Saturday, March 24, 2012

ဆောင်ပုဒ်က ပြောင်းလဲ ပေးနိုင်သလား

‘ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ’
‘မိဘမေတ္တာအရက်ဆိုင်’
ကဲဗျာ.. ကြားကောင်းသေးရဲ့  လား။ ဒါဟာတကယ်ကိုရှိတဲ့ အကြောင်းတွေပါပဲ။
‘အမေ့မေတ္တာအရက်ဆိုင်’

ဒါမျိုးတွေ အများကြီးတွေ့ဖူး မှာပါ။
ဆိုလိုတာကဗျာ။ ဆိုင်းဘုတ် တွေဆောင်ပုဒ်တွေဆိုတာ လိုက် ဖက်မှကောင်းတာမျိုးပါ။
ရောက်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်
ဆိုရင်အိမ်ခန်းပြည့်ကို ဆောင်ပုဒ် တွေ ကပ်ထားတာတွေ့ရပါတယ်။ ဥပမာ …
‘ထမင်းကျွေးသော လက်ကို မကိုက်ပါနှင့်’
ဆိုလိုတာကဗျာ ကိုယ့်သား သမီးကိုယ်ထမင်းကျွေးရမှာ မိဘများ ထုံးစံပါပဲ။ ဒါကိုထမင်းကျွေးသော လက်ကို မကိုက်ပါနှင့်ဆိုတာ ဘယ်သူ့ကိုရည်ရွယ်တာလဲ။ တချို့ ကလည်း…
‘ကိုယ်ကောင်းရင် ခေါင်းမရွေ့’
‘မနေ့ကငါနဲ့ ဒီနေ့ငါယှဉ်ပြိုင် မယ်’
‘သင်ပြန်သွားရင် သင့်ပြဿနာ ကိုပြန်ယူသွားပါ’
‘သင်ကောင်းလျှင် ကျွန်ုပ်မဆိုး ပါ’
စာရေးသူ စဉ်းစားမိတယ်။ အဲဒီလိုစာတန်းတွေ ချိတ်တတ်တဲ့ သူတွေဟာ သူတို့ကိုယ်တိုင်စိတ်ထဲ မှာမလုပ်နိုင်တဲ့ ကိစ္စတွေကိုအမြဲ အမှတ်ရအောင်စာတန်းတွေ ချိတ် ဆွဲကြတာလား။
ဒါမှမဟုတ် ကိုယ်တိုင်ကရော တကယ်ပဲ အဲသည်လိုကျင့်သုံးကြ တာလား။ ကိုယ့်အိမ်ထဲမှာကိုယ်ဗျာ။
‘လူမိုက်နဲ့ ငွေအတူမနေ’
ဆိုတဲ့စာတန်းဗျာ။ စဉ်းစား ကြည့်။ သူကိုယ်တိုင်လူမိုက်မို့ ဒီစာ တန်းကပ်တာလား။
စာရေးသူ စိတ်ညစ်သွားတယ်။ ရယ်လည်း ရယ်ချင်သွားတယ်။ အဲဒီ  အိမ်မှာစာတန်း အစုံကပ်ထားတဲ့ အပြင် ဘယ်ဆရာကြီးများ လက်က မြင်းပြီး တီထွင်သွားမှန်းမသိတဲ့ လာဘ်ခေါ်အရုပ်တွေ၊ စီးပွားတက် အ ဆောင်အရုပ်တွေအစုံကပ်ထားတယ်။
ကလေးကိုမေးကြည့်တယ်။
”မင်းအဖေ ဘယ်သွားလဲ”
”အရက်ဆိုင်သွားတယ်”
လူတစ်ယောက်ရဲ့ ကံကြမ္မာကို စာတန်းတစ်ခုကပြောင်းလဲ မပေးနိုင် ပါဘူး။ ကိုယ့်ရဲ့စိတ်နဲ့အလုပ်ကပဲ ပြောင်းလဲပေးမှာပါ။
ဒါပေမဲ့ အဲဒီအိမ်ကိုကြည့်ပြီး စာရေးသူသဘောကျတယ်ဗျ။ကိုယ့် ကျောင်းကိုယ်ပြန်ရောက်တော့ဆောင်ပုဒ် တစ်ခုရေးပြီး စာရေးသူ  အိပ်ခန်းခေါင်းရင်းချိတ်ထားလိုက်တယ်။
‘အလုပ်များ၍ အိပ်နေသည် မနှောင့်ယှက်ပါနှင့်’
အဲဒီစာတန်းကပ်ပြီးကတည်း ကကျောင်းကဦးဇင်းတွေစာရေးသူအိပ်နေရင် ဘယ်သူမှမနှိုးတော့ဘူး။ ဆောင်ပုဒ် တစ်ခုက ဇိမ်တော့အကျသား။ ကောင်းစွာလိုက်နာနိုင်ကြပါစေ  ။

No comments:

Post a Comment