မြတ်စွာဘုရားရှင်က မင်္ဂလသုတ်ကိုဟောတော့ နတ်တွေက အကြံဖြစ်ကြသည်တဲ့...ဘုရားရှင်က ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတွေကိုတော့ ဟောတော်မူတယ်- ပျတ်စီးကြောင်းတရားတွေကိုတော့
မဟောသေးဘူး-ဒါကြောင့် သတ္တဝါတွေ ပျတ်စီးကြောင်း တရားတွေကို မေးလျှောက်ရအောင်လို့  ကြံစည်ပြီးတော့ မင်္ဂလာတရားတော်တွေကို ဟောပြီးတဲ့ နောက်တစ်တစ်နေ့ ညမှာပဲ -တစ်သောင်းသော
စကြာဝဠာမှာနေကြတဲ့ နတ်တွေ၊ ဗြဟ္မာတွေ အားလုံး ဤစကြာဝဠာတစ်ခုလုံးတည်းထဲ မှာ စုပြီး ဘုရားရှင်ထံ
သွားရောက်ကြပါတယ်- သွားကြပြီးတော့ ဇေတဝန်ကျောင်းတော် ဘုရာရှင်ထံ ချဉ်းကပ်ရှိခိုးပြီး ဝိုင်းရံပြီး ရပ်နေ
ကြပါတယ်သိကြားမင်းက နတ်သားတစ်ယောက်ကိုဘုရားရှင်အား ပျတ်စီးကြောင်းတရားတွေကို မေးလျှောက်
ဘို့ တာဝန်ပေးခိုင်းစေချတ်အရ အဲ့ဒီနတ်သားက -ပရာဘဝန္တံ ပုရိသံ ၊မယံပုစ္ဆာမ ဂေါတမံ။
ဘဂဝန္တံ ပုဌုမာဂမ္မ၊ ကိပရာဘဝကော မုခံ ။ဟု အစချီကာ ဘုရားရှင်ကိုမေးမြန်ပါတယ်။
ဘုရားရှင်ကလည်း- သုဝိဇာနော ဘဝံ ဟောတိ သုယိဇာနော ပရာဘထော၊ ဓမ္မကာမော ဘဝံ ဟောတိ
ဓမ္မဒေဿီ ပရာဘဝေါဟု အစချီကာ ဖြေကြားတော်မူပါတယ်။။ အဲဒီသုတ္တန်ကို နာကြားကြားရတဲ့ နတ်တွေ
ဗြဟ္မာတွေဟာ ပျတ်စီးကြောင်း တရားတွေကို နာကြားရတော့ ဖြစ်ပေါ်လာတဲ့ သံဝေဂညာဏ် အားလျှော်စွာ
ရုပ်နာမ်တရားတွေကို ရှုမှတ်ကြလို့ - သောတာပန် သကဒါဂါမ် အနာဂါမ်တွေ ဖြစ်သွားကြတာ မရေ
မတွက်နိုင်အောင်ပါပဲလို -အဌာကထာဆရာတွေက ဖွင့်ပြပပါတယ်။ ဒီးတရားတော် ပရာဘဝသုတ်ကို အများနားလည်း မှတ်သားကြ စေဖို့  မန္တလေးပေါက်မြိုင်ဆရာတော်ဘုရားကြီးးက လင်္ကာများစပ်ဆိုတော်မူခဲ့ပါသည် ။စာဖတ်ပရိသတ်တို့ မှတ်သား နိုင်ပါစေ...
၁။သုစရိုက်တရား မလိုလား မှတ်သားပျတ်စီးကြောင်း။
၂။သူယုတ်မာကို၊ ချစ်ကြည်ညို မှတ်သိုပျတ်စီးကြောင်း။
၃။သူတော်ကောင်းကို မချစ်လို မှတ်သိုပျတ်စီးကြောင်း။
၎။သူယုတ်တရား နှစ်သက်ငြား၊ မှတ်သားပျတ်စီးကြောင်း။
၅။အအိပ်လွန်ငြား အငိုက်များ၊ မှတ်သားပျတ်စီးကြောင်း။
၆။အပေါင်းအဖော် အလွန်ပျော်၊ မှတ်နော်ပျတ်စီးကြောင်း။
၇။စကားပြောသော် အလွန်ပျော် မှတ်နော်ပျတ်စီးကြောင်း။
၈။ထကြွလုံးလ မရှိက မှတ်ကြပျတ်စီးကြောင်း။
၉။ထုံထိုင်းမှိုင်းဖျင်း အလွန်ပျင်း မယွင်းပျတ်စီးကြောင်း။
၁၀။ဒေါသအမျက် ပျင်းစွာထွက် မှတ်သိုပျတ်စီးကြောင်း။
၁၁။မိအိုဘအို မကျွေးလို မှတ်သိုပျတ်စီးကြောင်း။
၁၂။အလှူခံအား လိမ်လှည့်စား မှတ်သားပျတ်စီးကြောင်း။
၁၃။တစ်ယောက်တည်းသာ စားလိုပါ မှတ်ပါပျတ်စီးကြောင်း။
၁၄။အမျိုးဇာတ်မာန် အလွန်ခတ်ထန် မှတ်ရန်ပျတ်စီးကြောင်း။
၁၅။ပစ္စည်းမာန ထောင်လွှားက မှတ်ကြပျတ်စီးကြောင်း။
၁၆။မျိုးနွယ်မာန ထောင်လွှားက မှတ်ကြပျတ်စီးကြောင်း။
၁၇။မိန်းမလိုက်စား ပျော်ကြူးငြား မှတ်သားပျတ်စီးကြောင်း။
၁၈။မူးယဇ်သောက်စား ပျော်ကြူးငြား မှတ်သားပျတ်စီးကြောင်း။
၁၉။အလောင်းအစား ပျော်ကြူးငြား မှတ်သားပျတ်စီးကြောင်း။
၂၀။မကောင်းမိန်းမ လိုက်စားက မှတ်ကြပျတ်စီးကြောင်း။
၂၁။သူများမယား လွန်ကြူးငြား မှတ်သားပျတ်စီးကြောင်း။
၂၂။အရွယ်အိုလျှက် အငယ်မက် မှတ်ချတ်ပျတ်စီးကြောင်း။
၂၃။မသင့်တော်သူ စိတ်ချမူ မှတ်ယူပျတ်စီးကြောင်း။
၂၄။မင်းမျိုးဖြစ်ကာ ဥစ္စာကားနည်း မှတ်သားပျတ်စီးကြောင်း။
၂၅။လောဘကြီးလျှက် စည်းစိမ်မက် မှတ်ချတ်ပျတ်စီးကြောင်း။
ပျတ်စီးကြောင်းများ သိရှောင် ရှားက ချမ်းသာရမည် စိတ်ဝယ်ရည်၍ ရွှင်ကြည်နှလုံး အစဉ်သုံးက သက်ဆုံးဘဝ နောက်ကာလ ရောက်ကြနိဗ္ဗာန်ရွှေပြည်တည်း။ ဤကဲ့သို့ သော ပျတ်စီးကြောင်းတရားတွေကို
ရှောင်ရှားနိုင်ကြသဖြင့် လောကရော သံသရာပါ နိဗ္ဗာန်တိုင်အောင် ကြီးပွားချမ်းသာကြပါစေ။
No comments:
Post a Comment