Sunday, May 1, 2011

ပါရမီပြည့် စုံသောဘုရားရှင်

ကိလေသာအညစ်ကျေးကင်းဝေစင်ကြယ်တော်မူသောမြတ်စွားဘုရား
ဂေါတမ  ဘုရားအလောင်းတော်သည်  ကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲလေသည် ။
သုမေဓာရှင်ရသေ့ သည်  ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဥိးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌
 နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ ကို သနားကြင်နာတော်မူလှသဖြင့်  ယူတော်မမူခဲ့ ပေ။
သုမေဓာရှင်ရသေ့ ဘ၀မှ  ဝေဿန္တာမင်း ဘ၀တိုင်အောင်  မရေမတွက်နိုင်သော ဘ၀များစွာတို့ ၌----
၁ ။ရွှေ ၊ငွေ ၊ ဆင် ၊မြင်း၊ အစရှိသည်တို့ ကိုလှူဒါန်းခြင်း ဒါနပါရမီ။

၂။ ခြေ ၊လက် ၊ နား ၊နှာ ၊နှာခေါင်း အစရှိသည်တို့ကို လှူဒါန်းခြင်း ဒါနဥပပါရမီ။

၃။ကိုယ့် အသက်ကိုလှူဒါန်းခြင်း ဒါနပရမတ္ထပါရမီ        အရှိသော ပါရမီသုံးဆယ်တို့ ကို ဖြည့် ကျင့်တော်မူခဲ့လေသည်။

ထိုအပြင် အလွန်စွန့် နိုင် ခဲသော--ပဒေသရာဇ်၊ ဧကာရာဇ်၊စကြာမင်းတို့ ၏  စည်းစိမ်းဥစ္စာ ရတနာကိုစွန်ခြင်း ဓနပရိစ္စာဂ၊
သားသမီးကို စွန်းခြင်း ပုတ္တပရိစ္စာဂ၊
မယားကို စွန့် ခြင်း ဘရိယပရိစ္စာဂ၊
ခြေ ၊လက် ၊နား နှာ ၊နှာခေါင်း အစရှိသည့် တို့ ၏ အင်္ဂါ ကြီးငယ်ကို  စွန့် ခြင်း အင်္ဂပရီစ္စာဂ၊
ကိုယ့်အသက်ကိုစွန့် ခြင်း ဇီဝိတ ပရိစ္စာဂ၊ဟုဆိုအပ်သော စွန့် ခြင်းကြီးငါးပါး ကို ဖြည့် စွန့် တော်မူခဲ့ သည်။
ထို သို့ ဘ၀များးစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ ကို ဖြည့် ကျင့် တော်မူခဲ့ ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည် ၌  သေတကေတုမည်သော
နတ်သားဖြစ်ခဲ့ လေသည် ။နတ်သားဖြစ်စဉ် စကြာဝဠာတိုက်တစ်သောင်မှ နတ် ဗြဟ္မာ အပေါင်းတို့ က ဘုရားဖြစ်ချိန်တန်ပါပြီဟု ၊လူပြည်သို့ ဆင်းသက်၍  ဘုရားဖြစ်တော်မူပါ
ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
သို့ ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် --
(၁) ကာလ= ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂)ဒီပ=ဘုရားဖြစ်ရာကျွန်းအရပ်၊
(၃)ဒေသ=ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄)ကုလ=ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅)မာတုအာယုပရိစ္ဆေဒ=ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့် သူ၏ သတ်တမ်းအပိုင်းခြား--ဟူသော ကြည်ခြင်းကြီးငါးပါး တို့ ကို ကြညည်ရှုတော်မူလေသည်။
ယင်းသို့ ကြည်ရှုတော်မူပြီး နတ်အဖြစ်မှ  စုတေကာ  မဟာသက္ကရာဇ် ၆၇-ခု ၊၀ါဆိုလပြည့်  ကြာသပတေးနေ့  ၌ ကပိလ၀တ္ထုပြည်ရှင် ဘုရင် သုဒ္စေါ့ဒနမင်ကြီး၏
တောင်ညာဒေ၀ီမိဖုရားကြီး  မယ်တော်မာယာဝမ်း၌ ပတိသန္စေ့ တည်နေတော်မူလေသည်။
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်  သောကြာနေ့ ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ္ထုပြည်၏  အကြားရှိ လုမ် ဗနီသာမော အင်ကြင်းတော၌
မီးရှူးသန့် စင် ဖွားမြင်တော်မူလေသည်။
ဘုရားအလောင်းတော်သည်       ၁၆နှစ် အရွယ်ရောက်သောအခါ  ယသော်ဓရာ မင်းသမီးနှင်ထိန်းမြားလက်ထပ် ၍  မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉နှစ် အရွယ်ရောက်သောအခါ  သူအို ၊သူနာ ၊သူသေ ၊ရဟန်းဟူသောနိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့်  တောထွက်၍် ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန် ပြုနိုင်ခဲ သော ဒုက္ကရစရိယာ အကျင့် ကို ရဟန်းအဖြစ်နှင့် ခြောက်နှဏ်ကာလပတ်လုံး  ကျင်တော်မူခဲ့ လေသည်။
ထိုနောက်ဘုရားအလောင်းတော်သည်  သုဇာတာမည်သောသူဌေးသမီး လှူဒါန်းသော နို့ ဃနာဆွမ်းကို  အဇပါလညောင်ပင်း၌ အလှူ ခံ ဘုဉ်းပေးပြီးမဟာဗောဓိပင် သို့ 
ကြွတော်မူလေသည်။
သုဒ္စိ့ယငစင် မြတ်ထမ်းသမား  (မြတ်ရိတ်လုလင်) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြတ်ရှစ်ဆုတ်ကို လှူဒါန်းလေသည်။
ဘုရားလောင်းတော်သည် သုဒ္စိ့ယငစင်လှူဒါန်းသော   မြတ်ရှစ်ဆုတ်ကို ကြဲဖြန် လိုက်သောအခါ ထိုခဏ ၀ယ် မြတ်ရှစ်ဆုတ်သည် မဟာဗောဓိပင် ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။                           
  မြတ်တို့ သည် မြတ်ရိတ်အသွင် ဖြင့် မတည်ကြကုန်။
ဘုရားလောင်းတော်သည်  ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ ခွေ  နေတော်မူစဉ်  နေမ၀င်မှီင်္ ဒေ၀ပုတ္တမာန် ၊ မာနတ်ရန်ကို အောင်တော်မူ၍  ညဉ့် ဦးယာမ်၌  ရှေးကနေခဲဖူးသော
ဖြစ်ခဲဖူးသော ခန္စ့ာအစဉ် ကို အောင်းမေ့ တက်  သိတက်သော (ပုဗ္စေ့နိဝါသာနုဿတိညဏ် ကို) ရတော်မူလေသည်။
သန်းခေါင်ယာမ်၌ နတ်တို့ ၏ မျက်စိနှင်တူသော   စုတေခါနီးသော သတ္တ၀ါ စသည်တို့ ကို မြင်တက်သော (ဒိဗ္စ့စက္ခုညဏ် )ကိုရရှိတော်မူလေသည်။
မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့ ကုန်ခြင်းကို ပြုတက်သော  (အာသ၀က္ခယညဏ်)ကိုရရှိတော်မူလေ၍  အသက်၃၅နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်
 ကဆုန်လပြည့် ဗုဒ္စ့ ဟူးနေ့  မိုးသောက်ယာမ် အချိန်ဝယ် လောကသုံးပါးတွင်  အတူမရှိသော    သဗ္စ့ညူ ဘုရားအဖြစ် သို့ ရောက်တော် မူလေသည်။
သုံးလူသခင် ဘုရားရှင်သည်  ၄၅ ၀ါ ၊ကာလပတ်လုံး  ဝေနေယျ သတ္တ၀ါတို့ အား ဓမ္မစကြာ စသည်တရားတို့ ကို ဟောပြတော်မူကာ လူ ၊နတ် ၊ဗြဟ္မာ သတ္တ၀ါတို့ ၏
အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့ လေသည်။
၄၅ ၀ါကာလပတ်လုံး သတ္တ၀ါတို့ ၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော် မူခဲ့ သော သဗ္စ့ညူ ဘုရားရှင်သည် သက်တော် (၈၀)အရွယ် ရောက်သောအခါ ၊မဟာသက္ကရာဇ် ၁၄၈ ခု၊နှစ် ကဆုန်လပြည့် အင်္ဂါနေ့ ဝယ် ကုသိနာရုံ ပြည် မလ္လာမင်းတို့ ၏ ဥယျာဉ် ၌ ပရိနိဗ္စ့ာန်   စံဝင်တော်မူလေသည်သည်။

No comments:

Post a Comment