။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။
။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။
ဘဝ
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။
ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါ ဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။
ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါ ဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။(ဓမ္မပဒ၊ဇရာဝဂ်)
No comments:
Post a Comment