားအကျင့်မည်သည် ဤလောက၌ အခြားမရှိတော့ပေလို့ လည်း ဟောတော်မူသေးတယ် ဒကာရဲ့ ဒါဆို တပည့်တော်လျှောက်တာမှန်တာပေါ့  ဘုရား ။ မှန်တယ် ဒကာရဲ့ သက်တော်ရှည် စံကင်းဆရာတော်ဘုရာကြီးကလည်း ခန္တီကင်းသွားရင် ဒေါသဘက်ပါသွားမယ် ခန္တီကင်းသွားရင် မကောင်တဲ့ အပြစ်တွေကျရောက်လိမ်မယ်။ဒေါသမီးလည်းနှင့်လည်းတူသည် ။ထိုမီးသည် ခန္တီးသည်းခံခြင်း မြဲသူထံမရောက်နိုင် မလောင်မြိုက်နိုင်။ခန္တီတရား လက်စွဲရှိယင် ကုသိုလ်တရားတိုးပွားတယ် ။ဘေးမရှိဘူး အန္တရာယ်မရှိဘူး ။သည်းခံခြင်းရှိသောသူကို မကောင်းသော သူ ယုတ်မာက ဘယ်လိုမှ မပြုနိုင်ဘူးလို့ ဆိုပြီိး သည်းခံခြင်းရဲ့ ကောင်းမြတ်ပုံတွေကို  ဆုံးမ သြဝါဒ ပေးတော်မူခဲ့တယ် ။
အင်္ဂုတ္တရနိကာယ် ပါဠိတော်မှာ သည်းခံခြင်း၏ အကျိုးတရား(၅)ပါးကိုလည်းဟောထားတော်မူသေးတယ်။ အဲ့ဒါတွေက ၁။ဗဟုပိယော-ချစ်ခင်သူများခြင်း
               ၂။အပ္ပဝေရီ-ရန်နည်းခြင်း
              ၃။အပ္ပဝဇ္ဇော-အပြစ်နည်းခြင်း
             ၄။အမောဟမတ-မတွေမဝေသေရခြင်း
             ၅။သုဂတိ ယန္တိ-ကောင်းသောသုဂတိသို့ လားရခြင်း
ဒါကြောင် သည်းခံခြင်းဟာ မြတ်တဲ့ အကျင်ဖြစ်ရုံသာ မဟုတ် အကျိုးရလာဒ်ကလည်းကြီးမြတ်လှတယ် ဒကာရဲ့ တင့်ပါဘုရား သည်းခံခြင်းတရားဟာ မြင့်မြတ်ပါတယ်ဘုရား ။ ဒါပေမယ် တစ်ချို့ နေရာတွေမှာ မဟုတ်ရင် သီးမခံတက်ဘူးဘုရား ။အဲ့ဒီလို ဆိုရင် သာသာနာပိုင်မြောင်းမြဆရာတော်ကြီး၏ အဆုံးအမကိုနားထောင်ကြည့်အုံးပေါ့ ဆရာတော်က မဟုတ်တာကိုသည်းမခံနိုင်ဘူး မဟုတ်တာကိုသည်းမခံနိုင်ဘူးနဲ့ ပြောကြတယ်။ ဟုတ်တာကို သည်းခံနိုင်ဖို့ လိုသေးလား။မဟုတ်တာမှ သည်းခံရတာ မဟုတ်တာကို သည်းမခံနိုင်လျှင် နင်တို့ သည်းခံတာဘာရှိသေးလဲ။ဒါ အင်မတန်း စဉ်းစားစရာကောင်းတယ် ။ဒါကြောင် မဟုတ်တာကို သည်းခံနိုင်အောင်ကျိုးစားကြပါလို့  ဟောတော်မူခဲ့တယ် ။
 ဒါပြင်အဖြစ်အပျက်လေးတစ်ခုကို လည်း ဖတ်မှတ်ရဖူးသေးတယ် ။ ဘယ်လို ပါလဲဘုရား  တစ်ချိန်ကပေါ့ ပါဠိပညာရေး အဖွဲ့ က အစည်းဝေးတစ်ခုမှာ တရားဝန်ကြီးချုပ် ဦးသိန်းမောင် နှင့် ဦးစိုးမြင်တို့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အပြင်းအထန်အငြင်းခုံဖြစ်ကြသတဲ့ ။အစည်းဝေးပြီးတဲ့အခါမှာ မစိုးရိမ်ဆရာတော်က  ဦးစိုးမြင်ကိုကျောင်းခေါ်ပြီးဆုံးမ သြဝါဒပေးတော်မူတာပေါ့ ။
အဲဒီမှာ ဦးစိုးမြင်က တပည့်တော်က မဟုတ်ရင်သည်းမခံဘူ ဆရာတော်။ဟုတ်ရင်တော့ဘယ်လို လုပ်လုပ် သည်းခံမှာပဲလို့ လျှောက်သတဲ့ ။အဲ့ဒီမှာဆရာတော်က သြော် မင်းကမဟုတ်ရင်မခံခြင်တက်ပဲကိုး အဲဒီလိုဆိုရင် မင်းတစ်သက်လုံး တစ်လောကလုံးနှင်ငြင်းခုံ ခိုက်ရန်ဖြစ်နေပေရော။ ဒီလောကကြီး ကဟုတ်တဲ့လောကကြီးမှ မဟုတ်တာ။မဟုတ်တဲ့လောကကြီး ဟုတ်ဟုတ် မဟုတ်ဟုတ် သည်းခံမှပေါ့လို့ မိန်တော်မူသတဲ့ ဒကာရဲ့။ မှတ်သားထိုက်တဲ့ သြဝါဒတွေပဲနော် ဘုရား ။ဟုတ်တာပေါ့ ဒကာရဲ့  လူတော်တော်များများက ကောင်းတယ်ဆိုတာကို  ကြားဖူးနားဝ ရှိနေကြပေမယ့် မဟုတ်ရင်မခံဘူးဆိုပြီး သည်းခံခြင်းကို ဂရုမစိုက်ကြဘူးလေ ။ဒါကြောင့် ဆရာတော်ကြီးတွေက သြဝါဒတွေကို ထိထိရောက်ရောက် ဆုံးမကြတာပေါ့ ။ဒါပေမယ့်ဘုရား သည်းခံရင် အရှုံးပေးရတာနဲ့ တူတယ်လို တစ်ချို့ က ပြောကြသေးတယ်ဘုရား ။
ဒါကတော့  လူတွေရဲ့ အမြင်ကိုးဒကာရဲ့ ။ခန္တီဝါဒီဇာတ်မှာ ကြည့်ပါလား ခန္တီဝါဒီရသေ့ကို ကလာဗုမင်းက နှိပ်စက်တဲ့ အတွက် ကာလဗုမင်းက လောကကအမြင်နဲ့ တော့ အောင်မြင်သူပေါ့ ဒါပေမယ့် ဓမ္မအမြင်နဲ့ ကြည့်တော့ ကာလာဗုမင်းက ကျရှုံးသူပဲ အဲ့ဒီမှာ ခန္တီဝါဒီရသေ့ ဘုရားအလောင်းဟာ ခန္တီပါရမီကို အခတ်ခဲဆုံး ဖြည့်ကျင့် ခဲ့တယ် မဟုတ်လား ။
ဒါပြင် ဓမ္မာစရိယဦိးဌေးလှိုင်က  အဓိဝါသနခန္တီ-သူတစ်ပေါ် အညံ့ခံ ခေါင်းထိုး၍ ခံသော်လည်း မိမိသန္တာန်၌ ခန္တီသူသော သူတော်ကောင်းတရား က နေရာယူထားသဖြင့် ဒေါသစသော အယုတ်တရားများ ရပ်တည်ခွင့်မရ ။ပြုလုပ်သူအပေါ်၌သာ ပြန်၍ကျသွားတက်၏။တုန်ပြန်လျှင် နှစ်ဦးနှစ်ဝ ခံကြရပေသည် လို့ လည်းရေသားထားသေတယ် ဒကာရဲ့။ တပည့်တော်သဘောမပေါက်ဘူး နည်းည်းဆက်ရှင်းပါဦး ဘုရား ။ကဲ...ဒါဆို ဒကာကြီးက ပစ္စည်းတစ်ခုခုကို ဦးဘသူဆို ကို ပေးပြီဆိုပါတော့ ။ဦးဘက  မယူဘူးဆိုရင် အဲ့ဒီပစ္စည်းက ဘယ်သူပစ္စည်းလဲ ။တပည့်တော် ပစ္စည်းပဲ ဖြစ်မှာပေါ့ ဘုရား ။အေး အဲ့ဒီအတိုင်းပဲ ဒကာကြီးက ဦးဘဦးကို  ဆဲရေးတယ်ဆိုပါတော့  ဦးဘက သည်းခံတော့ သူမှာဒေါသရှိပါဦးမလား  မရှိပါဘူးဘုရား ဒကာကြီးမှာတော့ ဒေါသဆို တဲ့အကုသိုလ်တွေရှိမနေဘူးလား ရှိနေပါတယ်ဘုရား အေး အဲ့ဒါကြောင့်မို့ လို့  သည်းခံခြင်းတရားထားတဲ့သူအပေါ်မှာ အယုတ်တရားများ ရပ်တည်မရပဲ ပြုလုပ်တဲ့သူအပေါ်မှာသာ ပြန်၍ ကျတယ်လို့ ရေးထားတာပေါ့ ဒကာရဲ့ ။
တပည့်တော်သဘောပေါက်ပြီးဘုရား သဘောပေါက်ရုံနဲ့  မပြီးသေးဘူးလေး ဒကာရဲ့ ။လက်တွေ့ ဘဝထဲမှာဘဲ ကျင့်ကြံဖို့ လို တာပေါ့ ဒကာရဲ့။ "သဒတ္ထ -ပရမာ အတ္တာ ခန္ဓာဘိယျော န ဝဇ္ဇတိ"တဲ့ ဒကာရဲ့။ အတ္တာ- အကျိုးစီးပွား ဟူသမျှတို့ သည် ၊သဒတ္ထ ပရမာ-မိမိ၏ အကျိုးစီးပွားသာလျှင် အမြတ်ဆုံး ရှိကုန်၏ ။တေသု-ထို အကျိုးစီးပွားတို့ တွင် ခန္ဓာ-သည်းခံခြင်းထက်၊ ဘိယျော -သာလွန်သော အကျိုးစီးပွားသည်၊ နဝဇ္ဇတိ -မရှိပေ ။ အကျိုးစီးပွားတွေထဲမှာ သည်းခံခြင်းဟာ အသာလွန်မြင့်မြတ်ဆုံး ဒကာရဲ့ ။ တင့်ပါဘုရား တပည့်တော် အတက်နိုင်ဆုံး ကျင့်ပါ့မယ်ဘုရား ။ ကောင်းတာပေါ့  ဒကာရဲ့။မြတ်စွာဘုရား မူလပဏ္ဍာသပါဠိတော် သဗ္ဗာသဝသုတ် စသည်မှာ ဘိက္ခဝေ- ရဟန်းတို့ ၊ က္ကုဓဘိက္ခု-ဤသာသနာတော်၌ ရဟန်းသည် ။ယောနိသော -အကြောင်းမှန်ဖြင့်၊ ပဋိသင်္ခါ -ဆင်ခြင်၍ သီတဿ ဥဏှဿ -အပူအေးကို ခမာဟောတိ-သည်းခံသည်ဖြစ်၏ ။ဇီဃစ္ဆာယ ပိပါသာယ-အစာဆာခြင်း  ရေငတ်ခြင်းကို သည်းခံ၏ ။ဍံသမကသ ဝါတာတပ သရီဿမ္ဖဿာနံ-မှတ် ခြင် ယင် လေ နေပူ မြွေကင်းတို့ ၏ အတွေ့ တိုကို သည်းခံ၏ ။ဒုရုတ္တာနံ ဒုရာကတာနံ  ဝစန ပထာနံ-ကြိမ်းမောင်း ဆိုဆဲ စွပ်စွဲစကားတို့ကို သည်းခံ၏ ။ဥပ္ပန္နာနံ  သာရီရိကာနံ ဝေဒနာနံ ဒုက္ခာနံ -ကိုယ်ထဲ၌ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာတို့ ကို သည်းခံ၏ ။တိဗ္ဗာနံ ခရာနံ ကဋုကာနံ -ကြမ်းတမ်းပြင်းထန်း  အခံခတ်သော ဒုက္ခ ဝေဒနာတို့ ကို သည်းခံ၏ ။ အသာတာနံ အမနာပါနံ ပါဏဟရာနံ-မခံသာ၍ မုန်းဖွယ်ဖြစ်သည့်ပြင်  သေစေနိုင်လောက်သော ဒုက္ခဝေဒနာတို့ ကို ၊အခိဝါသက ဇာတိကော-သည်းခံခြင်းသဘောရှိသည် ဟောတိ-ဖြစ်၏ ။ဟောတော်မူပါတယ် ။ဒါက ဘယ်လို ပြသလဲဆိုတာဘယ်လိုပဲဖြစ်ဖြစ် ဘယ်လို ကြောင့်ပဲဖြစ်ဖြစ် အကြောင်းမှန်သဖြင့်သည်းခံဖို့ ပြတာပဲ  ဒကာရဲ့ ။တင့်ပါဘုရား သြော်ဒါနဲ့ ဘုရား သည်းခံရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ က ရောဘုရား  ဆက်ရှင်ပြပါဦးဘုရား ။
ဒါ့ကရှင်ပြနေစရာတောင် မလိုပါဘူး ။ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောထားတာကို
သေသေချာချာဂရုစိုက် နားထောင်လိုက်ရင် ရှင်းသွားမှာပါ ။ ဆရာတော်ဘုရားကြီးက သည်းခံရင် နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ စကားဟာ ဝိပဿနာတရားအားထုပ်ရာမှာ မှန်ကန်းကြောင်း အလွန်ထင်ရှားပါတယ် ။တရားအားထုပ်ခါစမှာ ညောင်းမှု ပူမှု အေးမှုနာကျင်မှုစသော အတွေ့ ဆိုးတွေကို အများအားဖြင့်တွေ့ ရတက်ပါတယ်။ အဲ့ဒီလို တွေ့ ရတဲ့ အခါ က္ကုရိယာပုတ်ကို မပြုပြင်ပဲသည်းခံပြီးရှု့ မှတ်ရတယ် ။ဒုက္ခဝေဒနာဖြစ်တိုင်း ဖြစ်တိုင်း သည်းမခံဘဲ အမှတ်တမဲ ပြုပြင်နေရင် သမာဓိမဖြစ်နိုင်ဘူး။ သမာဓိမဖြစ်တော့ ညဏ်လည်း မဖြစ်ဘူး။ ဒါကြောင့်သည်းခံနိုင်သမျှ သည်းခံပြီး ရှုမှတ်ရတယ် ။ သည်းမခံနိုင်လောက်အောင် လွန်ကဲလာလျှင်တော့မှ အမှတ်သတိမလွတ်ဘဲ ရှုမှတ်ရင်း ပြုပြင်ရတယ် လို့ ဟောတော်မူပါတယ် ။လှေသင်းမင်ကျောင်းဆရာတော်ကလည်း" နိဗ္ဗာန်လိုက သည်းခံကြ တွင်းပ အရာရာ "ဆိုပြီး ဆုံးမခဲ့သေးတယ်လေ ။တင့်ပါဘုရား ဒကာကြီးက လက်တွေ့ ကျင့်သုံးတဲ့အခခါမှာ မဟာဗေဗာဓိမြိုင်ဆရာတော်ကြီးရဲ့ ဆုံးမသြဝါဒကိုလည်း ကောင်းစွာနှလုံးသွင်းထားပေါ့  ဆရာတော်ဘုရားကြီးက ခန္တီပါရမီဟာ အမြတ်ဆုံးဖြစ်တယ် ။
ခန္တီပါရမီဆိုတာ သူများပေးမှ ရတာပါ။ ကြုံတောင်ကြုံခဲ ဖြည့်ခွင်ရတဲ့ ပါရမီးကြီးလို့ သာ သိမှတ်ပြီး ဘယ်သူဘာပြောပြော သည်းခံပြီးတော့သာ အပြောမှန် အလုပ်မှန်  အကျင့်မှန်အောင်သာ ကျိုးစားပါတဲ့ ။တင့်ပါဘုရား ကောင်းစွာ မှတ်သားထားပါမယ် ဘုရား ။
                                                                   ချမ်းသာကိုယ်စိတ်မြဲကျပါစေ ရွှေဖြူးလေး
No comments:
Post a Comment