Monday, June 20, 2011

မကောင်းမှုကိုနှင်ထုတ်ခြင်း

ဇာဏုသောဏိပုဏ္ဏားအမည်ရှိသော ပုဏ္ဏားသည် ဥပုသ်နေ့ ၌ ခေါင်းလျှော် ရေချိုးပြီးအသစ်ဖြစ်သောခေါမဝတ်စုံကိုဝတ်ကာစိုသောသမန်းမြတ်ဆုတ်ကိုယူ၍ မြတ်စွာဘုရားအနီး တစ်ခုသောနေရာ၌ ရပ်တည်၏။မြတ်စွာဘုရားသည် ဇာဏုသောဏိပုဏ္ဏားကိုမြင်တော်မူ၍ ပုဏ္ဏား အဘယ်ကြောင့် သင်သည် ဥပုသ်နေ့ ၌ ခေါင်းလျှော်ရေချိုးပြီးအသစ်
ဖြစ်သောခေါမဝတ်စုံကိုဝတ်ကာ စိုသောသမန်းမြတ်ကိုယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသနည်း။ယနေ့ ပုဏ္ဏားမျိုးအားအဘယ်မည်သောကိစ္စဖြစ်သနည်း ဟု မေးတော်မူ၏။
အရှင်ဂေါတမ ယနေ့ ပုဏ္ဏားတို့ အား မကောင်းမှုကို နှင်ထုပ်ခြင်းကိစ္စ ဖြစ်ပါ၏။ ပုဏ္ဏား အဘယ်အခြင်းအရာ ဖြင့် ပုဏ္ဏားတို့ ၏မကောင်းမှုကို နှင်ထုပ်ခြင်းဖြစ်သနည်း။ အရှင်ဂေါတမ ပုဏ္ဏားတို့ သည် ဤဥပုသ်နေ့ ၌ ခေါင်းလျှော် ရေချိုးပြီးအသစ်ဖြစ်သော ခေါမဝတ်စုံကိုဝတ်ကာ စိုသောနွားချေ ဖြင့် မြေကိုသုတ်လိမ်း၍ စိမ်းစိုသော သမန်းမြတ်တို့ ကိုဖြန့် ခင်း
လျက် သဲပုံနှင့်မီးတင်ကုပ်အကြား၌ အိပ်ခြင်းကိုပြုကုန်၏။ထိုပုဏ္ဏားတို့ သည် ထိုညဥ့်၌ သုံးကြိမ်ထ၍ လက်အုပ်ချီကာ အသျှင်ထံသို့ မကောင်းမှုကို နှင့်ထုပ်ပါ၏ အသျှင်ထံသို့ မကောင်းမှုကို နှင်ထုပ်ပါ၏ဟု ဆို၍ မီးကိုရှိခိုးကုန်၏။များစွာသော
ထောပတ် ဆီ  ဆီဦးဖြင့်လည်း မီးစာကျွေးကုန်၏။ ထိုညဥ့်လွန်မြောက်သောအခါ၌လည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့်
ပုဏ္ဏားတို့ ၏ မကောင်းမှုကို နှင်ထုပ်ခြင်းဖြစ်ပါ၏။
ပုဏ္ဏား-ပုဏ္ဏားတို့ ၏မကောင်းမှုကို နှင်ထုပ်ခြင်းသည်တစ်မျိုးဖြစ်၏။အရိယာ၏ဝိနည်း၌ မကောင်းမှုကိုနှင်ထုပ်ခြင်းသည်တစ်မျိုးဖြစ်၏။အသျှင်ဂေါတမ တောင်းပန်းပါ၏။ အကျွနိုပ်အား အရိယာတို့ ၏ဝိနည်း၌မကောင်းမှုနှင်ထုပ်ပုံတရားကိုဟောတော်မူပါလော့ပုဏ္ဏား-ထိုသိုဖြစ်လျှင် နာလော့၊ကောင်းစွာနှလုံးသွင်းလော့၊ဤလောက၌ အရိယာတပည့်သည် မျတ်မှောက်ဘဝ၌၎င်း
တမလွန်ဘဝ၌၎င်းမှားယွင်းသော အမြင်၏အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အမြင်ကိုပယ်စွန်၏။မှားယွင်းသောအမြင်ကို နှင်ထုပ်၏။
အရိယာတပည့်သည်မျက်မှောက်ဘဝ၌၎င်း တမလွန်ဘဝ၌၎င်းမှားယွင်းသော အကြံအစည်၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသောစကား၏အကျိုးသည်ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော အလုပ်၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော အသက်မွေးမှု၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော လုံးလ၏ အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။
မှားယွင်းသော သတိ၏ အကျိုးသည် ယုတ်မာ၏ဟု ဆင်ခြင်၏။ မှားယွင်းသော သမာဓိ၏ အကျိုးသည် ယုတ်မာ၏ဟုဆင်ခြင်၏။မှားယွင်းသော ညဏ်၏ အကျိုးသည် ယုတ်မာဟု ဆင်ခြင်၏။ မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည်ယုတ်မာ၏ဟု ဆင်ခြင်၏။ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော အကြံအစည်ကို မှားယွင်းသောစကားကို မှားယွင်းသော အလုပ်ကို မှားယွင်းသော အသက်မွေးမှုကိုမှားယွင်းသောလုံးလကို မှားယွင်းသောသတိကို မှားယွင်းသော သမာဓိကို မှားယွင်းသောညာဏ်ကို မှားယွင်းသောလွတ်မြောက်မှုကို ပယ်စွန်၏နှင်ထုပ်၏

ပုဏ္ဏား-ဤသို့ လျှင်အရိယာတို့ ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုပ်ခြင်းသည်ဖြစ်၏ ဟု မိန်တော်မူ၏။ ထိုအခါ ဇာဏုသောဏိပုဏ္ဏားသည်-အသျှင်ဂေါတမ -ပုဏ္ဏားတို့ ၏ မကောင်းမှုကိုနှင်ထုပ်ခြင်းသည် အရိယာဝိနည်း၌ မကောင်းမှုကိုနှင်ထုပ် ခြင်း၏ တစ်ဆယ်ခြောက်စိတ်
တစ်စိတ်မျှ မမီပါ။ အသျှင်ဂေါတမ အလွန်နှစ်သက်မှုရှိပါ၏။ အကျွနိုပ်ကို ယနေ့ မှစ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်၏။


  (အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်၊ပစ္စရောဟဏယဂ်၊ ပထမပစ္စောရောဟဏီသုတ်မှ ကောက်နုတ်ရေးသားပါသည်။)

2 comments:

  1. မှားယွင်းသော အကြောင်းတရားများကို ဆင်ခြင်နိုင်ရန် သတိချပ်သွားပါတယ်။ 'မကောင်းမှုကိုနှင်ထုတ်ခြင်း' ပို့စ်မှ ရရှိခဲ့သော အဆုံးအမများအတွက် ကျေးဇူးတင်ပါတယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မ​ကောင်းမှု​တွေ သိပီး မလုပ်​ပဲ ​ကောင်းမှု​တွေ တိုး၍
    လုပ်​​ဆောင်​နိုင်​ပါ​စေ

    ReplyDelete