Friday, June 10, 2011

.ကိုးကွယ်အားထားရာအမှန်။လူကြီးလူငယ်ဟူသည်..

အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် မဓုရာပြည်၊ ပိတ်ချင်းနတ်တော၌ နေတော်မူ၏။
ထိုအခါ ကန္ဒာရာယနပုဏ္ဍားသည် အသျင်မဟာကစ္စည်းထံသို ချဉ်ကပ်ပြီးလျှင် အသျှင်ကစ္စည်း၊ ရဟန်းကစ္စာနသည်အိုကုန်သော ကြီးကုန်သောရင်ကုန်သော
ရှေမီကုန်ကုန်သောအဆုံးအရွယ်သိုရောက်ကုန်သောပုဏ္ဍားတို့ ကို
ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို ထိုင်ရန်နေရာဖြင့်လည်းမဖိတ်ကြားဟု အကျွန်ုပ်ကြားဖူးပါသည်။
အသျှင်ကစ္စည်း -ထိုသိုကြားဖူးသည့် အတိုင်းမှန်သည်သာတည်း အဘယ်ကြောင်ဆိုသော်
 အသျှင်ကကစ္စာနသည် အိုကုန် ကြီးကုန် ရင့်ကုန်ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဍား
တိုကို ရှိလည်း မခိုး၊ ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင်လည်းမဖိတ်ကြားပါ။ ထိုသိုရှခိုးခြင်းစသည်ကို
 မပြုခြင်းသည် မသင်လျှော်သည်သညတည်း ဟု လျှောက်၏။
ပုဏ္ဍား    တရားမှန်သမျှကိုသိတော်မူမြင်တော်မူသောအပူဇော်ထူးကိုခံယူတော်မူထိုက်သော
မြတ်စွာဘုရားဟောတော်မူအပ်သော လူကြီးအဆင့်တန်းဗုဒ္ဓ္ဒဘူမိ သည်လည်းကောင်း
လူငယ်အဆင်အတန်းဒဟာရဘူမိသည်လည်းကောင်း ရှိ၏။
 ပုဏ္ဍား ပဋိသန္ဓေ္ဒအားဖြင်ကြီးကုန်သော အကြင်သူသည်အရွယ်အားဖြင့် အနှစ်ရှစ်ဆယ် အနှစ်ကိုးဆယ် သော်လည်းကောင်းတစ်ရာသော်လည်းကောင်းအကယ်၍    ဖြစ်စေကာမူ ထိုသူသည် ကာမဂုဏ်တို့ ကို သုံးဆောင်ခံစားသူ ကာမဂုဏ်တည်းဟူသောအိမ်၌အုပ်စိုး ၍နေသူ
ကာမဂုဏ်တည်းဟူသော အပူ ပူလောင်ခံနေရသူ ကာမဂုဏ်တို့ ၌ ကြံစည်ခြင်း
ကမဝိတက် တို့ ကိုက်ခဲခံရသူ ကာမဂုဏ်ကို ရှာမှီးခြင်းငှါလုံးလပြုနေသူ ဖြစ်ခဲမူ ထိုသူသည်
 လူမိုက် လူငယ်ဟူသောရေတွက်ခြင်းသို့ သာရောက်၏။
ပုဏ္ဍားအကြင်သူသည် ပျိုမျစ်သော ကောင်းစွာနက်သော ဆံပင်ရှိသော ကောင်းသောအရွယ်နှင့် ပြည့် စုံသော
 ပထမအရွယ် နှင့် ပြည့်စုံသော သူငယ်ပင်ဖြစ်စေကာမူ ထိုသူသည် ကမဂုဏ်တို့ ကို မသုံးဆောင်မခံစားသူ
ကာမဂုဏ်တည်းဟူသော အိမ်၌ အုပ်စိုး၍နေသူ ကာမဂုဏ်တည်းဟူသောအပူ ပူလောင်ခြင်းမခံရသူ
 ကာမဂုဏ်တို့ ၌ကြစည်ခြင်း ကာမဝိတက်တို့ အကိုက်မခံရသူ ကာမဂုဏ်တို့ ကိုရှာမှီးခြင်ငှါ လုံလမပြုသူဖြစ်ခဲမူ
ထိုသူသည်ပညာရှိလူကြီးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ ဟုမိန့် ဆိုလေ၏။
အသျှင်ကစ္စည်း တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေစွ ၊အကျွန်ုပ်ကို ယနေ့ မှစ၍
 အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်ယူတော်မမူပါ ဟု ကန္ဒရာယနပုဏ္ဍားက လျှောက်၏။
ဘုရားရှင်ကလည်း ရဟန်းတို့ အား ရဟန်းတို့  ခိုးသူတို့ အင်အားကြီးမားသောအခါ
 မင်းတို့ သည် အင်အားနည်းပါးကုန်၏။ထိုအခါ မင်းအားမြို့  သို့ ဝင်းခြင်းထွက်ခြင်းငှါလည်းကောင်း မလွယ်ကူ
၊တိုင်းစွန်ပြည်နားဇနပုဒ်များသို့    လှည့်လည်းခြင်းငှါမလွယ်ကူ။ရဟန်းတို့ ထိုအတူ ရဟန်းယုတ်တို့ အင်အားကြီးမားသောအခါ၌သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ သည်
အင်အားနည်းပါးကုန်၏။ထိုအခါသီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ သည်
 သံဃာအလယ်၌ ဆိတ်ဆိတ်ဖြစ်ကုန်၍ ငြမ်သက်စွာနေရကုန်၏။ တိုင်းစွန်ပြည်နား ဇနပုဒ်၌သော်လည်းနေထိုင်ရကုန်၏။
ရဟန်းတို ထို သိုဖြစ်ခြင်းသည် လူများ၏အစီးအပွား မဲခြင်းငှါ မချမ်းသာခြင်းငှါ အကျိုးမဲ့ ခြင်းငှါ
 နတ်လူတို့ ၏ အစီးအပွားမဲခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။


ရဟန်းတို့  မင်းအင်းအားကြီးမားသောအခါ၌ ခိုးသူအင်အားနည်းပါးကုန်၏ ။
ထိုအခါ မင်အား မြို့ တွင်းဝင်ခြင်း မြို့ ပြင်ထွက်ခြင်း တိုင်းစွန်းပြည်းနား ဇနပုဒ် များသို့ လှည့် လည်ခြင်းငှါ လွယ်ကူ၏။ပုဏ္ဍားသူကြွယ် တိုအားလည်းမြို့ တွင်းဝင်ခြင်းမြိုပြင်ထွက်ခြင်း ပြင်ပအလုပ်ကိုင် ကိစ္စတို့ ကို ကြည့် ရှု ခြင်းငှါလွယ်ကူ၏။
ရဟန်းတို့ ဤအတူသာလဆင် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ အင်အားကြီးမားသောအခါ ရဟန်းယုတ်တို့ သည်
 သံဃာအလယ်၌ ဆိတ်ဆိတ်ဖြစ်ကုန်၍်ငြိမ်သက်စွာနေရကုန်၏။
ထိုထိုအရပ်မျတ်နှာတို့သို့ ထွက်သွားကြကုန်၏။ရဟန်းတို့ ထိုသို့ ခြစ်ခြင်းသည် လူအများ၏ အစီးအပွား ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။
ရဟန်းတို့ လူသော်လည်းကောင်း ရဟန်းသော်လည်ကောင်း မှားသောအကျင့်ကို ငါသည်မချီးမွမ်း၊ မှားသောအကျင့် ကိုကျင့်ခြင်းကြောင့် ဝိပဿနာနှင့် တကွ မဂ်ဟူသော ကုသိုလ်တရားကို မပြည့်စုံစေနိုင်။
ရဟန်းတို့ လူသော်လည်ကောင်းရဟန်းသော်လည်ကောင်း မှန်သောအကျင့်ကိုငါချီးမွမ်း၏။
မှန်သောအကျင့်ကိုကျင့်ခြင်းကြောင် ဝိပဿနာနှင့်တကွ မဂ်ဟူသောကုသိုလ်တရားကိုပြည့်စုံစေနိုင်၏ဟုမိန့် တော်မူ၏။

                         အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သမစိတ္တဝဂ် မှကောက်နုတ်ရေးသားသည်။

No comments:

Post a Comment