Sunday, May 1, 2011

ဘုရားဟောပုဂ္ဂိုလ်လေးမျိုး

အိပ်မပျော်သူအတွက် ညတာရှည်သကဲ့သို့ ထင်ရ၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာ ခရီးသည် ရှည်လျား၏။
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန် ရှည်လျားနေရတော့သည်။သို့ အတွက်ကြောင့်စာဖတ်သူများသိစေလိုတဲ့ ဆန္ဒဖြင့်  မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို၊ ကျင့်ရာ၌ ပုဂ္ဂိုလ်(၄)မျိုးအ
ကြောင်းသိထားသင့်ပေသည်။

 ၁။ ဥဂ္ဃဋိတညုပုဂ္ဂိုလ်
၂။ ၀ိပဉ္စ္စိတညုပုဂ္ဂိုလ်
 ၃။ နေယျပုဂ္ဂိုလ်   ၄။ ပဒပရမပုဂ္ဂိုလ် (၄)မျိုးရှိ၏ ။

၁။ ဥဂ္ဃဋိတညုပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားတော်ကိုအကျဉ်းဖွင့်ပြအပ်ကာမျှဖြင့် အကျယ်နှင့်တကွဖြစ်သော၊ သိသင့်သိထိုက်သော
သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိသော ပုဂ္ဂိုလ်၊
စတ္တာရော သတိ-ပဠ္စနာ စသည်ဖြင့် အကျဉ်းအားဖြင့်မာတိကာကို ထား
အပ်သည်ရှိသော် ဒေသနာတော်ကိုအစဉ်လျှောက်၍ ဥာဏ်ကိုစေလွှတ်
လျှက်အရဟတ္တဖိုလ်ကို ယူခြင်းငှာစွမ်းနိုင်သော ပုဂ္ဂိုလ်မျိုးကိုဆို၏

၂။ ၀ိပဉ္စိတတညုပုဂ္ဂိုလ်- ဓမ္မစက္ကပ၀တ္တနသုတ္တန် အနတ္တလက္ခဏသုတ္တန် တို့ကဲ့သို့ သစ္စာ(၄)ပါးနှင့် စပ်သော အကျဉ်းအားဖြင့် ဟောကြား
တော်မူအပ်သောတရားကိုကြားနာခွင့် ရရှိသောအခါ ကြားနာအပ်ပြီး
သည့်တရားတော်၌ လာရှိသည့်အတိုင်း တရားတော်နောက်သို့ ဥာဏ်
ကိုစေလွှတ်၍ ကျင့်ကြံကြိုးကုတ်ပွားများအားထု
တ်နိုင်သဖြင့် သစ္စာ(၄)
ပါးကို ထိုးထွင်းသိမြင်သောပုဂ္ဂိုလ်မျိုးကိုဆို၏

၃။ နေယျပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားတော်ကို အကျဉ်းအားဖြင့်သော်၎င်း အကျယ်အားဖြင့်သော်၎င်းနာကြားခွင့်ကို ရရှိပါသော်
လည်း တရားနာရုံမျှဖြင့် သစ္စာ(၄)ပါးကိုထိုးထွင်းမသိနိုင်သေးဘဲ တရား
နာပြီးနောက်ကာလ၀ယ် ကြားနာအပ်ပြီးသည့်တရားတော်၌ လာရှိ
သည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော
မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားတို့ကို တဆင့်ပြီးတဆင့် လက်တွေ့
ကျင့်ပါမှ သစ္စာ(၄)ပါးကို ထိုးထွင်းသိမြင်နိုင်သော ကျွတ်တမ်းဝင်နိုင်သောပုဂ္ဂိုလ်မျိုးကို ဆို၏

၎။  ပဒပရမပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားစကားတော်ကိုအကျဉ်းအားဖြင့်၎င်း အကျယ်အားဖြင့်လည်း၎င်း နာကြားရတော်လည်း
ကျွတ်တမ်းမ၀င်နိုင်သော သစ္စာ(၄)ပါးကို ထိုးထွင်းမသိနိုင်သောတရား
တော်ကိုနာကြားပြီးနောက် မဂ္ဂင်(၈)ပါးအကျင့်မြတ်တရားတို့ကို စနစ်တ
ကျ လက်တွေ့ကျင့်သော်လည်း ဤဘ၀တွင် သစ္စာ(၄)ပါးကို ထိုးထွင်းမ
သိနိုင်သောပုဂ္ဂိုလ်မျိုးကို ဆို၏
        ကျွတ်တမ်းမ၀င်နိုင်သော်လည်း သစ္စာ(၄)ပါးကို ထိုးထွင်းမသိနိုင်
သော်လည်း မဂ္ဂင်(၈)ပါးကို စနစ်တကျ ကျင့်ခြင်းကြောင့်ကား ပါရမီ
မျိုးစေ့ကောင်းများကို ရရှိနိုင်ပေသည်။သစ္စကပရိဗိုဇ် ကဲ့သို့သောပုဂ္ဂိုလ်
မျိုးပေတည်း။

No comments:

Post a Comment