Thursday, March 22, 2012

ခရီးသွားနေသည်

မေးပါများ စကားရ သွားပါများ ခရီးရောက် မအိပ်မနေ အသက်ရှည် ဆိုတဲ့ စကားပုံတော့ရှိခဲ့ဖူးပါတယ် အသိပညာ ဗဟုသုတ ဆိုင်ရာတို့ မှာ စာပေဖတ်ခြင်း သင်ကြားခြင်းလေ့လာခြင်းရှာဖွေကြခြင်း စသည်တို့ မှ ရရှိကြသလို ခရီးဆိုတာလည်းသွားမှရောက်တယ်ဆိုလို့  ...စာရေးသူ သည် ဒေသန္တရ ဗဟုသုတ အဖြစ် ..စင်္ကာပူနှင့်မလေးရှားသို့ အလည်ပတ်ခရီးအဖြစ် ကြွရောက်မည်ဖြစ်ပါသည် ။
သို့ အတွက်ကြောင့်......ခရီးသွားနေစဉ် ကာလအတွင်းမှာ စာရေးသူ ရေးကြားနေသော ..စာပေများ အလုပ်များ၍မရေးဖြစ်ပါက ..စာပေချစ်သူများကို ခေတ္တခဏ  သီးခံခွင့်လွတ်ကြဖို့  ပြောပါရစေ ။စာရေးသူသည်  အရှင်သုမနသာရ(ဖြူး) ဘလော့ဂါရွှေဖြူးလေးသည် 22.03.2012.နေ့ တွင်စင်္ကကာပူ နိုင်ငံသို့ အလည်ပတ်ခရီးကြွရောက်လျှက်ရှိပါသည်။
 တစ်ခဏတောတွင်းလေးမှာ ခရီးသွားနေရပါသော်လည်း စိတ်ထဲမှာ တစ်ချိန်က ထင်ဟပ်ခဲ့တဲ့ ဒီကဗျာလေးနဲ့ စာပေချစ်သူတွေကိုလွှမ်းနေပါရစေ
ဘဝ
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။

ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါ ဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။

ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
အားလုံးသော စာပေချစ်သူများ ကိုယ်၏ ကျမ္မာခြင်း စိတ်၏ ချမ်းသာခြင်း များနှင့်ပြည့်စုံပြီး သာသနာ့ကောင်းကျိုး လောကကောင်းကျိုး အသီးသီး သယ်ပိုးနိုင်ကြပါစေ
စာပေအသိပညာများလည်း တိုးပွားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်.....အရှင်သုမနသာရ(ဖြူး)
စာရေးသူကို တွေဆုံးလိုသော ဖြူးသူ ဖြူးသားများနှင့်အားလုံးသော မိတ်ဆွေများဆက်သွယ်လိုပါက..
     စင်္ကာပူလိပ်စာ.
ွှအရှင်သုမနသာရ(ဖြူး)
BURMESE BUDDHIST TEMPLE
NO.14 TAI GIN ROAD (OFF AH HOO ROAD)
SINGAPORE 327873 
+62511717
                              မလေးရှားလိပ်စာ.   အရှင်သုမနသာရ(ဖြူး)
                                           METTA VIHARA MEDTATION CENTRE
                                              NO.214,JIN,9SG.CHUA,43000,
                           KAJANG,MALAYSIA  PH+60123519189                                 
                        ဒေါ်ယဉ်ယဉ်ထွေးကြည် ph+60173005389(မြန်မာသံရုံး၊မလေးရှား)

No comments:

Post a Comment