ဝိပဿနာတရား အားထုပ်သူများအနေဖြင့် ညဏ်စဉ်(၁၀)ပါး(၁၆)ပါးဝိသုဒ္ဓိ(၇)ပါး စသည်တို့ သည်ဖြတ်သန်းသွားလာရမည့် စိတ်အစဉ်များဖြစ်၏။ တရားအားထုပ်ရာတွင် သဒ္ဓါ၊ ဝိရီယ၊ သတိ၊သမာဓိပညာဟူသော က္ကဒြေ(၅)ပါးထက်မြတ်ရန်အရေးကြီး၏။ က္ကဒြေထက်မှ ညဏ်တက်မည်။
က္ကဒြေထက်ကြောင်း တရား(၉)ပါးဝိသုဒ္ဓိမဂ် အဌကထာမှာ အလာရှိသည်။
ဖြစ်ပျတ်မှန်စေ၊ရိုသေလေးစား
မနားရှုမှတ်၊သင့်မြတ်ရာမှီ
စိတ်တည်နည်းထွင်၊ဗောဇ္ဈင်လျော်စွာ
မညှာအားခဲ၊ဆင်းရဲခံကြ
မရမပြန်၊အင်ကိုးတန်နှင့်
အမှန်စုံညီ ၊မြတ်ယောဂီ
ရမည့်မုချ အမှန်တည်း။
၁။*ဖြစ်ပျတ်မှန်စေ
ဝိပဿနာညဏ် မရင့်သန်လည်း ရုပ်နမ်ခန္ဓာ ဖြစ်ပေါ်လာက ပျတ်တာအမှန် ညဏ်ရင့်သန်လည်း
ဧကန်မလွဲ ဖြစ်ပျတ်ပဲဟု စွဲယူကြလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၂။*ရိုသေလေစား
ညဏ်စဉ်တက်ရန် အတန်တန်ဖြင့် ဝေဖန်မိန့် ချွေ နယုပဒေကို ရိုသေလေးစား အရေးထား၍
ယုံမှားကင်းပြတ် သတိဓါတ်ဖြင့် ရှုမှတ်ပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၃။*မနားရှုမှတ်
နေ့ ညဥ့်မစဲ ကိုယ်စိတ်ထဲ၌ ပြောင်းလွှဲဖောက်ပြန် သဘောမှန်ကို ဖန်ဖန်မပြတ် သတိဓာတ်ဖြင့်
မရပ်မနား ညဏ်စဉ်ပွားအောင် ကြိုးစားမှတ်လျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၎။*သင့်မြတ်ရာမှီ
တစ်ဆယ့်ခြောက်တန် ညဏ်စဉ်မှန်အား သင့်တန့်လျှောက်ပတ် လျောင်းရပ်စကား အစားမိတ်ဆွေ
လေးထွေယာပထ ညီမျှဥတု သပ္ပါယ်မှုကို ကြည့်ရှုလျက်သာ မှီဝဲပါ၍ မှတ်ကာနေလျှင် အမှန်ပင်ညဏ်စဉ်တိုးတက်မယ်။
၅။*စိတ်တည်နည်းထွင်
ယခုအခါ စိတ်ငြိမ်တာကား ဘယ်ဟာမှီလျက် ဘယ်မှတ်ချတ်ကြောင့် ငြိမ်သက်တည်မြဲ
ကောင်းသလဲဟု ဝေခွဲရ်ျသာ နည်းကောင်းရှာလျက် မှတ်ကာနေလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၆။*ဗောဇ္ဈင်လျှော်စွာ
ဝီရိသမာ ဓိပညာနှင့် သဒ္ဓါဟုဆို တရားကိုကား ပိုလိုမရှိ ညီအောင်ညှိ၍ မှတ်သိစိတ်လည်း သိတ်သိတ်သဲလျက် ရော့ရဲတက်ကြွ မရှိရအောင် မှတ်ကြပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၇။*မညှာအားခဲ
ဝိပဿနာညဏ် အမြင်သန်၍ နိဗ္ဗာန်ထုတ်ချောက် ကိုယ်တိုရောက်လျက် မျတ်မှောက်ထင်ထင်
ပြုလိုလျှင်သော် ကြောခြင်ရိုးရေ အသက်သေလဲ စိတ်နေတင်းကာ ပြင်းထန်စွာဖြင့် မညှာအားခဲ ရှုမှတ်မြဲဖြင့်
မှတ်မြဲမှတ်ကာ နေနိုင်ပါလျှင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၈။*ဆင်းရဲခံကြ
မညှာအားခဲ ရှုမှတ်ဆဲ၌ ဆင်းရဲဒုက္ခ ဖြစ်သမျှကို နေက္ခမမှန် ရှုမှတ်ညဏ်ဖြင့် သည်းခံလျတ်သာ
မှတ်နိုင်ပါသော် မြန်စွာထင်ထင် အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
၉။*မရမပြန်
ဆင်းရဲပြင်းထန် ဒုက္ခမှန်ကို သည်ခံ၍ ပ အားထုပ်ကြသော် မရစဖူး တရားထူးကို ရည်စူးတိုင်းသာ
မရှုပါလျှင် ဘယ်ခါမှာမျှ ကိုယ့်ဌာန မုချအမှန် ငါမမြန်ဟု မြဲမြံလှစွာ မှတ်မြဲသာဖြင့် မှတ်ကာနေလျှင်
အမှန်ပင် ညဏ်စဉ်တိုးတက်မယ်။
*သြဝါဒနည်းညွှန်
ညဏ်စဉ်တက်ဖို့  ခတ်လိုနေလျှင် အင်္ဂါကိုးချက် ကျိုးပျတ်ဆိုချင် ကျိုးပျက်အင်္ဂါ
ပြင်ကာမှတ်လျှင် မြန်အလျင် ညဏ်စဉ်တက်ဖို့ ပင်။
ဝိပဿနာရှုရာတွင် နာမ်အဆင့်အတန်း မြင့်တက်လာပုံကို ညဏ်စဉ်ဖြင့် မှတ်ကျောက်တင်၏ သြို့ဖစ်ပါ
၍ညဏ်စဉ်သည်ဝိပဿနာအားထုပ်သူတို့ အတွက် အရေးကြီး၏။
ကျေးဇူး ကြီးမားလှပါပေသည်။ သာဓု သာဓု သာဓု
ReplyDelete