အခန်း (၇)
ပြန်လည်ပေးဆပ်ခြင်း နှင့် ပြန်လည်မွေးဖွားခြင်း
“ ကမ္မ ” နှင့် “ သံသရာ ”
“ စိုက်တာကို ရိတ်တာပဲ
ဟို-လယ်တွေကိုကြည့် ....။
နှမ်းဟာနှမ်း၊ စပါးဟာစပါး
ဆိတ်ငြိမ်မှုနဲ့ အမှောင်ထုတို့-သိရဲ့...။”
“ကမ္မ”
“ကမ္မ”ကို ဖွင့်ဆိုရာတွင် အနည်းဆုံး အဓိပ္ပာယ်ကွဲသုံးခုမျှ တွေ့ရသည်။ သို့နှင့်တိုင် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်နေသော ဖွင့်ဆိုချက်များတော့လည်းမဟုတ်ပါ။ ဆက်စပ်အခြေအနေများအလိုက် အဓိပ္ပာယ် အကျဉ်းအကျယ် ကွာသွားခြင်းမျှသာ ဖြစ်ပါသည်။
(၁) နိရုတ္တိသဘောအရ တိုက်ရိုက်ဘာသာပြန်ရလျှင် “အလုပ်” (action)ဟုရပါသည်။ စားခြင်း၊ သောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စပ်ခြင်းစသော ပြုမူလုပ်ဆောင်ပုံအားလုံးကို ရည်ညွန်းသည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များတွင် သုံးစွဲလိုက်သောအခါ သာမန် “လုပ်ဆောင်မှု”မျှ မကတော့ဘဲ “ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများ” (moral value)နှင့် တွဲစပ်နေသော အဓိပ္ပာယ်ရလာသည်။ ကောင်းသောအလုပ် (သို့မဟုတ်) ဆိုးသော အလုပ် (good or bad action)ဆိုသော အနက်တွဲများ ပါဝင်လာသည်။ ပါဠိဘာသာနှင့် ဆိုလျှင် “ကုသလကမ္မ”နှင့်
“အကုသလကမ္မ” တို့ဖြစ်သည်။
ဤတွင် မည်သို့သောအလုပ်ကို “အကောင်း”၊ မည်သည်ကို “အဆိုး” သတ်မှတ်မည်နည်းဆိုပြီး စောဒက တက်စရာရှိလာသည်။
ချမ်းမြေ့ရိပ်သာ ဆရာတော်က မိမိနှင့် သူတစ်ပါးအတွက် ထိခိုက် နစ်နာမှုမရှိလျှင် “အကောင်း”၊ ထိခိုက် နစ်နာမှုဖြစ်စေလျှင် “အဆိုး”ဟု ခွဲခြားသတ်မှတ်ပေးသည်။ “အပြစ်ကင်းသောအလုပ်” (meritorious action) နှင့် “အပြင်မကင်းသောအလုပ်” (demeritorious action) ဟုနားလည်ရပါသည်။
ဗုဒ္ဓကျမ်းဂန်များတွင်မူ ဒုစရိုက်ဆယ်မျိုးနှင့် သုစရိုက်ဆယ်မျိုးဟူ၍ နှစ်မျိုးခွဲပြသည်။ “ဒုစရိုက်ဆယ်မျိုး” (မကောင်းသော၊ အပြစ်မကောင်းသောအလုပ်) ဆိုရာတွင် -
ကာယာဒုစရိုက် (၃)မျိုး
(၁) သူတစ်ပါးအသက်ကို သတ်ခြင်း (ပါဏာတိပါတ)
(၂) သူတစ်ပါးဥစ္စာ ခိုးခြင်း ( အဒိန္နာဒါန )
(၃) သူတစ်ပါးသားမယား လွန်ကျူးခြင်း (ကာမေသုမိစ္ဆာစာရ)
ဝစီဒုစရိုက် (၄)မျိုး
(၁) လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ)
(၂) ကုန်းတိုက်ခြင်း (ဝိသုဏဝါစာ)
(၃) ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာခြင်း (ဖရုသဝါစာ)
(၄) အကျိုးမဲ့ ပြိန်ဖျင်းသောစကားဆိုခြင်း (သမ္ဖပ္ပလာပ)
မနောဒုစရိုက် (၃)မျိုး
(၁) မနာလိုခြင်း (အဘိဇ္ဈာ)
(၂) သူတစ်ပါးအကျိုးပျက်ပြားစေလိုခြင်း (ဗျာပါဒ)
(၃) အတွေးမှား၊ အယုံမှား၊ အစွဲမှားခြင်း (မိစ္ဆာဒိဋ္ဌိ)
စုစုပေါင်း ဆယ်မျိုးဖြစ်သည်။ ဤဆယ်မျိုးနှင့် ဆန့်ကျင်ဘက်ဆယ်မျိုးမှာ “သုစရိုက်ဆယ်မျိုး”(ကောင်းသော၊ အပြစ်ကင်းသော အလုပ်)ဖြစ်ပါသည်။
(၂) ဒုတိယအဓိပ္ပာယ်မှာ စကားလုံးသဘောမျှ မကတော့ဘဲ နိယာမသဘောထိ ရောက်သွားသည်။ ဗုဒ္ဓကျမ်းဂန်များတွင် ကမ္မနိယာမ (law of karma)ဟု ဖော်ပြလေ့ရှိသည်။ “မိမိလုပ်သော အလုပ်နှင့်တူညီသည့်အကျိုးသက်ရောက်မှုကို တစ်ချိန်မဟုတ်တစ်ချိန်တွင် မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်”ဟု ဆိုပါသည်။ ဤသဘောကိုခြုံငုံ၍ ဘာသာခြားသုတေသီများက “ကမ္မ”ကို “ပြန်လည်ပေးဆပ်ခြင်း” (retribution) ဟု ဘာသာပြန်ကြခြင်း ဖြစ်ပါလိမ့်မည်။
ဤသို့ ပြန်လည်ပေးဆပ်ရာတွင် ချက်ချင်းလက်ငင်းပေးဆပ်ရသည်လည်းရှိသည်။ ကာလတစ်ခုကြာမှပြန်လည်ပေးဆပ်ရသည်လည်းရှိသည်။ ယခုဘဝတွင် အကျိုးပေးချိန် မရလိုက်၍ နောက်တမလွန်ဘဝမှ ပေးဆပ်ရသည်လည်းရှိသည်။ အချိန်ကာလချင်းမတူသည့်တိုင် မိမိလုပ်ခဲ့သော အပြုအမူအတွက် မိမိကိုယ်တိုင် ပြန်လည်ပေးဆပ်ရမည်ဆိုသော တရားသဘောကိုမူ မည်သူမျှ မလွန်ဆန်နိုင်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ သို့အတွက် သဘာဝသိပ္ပံမှ နယူတန်နိယာမကဲ့သို့ပင် လောကလုံးသဘောဆောင်သည်ဟု ယူဆနိုင်မည် ဖြစ်ပါသည်။
(၃) “အလုပ်” (ကမ္မ သို့မဟုတ် ကံ) တိုင်း ထိုက်သင့်သည့် ပြန်လည်ပေးဆပ်မှုရှိရမည်ဟု ဆိုသော်လည်း လှုပ်ရှားမှုတိုင်းကို “အလုပ်”ဟု ပီပီပြင်ပြင် သတ်မှတ်နိုင်သည်တော့ မဟုတ်ပါ။ အလုပ်အဖြစ် ပီပီသသ အဓိပ္ပာယ် ရောက်-မရောက် (ကံ မြောက်-မမြောက်) ကိုလည်း ထည့်သွင်း စဉ်းစားကြရပါမည်။
ဗုဒ္ဓ၏ အလိုအရ “ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ် ဦးဆောင်ပြုလုပ်မှသာ အလုပ်(သို့မဟုတ်) ကံမြောက်သည်ဟု သတ်မှတ်သည်။
ဤသို့ “ ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ်” ကို ဗုဒ္ဓကျမ်းဂန်များတွင် “စေတနာ”ဟု ဖော်ပြသည်။ အနောက်တိုင်း သုတေသီများက Motive သို့မဟုတ် Volition ဟု ဘာသာပြန်ကြသည်။ ဗုဒ္ဓကိုယ်တိုင်ကမူ စေတနာသည်ပင် အလုပ်(ကမ္မ)ဟု ဟောပါသည်။
“ စေတနာ ဟံ၊ ဘိက္ခဝေ ကမ္မံ ဝဒေါမိ ”
( “ ရဟန်းတို့ - စေတနာကိုပင် ကံ-ဟု ငါဆိုသည်” )
သို့အတွက် “ကမ္မ”ဆိုသော ဝေါဟာရတွင် “အလုပ်”၊ “ပြန်လည်ပေးဆပ်ခြင်း”၊ “စေတနာ” စသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို သတိချပ်၍ ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

“ဒုတိယအမှန်မွန်” ကို နားလည်နိုင်ရန် နောက်ထပ် သိစရာနှစ်ခုရှိသေးသည်။ “ကမ္မ” နှင့် “သံသရာ”တို့ ဖြစ်ပါသည်။ စင်စစ် ဤဝေါဟာရနှစ်ရပ်လုံးမှာ ဗုဒ္ဓမပွင့်မီ၊ ရှေးအတိတေကတည်းက အိန္ဒိယလူ့အဖွဲ့အစည်းတွင် အမြစ်တွယ်ပြီးသား အကောက်အယူများ ဖြစ်ပါသည်။ ဗုဒ္ဓ၏ ဓမ္မတွင် ဤဝေါဟာရများကို ယူသုံးသောအခါ အဓိပ္ပာယ်တမျိုးတည်းနှင့် အသေတုပ်နှောင်မထားဘဲ ဆက်စပ်အခြေအနေများကို မူတည်ပြီး အဓိပ္ပာယ်ကွဲများရှိသည်ကို သတိပြုမိသည။် ယေဘုယျသဘောပြောရလျှင် “သာမန်အသိ”(popular sense)နှင့် “အစစ်အမှန်အသိ”(authentic sense)ဟု ခွဲနိုင်လိမ့်မည် ထင်သည်။ အင်္ဂလိပ်၊ မြန်မာ စကားလုံးများနှင့် ဖလှယ်ကြည့်ရာ ဖြစ်နိုင်ခြေရှိသောဝေါဟာရများစွာ ရှိနေ၍ မူလပါဠိဘာသာအတိုင်းထားသည်က ပို၍ အဆင်ပြေလိမ့်မည်ဟု ယူဆရပါသည်။ သို့အတွက် “ကမ္မ နှင့် သံသရာ ” ဟူ၍ သုံးစွဲလိုက်ရခြင်း ဖြစ်ပါသည်။
“ကမ္မ”
“ကမ္မ”ကို ဖွင့်ဆိုရာတွင် အနည်းဆုံး အဓိပ္ပာယ်ကွဲသုံးခုမျှ တွေ့ရသည်။ သို့နှင့်တိုင် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်နေသော ဖွင့်ဆိုချက်များတော့လည်းမဟုတ်ပါ။ ဆက်စပ်အခြေအနေများအလိုက် အဓိပ္ပာယ် အကျဉ်းအကျယ် ကွာသွားခြင်းမျှသာ ဖြစ်ပါသည်။
(၁) နိရုတ္တိသဘောအရ တိုက်ရိုက်ဘာသာပြန်ရလျှင် “အလုပ်” (action)ဟုရပါသည်။ စားခြင်း၊ သောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စပ်ခြင်းစသော ပြုမူလုပ်ဆောင်ပုံအားလုံးကို ရည်ညွန်းသည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များတွင် သုံးစွဲလိုက်သောအခါ သာမန် “လုပ်ဆောင်မှု”မျှ မကတော့ဘဲ “ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများ” (moral value)နှင့် တွဲစပ်နေသော အဓိပ္ပာယ်ရလာသည်။ ကောင်းသောအလုပ် (သို့မဟုတ်) ဆိုးသော အလုပ် (good or bad action)ဆိုသော အနက်တွဲများ ပါဝင်လာသည်။ ပါဠိဘာသာနှင့် ဆိုလျှင် “ကုသလကမ္မ”နှင့်
“အကုသလကမ္မ” တို့ဖြစ်သည်။
ဤတွင် မည်သို့သောအလုပ်ကို “အကောင်း”၊ မည်သည်ကို “အဆိုး” သတ်မှတ်မည်နည်းဆိုပြီး စောဒက တက်စရာရှိလာသည်။
ချမ်းမြေ့ရိပ်သာ ဆရာတော်က မိမိနှင့် သူတစ်ပါးအတွက် ထိခိုက် နစ်နာမှုမရှိလျှင် “အကောင်း”၊ ထိခိုက် နစ်နာမှုဖြစ်စေလျှင် “အဆိုး”ဟု ခွဲခြားသတ်မှတ်ပေးသည်။ “အပြစ်ကင်းသောအလုပ်” (meritorious action) နှင့် “အပြင်မကင်းသောအလုပ်” (demeritorious action) ဟုနားလည်ရပါသည်။
ဗုဒ္ဓကျမ်းဂန်များတွင်မူ ဒုစရိုက်ဆယ်မျိုးနှင့် သုစရိုက်ဆယ်မျိုးဟူ၍ နှစ်မျိုးခွဲပြသည်။ “ဒုစရိုက်ဆယ်မျိုး” (မကောင်းသော၊ အပြစ်မကောင်းသောအလုပ်) ဆိုရာတွင် -
ကာယာဒုစရိုက် (၃)မျိုး
(၁) သူတစ်ပါးအသက်ကို သတ်ခြင်း (ပါဏာတိပါတ)
(၂) သူတစ်ပါးဥစ္စာ ခိုးခြင်း ( အဒိန္နာဒါန )
(၃) သူတစ်ပါးသားမယား လွန်ကျူးခြင်း (ကာမေသုမိစ္ဆာစာရ)
ဝစီဒုစရိုက် (၄)မျိုး
(၁) လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ)
(၂) ကုန်းတိုက်ခြင်း (ဝိသုဏဝါစာ)
(၃) ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာခြင်း (ဖရုသဝါစာ)
(၄) အကျိုးမဲ့ ပြိန်ဖျင်းသောစကားဆိုခြင်း (သမ္ဖပ္ပလာပ)
မနောဒုစရိုက် (၃)မျိုး
(၁) မနာလိုခြင်း (အဘိဇ္ဈာ)
(၂) သူတစ်ပါးအကျိုးပျက်ပြားစေလိုခြင်း (ဗျာပါဒ)
(၃) အတွေးမှား၊ အယုံမှား၊ အစွဲမှားခြင်း (မိစ္ဆာဒိဋ္ဌိ)
စုစုပေါင်း ဆယ်မျိုးဖြစ်သည်။ ဤဆယ်မျိုးနှင့် ဆန့်ကျင်ဘက်ဆယ်မျိုးမှာ “သုစရိုက်ဆယ်မျိုး”(ကောင်းသော၊ အပြစ်ကင်းသော အလုပ်)ဖြစ်ပါသည်။
(၂) ဒုတိယအဓိပ္ပာယ်မှာ စကားလုံးသဘောမျှ မကတော့ဘဲ နိယာမသဘောထိ ရောက်သွားသည်။ ဗုဒ္ဓကျမ်းဂန်များတွင် ကမ္မနိယာမ (law of karma)ဟု ဖော်ပြလေ့ရှိသည်။ “မိမိလုပ်သော အလုပ်နှင့်တူညီသည့်အကျိုးသက်ရောက်မှုကို တစ်ချိန်မဟုတ်တစ်ချိန်တွင် မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်”ဟု ဆိုပါသည်။ ဤသဘောကိုခြုံငုံ၍ ဘာသာခြားသုတေသီများက “ကမ္မ”ကို “ပြန်လည်ပေးဆပ်ခြင်း” (retribution) ဟု ဘာသာပြန်ကြခြင်း ဖြစ်ပါလိမ့်မည်။
ဤသို့ ပြန်လည်ပေးဆပ်ရာတွင် ချက်ချင်းလက်ငင်းပေးဆပ်ရသည်လည်းရှိသည်။ ကာလတစ်ခုကြာမှပြန်လည်ပေးဆပ်ရသည်လည်းရှိသည်။ ယခုဘဝတွင် အကျိုးပေးချိန် မရလိုက်၍ နောက်တမလွန်ဘဝမှ ပေးဆပ်ရသည်လည်းရှိသည်။ အချိန်ကာလချင်းမတူသည့်တိုင် မိမိလုပ်ခဲ့သော အပြုအမူအတွက် မိမိကိုယ်တိုင် ပြန်လည်ပေးဆပ်ရမည်ဆိုသော တရားသဘောကိုမူ မည်သူမျှ မလွန်ဆန်နိုင်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ သို့အတွက် သဘာဝသိပ္ပံမှ နယူတန်နိယာမကဲ့သို့ပင် လောကလုံးသဘောဆောင်သည်ဟု ယူဆနိုင်မည် ဖြစ်ပါသည်။
(၃) “အလုပ်” (ကမ္မ သို့မဟုတ် ကံ) တိုင်း ထိုက်သင့်သည့် ပြန်လည်ပေးဆပ်မှုရှိရမည်ဟု ဆိုသော်လည်း လှုပ်ရှားမှုတိုင်းကို “အလုပ်”ဟု ပီပီပြင်ပြင် သတ်မှတ်နိုင်သည်တော့ မဟုတ်ပါ။ အလုပ်အဖြစ် ပီပီသသ အဓိပ္ပာယ် ရောက်-မရောက် (ကံ မြောက်-မမြောက်) ကိုလည်း ထည့်သွင်း စဉ်းစားကြရပါမည်။
ဗုဒ္ဓ၏ အလိုအရ “ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ် ဦးဆောင်ပြုလုပ်မှသာ အလုပ်(သို့မဟုတ်) ကံမြောက်သည်ဟု သတ်မှတ်သည်။
ဤသို့ “ ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ်” ကို ဗုဒ္ဓကျမ်းဂန်များတွင် “စေတနာ”ဟု ဖော်ပြသည်။ အနောက်တိုင်း သုတေသီများက Motive သို့မဟုတ် Volition ဟု ဘာသာပြန်ကြသည်။ ဗုဒ္ဓကိုယ်တိုင်ကမူ စေတနာသည်ပင် အလုပ်(ကမ္မ)ဟု ဟောပါသည်။
“ စေတနာ ဟံ၊ ဘိက္ခဝေ ကမ္မံ ဝဒေါမိ ”
( “ ရဟန်းတို့ - စေတနာကိုပင် ကံ-ဟု ငါဆိုသည်” )
သို့အတွက် “ကမ္မ”ဆိုသော ဝေါဟာရတွင် “အလုပ်”၊ “ပြန်လည်ပေးဆပ်ခြင်း”၊ “စေတနာ” စသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို သတိချပ်၍ ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။
No comments:
Post a Comment