Saturday, February 25, 2012

ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း

မြတ်ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်၌ သီးတင်းသုံးနေထိုင်တော်မူစဉ်  သံဃာအစည်းဝေးတစ်ခု၌ သံဃာအများသည် "ငါရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း "ဟု ဆွေးနွေးနေကြ၏ ။အချို့ က တန်ခိုးကြီးသော မင်း အဖြစ်သည် ချမ်းသာ၏ ဟုဆိုကြကုန်၏ ။ အချို့ က ကာမဂုဏ်၊စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောလူသည် ချမ်းသာသည် ဟုဆိုကုန်၏။အချို့ က အလိုရှိသမျှ အစားးကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်ဟု ဆိုကုန်၏ ။
ချမ်းသာခြင်းအကြောင်းကို စိတ်ကူးရသလို အမျိုးမျိုးပြောနေကြစဉ် မြတ်ဗုဒ္ဓ ရောက်လာတော်မူရာ ရဟန်းတို့ သင်တို့ ထင်မြင်သော ချမ်းသာဟူသမျှသည် ဝဋ်ဆင်းရဲ ၌ အကျုံးဝင်၏ ။ဤလောက၌ ဘုရားပွင့်တော်မူခြင်း တရားတော်ကိုနာကြားရခြင်းနှင့်သံဃာအများ ညီညွတ်ခြင်းစသည်တို့ သာ ချမ်းသာခြင်း၊ချမ်းသာမှန် ဖြစ်သည်ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည် ။
       သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ၊
      သုခေါ သဒ္ဓမ္မ ဒေသနာ၊
      သုခေါ သံဃဿ သာမဂ္ဂီ
     သမဂ္ဂါနံ တပေါ သုခေါ။ 
ဘုရားရှင်တို့ ပွင်ထွန်းပေါ် ပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်း သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ သံဃာများ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။စိတ်ဓါတ်ညီညွတ်သူတို့ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။                 
      Happy is the birth of a Buddha;
      Happy is the teaching of the noble Dhamma;
      Happy is the harmony amongst the sanghas;
      Happy is the discipline of those in harmony.
ဘုရားရှင်တော်၊ များကျိုးမျှော်၍ ၊ပွင့်ပေါ်ခြင်းမှာ လွန်ချမ်းသာ၏ ။ကြားနာသူပေါင်း၊ ကောင်းထက်ကောင်းအောင်၊ သူကောင်းအများ ၊တရားသဘော၊ ဟောပြောခြင်းမှာ လွန်ချမ်းသာ၏ ။သံဃာတော်များ၊ ယူမပြားဘဲ ၊စိတ်ထားမချွတ်၊ ညီညွတ်ခြင်းမှာ၊ လွန်ချမ်းသာ၏။ မကွာအယူ၊ ညီညွတ်သူတို့  ၊စိတ်တူကိုမျှ ၊ကျင့်ရခြင်းမှာ ၊လွန်ချမ်းသာ၏ ။(ဗုဒ္ဓဝဂ် ၊သမ္ဗဟုလဝတ္ထု)

No comments:

Post a Comment