Sunday, May 1, 2011

စိတ်.....စိတ်...စိတ်....

မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။
 (ရာဂ)မစိုစွတ်သောစိတ်ရှိသော၊ (ဒေါသ)ထိခိုက်သောစိတ်မရှိသော ကောင်းမှုမကောင်းမှုကို ပယ်ပြီးသော နိုးကြားသောပုဂ္ဂိုလ်အား ဘေးသည်မရှိ။
ချစ်တဲ့သူ….အောင်မြင်ရင်
ပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။

ချစ်တဲ့သူ…ဆုံးရှုံးရင်
မပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။

မုန်းတဲ့သူ….အောင်မြင်ရင်
မနာလိုတဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။

မုန်းတဲ့သူ…ဆုံးရှုံးရင်
ကျေနပ်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။

ကိုယ့်စိတ်ကို ကိုယ်ဆင်ခြင်
ဖြူစင်အောင်ထား
ဖြူစင်လျှင် ကုသိုလ်တရား
တိုးပွါးလိမ့် အများ။            ။
                                          ၃၈။ အန၀ဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အ၀ိဇာနတော။
                                           ပရိ ပ္လ၀ပသာဒဿ၊ ပညာ န ပရိပူရတိ။
                                          ၃၉။  အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။
                                           ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။(ဓမ္မပဒ၊စိတ္တဝဂ်)

No comments:

Post a Comment