တရားအားထုတ်သူတို့ ၏ဦးနှောက်သည် တရားအားမထုတ်သူတို့၏ ဦးနှောက်ထက် ပိုမို ကြီးထွားဖွံဖြိုးသည်။
တရားအားထုတ်ခြင်းသည် လူ့ဦးနှောက်၏ အရွယ်အစား၊ တည်ဆောက်ပုံကို ပြောင်းလဲနိုင်ကြောင်း.....
တရားအားထုတ်ခြင်းသည် လူ့ဦးနှောက်၏ အရွယ်အစား၊ တည်ဆောက်ပုံကို ပြောင်းလဲနိုင်ကြောင်း.....
ဟားဗက်တက္ကသိုလ်၊ယေးတက္ကသိုလ်နှင့်  မန်ဆာချူးဆက်တက္ကသိုလ် သုတေသနများမှ ဖော်ထုပ်တွေ့ ရှိခဲ့သည်။
လူကြီးများ၏ ဦးနှောက်အရွယ် ကြီးထွားနှုန်းသည် လူငယ်များ၏ ကြီးထွားနှုန်းထက် ပိုမိုထင်ရှားသည်။
လူကြီးများ၏ ဦးနှောက်အရွယ် ကြီးထွားနှုန်းသည် လူငယ်များ၏ ကြီးထွားနှုန်းထက် ပိုမိုထင်ရှားသည်။
ကျမတို့၏လေ့လာတွေ့ ရှိချက်များအရ တရားအားထုတ်ခြင်းဖြင့်
ဦးနှောက်၏ ခံစားမှု့ဆိုင်ရာ လုပ်ဆောင်ချက်များ၊စဉ်းစားတွေးေ ခ်ါမှု့ဆိုင်ရာ လုပ်ဆောင်ချက်များကို ဖြစ်စေသော ဧရိယာနေရာတို့်၌
တိုးတက်ဖွံဖြိုးလာနိုင်ကြောင်း ဟားဗက်ဆေးတက္ကသိုလ်၏ သုတေသနအဖွဲ့ ခေါင်းဆောင် ဆာရာလာဇာ က ပြောခဲ့သည်။
သူမ၏တွေ့ ရှိချက်များသည် တခြားသော သက်သေပြချက်များနှင့်လည်း ကိုက်ညီနေသည်။
တူရိယာပညာရှင်၏ ဦးနှောက်သည် တေးဂီတဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်သော ဧရိယာနေရာ၌ ပိုမိုကြီးထွားလေ့ရှိသည်။
ထပ်ခါ ထပ်ခါ လေ့ကျင့်ခြင်းဖြင့် အရွယ်ရောက်ပြီးသော လူတစ်ယောက်၏ ဦးနှောက်တည်ဆောက်ပုံကို ပြောင်းလဲနိုင်သည်။
ပုံမှန် တရားထိုင်လေ့ရှိသော ယောဂီအယောက်၂၀ တို့၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan) နှင့်
ပုံမှန် တရားထိုင်လေ့ရှိသော ယောဂီအယောက်၂၀ တို့၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan) နှင့်
လုံးဝ တရားအားမထုတ်ဘူးသော သာမာန်လူ ၁၅ယောက်၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan)များကို နှိုင်းယှဉ်လေ့လာခဲ့သည်။
ယောဂီလေးဦးသည် တရားသမားများ(သို့)ယောဂ လေ့ကျင့်သူများဖြစ်သည်။
ထိုအယောက်၂၀ အားလုံးမှာ တောရဆောက်တည်ပြီး ကမ္မဌာန်းတရားပွားများနေသော ရဟန်းတော်များ မဟုတ်ပါ။
ကျန်၁၆ယောက်မှာ ရှေ့နေ၊သတင်းသမားနှင့် ကျန်းမားရေးဝန်ထမ်းများဖြစ်ြ ကသည်။
အစမ်းသပ်ခံသူများ အားလုံးသည် လူဖြူလူမျိုးများဖြစ်ကြသည်။
ဦးနှောက်စကန်မှတ်တမ်း(Brain Scan) များကို ရယူနေစဉ် ယောဂီများအားလုံးမှာ တရားအားထုတ်နေကြပြီး
တရား မထိုင်ဖူးသည့် သာမာန်လူများအားလုံးမှာ မိမိတို့ နှစ်သက်ရာကိုတွေးတောနေခဲ့ကြသည်။
ခံစားမူဆိုင်ရာအတွေ့ အကြုံ၏ အတွေးများ(thoughts) ထက်
ခံစားမူဆိုင်ရာအတွေ့ အကြုံ၏ အတွေးများ(thoughts) ထက်
ခံစားမူဆိုင်ရာအတွေ့ အကြုံများကို အာရုံပြုခြင်း(attention) လေ့လာရန် ရည်ရွယ်ခဲ့သည်ဟု လာဇာကရှင်းပြသည်။
ဥပမာ အသံတစ်သံကြားတာနှင့်တပြိုင်နက် (အသံအကြောင်းမစဉ်းစားခင်) အရင်နားထောင်တတ်ကြသည်။
ချော်လဲတာနှင့်တပြိုင်နက် နာကျင်တာကို ချက်ချင်း သတိပြုမိပါသည်။
ကျွမ်းကျင်စွာ တရားအားထုတ်နိုင်သည့် ယောဂီတစ်ယောက်သည် တွေးတောစိတ်ကူးယဉ်နေလေ့ မရှိပါ။
အစမ်းသပ်ခံ ယောဂီများသည် နေ့ စဉ် မိနစ်၄၀ ခန့် တရားထိုင်လေ့ရှိသည်။
အစမ်းသပ်ခံ ယောဂီများသည် နေ့ စဉ် မိနစ်၄၀ ခန့် တရားထိုင်လေ့ရှိသည်။
တစ်နှစ်ကျော် တရားအားထုတ်ထားသော ယောဂီမှ ၁၀နှစ်ကျော် အားထုတ်ဖူးသော ယောဂီများ ပါဝင်ကြသည်။
ကမ္မဌာန်းအာရုံ၌ စိတ်၏ နှစ်မြုတ်ထားနိုင်စွမ်းကို အသက်ရူနှုန်း မည်မျှနှေးသွားသည်ဆိုသည်နှင့် တိုင်းတာပါသည်။
ကမ္မဌာန်းအာရုံ၌ စိတ်ကို စူးစိုက်နစ်ထားနိုင်ကြောင်းကို ယောဂီတို့၏ ဦးနှောက်၌ ကြီးမားတဲ့ပြောင်းလဲမူတွေက သက်သေပြခဲ့သည်။
ဦးနှောက်၏ တည်ဆောက်ပုံ ( Brain Structure ) ပြောင်းလဲမူသည် တရားဘာဝနာအားထုတ်ခြင်းကြောင့်ြ ဖစ်သည်။
လွန်ခဲ့သည့်၁၀နှစ်ကျော်ကတည်းက လာဇာ စတင် တရားအားထုတ်ခဲ့သည်။ တပတ်လျှင် သုံးခါ တရားအားထုတ်ဖြစ်သည်။
အစကတော့ ဘာမျှ သိပ်နားမလည်ခဲ့ပါ။ စိတ်ပင်ပန်းမှုတွေ သိသိသာသာ လျှော့နည်းလာတယ်၊ပိုမိုရှင်းလင်းပြတ်သားတဲ့ စိတ်ကူးကောင်းတွေရလာသည်၊
ခက်ခဲတဲ့အကြပ်အတည်းတွေကြားမှာ အာရုံစူးစိုက်နှိုင်စွမ်း မြင့်မားလာတယ် လို့  လာဇာ က ရှင်းပြခဲ့သည်။
ဗရမ်းဗတာ အတွေးများကို တားမြစ်ခြင်း (Controlling random thoughts )
ဝိပဿနာဘာဝနာကို အချိန်မရွေး၊ နေရာမရွေး အားထုတ်နိုင်ပါသည်။
ခက်ခဲတဲ့အကြပ်အတည်းတွေကြားမှာ အာရုံစူးစိုက်နှိုင်စွမ်း မြင့်မားလာတယ် လို့  လာဇာ က ရှင်းပြခဲ့သည်။
ဗရမ်းဗတာ အတွေးများကို တားမြစ်ခြင်း (Controlling random thoughts )
ဝိပဿနာဘာဝနာကို အချိန်မရွေး၊ နေရာမရွေး အားထုတ်နိုင်ပါသည်။
အားထုတ်နေကြ ယောဂီတစ်ယောက်သည် ဗရမ်းဗတာအတွေးတွေ ခေါင်းထဲကိုဝင်လာပြီဆိုတာနှင့် တစ်ပြိုင်နက် ချက်ချင်းသတိထားမိပါသည်။
အရေးကြီးတဲ့ deadline တွေ လွဲချော်သွားရတော့မည့်အခါ၊
အလုပ်ရှင်(သို့)မန်နေဂျာက မိမိ၏ လုပ်ဆောင်မူတွေကို မကြိုက်သည့်အခါတွေမှာ လူတွေကအလွန်စိုးရိမ်ပူပန်တတ်ြ ကသည်။
အဲဒီအချိန်မှာလူတွေဟာ ကိုယ်ကိုကိုယ် စိုးရိမ်ပူပန်မူတွေနှင့် ခြောက်ခြားရူးသွတ်စေပြီး မိမိရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းသွားစေသည်။
အဲဒီ စိုးရိမ်ပူပန်မူတွေအစား လက်ရှိပစ္စုပန်မှာ အခုဘာလုပ်သင့်သလဲ၊ဘာဖြစ်နေသလဲ ဆိုတာတွေ အာရုံစိုက်မိရင် ပူပန်မူ ဖြေပျောက်သွားတတ်သည်။
ထိုအခိုက်၌ ရှောရှောရုရူ အလုပ်တွေပြီးသွားတတ်ကြောင်းကို လည်း လာဇာ က ပြောခဲ့သည်။
ဦးနှောက်ကြီးထွားလာတဲ့ ပမာဏက တစ်လက်မရဲ့ တစ်ထောင်ပုံ၎ပုံ မှ ၈ပုံအတွင်းရှိပါတယ်။
ဦးနှောက်ကြီးထွားလာတဲ့ ပမာဏက တစ်လက်မရဲ့ တစ်ထောင်ပုံ၎ပုံ မှ ၈ပုံအတွင်းရှိပါတယ်။
တစ်လက်မ၏ တစ်ထောင်ပုံ ၄ပုံ မှ ၈ပုံခန့်အထိ ကြီးထွားလာသည့် ဦးနှောက်ပမာဏသည်
ယောဂီတစ်ယောက်ရဲ့ တသက်တာအတွင်း တရားထိုင်ခဲ့တဲ့ အချိန်စုစုပေါင်းနှင့် တိုက်ရိုက်အချိုးကျပါသည် ဟု လာဇာ က ပြောခဲ့သည်။
ထိုပမာဏကို ကမ္မဌာန်တရား အပြင်းအထန်အားထုတ်စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။
၁၀ ရက်၊၁ ပါတ် အားထုတ်ပြီး ယောဂီလို အမည်တပ်ခံရရုံသက်သက်နှင့်တော့ ဦးနှောက်က ကြီးထွားလာမှာမဟုတ်ပါဘူး။
အလွန်သေးငယ်သည့် ပမာဏပဲ ကြီးထွားပါစေ။ ထိုကြီးထွားခြင်းက ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင့်  ဖြစ်သည်။
အလွန်သေးငယ်သည့် ပမာဏပဲ ကြီးထွားပါစေ။ ထိုကြီးထွားခြင်းက ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင်
ထိုကြီးထွားခြင်းကြောင့် ဘယ်လိုကျန်းမားရေးတွေ တိုးတက်ကောင်းမွန်လာတယ်၊
အိုမင်းရင့်ရော်ခြင်းတွေကို ဘယ်လိုနှေးကွေးစေတယ်ဆိုတဲ့ လေ့လာမှုတွေကို ဦးဆောင်ပါလိမ့်ဦးမည်။
မည်သည့်အရာက ဦးနှောက်ကို ကြီးထွားလာစေလဲ။
မည်သည့်အရာက ဦးနှောက်ကို ကြီးထွားလာစေလဲ။
တရားအားထုတ်ခြင်းနှင့် ဦးနှောက်ရဲ့ဆဲလ်တွေ(သို့မဟုတ်) သွေးလွတ်ကြော၊သွေးပြန်ကြောတို့နှင့် ဆက်သွယ်မူ ရှိ မရှိ။
ထိုကြီးထွားခြင်းက နေ့စဉ်ပြုမူပြောဆိုလုပ်ကိုင်ပုံ တွေကို ဘယ်လို လွှမ်းမိုးချူပ်ကိုင်သလဲ။
ဦးနှောက်၏ စဉ်းစားတွေးခေါ်မှု့ပိုင်းဆိုင် ရာ ဧရိယာနေရာနှင့်
ခံစားမှု့ပိုင်းဆိုင်ရာ ဧရိယာနေရာတို့ အပြန်အလှန် ဆက်သွယ်ချက်တွေ ဘယ်လိုကောင်းမွန်လာသလဲ...စတဲ့
အခြေခံမေးခွန်းတွေများစွာကို အဖြေရှာရန် လိုအပ်ပါသည်။
မန်ဆာချူးဆက်အထွေထွေဆေးရုံကြီး၌ ထိုမေးခွန်းများစွာတို့ကို ဖြေဆိုရန်အတွက် အလွန်ကျယ်ပြန့်တဲ့ လေ့လာမူများကို ပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။
ရရှိထားတဲ့ ရလာဒ်တွေက အရမ်းကို အားရ ကျေနပ်စရာကောင်းပါတယ်။
ရရှိထားတဲ့ ရလာဒ်တွေက အရမ်းကို အားရ ကျေနပ်စရာကောင်းပါတယ်။
ပိုများတဲ့ ယောဂီတွေနှင့် အကြိမ်ပေါင်းများစွာ ထပ်မံစမ်းသပ်ရန် လိုအပ်ပါတယ်။
ယောဂီတစ်ယောက် တရားစတင် အားမထုပ်ခင်ကဦးနှောက်နှင့်
ကျွမ်းကျင်စွာ တရားအားထုတ်နိုင်တဲ့ဦးနှောက်ကို နှိုင်းယှဉ်လေ့လာရန် အခုကျမတို့အဖွဲ့ စီစဉ်နေပါပြီ ဟုလာဇာကပြောကြားခဲ့သည်။
ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်

မြေမြတ်မဟာဗုဒ္ဓဂယာ
မြတ်ဘုရားဖွားတော်မူရာ
တရားဦးဟောတော်မူရာ
မဟာစည်ဆရာတော်
မစိုးရိမ်ဆရာတော်
သီတဂူဆရာတော်







Yangon (Rangoon) Time







No comments:
Post a Comment