Tuesday, February 7, 2012

သမားတော်နှင့် ဝေဒနာရှင်

"လူမိုက်တိရစ္ဆာန် နိဗ္ဗာန်စကားအလွန်ခါး၏"ဟူသောဆိုရိုးစကားရှိလေသည်။ သင်လျှော်သောနေရာ၊ သင်လျှော်သောကာလ၌ တရားဓမ္မဆွေးနွေးမေးမြန်းခြင်းကို ကာလေန ဓမ္မသာကစ္ဆာ ဝါ ကာလေနဓမ္မသဝနံဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့သည်။
ထိုကြောင့်မြတ်စွာဘုရားဟေားကြားတော်မူသောတရားတို့ ကို ပညာရှိတို့ က ဝိဘ...ဝါဒ ဝေဖန်ပိုင်ခြား၍
သိနားလည်အောင် လုပ်ခွင့်ရှိသော တရားဟုဆိုကြလေသည်။  ထိုစကားသည် မှန်၏။လူတစ်ယောက်သည်မွေးကတည်းကပညာအလင်းရောင်ထွန်းပြောင် ကြသူများမဟုတ်၊ထိုကြောင့် သူတော်ဆည်းကပ် မြတ်တရားနာ ဟူသောလမ်းစဉ်ကို လိုက်ရပေသည်။သူတော်ဆည်းကပ် မြတ်တရားနာ ဆိုသည်မှာ သိလိုသောအရာကို သုတဓရ ဟုခေါ်သော  ဗဟုသုတဆောင်ထားသော ပုဂ္ဂိုလ်ကိုကြားနာရသည် ။
 ပရိယတ္တိ ပဋိပတ္တိ တို့ ကိုနားလည်းကျွမ်းကျင်သော ပုဂ္ဂိုလ်တို့ ကို ဆည်းကပ်ပူဇော်ကြရသည် ။ သမ္မာဒိဌိ ဖြစ်စေရန်အတွက် မသိသောမရှင်းသော သံသယရှိသော တရားတို့ ကို မေမြန်စီစစ်၍ စိတ်ကိုစယ်ကြယ်အောင် ပြုခြင်းမှာ အကောင်းဆုံးနည်းပင်ဖြစ်လေသည်။ မိလိန္ဒမင်းကြီးသည် ဆုတောင်းနှင့်
တကွပိဋကတ်ကျမ်းဂန်းတို့ ကို သင်ကြားတက်မြောက်လာသော ပါရမီရှင်ဖြစ်သည် ။ ထိုကြောင့် ရဟန္တာဖြစ်သော အရှင်နာဂသေနထံ ဗုဒ္ဓဘာသာနှင်ပတ်သက်သော မရှင်းလင်းသော သဘောတရားများကို မေးမြန်းလျှောက်ထားလေသည် ။ ဤသို့  မေးမြန်သော သူများမှာသူတစ်ယောက်သာမဟုတ်၊ ဗုဒ္ဓဘာသာကိုလေ့လာလိုက်စားကျင့်ကြံပွားများသော အသိပညာနု နယ်သူများအတွက်  ညဏ်အမြင်ပွင့်လင်းစေရန် ရည်ရွယ်၍ မေးမြန်ခဲ့ခြင်း ဖြစ်သည်ဆိုနိုင်လေသည် ။ တစ်ခါသော မိလိန္ဒမင်းကြီးသည် ရဟန်းတော်တို့ နှင့်ပတ်သက်သော အကြောင်းရာတစ်ခုကို   
မေးမြန်လေသည်။"မိလိန္ဒမင်းသည် ''အရှင်ဘုရားနာဂသေန ရဟန်းတို့သည် ကိုယ့်ကိုကိုယ် ချစ်ပါသလော''ဟု မေးလျှောက်၏။ မင်းမြတ် ရဟန်းတို့သည် ကိုယ့်ကိုကိုယ် မချစ်ဟု မိန့်တော်မူ၏။ အရှင်ဘုရား သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ခင်မင်ကုန်သနည်း၊ မြတ်နိုးကုန်သနည်းဟု မေးလျှောက်၏။ မင်းမြတ် တစ်ခါတစ်ရံ၌ စစ်တိုက်ရာသို့ သွားသော သင်မင်းမြတ်အား မြားထိမှန်ဖူးသလောဟု မေးတော်မူ၏။ အရှင်ဘုရား မြားထိမှန်ဖူးပါ၏ဟု လျှောက်၏။ မင်းမြတ် အသို့နည်း ထိုမြားထိမှန်သော အနာကို လိမ်းဆေးဖြင့်လည်း လိမ်းအပ်သည် မဟုတ်လော၊ ဆီဖြင့်လည်း သုတ်လူးအပ်သည် မဟုတ်လော၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်သည် မဟုတ်လောဟု မေးတော်မူ၏။ အရှင်ဘုရားဟုတ်ပါ၏၊ လိမ်းဆေးဖြင့်လည်း လိမ်းအပ်ပါ၏၊ ဆီဖြင့်လည်း သုတ်လူးအပ်ပါ၏၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်ပါ၏ဟု လျှောက်၏။ မင်းမြတ် အသို့နည်း အနာကို သင်ချစ်သလော၊ ထိုသို့ ချစ်သောကြောင့် လိမ်းဆေးဖြင့်လည်း လိမ်းအပ်သလော၊ ဆီဖြင့်လည်း သုတ်လူးအပ်သလော၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်သလောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် အနာကို မချစ်ပါ၊ စင်စစ်သော်ကား အသားနုတက်စေခြင်းငှါ လိမ်းဆေးဖြင့်လည်း လိမ်းအပ်ပါ၏၊ ဆီဖြင့်လည်း သုတ်လူးအပ်ပါ၏၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်ပါ၏ဟု လျှောက်၏။ မင်းမြတ် ဤအတူပင်လျှင် ရဟန်းတို့သည် ကိုယ်ကို မချစ်၊ သို့မချစ်သော်လည်း ရဟန်းတို့သည် တပ်မက်မှု၌ မနစ်မြုပ်ကုန်ဘဲ မြတ်သော သာသနာတော်ကို ချီးမြှောက်ခြင်းငှါ ကိုယ်ကို ဆောင်ကုန်၏၊ မင်းမြတ် စင်စစ် သော်ကား မြတ်စွာဘုရားသည် ကိုယ်ကို အနာနှင့် တူ၏ဟူ၍ ဟောတော်မူအပ်၏၊ ထို့ကြောင့် ရဟန်းတို့ သည် တပ်မက်မှု၌ မနစ်မြုပ်ကုန်ဘဲ အနာကဲ့သို့ ကိုယ်ကို ဆောင်ကုန်၏၊ မင်းမြတ် မြတ်စွာဘုရားသည်- ''စိုသော အရေဖြင့် ရစ်ပတ်ဖုံးလွှမ်းအပ်သော ဤကိုယ်သည်..ကိုးပေါက်ဒွါရ အမာဝရှိ၏၊ အိုင်းအမာကြီးလည်း ဖြစ်၏၊ မစင် မသန့် ပုပ်နံ့ညှီစွာ ထွက်ကျ လာ၍ အရပ်ထက်ဝန်းကျင်မှ ယိုစီး၏''ဟု ဤဒေသနာတော်ကိုလည်း ဟောအပ်၏ဟု မိန့်တော်မူ၏။
အရှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု လျှောက်၏။ ။မိလိန္ဒမင်းသည် ''အရှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိပါ၏လော၊ အလုံးစုံကို အကုန်အစင် မြင်ပါ၏လော''ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိ၏၊ အလုံးစုံကို အကုန်အစင် မြင်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား နာဂသေန ထိုသို့ သိပါ, မြင်ပါလျက် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို အဘယ့်ကြောင့် အစဉ်အားဖြင့် ပညတ်တော်မူပါသနည်းဟု မေးလျှောက်၏။ မင်းမြတ် ဤမြေပြင်၌ အလုံးစုံသော ဆေးမျိုးတို့ကို သိသော တစ်စုံတစ်ဦးသော ဆေးဆရာသည် သင်မင်းမြတ်အား ရှိပါ၏လောဟု မေးတော်မူ၏။ အရှင် ဘုရား ရှိပါ၏ဟု လျှောက်၏။ မင်းမြတ် အသို့နည်း၊ ထိုဆေးဆရာသည် သူနာကို ဆေးတိုက်ရန် အခါ အခွင့်ရောက်မှ ဆေးတိုက်သလော၊ သို့မဟုတ် ဆေးတိုက်ရန် အခါအခွင့်မရောက်မီ ဆေးတိုက်သလောဟု မေးတော်မူ၏။ အရှင်ဘုရား သူနာကို ဆေးတိုက်ရန် အခါအခွင့်ရောက်မှ ဆေးတိုက်ပါ၏၊ ဆေးတိုက် ရန် အခါအခွင့်မရောက်မီ ဆေးမတိုက်ပါဟု လျှောက်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိ၏၊ အလုံးစုံကို အကုန်အစင် မြင်၏၊ သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ မရောက်မီ တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူ၊ သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ ရောက်မှသာလျှင် အသက်ထက်ဆုံး မလွန်ကျူးအပ်သော သိက္ခာပုဒ်ကို တပည့်သာဝကတို့အား ပညတ် တော်မူ၏ဟု မိန့်တော်မူ၏။အရှင်ဘုရားနာဂသေန သင့်လျော်ကောင်းမြတ်လှပါတယ် ဘုရား.... 
ကိုယ်စိတ်နှလုံးရွှင်းလန်းချမ်းမြေ့ ကြပါစေ...။

No comments:

Post a Comment