အခန်း(၅)
သိမှုဖြစ်စဉ်
မပြောင်းမလဲ စီးသွား၊
မြစ်တစ်စင်းလို အဆက်အစပ်နဲ့၊
လှိုင်းတစ်သုတ်နောက်၊ လှိုင်းတစ်သုတ်လိုက်
နှေးချည် .. မြန်ချည် ....။
အမြင်နှစ်မျိုး
ခန္ဓာငါးပါးအလုပ်လုပ်ပုံ
ခန္ဓာငါးပါးအလုပ်လုပ်ပုံကို မလေ့လာမီ ၄င်းတို့၏ ဖွဲ့စည်းပုံကို အလွယ်သိမြင်စေရန် ဖော်ပြပါဇယားကို နှလုံးသွင်းထားစေလိုပါသည်။
၁။ ရုပ်ခန္ဓာ (ရူပ)
၂။ ခံစားခြင်း(ဝေဒနာ)
အာရုံတို့၏ ပထမဆုံးဖော်ပြချက်မှာ ခံစားမှုပင်ဖြစ်သည်။ အာရုံခံကိရိယာနှင့် အာရုံရုပ်တို့ ထိတွေ့သည်နှင့်ခံစားမှုပေါ်လာသည်။ သိမှုဖြစ်စဉ်၏ ပထမအဆင့်ဖြစ်ပါသည်။
၃။ ခံယူခြင်း(ပညာ)
၎။ တုံ့ပြန်ခြင်း (သင်္ခါရ)
သိမှုဖြစ်စဉ်
မပြောင်းမလဲ စီးသွား၊
မြစ်တစ်စင်းလို အဆက်အစပ်နဲ့၊
လှိုင်းတစ်သုတ်နောက်၊ လှိုင်းတစ်သုတ်လိုက်
နှေးချည် .. မြန်ချည် ....။
ယခုအခါ ဗုဒ္ဓ၏ အမှန်မွန်လေးပါးထဲမှ ရှေ့နှစ်ပါးကို ဖော်ပြပြီးခဲ့ပြီးဖြစ်ပါတယ်။ ပထမအမှန်မွန် (ဒုက္ခ၏လောကလုံးသဘော)နှင့် ဒုတိယအမှန်မွန် (ဒုက္ခ၏အကြောင်းရင်း)တို့ ဖြစ်သည်။ ဗုဒ္ဓကျမ်းဂန်လာ ဝေါဟာရနှင့်ဆိုလျှင် “ဒုက္ခသစ္စာ”နှင့် “သမုဒယသစ္စာ”တို့ ဖြစ်ပါသည်။ “သမုဒယကြောင့် ဒုက္ခဖြစ်” ဆိုသော အမှန်မွန်နှစ်ပါး၏ အဆက်အစပ်ကိုလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်၍ တတိယအမှန်မွန် (ဒုက္ခ၏ ကင်းရာ ကုန်ရာ)ကို ဆက်ဖို့ရှိပါသည်။ သို့နှင့်တိုင် ချက်ချင်းဆက်၍ မဖြစ်သေးပါ။ တတိယအမှန်မွန် (နိရောဓသစ္စာ)ကို နားလည်သဘောပေါက်စေရန် ဗုဒ္ဓ၏သင်ကြားချက်အချို့နှင့် မိတ်ဆက်ပေးဖို့ လိုပါလိမ့်ဦးမည်။
အမြင်နှစ်မျိုး
ဗုဒ္ဓ၏ဓမ္မသည် အကြွင်းမဲ့သဘော၊ ပကတိသဘော၊ မဖောက်မပြန်အမြဲမှန်သည့်သဘောဖြစ်သည်။ ပရမတ္ထသစ္စာ (Absolute true) ဖြစ်ပါသည်။ သို့နှင့်တိုင် ယာယီသဘော၊ နှိုင်းရသဘော၊ အများ သတ်မှတ်ချက်သဘောတို့ကိုလည်း မပစ်ပယ်ပါ။ သမုတိသစ္စာ (Relative true) ဖြစ်ပါသည်။ ပြောရလျှင် သမုတိသစ္စာမှာ အများအမြင်၊ သာမန်အမြင် ဖြစ်ပြီး ပရမတ္တသစ္စာမှာ ပညာအမြင်၊ ဗုဒ္ဓအမြင်ဖြစ်သည်။ ဗုဒ္ဓ၏ဓမ္မကို လေ့လာရခြင်းမှာ သာမန်အမြင်ကိုကျော်၍ ပညာအမြင်ကို ဆိုက်အောင် အသိဉာဏ်မိုးကုတ်စက်ဝိုင်းကို ချဲ့ကြည့်ခြင်းဖြစ်ပါသည်။
သာမန်အမြင်အရ ကြည့်လိုက်လျှင် သတ္တလောကတွင် ရှိသမျှကို လူ တိရိစ္ဆာန်၊ ယောက်ျား-မိန်းမ၊ ကလေး-လူကြီး၊ သူဌေး-ဆင်းရဲသား၊ ဆရာဝန်၊ စစ်ဗိုလ်၊ ပါမောက္ခ၊ သူတောင်းစား စသည်ဖြင့် ခွဲခြားမြင်နိုင်စရာရှိသည်။ ဤသို့မြင်နေသမျှလည်း အဆင့်အတန်း၊ ဂုဏ်အင်လက္ခဏာ စသော ခွဲခြားသတ်မှတ်ချက်များနှင့် ကင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ၏ပညာ အမြင်အရဆိုလျှင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့မှာ သဘောသဘာဝနှစ်ရပ်၏ အစုအဝေးမျှသာဖြစ်သည်။ ရုပ်သဘောနှင့် နာမ်သဘောတို့ဖြစ်သည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များက “နာမရူပ”ဟု ညွှန်းဆိုပါသည်။
ရုပ်သဘောဆိုရာတွင် အာရုံခံကိရိယာများ (Sense organs)စုစည်းထားသော ခန္ဓာကိုယ်အစုအဝေးကြီးကို ဆိုလိုသည်။ နာမ်သဘောတွင် ခံစားခြင်း (Feeling or sensaton)၊ ခံယူခြင်း (Perception)၊ တုံ့ပြန်ခြင်း (Emotional reaction)နှင့် သိမြင်ခြင်း(Consciousness) တို့ပါဝင်သည်။ ဗုဒ္ဓကျမ်းဂန်များတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏဟု သုံးနှုန်းပါသည်။ သို့အတွက် လူ (သတ္တ၀ါ)တို့၏ ဖြစ်တည်မှုဆိုသည်မှာ ရုပ်ခန္ဓာ(ရူပက္ခန္ဓာ)နှင့် နာမ်ခန္ဓာ (ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ) တို့၏ အစုအဝေးပင်ဖြစ်သည်။ ဤသည်ကိုပင် “ခန္ဓာငါးပါး”(five aggregates)ဟုခေါ်ခြင်း ဖြစ်ပါသည်။ ဤခန္ဓာငါးပါးတို့ အလုပ်လုပ်ပုံသည်ပင် “လူ၏သိမှုဖြစ်စဉ်” (the act of human cognition) ဖြစ်တော့သည်။
သာမန်အမြင်အရ ကြည့်လိုက်လျှင် သတ္တလောကတွင် ရှိသမျှကို လူ တိရိစ္ဆာန်၊ ယောက်ျား-မိန်းမ၊ ကလေး-လူကြီး၊ သူဌေး-ဆင်းရဲသား၊ ဆရာဝန်၊ စစ်ဗိုလ်၊ ပါမောက္ခ၊ သူတောင်းစား စသည်ဖြင့် ခွဲခြားမြင်နိုင်စရာရှိသည်။ ဤသို့မြင်နေသမျှလည်း အဆင့်အတန်း၊ ဂုဏ်အင်လက္ခဏာ စသော ခွဲခြားသတ်မှတ်ချက်များနှင့် ကင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ၏ပညာ အမြင်အရဆိုလျှင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့မှာ သဘောသဘာဝနှစ်ရပ်၏ အစုအဝေးမျှသာဖြစ်သည်။ ရုပ်သဘောနှင့် နာမ်သဘောတို့ဖြစ်သည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များက “နာမရူပ”ဟု ညွှန်းဆိုပါသည်။
ရုပ်သဘောဆိုရာတွင် အာရုံခံကိရိယာများ (Sense organs)စုစည်းထားသော ခန္ဓာကိုယ်အစုအဝေးကြီးကို ဆိုလိုသည်။ နာမ်သဘောတွင် ခံစားခြင်း (Feeling or sensaton)၊ ခံယူခြင်း (Perception)၊ တုံ့ပြန်ခြင်း (Emotional reaction)နှင့် သိမြင်ခြင်း(Consciousness) တို့ပါဝင်သည်။ ဗုဒ္ဓကျမ်းဂန်များတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏဟု သုံးနှုန်းပါသည်။ သို့အတွက် လူ (သတ္တ၀ါ)တို့၏ ဖြစ်တည်မှုဆိုသည်မှာ ရုပ်ခန္ဓာ(ရူပက္ခန္ဓာ)နှင့် နာမ်ခန္ဓာ (ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ) တို့၏ အစုအဝေးပင်ဖြစ်သည်။ ဤသည်ကိုပင် “ခန္ဓာငါးပါး”(five aggregates)ဟုခေါ်ခြင်း ဖြစ်ပါသည်။ ဤခန္ဓာငါးပါးတို့ အလုပ်လုပ်ပုံသည်ပင် “လူ၏သိမှုဖြစ်စဉ်” (the act of human cognition) ဖြစ်တော့သည်။
ခန္ဓာငါးပါးအလုပ်လုပ်ပုံ
ခန္ဓာငါးပါးအလုပ်လုပ်ပုံကို မလေ့လာမီ ၄င်းတို့၏ ဖွဲ့စည်းပုံကို အလွယ်သိမြင်စေရန် ဖော်ပြပါဇယားကို နှလုံးသွင်းထားစေလိုပါသည်။

ဤနေရာတွင် ပထမဆုံးကြိုပြောထားဖို့လိုသည်မှာ ခန္ဓာငါးပါးတို့၏ အစုအဝေးသည် သာမန်ရောစပ်ထားရုံသက်သက် (ဒြပ်နှောသဘော မဟုတ်သည့်အချက်) ဖြစ်ပါသည်။တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားသော ဒြပ်ပေါင်းသဘောဖြစ်သည်။ သို့အတွက် (ရှင်းလင်းရာတွင် လွယ်ကူစေရန်၊ တစ်ကန့်စီပြောသွားမည် ဖြစ်သော်လည်း) တစ်ခုစီ ခွဲထုတ်ရလိမ့်မည် မဟုတ်ပါ။ စင်စစ် ပဋိသန္ဓေအစကပင်၊ ရုပ်နှင့်နာမ်တို့ တစ်ပြိုင်နက်ဖြစ်တည်ခဲ့သည်ဖြစ်ရာ ရုပ်က မူလ၊ နာမ်ကအဓိက စသည်ဖြင့်ခွဲခြားကြည့်စရာမလိုဟူ၍ပင် ယူဆရမည်ဖြစ်ပါသည်။
၁။ ရုပ်ခန္ဓာ (ရူပ)
ရုပ်ခန္ဓာဆိုသည်မှာ မြေဓာတ်၊ မီးဓာတ်၊ ရေဓာတ်၊ လေဓာတ်တို့၏ အစုအဝေးသာဖြစ်သည်။ (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ဆိုသော ဓာတ်ကြီးလေးပါး။) ဤနေရာတွင် အဆိုပါ ဓာတ်ကြီးလေးပါးကို ခေတ်ပေါ် ဓာတုဗေဒနည်းအရကြည့်ပြီး ဒြပ်စင်မဟုတ်၊ ဒြပ်ပေါင်းများဟု စောဒက မတက်စေလိုပါ။ ပထ၀ီမှာ စုဖွဲ့ခြင်းသဘော၊ တေဇောမှာ ပူခြင်း-အေးခြင်းသဘော၊ အာပေါမှာ စီးမျောခြင်းသဘော၊ ၀ါယောမှာ တွန်းတိုက်သည့်သဘော တို့ကိုသာ ဆိုလိုရင်းဖြစ်သည်။ ဤဓာတ်ကြီးလေးပါးတို့၏ အစုအဝေး ရုပ်ခန္ဓာသည်ပင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နှင့်စိတ် (မနော)ဆိုသော အာရုံခံကိရိယာတို့ကို စုစည်းထားသည့် ကွန်တင်နာကြီးပင်ဖြစ်သည်။ ဤအာရုံခံကိရိယာများနှင့် အာရုံရုပ်များ (မြင်စရာ၊ ကြားစရာ၊ အနံ့ရစရာ၊ အရသာခံစရာ၊ ထိတွေ့စရာ၊ စဉ်းစားတွေးတောစရာ) ထိတွေ့သည်နှင့် အာရုံတို့ရလာသည်။ အဆိုပါအာရုံတို့နာမ်သဘောများ (နာမပိုင်း)ကို အဆင့်ဆင့်ဖြတ်သန်းခြင်းသည်ပင် သိမှုဖြစ်စဉ် ဖြစ်တော့သည်။
၂။ ခံစားခြင်း(ဝေဒနာ)
အာရုံတို့၏ ပထမဆုံးဖော်ပြချက်မှာ ခံစားမှုပင်ဖြစ်သည်။ အာရုံခံကိရိယာနှင့် အာရုံရုပ်တို့ ထိတွေ့သည်နှင့်ခံစားမှုပေါ်လာသည်။ သိမှုဖြစ်စဉ်၏ ပထမအဆင့်ဖြစ်ပါသည်။
၃။ ခံယူခြင်း(ပညာ)
ဒုတိယအဆင့်မှာ သိမှတ်ခံယူခြင်းဖြစ်သည်။ ဥပမာ-နှင်းဆီတစ်ပွင့်မြင်လျှင် နှင်းဆီဟုခံယူလိုက်သည်။ ကင်းမြီးကောက်တစ်ကောင်တွေ့လျှင် ကင်းမြီးကောက်ဟုခံယူလိုက်သည်။ သို့နှင့်တိုင် ဤအဆင့်တွင် ခံယူရုံသက်သက်မျှနှင့် တန့်မနေတတ်ပါ။ သတ်မှတ်ချက်တစ်ခုခု တွဲပါလာတတ်ပါသည်။ ဥပမာ-“နှင်းဆီ”ဟု ခံယူလိုက်သည်နှင့် “လှလိုက်တာ”ဆိုသောသတ်မှတ်ချက် တွဲပါလာတတ်သည်။ “ကင်းမြီးကောက်”ဟု ခံယူလိုက်သည်နှင့် “ရွံရှာစရာကြီး”ဆိုသော သတ်မှတ်ချက် တွဲပါလာတတ်သည်။ “သညာ”၏အလုပ်မှာ ကင်မရာလိုမှတ်တမ်းတင်ရုံ သက်သက်မျှမဟုတ်။ သတ်မှတ်ချက် (သိစိတ် တစ်စွန်းတစ်စ)ပါလာပြီ ဖြစ်ပါသည်။
၎။ တုံ့ပြန်ခြင်း (သင်္ခါရ)
သိမှုဖြစ်စဉ်၏ အရေးအကြီးဆုံးအဆင့် ဖြစ်ပါသည်။ (ယခုစာအုပ်ကို မူလအင်္ဂလိပ်ဘာသာနှင့်ရေးသူက ဤအဆင့်ကို Emotional reactions ဟုရေးပါသည်။ အချို့ဆရာများကမူ “စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု” (mental formations)ဟု ဘာသာပြန်ကြသည်များ ရှိသည်။ emotion ဆိုသောလက်တင်ဝေါဟာရမှာ to move out (လှုပ်ရှားစေခြင်း)ဟု အဓိပ္ပာယ်ထွက်ရာ ပါဠိစာပေမှ သင်္ခါရနှင့် ပိုနီးလိမ့်မည်ထင်ပါသည်။)ဤအဆင့်တွင် ခံယူရုံ၊ သတ်မှတ်ရုံမျှနှင့် ရပ်နေတော့ပါ။ တုံ့ပြန်ချက်ပါလာပါသည်။ ဥပမာ-နှင်းဆီကိုမြင်လျှင် “ဟင်..နှင်းဆီပွင့်လေး ပါလား”(ခံယူ)၊ “လှလိုက်တာ”(သတ်မှတ်)၊ “ချစ်တယ်”/“လိုချင်တယ်”(တုံ့ပြန်)၊ အလားတူပင် ကင်းမြီးကောက်ကိုမြင်လျှင်လည်း “ ဟင် ကင်းမြီးကောက်ကြီး ” (ခံယု)၊ “ရွံစရာကြီး” (သတ်မှတ်)၊ “ ရွံတယ်/မမြင်ချင်ဘူး” (တုံ့ပြန်)၊ ပြောလိုသည်မှာ သင်္ခါရတွင် အချစ်-အမုန်း၊ ကြိုက်-မကြိုက် ဆိုသောတုံ့ပြန်မှုများပါဝင်လာပြီ ဆိုသည့်အချက်ကို ထင်ရှားစေလို၍ဖြစ်ပါသည်။ “စိတ်လှုပ်ရှားမှု”(emotion) ပါလာပြီဟု ဆိုလိုပါသည်။ နောက်ဆက်တွဲအဖြစ် နှင်းဆီဆိုလျှင် ခူးလိုက်မည်။ ကင်းမြီးကောက်ဆိုလျှင် လွှင့်ပစ်မည်ဆိုသော လက်တွေ့တုံ့ပြန်မှုများပင် လိုက်လာနိုင်သည်။
၅။ သိမြင်မှတ်သားခြင်း (၀ိညာဏ)
သိမှုဖြစ်စဉ်၏ နောက်ဆုံးအဆင့်ဟုဆိုနိုင်ပါသည်။ အာရုံခံ ကိရိယာနှင့် အာရုံရုပ်တို့၏ ထိတွေ့မှုကြောင့် ဖြစ်လာသော အာရုံသည် ခံစားခံယူ၊ တုံ့ပြန်ပြီးသကာလ၊ သိမှတ်သည့်အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။ ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာထိ သိမှတ်စွဲကပ်(memorize)လိုက်ပြီ ဖြစ်ရာ၊ ဘ၀တစ်ခုမှ တစ်ခုသို့ ကူးသည်အထိပင် “အတည်စွမ်းအင်” (potential energy)အဖြစ် ပါဝင်သွားနိုင်သည်။ ဗုဒ္ဓကျမ်းဂန်များက “အထုံ”၊ “ပါရမီ” စသဖြင့် ညွှန်းလေ့ရှိကြပါသည်။ ( ဤနေရာတွင် အတ္တကောင်၊ လိပ်ပြာကောင်လေး အရာမယွင်းဘဲ ခန္ဓာအိမ်အသစ်ထဲသို့ ၀င်သွားသလို မျဉ်းတန်းသဘော (linear)နှင့် မရောထွေးစေရန် အရေးကြီးပါသည်။ ၀ိညာဉ်မှ နာမ်ရုပ်အသစ်သို့ ကူးပြောင်းသောဆက်ထုံးမှာ non-linear သဘောနှင့် နီးပါလိမ့်မည်)
“ အာရုံသိ ” မှ “ ပညာသိ ” သို့
အထက်တွင်ဖော်ပြခဲ့သည်မှာ လူ(သတ္တ၀ါ) တို့၏ သိမှုဖြစ်စဉ်ဟု ယေဘုယျဆိုနိုင်သော်လည်း လူတစ်ယောက်နှင့်တစ်ယောက် သိမြင်မှတ်သားပုံချင်း တူကြလိမ့်မည်တော့ မဟုတ်ပါ။ ဥပမာ- မိန်းမငယ်တစ်ယောက်တည်းကိုပင် တစ်ယောက်က “လှသည်”ဟုမြင်သော်လည်း ကျန်တယောက်က ”အရုပ်ဆိုးသည်”ဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့နှင့်အမျှ “ချစ်လိုက်တာ”၊ (သို့မဟုတ်) “စာမလိတ်၊စိတ်မလာ” စသော မတူသည့် တုံ့ပြန်မှုများလည်း ရှိလာပါလိမ့်မည်။ အလားတူပင် “စွဲလမ်းမှု”၊ “မေ့လျော့မှု”စသော မတူသည့် သိမှတ်မှုများလည်း ဖြစ်ပေါ်လာပါလိမ့်မည်။ သို့အတွက် မည်သည့်သိမြင်မှုကိုမှ “အမှန်”ဟု အခိုင်အမာ မပြောသာပါချေ။ ဤသည်ပင် အာရုံမှလာသော “အာရုံသိ” (emotional knowledge)တို့၏ မသေချာမရေရာမှု ဖြစ်ပါသည်။
သို့နှင့်တိုင် လူမှန်လျှင် ခန္ဓာငါးပါးနှင့်မကင်းနိုင်ပါ။ ခန္ဓာငါးပါးသည် ပင်ဘ၀ဖြစ်ပါသည်။ ခန္ဓာငါးပါးအလုပ်လုပ်ပုံ(တစ်နည်း) အာရုံသိတို့၏ သိမှုဖြစ်စဉ်သည်ပင် ဘ၀ဖြစ်တည်မှုဟု ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓ၏တွေးခေါ်ရှုမြင်ပုံမှာ၊ လွန်ခဲ့သောအနှစ် ၃၀၀ ၀န်းကျင်ကမှ ပေါ်ထွက်ခဲ့သော “ဒေးကား”နှင့် နီးစပ်တူညီနေသည်ကို တွေ့ရပါလိမ့်မည်။ “ဒေးကား”က “ငါတွေးသည်၊ ဒါကြောင့် ငါရှိသည်” ( I think , therefore I exist)ဟုဆိုခဲ့ဖူးသည်။ သို့နှင့်တိုင် ဗုဒ္ဓ၏အမြင်က ဒေးကားထက်ပိုနက်ပါသည်။ “ငါချစ်သည်၊ ငါမုန်းသည်၊ ဒါကြောင့်ငါရှိသည်”( I love, I hate, therefore I exist)ဆိုသော သဘောဖြစ်သည်။ အချစ်၊ အမုန်းစသော သမုဒယနယ်မှ မထွက်နိုင်သေးသရွေ့ ဘ၀ရှိနေဦးမည်။ သံသရာလည်နေဦးမည်ဟု နားလည်ရပါသည်။
စင်စစ် အာရုံသိမှာ ဘ၀၏အခြင်းအရာ ဖြစ်သည်။ အာရုံသိ သက်သက်မျှနှင့် ဘ၀ကိုမလွန်နိုင်ချေ။ ဖြစ်တည်မှု အကျဉ်းထောင်ကို ဖောက်ထွက်နိုင်စရာမရှိပါချေ။ ဗုဒ္ဓအာရုံသိမှ “ပညာသိ” (insightful knowledge) သို့ တိုးတက် ပွားစီးနိုင်ရန် လမ်းညွှန်ခဲ့ပါသည်။ ဗုဒ္ဓအလိုအရ ပညာသိဆိုသည်မှာ “အမှန်မွန်လေးပါး”ကို ဆုပ်ဆုပ်ကိုင်ကိုင်နားလည် သဘောပေါက်ခြင်းဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)စာအုပ် ဆက်လက်ရေးသာဖော်ပြါမည် ။