Sunday, March 25, 2012

(သတင်းဖတ်မိ၍ စိတ်မကောင်းဖြစ်မိသောကြောင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ကူညီနိုင်သူများ ဆက်သွယ် ကူညီပေးနိုင်ကြပါသည်။)

(ဦးဇင်းစင်္ကာပူအလည်ပတ်ရောက်စဉ်ကာလသတင်းဖတ်မိ၍ စိတ်မကောင်းဖြစ်မိသောကြောင့် မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ကူညီနိုင်သူများ ဆက်သွယ် ကူညီပေးနိုင်ကြပါသည်။)
မိတ်ဆွေအပေါင်းတို့ရှင်...
ကိုအံ့သာ (ကွန်ပျူတာတက်ကသိုလ် 12 Batch) သည် ၂၀၁၁ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် စင်ကာပူနိုင်ငံ သို့ လာရောက် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ လွန်ခဲ့သည့် အပတ်လောက်တွင် ရုတ်တရက်ဖျားနာရမှာ စတင်ကာ ဆေးစစ်ချက်များ အရ သွေးကင်ဆာ ရောဂါ ဖြစ်ပွားနေကြောင်းသိရှိရပါသည်။ ယခုအခါ စင်ကာပူ နိုင်ငံ NUH ဆေးရုံကြီးတွင် တက်ရောက်ကုသလျက် ရှိပါသည်။ ခန့်မှန်းချေ ကုသစရိတ် စင်ကာပူ ဒေါ်လာ ၅၀၀၀၀ ခန့်ကုန်ကျမည်ဟုလည်း သိရှိရပါသည်။ အာမခံထားရှိငွေမှာ ဒေါ်လာ ၁၅၀၀၀ ခန့်သာဖြစ်ပါသဖြင့် ဆက်လက် ဆေးကုသရန် အခက်ခဲကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါသဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအနေဖြင့် တက်အားသမျှ ပါဝင်ကူညီကြစေလိုပါသည်။
ယခုလက်ရှိ စင်ကာပူနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာ စုစုပေါင်း ၂ သိန်းခန့် ရှိမည်ဟုခန့် မှန်းရရာ တစ်ဦး လျှင် ၁ ဒေါ်လာ လှူဒါန်းလျှင်ပင် ဆေးကုသစရိတ်ထက်ပင်ပိုမိုနိုင်ပါသေးသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စင်ကာပူနိုင်ငံရှိ မြန်မာများအားလုံး သိရှိပြီး လှူဒါန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မိမိနှင့် နီးစပ်ရာ အသိုင်းအ၀န်း အသိမိတ်ဆွေများအား အသိပေးဖြန့်ဝေပေးခြင်းဖြင့် ကိုအံ့သာ ၏ ဆေးကုသစရိတ်ကို တဖက်တလမ်းမှ အထောက်ကူ ပေးနိုင်ကြမည်ဟု ယုံကြည်ပါသည်။
ပါဝင်ကူညီလိုကြသူများ အောက်ပါ အတိုင်း ဆက်သွယ်နိုင်ကြပါသည်။
၁။ အိချောစံ ဖုန်း ၉ ၆၆၂၇၀၄၁ (eichawsan@gmail.com)
၂။အိဝေ ဖုန်း ၉ ၀၆၂၉ ၉ ၀၅ ( eiwai11285@gmail.com)
၃။မီးမီး ဖုန်း ၉ ၇၂၁၆၈၀၅
၎။တင်အောင်ကျော် ဖုန်း ၉ ၇၇၂၈၆၈၆
Ei Chaw San (Posb saving : 245-9-76380)
Ei Wai (DBS Saving Plus 002-9-070667)
လှူဒါန်းငွေ လွှဲပြီပါက သက်ဆိုင်ရာ Account ပိုင်ရှင်သို့ SMS သို့မဟုတ် Email ပို့ပေးကြပါရှင်။
ကျေးဇူးအထူးတင်ရှိပါသည်။ ဖြစ်နိုင်လျှင် ဒီပိုစ်ကို Share ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ်ရှင်။
အရှင်သုမနသာရ(ဖြူး)မှ မျှဝေပါသည်

No comments:

Post a Comment