Sunday, February 26, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၅)

 ဓာတ် ဓာတ်ချင်းတိုက်တို့၏ ထန်ပြင်းသောအချက်ကို သတိတမန် ပညာဥာဏ်ဖြင့် လှန်ဖျက် မဖျက်နိုင်ခဲ့သော် ပြစ်မှားခြင်းဖြင့် အများအတွင်း အတင်းလှမ်းတတ်သော ဒေါသဝင်ဥာဉ်ကြမ်း ပရမ်းပတာ ဝင်လာပေရော့မည်။အတွင်းဓာတ် အချင်းချင်းစစ်ခင်းနေကြခြင်း များသည်လည်း ကောင်း အာရုံနှင့်စိတ်တို့အကြား အမှားမြင် ဝင်ကစားနေကြခြင်းများသည်လည်းကောင်းစိတ်ဓာတ်ရုပ်ဓာတ်တို့အကြား စရိုက်သွေးများ ဝင်ကစားနေခြင်းများ သည်လည်း ကောင်းထိုအားလုံး ဥာဉ်ကြမ်း၏ ခုတုံးများချည်းသာ။        ။ ၁၃၆၅ ခု၊ တပို့တွဲလဆန်း ၁ဝ ရက်။

ဓာတ်သွေးနစ် ခွေးဖြစ်များ

အာရုံနှင့် သဏ္ဌာန်တို့အတွက် ဥာဉ်ကြမ်းသွေးများ စီးဆင်းပြေးလွှားမှုအားကြီးလာရာမှ စိတ်ထန်ကိုယ်ကြမ်း အမူအရာအားလုံး ဆိုးသွမ်းလာချေသူ…သွေးဆူ ခွေးလိုအူတော့သည်၊ သွေးခိုက် ခွေးလိုပင်ကိုက်တော့သည်။ ထိုလူသား ကိုယ်ကသာလူဖြစ် သွေးကား ခွေးဖြစ်နေချေပြီ။        ။ ၁၃၆၅ ခု၊ တပို့တွဲလဆန်း ၁၁ ရက်။ 

ခန္တီနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ

နောက်ကြောဓားနဲ့ထိုးလိုက်တဲ့သူကို
လှည့်ကြည့်လိုက်တော့
မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ်။
ရင်ဘတ်ဆောင့်ကန်လိုက်တဲ့သူကို
မျက်နှာချင်းဆိုင်ကြည့်လိုက်တော့
လုပ်ဖော်ကိုင်ဖက်ကြီးဖြစ်နေတယ်။
ခေါင်းပေါ်ခြေထောက်နဲ့ ဖိထားတဲ့သူကို
သတိထားကြည့်လိုက်တော့
တစ်ခါ နှစ်ခါ
”ဆရာ” ခေါ်ဖူးတဲ့သူ ဖြစ်နေတယ်။
ခြေထောက်အောက် ငြောင့်ဆူးထောင်ထားတဲ့သူကို
လှည့်ကြည့်လိုက်တော့
တပည့်ရင်းချာတစ်ဦးဖြစ်နေတယ်။
ဘေးဘယ်ညာ၊ ဝဲယာနှစ်ဖက်မှာ
ဟုတ်..ဟုတ်၊ မဟုတ်.ဟုတ်
သွားပုပ်လေလွင့်ကိုယ့်သတင်းလွှင့်နေသူတွေကို
လှမ်းကြည့်လိုက်တော့
‘မျက်နှာစိမ်း’မဟုတ်တဲ့ ‘မျက်နှာကျက်’တွေဖြစ်နေပြန်တယ်။
”ဒီလောက်ခံနေရတာတောင်
ဘာမျှမတုံ့ပြန်တော့ဘူးလား” တဲ့
အသံတစ်သံက မေးလေရဲ့..
”ကာလာဗုမင်းရဲ့
ခြေဖြတ် လက်ဖြတ် နှာခေါင်းဖြတ် နားရွက်ဖြတ်ခံနေရရှာတဲ့
ဘုရားလောင်း ခန္တီရသေ့ကြီးရဲ့
ခန္တီပါရမီဖြည့်တဲ့ဇာတ် ဖတ်နေမိလို့ပါ”
[အသင်တို့၏ အရှင်သခင် ကာလာဗုမင်းသည်
ငါ၏ခြေ၊ လက်၊ နှာခေါင်း၊ နားရွက်တို့ကို
ဖြတ်သော်လည်း ငါသူ့အပေါ် အမျက်မထွက်ပါ။
ထို့ပြင် အသင်တို့၏ မင်းတရားကြီး အသက်ရှည်ကြောင်း
ငါ့စိတ်ထဲမှာ မေတ္တာပွားနေဆဲပါ၊
ဒါသည် ပညာရှိတို့၏ အလုပ်ဖြစ်သည်၊
ဒါသည် ပညာရှိတို့၏ အမျက်မထွက်ခြင်းဖြစ်သည်၊
ဒါသည်ပင် ခန္တီဝါဒကို ဖော်ပြနေခြင်းဖြစ်သည်…
အသံရှင် စိတ်ကောက်သွားတယ်ထင်ပါရဲ့
ရုတ်တရက် လှည့်ထွက်သွားလိုက်တာများ
စကားဆုံးအောင်တောင် နား ထောင်မသွားတော့ဘူး…။

ဓာတ်မဖျင် ဥာဉ်ကြမ်း

ဓာတ် ဓာတ်ချင်းတိုက်တို့၏ ထန်ပြင်းသောအချက်ကို သတိတမန် ပညာဥာဏ်ဖြင့် လှန်ဖျက် မဖျက်နိုင်ခဲ့သော် ပြစ်မှားခြင်းဖြင့် အများအတွင်း အတင်းလှမ်းတတ်သော ဒေါသဝင်ဥာဉ်ကြမ်း ပရမ်းပတာ ဝင်လာပေရော့မည်။အတွင်းဓာတ် အချင်းချင်းစစ်ခင်းနေကြခြင်း များသည်လည်း ကောင်း အာရုံနှင့်စိတ်တို့အကြား အမှားမြင် ဝင်ကစားနေကြခြင်းများသည်လည်းကောင်းစိတ်ဓာတ်ရုပ်ဓာတ်တို့အကြား စရိုက်သွေးများ ဝင်ကစားနေခြင်းများ သည်လည်း ကောင်းထိုအားလုံး ဥာဉ်ကြမ်း၏ ခုတုံးများချည်းသာ။        ။ ၁၃၆၅ ခု၊ တပို့တွဲလဆန်း ၁ဝ ရက်။ 

လူစွန့်စား လူကဖွားသော သားဖြစ်ပစေ

ကောင်းမှုပြုသူသည် ကံအကြောင်း အဆောင်းကိုယုံကြည်ရာမှ ပြုလေ့ရှိ၏၊ကံအကြောင်းအဆောင်းပေးနိုင်သည်ကား အလှူပွဲလာများ၏ သီလကသာ၊ သီလအခံပါသော မြေအေးသည် မျိုးအောင်နိုင်ရေးအတွက် မြေဆီမြေညီတက်နေသော မြေခံရေခံဖြစ်နေသောကြောင့် တည်း။ သို့ဖြစ်ရာအလှူဘိသိက်ခံရာသို့ ဖိတ်မန်ခံကြရလေသူတိုင်း အနည်းဆုံးငါးပါးသီလကို ကိုယ်နှုတ်နှစ်ခုလုံးလောက်ဖြင့် မိမိ၌မွမ်းမံထားသင့်ရာ၏။ အနည်းဆုံး မိမိစိတ်ကိုလည်း ရာဂဒေါသကင်းကြောင်း မေတ္တာရေဖြင့် သွန်းလောင်း ပေးသင့်ရာ၏။သို့ဆိုသော် လူကဖွား လူသားဖြစ် မြေဆီမြေနှစ် ထွက်တော့သည်။        ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

 

အလိုသို နှစ်ကိုယ်အလိုပျက်

ကာမကုသိုလ်သည် မိမိအတွက် နောင်ဘဝ နောင်ရိက္ခာမျှော်ဖြင့်လည်း အလိုထားတတ်ကြ၏။ သူတစ်ပါးသို့လည်း သုံးစေလို စွဲစေလို အလိုထားတတ်ကြသေး၏။ နှစ်ကိုယ်ကြားထား အလှူပစ္စည်းများ၌လည်း ကောင်းစေလို မွန်စေလို အလိုထား တတ် ကြ၏။ သို့ကြောင့်ထိုကုသိုလ်က အကျိုးပေးသောအခါ သူ့ကိုယ်လို ကိုယ့်သူလို နှစ်ကိုယ်ကြား အလိုထားသည့်ပြင် ဘဝစည်း စိမ် လူဖြစ်လူ နတ်ဖြစ်နတ် အကြိမ်ကြိမ် ခံစားလည်း အားမရ။ မြိန်မြိန်စံစားလည်း အားမရ၊ နောက်ဆုံးတစ်ယောက်ယောက် တိုက်ပွဲကျမှ လက်မြှောက်ကြသည်သာ။အလိုသို နှစ်ကိုယ်အလိုယှက် လက်တွဲပျက်မှခက်…တည်း။    ။ ၁၃၆၅၊ သီတင်းကျွတ်လပြည့်နေ့။

အမျှော်ထွက် အသက်သေ

 စွန့်လှူခြင်းသည် လက်ရှိစွဲကြောင့် အသည်းနင့်ဖြစ်နေပါသည်ကို ရင်ဝစူးဝင်ဓားဆွဲနုတ်ခြင်းတရား ဖြစ်သော်ငြားလည်း သာသနာနှင့် သံဃာမှီဘဝ အရင်းတည်ရရန် အမျှော်တွက်ဖြင့် မရောက်သေးသောဓား ရင်ကော့ခံလိုသူများသည်ကား အရင်ဘဝက မလှူမိသဖြင့် သည်ဘဝပူရသည် သည်ဘဝလှူမှ နောင်ဘဝ မပူမပင်နေရမည် ဤအမြော်ထားဖြင့် အစွန့်တရား အစားပြင်နေတတ်ကြသည်။ ထိုသူများက အနေကိုမြော် နောက်အနေကျော် အသေပေါ်မည်အထိ သတိမဝင်မိသောကြောင့်သာ။ 

No comments:

Post a Comment