ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း
(၁) သမထဘာဝနာ
စိတ်၏ သဘာဝမှာ အလှုပ်အယမ်းများတတ်ပါသည်။ သို့နှင့်အမျှ လူသည်စိတ်ပျက်ခြင်း၊ သောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း စသော ဝေဒနာမျိုးစုံ၏ သားကောင်ဖြစ်ရတော့သည်။ ဤသို့သော စိတ်ဖိစီးမှုများကို မခံနိုင်တော့ရာမှ မိမိကိုယ်ကို သေကြောင်းကြံသူများပင်ရှိတတ်သည်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးစသည်တို့မှာလည်း အဆိုပါစိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် မှီဝဲကြခြင်းဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤသို့သောစိတ်ကို ပြောင်းလဲစေသည့်အရာများမှာ တဒင်္ဂ သက်သာမှုကိုသာ ရနိုင်ပါသည်။ ရေရှည်ခိုင်မာသော တည်ငြိမ်မှုကို ရရှိစေသည်မှာ ကမ္မဋ္ဌာန်းအလုပ်ပင်ဖြစ်သည်။
သမထဘာဝနာ၏ အဓိကတာဝန်မှာ ပျံ့လွင့်နေသောစိတ်ကို ဆွဲစုယူသည့်ကျင့်စဉ်ဖြစ်သည်။ ဖယောင်းတိုင် မီး၊ ရေ၊ အရောင် စက်ဝိုင်းစသော ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် ထွက်သက် ဝင်သက်၊ သို့မဟုတ် စိတ်ထဲမှ တီထွင်ထားသော သင်္ကေတတစ်ခုခုပေါ်သို့ စိတ်ကို တင်းထားနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် အလေ့အကျင့်များလာလျှင် စိတ်ဖိစီးမှုအားလုံးခွာသွားပြီး၊ မိမိအာရုံပြုရာ တစ်ခုခုပေါ်တွင်သာ စိတ်ကိုစုစည်းလာနိုင်၍ တည်ငြိမ်မှု သမာဓိရလာနိုင်ပါသည်။ ဤသဘောကို အောက်ပါပုံဖြင့်သရုပ်ဖော်နိုင်သည်။
(၂) ဝိပဿနာ ဘာဝနာ
- ရာဟုလာ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အမုန်းတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ကရုဏာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ရက်စက်ကြမ်းကြုတ်သောစိတ်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ မုဒိတာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ မနာလိုဝန်တိုစိတ်ကို ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ဥပေက္ခာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ပူပင်သောကတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ တဏှာရမ္မက်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အနိစ္စ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အတ္တသဘော ကွယ်ပျောက်လိမ့်မည်။
ဤသည်ကို ကြည့ှ်လျှင်ပင် ဗုဒ္ဓ၏ ဓမ္မမှာ သံသရာမှ လွတ်မြောက်ရေးအတွက်သာမက၊ ဘဝရှင်သန်ရေးအတွက်ပါ အကျိုးများစေကြောင်းထင်ရှားပါသည်။
တရားအနှစ်
ယခုထိဖော်ပြခဲ့ပြီးသည်တို့မှာ ဗုဒ္ဓဓမ္မ၏ အခြေခံတရားကိုယ်ဟု ဆိုနိုင်သော အမှန်မွန်လေးပါးကို အကျဉ်းမျှ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် ဤသည်တို့ကို ပြန်၍အနှစ်ချုပ်ဖော်ပြပါမည်။
ပထမအမှန်မွန် - မည်သည့်သတ္တဝါမှ ရှောင်လွဲ၍ မရသော ဒုက္ခသစ္စာဖြစ်ပါသည်။ သိမှတ်လက်ခံ၍ မြင်သာအောင် ကြည့်ဖို့လိုပါသည်။
ဒုတိယအမှန်မွန် - ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ အဝိဇ္ဖာနှင့်တဏှာ(သမုဒယသစ္စာ)ဖြစ်ပါသည်။ တတ်နိုင်မျှပယ်သတ်ရမည် ဖြစ်ပါသည်။
တတိယအမှန်မွန် - ဒုက္ခ၏ ကင်းရာကုန်ရာ နိဗ္ဗာန် (နိရောဓသစ္စာ)ဖြစ်ပါသည်။ အဆုံးစွန် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။
စတုတ္ထအမှန်မွန် - နိရောဓသို့သွားရာလမ်း (မဂ္ဂသစ္စာ)ဖြစ်ပါသည်။ သီလကို လုံခြုံစေ၍၊ သမာဓိတို့ကို ထူထောင်ကာ ပညာကို ပွားစီးစေရေးဖြစ်ပါသည်။
ဗုဒ္ဓ၏အလိုအရ အမြင့်ဆုံးပညာဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်ပါသတည်း။ ။
ဆိုခဲ့ပြီးသည့်အတိုင်း
သမာဓိ၏ နိရုတ္တိအဓိပ္ပာယ်မှာ မိမိစိတ်အတွေးကို မှန်ကန်သည့်နေရာတွင်
ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။ သမာဓိကိုမည်သည့် တန်ခိုးရှင်ကမှ
ဖန်တီးပေးနိုင်မည်မဟုတ်။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ရယူနိုင်သည်။
ထို့ကြောင့် သမာဓိကိုပင် “မိမိကိုယ်တိုင်စုစည်းထားသောစိတ်”(Self -
collected mind)ဟု ခေါ်နိုင်ပါလိမ့်မည်။ ဤသို့မိမိစိတ်ကို
စုစည်းထားနိုင်သူအတွက် ပြင်ပအာရုံများ၏ နှောင့်ယှက်မှုကို မခံရတော့ပါ။
မိမိလိုလားသည့် အာရုံတစ်ခုတည်းပေါ်တွင်သာ စိတ်ကို တင်ထားနိုင်ပြီဖြစ်ရာ
တည်ငြိမ်သော စိတ်အခံကို ရရှိပါသည်။
သို့နှင့်တိုင် သမာဓိ၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုလျှင် ဗုဒ္ဓကိုယ်တိုင် ညွှန်ပြခဲ့သော သမာဓိရနိုင်သည့်နည်းလမ်းများကို လေ့လာဖို့လိုပါသည်။ ယေဘုယျအားဖြင့် ဤနည်းကို ကမ္မဋ္ဌာန်း (meditation)ဟု ခေါ်သည်။ ဘာဝနာဟုလည်းသုံးနှုန်းကြသည်များရှိပါသည်။ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် အနောက်တိုင်းသုတေသီများ)ကိုယ်တိုင်က ကမ္မဋ္ဌာန်းအလုပ်ကို စိတ်ဝင်စားလာကြသည်။ ကိုယ်တိုင်စမ်းသပ် တရားထိုင်ကြသူများပင် တော်တော်များများရှိသည်။ သို့သော် အဆိုပါသုတေသီများပင်လျှင် ဗုဒ္ဓ၏ဓမ္မကို မှားမှားယွင်းယွင်း နားလည်နေကြသည်များရှိနိုင်ပါသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဗုဒ္ဓဘာသာကို ကမ္မဋ္ဌာန်းအလုပ်သက်သက်ဟု နားလည်နေကြသည်။ စင်စစ် ကမ္မဋ္ဌာန်းပုံသဏ္ဍာန်အမျိုးမျိုးမှာ ဗုဒ္ဓ မတိုင်မီကတည်းကပင် အိန္ဒိယ ဒဿနဂိုဏ်းများတွင် ရှိနေခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာကို ဆိုခဲ့ပါအတိုင်း အလွယ်ချုံ့ယူနားလည်ရုံမျှနှင့် မလုံလောက်ပါ။
ပြောရလျှင် ကမ္မဋ္ဌာန်းနှစ်မျိုးရှိပါသည်။ ပထမအမျိုးအစားမှာ “စိတ်ကို တည်ငြိမ်စေသည့် ကမ္မဋ္ဌာန်း” (Tranquility meditation)ဖြစ်သည်။ သမထဘာဝနာ ဟုခေါ်ပါသည်။ သမာဓိထူထောင်နိုင်သည့် အဆင့်ထိသာ စွမ်းပါသည်။ ပညာအဆင့်ထိ မကူးနိုင်ပါ။ ဗုဒ္ဓမတိုင်မီ အိန္ဒိယလူ့အဖွဲ့အစည်းတွင်ရှိခဲ့ပြီးသား ကမ္မဋ္ဌာန်း အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ “ထိုးထွင်း သိမြင်နိုင်သော ကမ္မဋ္ဌာန်း”(Insight meditation) ဖြစ်သည်။ ဝိပဿနာဘာဝနာဟုခေါ်ပါသည်။ ပညာနှင့်ယှဉ်သော သမာဓိကို အမှန်ရစေသည်မှာ အဆိုပါဝိပဿနာဘာဝနာပင် ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ရေး (နိဗ္ဗာန်)ကို မျက်မှောင်ပြုနိုင်ရေးအတွက် ဗုဒ္ဓကိုယ်တိုင်ဖော်ထုတ် တီထွင်ခဲ့သော ကမ္မဋ္ဌာန်းအမျိုးအစားဖြစ်ပါသည်။
သို့နှင့်တိုင် သမာဓိ၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုလျှင် ဗုဒ္ဓကိုယ်တိုင် ညွှန်ပြခဲ့သော သမာဓိရနိုင်သည့်နည်းလမ်းများကို လေ့လာဖို့လိုပါသည်။ ယေဘုယျအားဖြင့် ဤနည်းကို ကမ္မဋ္ဌာန်း (meditation)ဟု ခေါ်သည်။ ဘာဝနာဟုလည်းသုံးနှုန်းကြသည်များရှိပါသည်။ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် အနောက်တိုင်းသုတေသီများ)ကိုယ်တိုင်က ကမ္မဋ္ဌာန်းအလုပ်ကို စိတ်ဝင်စားလာကြသည်။ ကိုယ်တိုင်စမ်းသပ် တရားထိုင်ကြသူများပင် တော်တော်များများရှိသည်။ သို့သော် အဆိုပါသုတေသီများပင်လျှင် ဗုဒ္ဓ၏ဓမ္မကို မှားမှားယွင်းယွင်း နားလည်နေကြသည်များရှိနိုင်ပါသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဗုဒ္ဓဘာသာကို ကမ္မဋ္ဌာန်းအလုပ်သက်သက်ဟု နားလည်နေကြသည်။ စင်စစ် ကမ္မဋ္ဌာန်းပုံသဏ္ဍာန်အမျိုးမျိုးမှာ ဗုဒ္ဓ မတိုင်မီကတည်းကပင် အိန္ဒိယ ဒဿနဂိုဏ်းများတွင် ရှိနေခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာကို ဆိုခဲ့ပါအတိုင်း အလွယ်ချုံ့ယူနားလည်ရုံမျှနှင့် မလုံလောက်ပါ။
ပြောရလျှင် ကမ္မဋ္ဌာန်းနှစ်မျိုးရှိပါသည်။ ပထမအမျိုးအစားမှာ “စိတ်ကို တည်ငြိမ်စေသည့် ကမ္မဋ္ဌာန်း” (Tranquility meditation)ဖြစ်သည်။ သမထဘာဝနာ ဟုခေါ်ပါသည်။ သမာဓိထူထောင်နိုင်သည့် အဆင့်ထိသာ စွမ်းပါသည်။ ပညာအဆင့်ထိ မကူးနိုင်ပါ။ ဗုဒ္ဓမတိုင်မီ အိန္ဒိယလူ့အဖွဲ့အစည်းတွင်ရှိခဲ့ပြီးသား ကမ္မဋ္ဌာန်း အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ “ထိုးထွင်း သိမြင်နိုင်သော ကမ္မဋ္ဌာန်း”(Insight meditation) ဖြစ်သည်။ ဝိပဿနာဘာဝနာဟုခေါ်ပါသည်။ ပညာနှင့်ယှဉ်သော သမာဓိကို အမှန်ရစေသည်မှာ အဆိုပါဝိပဿနာဘာဝနာပင် ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ရေး (နိဗ္ဗာန်)ကို မျက်မှောင်ပြုနိုင်ရေးအတွက် ဗုဒ္ဓကိုယ်တိုင်ဖော်ထုတ် တီထွင်ခဲ့သော ကမ္မဋ္ဌာန်းအမျိုးအစားဖြစ်ပါသည်။
(၁) သမထဘာဝနာ
စိတ်၏ သဘာဝမှာ အလှုပ်အယမ်းများတတ်ပါသည်။ သို့နှင့်အမျှ လူသည်စိတ်ပျက်ခြင်း၊ သောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း စသော ဝေဒနာမျိုးစုံ၏ သားကောင်ဖြစ်ရတော့သည်။ ဤသို့သော စိတ်ဖိစီးမှုများကို မခံနိုင်တော့ရာမှ မိမိကိုယ်ကို သေကြောင်းကြံသူများပင်ရှိတတ်သည်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးစသည်တို့မှာလည်း အဆိုပါစိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် မှီဝဲကြခြင်းဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤသို့သောစိတ်ကို ပြောင်းလဲစေသည့်အရာများမှာ တဒင်္ဂ သက်သာမှုကိုသာ ရနိုင်ပါသည်။ ရေရှည်ခိုင်မာသော တည်ငြိမ်မှုကို ရရှိစေသည်မှာ ကမ္မဋ္ဌာန်းအလုပ်ပင်ဖြစ်သည်။
သမထဘာဝနာ၏ အဓိကတာဝန်မှာ ပျံ့လွင့်နေသောစိတ်ကို ဆွဲစုယူသည့်ကျင့်စဉ်ဖြစ်သည်။ ဖယောင်းတိုင် မီး၊ ရေ၊ အရောင် စက်ဝိုင်းစသော ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် ထွက်သက် ဝင်သက်၊ သို့မဟုတ် စိတ်ထဲမှ တီထွင်ထားသော သင်္ကေတတစ်ခုခုပေါ်သို့ စိတ်ကို တင်းထားနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် အလေ့အကျင့်များလာလျှင် စိတ်ဖိစီးမှုအားလုံးခွာသွားပြီး၊ မိမိအာရုံပြုရာ တစ်ခုခုပေါ်တွင်သာ စိတ်ကိုစုစည်းလာနိုင်၍ တည်ငြိမ်မှု သမာဓိရလာနိုင်ပါသည်။ ဤသဘောကို အောက်ပါပုံဖြင့်သရုပ်ဖော်နိုင်သည်။

ဝိပဿနာ
ဆိုသည်မှာ ဘဝ(ရုပ်နှင့်နာမ်) တို့၏ အစစ်အမှန်တရားကို
မြင်အောင်ကြည့်ရခြင်းဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ရုပ်၊ နာမ်၊
တို့၌ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ရှု သိသောဉာဏ်ကို
ဝိပဿနာဟုဆိုခြင်းဖြစ်သည်။ အဆိုပါ ဝိပဿနာ ဉာဏ်ရရှိစေရေးအတွက်
အားထုတ်ကျင့်ကြံခြင်းသည်ပင် ဝိပဿနာ ဘာဝနာဖြစ်ပါသည်။
လက်တွေ့ကျင့်ကြံအားထုတ်ရာတွင် ဝိပဿနာနှစ်မျိုးရှိနိုင်သည်။ သမထနှင့်
သမာဓိထူထောင်ပြီးမှ ဝိပဿနာသို့ ကူးလျှင် သမထရှေ့သွားရှိသော
ဝိပဿနာ(သမထပုဗ္ဗင်္ဂမဝိပဿနာ)ဟုခေါ်သည်။ စတင်အားထုတ်စဉ် ကတည်းက ဝိပဿနာဆိုလျှင်
(သုဒ္ဓဝိပဿနာ) ဟုခေါ်သည်။
ဝိပဿနာကို ရှုသည်ဆိုသည်မှာ မိမိ၏ခန္ဓာ(ရုပ်နှင့်နာမ်)ကို အရှိအတိုင်းမြင်အောင် သတိကပ်၍ ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုင်လျက်သော်လည်းကောင်း၊ လမ်းလျှောက်ရင်းသော်လည်းကောင်း၊ လျောင်းစက်၍သော်လည်းကောင်း မည်သည့်ပုံသဏ္ဍာန်နှင့်မဆို ရှုမှတ်နိုင်ပါသည်။ဗုဒ္ဓဘာသာဝင်များအသုံးများသည့် ရှုမှတ်နည်းမှာ ထွက်သက်ဝင်သက်ကိုရှုမှတ်ခြင်းပင်ဖြစ်သည်။ စိတ်ကိုနှာသီးဖျား၊ သို့မဟုတ် ဝမ်းဗိုက်အရေပြားပေါ်တွင်တင်ပြီး ထွက်လေဝင်လေမှတ်လေ့ရှိကြသည်။ ဤသို့အကြိမ်ကြိမ်ရှုမှတ်ရင်းနှင့်ပင် စိတ်မှာစင်ကြယ်လာပြီး (စိတ္တဝိသုဒ္ဓိ)၊တဖြည်းဖြည်းတည်ငြိမ်မှု သမာဓိရလာသည်။ ထို့နောက်တွင်ကား ရုပ်နှင့်နာမ်ကို ခွဲခြားသိသည့်ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)၊ အကြောင်းနှင့်အကျိုးကို ဆက်စပ်နိုင်သည့်ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)၊ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သည့်ဉာဏ် (သမ္မသနဉာဏ်)စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်လာပါသည်။ နောက်ဆုံး သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုလာနိုင်သည်ဟု အဆိုရှိသည်။
စင်စစ် ကမ္မဋ္ဌာန်းထိုင်နည်းမှာ တစ်ခုမက အမျိုးမျိုးရှိသည်သာ ဖြစ်သည်။ အဆိုပါကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် အဓိကအကျိုးသက်ရောက်ပုံများကို ဗုဒ္ဓ၏ သူ၏သားတော် ရာဟုလာသို့ ဟောကြားသောတရားတွင် ဤသို့တွေ့ရသည်။
ဝိပဿနာကို ရှုသည်ဆိုသည်မှာ မိမိ၏ခန္ဓာ(ရုပ်နှင့်နာမ်)ကို အရှိအတိုင်းမြင်အောင် သတိကပ်၍ ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုင်လျက်သော်လည်းကောင်း၊ လမ်းလျှောက်ရင်းသော်လည်းကောင်း၊ လျောင်းစက်၍သော်လည်းကောင်း မည်သည့်ပုံသဏ္ဍာန်နှင့်မဆို ရှုမှတ်နိုင်ပါသည်။ဗုဒ္ဓဘာသာဝင်များအသုံးများသည့် ရှုမှတ်နည်းမှာ ထွက်သက်ဝင်သက်ကိုရှုမှတ်ခြင်းပင်ဖြစ်သည်။ စိတ်ကိုနှာသီးဖျား၊ သို့မဟုတ် ဝမ်းဗိုက်အရေပြားပေါ်တွင်တင်ပြီး ထွက်လေဝင်လေမှတ်လေ့ရှိကြသည်။ ဤသို့အကြိမ်ကြိမ်ရှုမှတ်ရင်းနှင့်ပင် စိတ်မှာစင်ကြယ်လာပြီး (စိတ္တဝိသုဒ္ဓိ)၊တဖြည်းဖြည်းတည်ငြိမ်မှု သမာဓိရလာသည်။ ထို့နောက်တွင်ကား ရုပ်နှင့်နာမ်ကို ခွဲခြားသိသည့်ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)၊ အကြောင်းနှင့်အကျိုးကို ဆက်စပ်နိုင်သည့်ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)၊ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သည့်ဉာဏ် (သမ္မသနဉာဏ်)စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်လာပါသည်။ နောက်ဆုံး သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုလာနိုင်သည်ဟု အဆိုရှိသည်။
စင်စစ် ကမ္မဋ္ဌာန်းထိုင်နည်းမှာ တစ်ခုမက အမျိုးမျိုးရှိသည်သာ ဖြစ်သည်။ အဆိုပါကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် အဓိကအကျိုးသက်ရောက်ပုံများကို ဗုဒ္ဓ၏ သူ၏သားတော် ရာဟုလာသို့ ဟောကြားသောတရားတွင် ဤသို့တွေ့ရသည်။
- ရာဟုလာ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အမုန်းတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ကရုဏာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ရက်စက်ကြမ်းကြုတ်သောစိတ်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ မုဒိတာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ မနာလိုဝန်တိုစိတ်ကို ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ဥပေက္ခာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ပူပင်သောကတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ တဏှာရမ္မက်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အနိစ္စ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အတ္တသဘော ကွယ်ပျောက်လိမ့်မည်။
ဤသည်ကို ကြည့ှ်လျှင်ပင် ဗုဒ္ဓ၏ ဓမ္မမှာ သံသရာမှ လွတ်မြောက်ရေးအတွက်သာမက၊ ဘဝရှင်သန်ရေးအတွက်ပါ အကျိုးများစေကြောင်းထင်ရှားပါသည်။
တရားအနှစ်
ယခုထိဖော်ပြခဲ့ပြီးသည်တို့မှာ ဗုဒ္ဓဓမ္မ၏ အခြေခံတရားကိုယ်ဟု ဆိုနိုင်သော အမှန်မွန်လေးပါးကို အကျဉ်းမျှ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် ဤသည်တို့ကို ပြန်၍အနှစ်ချုပ်ဖော်ပြပါမည်။
ပထမအမှန်မွန် - မည်သည့်သတ္တဝါမှ ရှောင်လွဲ၍ မရသော ဒုက္ခသစ္စာဖြစ်ပါသည်။ သိမှတ်လက်ခံ၍ မြင်သာအောင် ကြည့်ဖို့လိုပါသည်။
ဒုတိယအမှန်မွန် - ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ အဝိဇ္ဖာနှင့်တဏှာ(သမုဒယသစ္စာ)ဖြစ်ပါသည်။ တတ်နိုင်မျှပယ်သတ်ရမည် ဖြစ်ပါသည်။
တတိယအမှန်မွန် - ဒုက္ခ၏ ကင်းရာကုန်ရာ နိဗ္ဗာန် (နိရောဓသစ္စာ)ဖြစ်ပါသည်။ အဆုံးစွန် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။
စတုတ္ထအမှန်မွန် - နိရောဓသို့သွားရာလမ်း (မဂ္ဂသစ္စာ)ဖြစ်ပါသည်။ သီလကို လုံခြုံစေ၍၊ သမာဓိတို့ကို ထူထောင်ကာ ပညာကို ပွားစီးစေရေးဖြစ်ပါသည်။
ဗုဒ္ဓ၏အလိုအရ အမြင့်ဆုံးပညာဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်ပါသတည်း။ ။
ကျော်ဝင်း
သမထ
ဘာဝနာမှာ သမာဓိကိုဖြစ်စေ၍၊ ဉာဏ်အလင်းရရေးအတွက် အထောက်အကူဖြစ်စေသည်မှာ
မှန်သည်။ သို့သော် သမထမှရသော သမာဓိကို အခြေခံ၍ ဝိပဿနာအဆင့်သို့
ကူးနိုင်မှသာလျှင် အမှန်တကယ်လွတ်မြောက်ရာလမ်းသို့ ဦးတည်နိုင်မည်ဖြစ်ပါသည်။
မြေမြတ်မဟာဗုဒ္ဓဂယာ
မြတ်ဘုရားဖွားတော်မူရာ
တရားဦးဟောတော်မူရာ
မဟာစည်ဆရာတော်
မစိုးရိမ်ဆရာတော်
သီတဂူဆရာတော်







Yangon (Rangoon) Time







No comments:
Post a Comment